Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 26, 2018

အူမႀကီးကင္ဆာရဲ႕ ေရွ႕ေျပး လကၡဏာရပ္မ်ား


အူမၾကီးကင္ဆာဟာ အသက္၅၀နွင့္အထက္ရွိသူမ်ား၊ အူမၾကီးမေကာင္းသူ၊ ကင္ဆာမ်ိဳးရိုးရွိသူမ်ား၊ ေဆးလိပ္ ေသာက္ျခင္း၊ အဝလြန္ျခင္း၊ အရက္ေသာက္ျခင္းနွင့္ ဆီးခ်ိဳအမ်ိဳးအစာ၂ ျဖစ္ပြါးသူေတြမွာ အျဖစ္မ်ားေလ့ရွိပါတယ္။အူမၾကီးကင္ဆာရဲ႕ ၾကိဳတင္လကၡဏာရပ္ေတြကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္ ။

၁။ ဝမ္းခ်ဳပ္ျခင္း

ဝမ္းခ်ဳပ္ျခင္းဟာ အူမၾကီးကင္ဆာရဲ႕ အေရးပါဆံုး လကၡဏာတစ္ရပ္ ျဖစ္ပါတယ္။ အာရွပစိဖိတ္ဂ်ာနယ္ရဲ႕ ကင္ဆာ ေရာဂါဆိုင္ရာ ေလ့လာမႈမွာ ဝမ္းခ်ဳပ္ျခင္း နွင့္ အူမၾကီးကင္ဆာ ဆက္စပ္မႈဟာ ျမင့္မားစြာ ဆက္စပ္ လ်က္ရွိတယ္လို႔ ဆိုပါတယ္ ။

၂။ ဝမ္းပ်က္ျခင္း

အူမၾကီးကင္ဆာရဲ႕ ေနာက္ထပ္လကၡဏာတစ္ခုကေတာ့ ဝမ္းပ်က္ျခင္းပဲ ျဖစ္ပါတယ္။ ရက္သတၱပါတ္ အေတာ္ၾကာေအာင္ထိ ဝမ္းပ်က္ဝမ္းေလွ်ာေနတာဟာ အူမၾကီးနဲ႔ပတ္သတ္တဲ့ ေရာဂါေတြ ျဖစ္ေနနို္င္ပါတယ္။ ဒီလို ျဖစ္လာရင္ေတာ့ မေပါ့ေလ်ာ့ဘဲ ဆရာဝန္နွင့္ အျမန္ဆံုး ျပသသင့္ပါျပီ။

၃။ မစင္ထဲမွာေသြးပါျခင္း

လိပ္ေခါင္းေၾကာင့္လည္း မစင္ထဲမွာ ေသြးပါနိုင္ပါတယ္။ ဒီလို လိပ္ေခါင္းေၾကာင့္ ထြက္တဲ့ေသြးဟာ အမ်ားအား ျဖင့္ အနီေရာင္ ျဖစ္ပါတယ္ဒ ဒီလိုမဟုတ္ဘဲ အနီပုပ္ေရာင္ (သို႔) အနက္ပုပ္ေရာင္ ေသြးမ်ား မစင္ထဲပါလာျပီ ဆိုရင္ေတာ့ အူမၾကီးကင္ဆာ အႏၱရာယ္နဲ႕ ရင္ဆိုင္ေနရတာ ျဖစ္ေနနိုင္ပါတယ္။ မည္သို႔ပင္ ျဖစ္ေစ မစင္ထဲမွာ ေသြးပါျခင္းမ်ိဳး ျဖစ္ေနရင္ေတာ့ ဘယ္လိုအေၾကာင္းေၾကာင္းေၾကာင့္ျဖစ္ေစ နားလည္တတ္ကြ်မ္တဲ့ ဆရာဝန္ဆီ မွာ ကုသမႈ ခံယူသင့္ပါတယ္။

