CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, December 22, 2018
အစာစားရင်း ရေသောက်တာက ဘယ်လိုအကျိုးဆက်တွေဖြစ်မှာလဲ
ရင်ပူစေနိုင်
ဝိတ်တက်စေနိုင်
Kumudra
#Unicode Version#
သင်ဟာအစားတစ်ခုခုစားရင်း ရေသောက်တတ်ပါသလား။ ရေသောက်တာက ကောင်းလားဆိုးလားသိချင်ရင် သည်ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ လူတော်တော် များများက တစ်ခုခုစားနေချိန် သူတို့စားပွဲပေါ်မှာ သောက်ရေတစ်ခွက်လောက်တော့ တင်ထားတတ်ကြစမြဲပါ။ သည်အလေ့အကျင့်က သင့်ရဲ့ကျန်းမာရေးကိုထိခိုက်စေတာပါ။
အစာခြေရည်ကို အားပျော့စေနိုင်
အစာစားနေတုန်းရေသောက်ချလိုက်တဲ့အခါ စားလိုက်တဲ့အစာတွေကိုချေဖျက်ဖို့ အစာအိမ်နံရံတွေကနေထုတ်လွှတ်လိုက်တဲ့အစာခြေအက်ဆစ်တွေကို အားပျော့သွားစေပါတယ်။ သည်အခါမှာ အစာခြေရတာကိုခက်ခဲသွားစေပြီး အစာမကြေတာနဲ့ အခြားသောကျန်းမာရေးထိခိုက်တာတွေ ဖြစ်စေပါတယ်။
ခံတွင်းထဲက တံထွေးပမာဏကိုကျဆင်းစေနိုင်
အစာစားနေတုန်းရေသောက်ချလိုက်တာက အစာအိမ်ထဲက အစာခြေအက်ဆစ်ကိုတင် အားပျော့စေတာမဟုတ်ဘဲ ခံတွင်းထဲက တံထွေးတွေပါအားပျော့စေတာပါ။ သည်အကျိုး ဆက်က အစာမကြေတာနဲ့ ရင်ပြည့်ရင်ကယ်တာကိုဖြစ်စေပါလိမ့်မယ်။
ရင်ပူစေနိုင်
အစာခြေအက်ဆစ်တွေကို အားပျော့သွားတဲ့အခါ အစာမကြေတာတွေဖြစ်စေပြီး အစာအိမ်ထဲမှာ အစာတွေကို အချိန်ကြာမြင့်စွာချေဖျက်ရာကနေ အစာအိမ်ထဲမှာအချဉ်ပေါက်တာနဲ့ ရင်ပူတာမျိုးတွေဖြစ်စေနိုင်ပါတယ်။
အင်ဆူလင်ထွက်ရှိမှုကို တိုးစေ
အစာစားရင်းရေသောက်ချလိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့အင်ဆူလင်ပမာဏက ရုတ်တရက်မြင့်တက်သွားနိုင်ပြီး အစာခြေစနစ်ကိုလည်းထိခိုက်စေနိုင်ပါတယ်။ အချိုများတဲ့အစားအစာ တွေ စားနေရင်း ရေမသောက်ချမိဖို့ သတိပြုပါ။
ဝိတ်တက်စေနိုင်
အစားအစာတွေကို စားနေတုန်းရေသောက်တာက ခန္ဓာကိုယ်ရဲ့အင်ဆူလင် ပမာဏကိုတက်စေနိုင်ပြီး ကိုယ်အလေးချိန်ကိုလည်းတက်စေမှာပါ။ အစာစားရင်းရေသောက်တာက အဝလွန်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။
သည်လိုမဖြစ်စေဖို့အတွက် အငန်ဓာတ်များတဲ့အစားအစာတွေကိုလျှော့စားပြီး အစားမစားခင် မိနစ် ၃၀ အလိုမှာ ရေတစ်ခွက်ပြည့်ပြည့်ဝဝသောက်ပေးပါ။ သည်လိုလုပ်တာက အစာစားနေရင်းရေသောက်တာကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကိုဖြေရှင်းပြီးသားဖြစ်မှာပါ။
အစာစားရင်း ရေသောက်တာက ဘယ်လိုအကျိုးဆက်တွေဖြစ်မှာလဲ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 22, 2018
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment