Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 22, 2018

သီလ ” လံုး၀မက်ိဳးတဲ့ ေဆာက္တည္နည္း


ဗုဒၶဘာသာ၀င္ တစ္ေယာက္အတြက္ ဒါန၊ သီလ ၊ ဘာ၀နာ သည္ အေရးႀကီးပါသည္။ ဒါန၊ သီလ ၊ ဘာ၀နာ သံုးပါးထဲတြင္ ဘယ္တရားက အေရးႀကီးဆံုးလဲ ? ရဟန္းေတာ္ေတြအတြက္ ဒါနမျပဳလို႔ အာပတ္သင့္ေစဆိုတဲ့ သိကၡာပုဒ္ မရွိသလို ၀ိပႆနာဘာ၀နာ မပြားလို႔ အာပတ္သင့္ေစဆိုတဲ့ သိကၡာပုဒ္ လည္း မရွိပါဘူး။ ဒါေပမယ့္ သီလ ေဖါက္ဖ်က္ရင္ေတာ့ အာပတ္သင့္ေစဆိုတဲ့ သိကၡာပုဒ္ေတြက အသင့္ရွိေနပါတယ္။
ဒီလိုပါပဲ၊ လူေတြအေနနဲ႔လည္း ဒါနမျ ပဳလို႔ အျပစ္သင့္ေစ၊ ၀ိပႆနာ ဘာ၀နာ မပြားလို႔ အျပစ္သင့္ေစဆိုတဲ့ သိကၡာပုဒ္ မရွိပါဘူး။ ဒါေပမယ့္ သီလ ေဖါက္ဖ်က္လို႔ကေတာ့ အျပစ္သင့္မွာပါ။“ သီလ လံုၿခံဳေနရင္ ၿပီးတာပါပဲ၊ ဒါန မျပဳလည္း ကိစၥမရွိပါဘူး၊ ၀ိပႆနာမပြားလည္း ကိစၥမရွိပါဘူး။ ” လို႔ ဆိုလိုတာ မဟုတ္ပါဘူး။ ဒါန ၊ သီလ ၊ ဘာ၀နာ မွာ “ သီလ ” က အေရးႀကီးဆံုးလို႔ဆိုလိုတာပါ။

အေၾကာင္းေၾကာင္းေၾကာင့္ ဒါနနဲ႔ ဘာ၀နာ ကို မလုပ္ႏိုင္ေသးရင္ေတာင္ “သီလ” ကိုေတာ့ သတိထား အထူးေစာင့္ထိန္း ရမွာပါ။ကိုယ္ရဲ႔ခင္ပြန္း၊ ဇနီးမယား၊ သားသမီး၊ မိဘ၊ ရာထူး၊ အာဏာ၊ ပစၥည္းဥစၥာ၊ေငြေၾကးေတြကေတာ့ ကိုယ္နဲ႔မၿမဲ မေနႏိုင္ပါဘူး။

ဒီသေဘာေလးကို အာရံုျပဳၿပီး “သီလ”ကေတာ့ ငါရဲ႕အားကိုးရာ အစစ္ပဲ။ ငါနဲ႔ မခြဲမခြာ ေသတဲ့အထိ လိုက္လာမယ့္ အားကိုးရာပဲ။ “ငါ သီလ ကို ႀကိဳးစားေစာင့္ထိန္းသင့္တယ္။” လို႔ မၾကာမၾကာ ဆင္ျခင္ေပးၿပီးေစာင့္ထိန္းသင့္ပါတယ္။

ခႏၶာရွိ ေနတဲ့အတြက္ စား၀တ္ေနေရး ရွိေနတဲ့အတြက္ သက္ရွိသက္မဲ့ေလာကီပစၥည္းေတြကေတာ့ လိုအပ္ေနတာပါပဲ။ ဒါေပမယ့္ ကိုယ္က အားကိုးရာ အတုနဲ႔အစစ္ကို ခြဲျခားၿပီး သိေနဖို႔လိုပါတယ္။

သီလ မွာလည္း ဟီန သီလ ၊ မဇၩိမသီလ၊ ပဏီတ သီလ ဆိုၿပီး ရွိပါတယ္။သူတစ္ပါးအထင္ႀကီးေအာင္ ထင္ရွားေက်ာ္ၾကားဖို႔အတြက္ ေဆာက္တည္တဲ့ သီလက ဟီန သီလ=ခပ္ညံ့ညံ့သီလပါ။ေကာင္းမွဳ အက်ိုး ကို လိုလားေတာင့္တၿပီး ေဆာက္တည္တဲ့ သီလက မဇၩိမသီလ=အလယ္အလပ္သီလပါ။ တရားရဲ႕ျမင့္ျမတ္မွဳကိုသာ ႏွလံုးသြင္းၿပီး မဂ္ဖိုလ္နိဗၺာန္ကို ရဖို႔အတြက္ ေဆာက္တည္တဲ့ သီလကေတာ့ ပဏီတ သီလ =ျမင့္ျမတ္တဲ့ သီလ ပါ။

“သီလ” လံုး၀မက်ိဳးတဲ့ ေဆာက္တည္နည္း ရွိပါတယ္။ မင္းကြန္း ဆရာေတာ္ ဘုရားႀကီး က“မဟာဗုဒၶ၀င္” မွာ ေရးထားပါတယ္။ “သီလ”ကို တစ္ေန႔လံုး မေဆာက္တည္ႏိုင္ေသးရင္ေတာင္ညမွာ တစ္ႏိုင္တစ္ပိုင္ေဆာက္တည္ဖို႔ အေသအခ်ာ ေရးထားပါတယ္။

ညပိုင္း အိပ္ေနတဲ့အခ်ိန္မွာ သီလ ကမက်ိဳးပါဘူး။ စာထဲမွာ..ကာလကို ပိုင္းျဖတ္ၿပီး ေစာင့္ထိန္းတဲ့ ကာလပရိယႏၱသီလဆိုတာ ရွိပါတယ္။ ဥပမာ..ကိုယ္က ညမွာ ၁၁ နာရီအိပ္ၿပီး၊ မနက္ ၅နာရီ အိပ္ရာ ထတယ္ ဆိုပါစို႔။ ဒီေတာ့ ည အိပ္ရာ ၀င္ခါနီးမွာ ရွစ္ပါးသီလ၊ သို႔မဟုတ္ ကိုးပါးသီလယူလိုက္ၿပီး“ဘုရားတပည့္ေတာ္ ည ၁၁ နာရီကေန၊ မနက္ ၅ နာရီအထိ သီလေဆာက္တည္ပါ၏”လို႔ ကာလပိုင္း ျဖတ္ၿပီး ေစာင့္ထိန္းလိုက္ရံုပါ။
ေလာကီ ထဲမွာ ေနေနၾကလို႔ ေလာကီ အက်ိဳးေတြနဲ႔လည္း မကင္းႏိုင္ၾကလို႔ ေလာကီ က်ိဳးေတြအေၾကာင္းထည့္ေျပာေနၾကရတာပါ။ အမွန္ေတာ့ သီလ ရဲ႕အျမင့္ဆံုး အက်ိဳးသတၱိဟာ နိဗၺာန္ အထိ ပို႔ေပးႏိုင္ပါတယ္။ သီလ ရဲ႕အက်ိဳး အဆက္ဆက္ေတြကို စာထဲမွာ

အ၀ိပၸဋိသာရ၊ ပါေမာဇၨ၊
ပီတိ၊ ပႆဒၶိ၊ သုခ၊ သမာဓိ၊
ယထာဘူတ၊ နိဗၺိဒါ၊ ၀ိရာဂ၊ ၀ိမုတၱိ၊
လို႔ ဒီလိုျပထားပါတယ္။

ဒီပါဠိရဲ႕ အနက္ျမန္မာျပန္ ကို တည္ေတာ ဆရာေတာ္ ဘုရားႀကီးက
သီလ ရွိေတာ့ စိတ္ၾကည္၊စိတ္ၾကည္ေတာ့ ၀မ္းေျမာက္၊၀မ္းေျမာက္ေတာ့ ႏွစ္သက္၊ႏွစ္သက္ေတာ့ ၿငိမ္းေအး၊ၿငိမ္းေအးေတာ့ခ်မ္းသာ၊ခ်မ္းသာေတာ့တည္ၾကည္။
တည္ၾကည္ေတာ့ အျမင္မွန္၊အျမင္မွန္ေတာ့ ၿငီးေငြ႕၊ၿငီးေငြ႕ေတာ့ မဂ္ျမင္၊မဂ္ျမင္ေတာ့ဖိုလ္ေရာက္၊ဖိုလ္ေရာက္ေတာ့ နိဗၺာန္၀င္။

ကိုယ္ျဖည့္က်င့္ေနတဲ့ သီလ ဟာ ေလာကီ အက်ိဳးသက္သက္တင္ မဟုတ္ပါဘူး။ မဂ္ဖိုလ္ နိဗၺာန္ အထိ ပို႔ေပးႏိုင္တဲ့ သတၱိရွိပါတယ္။“ ငါရဲ႕သီလဟာ မဂ္ဖိုလ္နိဗၺာန္အထိ ပို႔ေပးႏိုင္တယ္” ဆိုတဲ့ အသိကလည္း ရင္ထဲမွာ အစဥ္သျဖင့္ ရွိေနဖို႔ လိုပါတယ္။

ဘ၀မွာ မသိလို႔ဘဲ မွားခဲ့မွားခဲ့၊ သိလို႔ပဲ မွားခဲ့မွားခဲ့၊ အျပစ္ ကို အျပစ္မွန္းသိၿပီးေနာင္ေစာင့္စည္းလိုတဲ့စိတ္နဲ႔ သီလသိကၡာပုဒ္ေတြကို ျပန္ေဆာက္လိုက္ရင္ သီလ ျဖဴစင္သူ ျဖစ္သြားပါတယ္။ အဲဒီလိုမွမဟုတ္ဘဲ မွားခဲ့တဲ့အတူတူ မထူးပါဘူးေလဆိုၿပီး ဆက္ကာဆက္ကာ မွားေနမယ္ ဆိုရင္ေတာ့ မသင့္ေတာ္ပါ။

ဒါေၾကာင့္ တရားခ်စ္ခင္ သူေတာ္စင္တို႔ကလည္း တကယ္ေတာ့ ဗုဒၶဘာသာ၀င္ တစ္ေယာက္ဘ၀မွာ နိဗၺာန္ရဖို႔က အဓိကပါ ဆိုတာကို သိရွိနားလည္ သေဘာေပါက္ၾကၿပီး “သီလ”ကို တစ္ပိုင္တစ္ႏိုင္ ေဆာက္တည္ၾကကာ ခ်မ္းသာသုချပည့္၀ေသာ ျမတ္နိဗၺာန္ကို ရရွိၾကပါေစကုန္သတည္း။

 ရေ၀ႏြယ္(အင္းမ)
.....................................................
#Unicode Version#

ဗုဒ္ဓဘာသာဝင် တစ်ယောက်အတွက် ဒါန၊ သီလ ၊ ဘာဝနာ သည် အရေးကြီးပါသည်။ ဒါန၊ သီလ ၊ ဘာဝနာ သုံးပါးထဲတွင် ဘယ်တရားက အရေးကြီးဆုံးလဲ ? ရဟန်းတော်တွေအတွက် ဒါနမပြုလို့ အာပတ်သင့်စေဆိုတဲ့ သိက္ခာပုဒ် မရှိသလို ဝိပဿနာဘာဝနာ မပွားလို့ အာပတ်သင့်စေဆိုတဲ့ သိက္ခာပုဒ် လည်း မရှိပါဘူး။ ဒါပေမယ့် သီလ ဖေါက်ဖျက်ရင်တော့ အာပတ်သင့်စေဆိုတဲ့ သိက္ခာပုဒ်တွေက အသင့်ရှိနေပါတယ်။

ဒီလိုပါပဲ၊ လူတွေအနေနဲ့လည်း ဒါနမြ ပုလို့ အပြစ်သင့်စေ၊ ဝိပဿနာ ဘာဝနာ မပွားလို့ အပြစ်သင့်စေဆိုတဲ့ သိက္ခာပုဒ် မရှိပါဘူး။ ဒါပေမယ့် သီလ ဖေါက်ဖျက်လို့ကတော့ အပြစ်သင့်မှာပါ။“ သီလ လုံခြုံနေရင် ပြီးတာပါပဲ၊ ဒါန မပြုလည်း ကိစ္စမရှိပါဘူး၊ ဝိပဿနာမပွားလည်း ကိစ္စမရှိပါဘူး။ ” လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါန ၊ သီလ ၊ ဘာဝနာ မှာ “ သီလ ” က အရေးကြီးဆုံးလို့ဆိုလိုတာပါ။

အကြောင်းကြောင်းကြောင့် ဒါနနဲ့ ဘာဝနာ ကို မလုပ်နိုင်သေးရင်တောင် “သီလ” ကိုတော့ သတိထား အထူးစောင့်ထိန်း ရမှာပါ။ကိုယ်ရဲ့ခင်ပွန်း၊ ဇနီးမယား၊ သားသမီး၊ မိဘ၊ ရာထူး၊ အာဏာ၊ ပစ္စည်းဥစ္စာ၊ငွေကြေးတွေကတော့ ကိုယ်နဲ့မမြဲ မနေနိုင်ပါဘူး။



ဒီသဘောလေးကို အာရုံပြုပြီး “သီလ”ကတော့ ငါရဲ့အားကိုးရာ အစစ်ပဲ။ ငါနဲ့ မခွဲမခွာ သေတဲ့အထိ လိုက်လာမယ့် အားကိုးရာပဲ။ “ငါ သီလ ကို ကြိုးစားစောင့်ထိန်းသင့်တယ်။” လို့ မကြာမကြာ ဆင်ခြင်ပေးပြီးစောင့်ထိန်းသင့်ပါတယ်။

ခန္ဓာရှိ နေတဲ့အတွက် စားဝတ်နေရေး ရှိနေတဲ့အတွက် သက်ရှိသက်မဲ့လောကီပစ္စည်းတွေကတော့ လိုအပ်နေတာပါပဲ။ ဒါပေမယ့် ကိုယ်က အားကိုးရာ အတုနဲ့အစစ်ကို ခွဲခြားပြီး သိနေဖို့လိုပါတယ်။

သီလ မှာလည်း ဟီန သီလ ၊ မဇ္ဈိမသီလ၊ ပဏီတ သီလ ဆိုပြီး ရှိပါတယ်။သူတစ်ပါးအထင်ကြီးအောင် ထင်ရှားကျော်ကြားဖို့အတွက် ဆောက်တည်တဲ့ သီလက ဟီန သီလ=ခပ်ညံ့ညံ့သီလပါ။ကောင်းမှု အကျိုး ကို လိုလားတောင့်တပြီး ဆောက်တည်တဲ့ သီလက မဇ္ဈိမသီလ=အလယ်အလပ်သီလပါ။ တရားရဲ့မြင့်မြတ်မှုကိုသာ နှလုံးသွင်းပြီး မဂ်ဖိုလ်နိဗ္ဗာန်ကို ရဖို့အတွက် ဆောက်တည်တဲ့ သီလကတော့ ပဏီတ သီလ =မြင့်မြတ်တဲ့ သီလ ပါ။

“သီလ” လုံးဝမကျိုးတဲ့ ဆောက်တည်နည်း ရှိပါတယ်။ မင်းကွန်း ဆရာတော် ဘုရားကြီး က“မဟာဗုဒ္ဓဝင်” မှာ ရေးထားပါတယ်။ “သီလ”ကို တစ်နေ့လုံး မဆောက်တည်နိုင်သေးရင်တောင်ညမှာ တစ်နိုင်တစ်ပိုင်ဆောက်တည်ဖို့ အသေအချာ ရေးထားပါတယ်။

ညပိုင်း အိပ်နေတဲ့အချိန်မှာ သီလ ကမကျိုးပါဘူး။ စာထဲမှာ..ကာလကို ပိုင်းဖြတ်ပြီး စောင့်ထိန်းတဲ့ ကာလပရိယန္တသီလဆိုတာ ရှိပါတယ်။ ဥပမာ..ကိုယ်က ညမှာ ၁၁ နာရီအိပ်ပြီး၊ မနက် ၅နာရီ အိပ်ရာ ထတယ် ဆိုပါစို့။ ဒီတော့ ည အိပ်ရာ ဝင်ခါနီးမှာ ရှစ်ပါးသီလ၊ သို့မဟုတ် ကိုးပါးသီလယူလိုက်ပြီး“ဘုရားတပည့်တော် ည ၁၁ နာရီကနေ၊ မနက် ၅ နာရီအထိ သီလဆောက်တည်ပါ၏”လို့ ကာလပိုင်း ဖြတ်ပြီး စောင့်ထိန်းလိုက်ရုံပါ။

လောကီ ထဲမှာ နေနေကြလို့ လောကီ အကျိုးတွေနဲ့လည်း မကင်းနိုင်ကြလို့ လောကီ ကျိုးတွေအကြောင်းထည့်ပြောနေကြရတာပါ။ အမှန်တော့ သီလ ရဲ့အမြင့်ဆုံး အကျိုးသတ္တိဟာ နိဗ္ဗာန် အထိ ပို့ပေးနိုင်ပါတယ်။ သီလ ရဲ့အကျိုး အဆက်ဆက်တွေကို စာထဲမှာ

အဝိပ္ပဋိသာရ၊ ပါမောဇ္ဇ၊

ပီတိ၊ ပဿဒ္ဓိ၊ သုခ၊ သမာဓိ၊

ယထာဘူတ၊ နိဗ္ဗိဒါ၊ ဝိရာဂ၊ ဝိမုတ္တိ၊

လို့ ဒီလိုပြထားပါတယ်။

ဒီပါဠိရဲ့ အနက်မြန်မာပြန် ကို တည်တော ဆရာတော် ဘုရားကြီးက

သီလ ရှိတော့ စိတ်ကြည်၊စိတ်ကြည်တော့ ဝမ်းမြောက်၊ဝမ်းမြောက်တော့ နှစ်သက်၊နှစ်သက်တော့ ငြိမ်းအေး၊ငြိမ်းအေးတော့ချမ်းသာ၊ချမ်းသာတော့တည်ကြည်။
တည်ကြည်တော့ အမြင်မှန်၊အမြင်မှန်တော့ ငြီးငွေ့၊ငြီးငွေ့တော့ မဂ်မြင်၊မဂ်မြင်တော့ဖိုလ်ရောက်၊ဖိုလ်ရောက်တော့ နိဗ္ဗာန်ဝင်။

ကိုယ်ဖြည့်ကျင့်နေတဲ့ သီလ ဟာ လောကီ အကျိုးသက်သက်တင် မဟုတ်ပါဘူး။ မဂ်ဖိုလ် နိဗ္ဗာန် အထိ ပို့ပေးနိုင်တဲ့ သတ္တိရှိပါတယ်။“ ငါရဲ့သီလဟာ မဂ်ဖိုလ်နိဗ္ဗာန်အထိ ပို့ပေးနိုင်တယ်” ဆိုတဲ့ အသိကလည်း ရင်ထဲမှာ အစဉ်သဖြင့် ရှိနေဖို့ လိုပါတယ်။

ဘဝမှာ မသိလို့ဘဲ မှားခဲ့မှားခဲ့၊ သိလို့ပဲ မှားခဲ့မှားခဲ့၊ အပြစ် ကို အပြစ်မှန်းသိပြီးနောင်စောင့်စည်းလိုတဲ့စိတ်နဲ့ သီလသိက္ခာပုဒ်တွေကို ပြန်ဆောက်လိုက်ရင် သီလ ဖြူစင်သူ ဖြစ်သွားပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ မှားခဲ့တဲ့အတူတူ မထူးပါဘူးလေဆိုပြီး ဆက်ကာဆက်ကာ မှားနေမယ် ဆိုရင်တော့ မသင့်တော်ပါ။

ဒါကြောင့် တရားချစ်ခင် သူတော်စင်တို့ကလည်း တကယ်တော့ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဘဝမှာ နိဗ္ဗာန်ရဖို့က အဓိကပါ ဆိုတာကို သိရှိနားလည် သဘောပေါက်ကြပြီး “သီလ”ကို တစ်ပိုင်တစ်နိုင် ဆောက်တည်ကြကာ ချမ်းသာသုခပြည့်ဝသော မြတ်နိဗ္ဗာန်ကို ရရှိကြပါစေကုန်သတည်း။