၄။ မစင္အရြယ္အစား ေသးျခင္း

မစင္အရြယ္အစား ေသးငယ္ျပီး ရွည္ေျမာေျမာ ပံုစံ ဝမ္းေတြသြားေနတာလည္း အူမၾကီးကင္ဆာ လကၡဏာပါ။ ကင္ဆာၾကိတ္ဟာ အူမၾကီးလမ္းေၾကာင္းရဲ႕ ဘယ္ဘက္အလယ္ေလာက္မွာ တည္ရွိေနတဲ့အတြက္ ဝမ္းသြားတဲ့ အခါ ေသးငယ္က်ဥ္းေျမာင္းတဲ့ မစင္ပံုစံေတြကိုသာ ထုတ္လႊတ္ေပးပါတယ္။ ဒီလိုမ်ိဳးေတြ မၾကာခဏ ျဖစ္လာျပီ ဆိုလွ်င္ ဆရာဝန္ကို မရွက္မေၾကာက္ဘဲ ဖြင့္ေျပာျပီး ကုသမႈ ခံယူသင့္ပါျပီ ။

၅။ ဝမ္းဗိုက္ေပ်ာ့ျခင္း (သို႔) နာက်င္ျခင္း

ကိုယ့္ရဲ႕ဝမ္းဗိုက္ကို ကိုင္ၾကည့္တဲ့အခါ ခပ္ေပ်ာ့ေပ်ာ့ပံုစံ ခံစားရလွ်င္ (သို႔) နာက်င္မႈေတြ ခံစားေနရျပီဆိုလွ်င္ အူမၾကီးကင္ဆာရဲ႕ ကနဦး လကၡဏာတစ္ရပ္ ျဖစ္နို္င္ပါတယ္။

၆။ ေသြးအားနည္းလာျခင္း

ရုတ္တရက္ ေသြးအားနည္းေရာဂါေတြ ျဖစ္လာတာမ်ိဳးကိုလည္း သတိထားသင့္ပါတယ္။ ေသြးအားနည္း လာတဲ့ အခါ အသားအေရ ေဖ်ာ့ေတာ့လာျခင္း ၊ ေသြးခုန္နႈန္းျမန္လာျခင္း ၊ အသက္ရွဴမဝျခင္း ၊ ေခါင္းမူးေခါင္းကိုက္ျခင္း ၊ ေနထိုင္မေကာင္းျခင္း နွင့္ လက္ဖ်ားေျခဖ်ားမ်ား ေအးစက္လာျခင္းတို႔ ျဖစ္လာတတ္ပါတယ္။ ကင္ဆာက်ိတ္ ျဖစ္လာတဲ့အခါ အစာေျခလမ္းေၾကာင္းထဲသို႔ ေသြးထြက္ကာကုန္ဆံုးတတ္ျခင္းေၾကာင့္ ေသြးအားနည္းတာမ်ိဳး ေတြ ျဖစ္လာတာပါ။ ဒါေၾကာင့္ နဂိုတည္းက ေသြးအားနည္းတတ္သူမဟုတ္ဘဲ ရုတ္တရက္ ေသြးအားနည္း ေရာဂါမ်ိဳးေတြ ၾကံဳေတြ႕ေနရတာဟာ အူမၾကိးကင္ဆာရဲ႕ လကၡဏာတစ္ခု ျဖစ္နို္င္ပါတယ္။

၇။ အေၾကာင္းအရင္းမရွိ ကိုယ္အေလးခ်ိန္က်သြားျခင္း

အေၾကာင္းအရင္းမရွိဘဲ ကိုယ္အေလးခ်ိန္က်သြားျခင္းဟာ အျခားေရာဂါမ်ားလည္း ျဖစ္နိုင္သလို အူမၾကီး ကင္ဆာရဲ႕ လကၡဏာေတြထဲမွာလည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မိမ္ိမွာ အေၾကာင္းျပခ်က္မရွိဘဲ တေျဖးေျဖး ပိန္ပိန္လာတယ္ဆိုလွ်င္ နားလည္တတ္ကြ်မ္းတဲ့ ဆရာဝန္နဲ႕ တိုင္ပင္ေဆြးေႏြးျပီး ေရာဂါစစ္ေဆးမႈ မ်ား ျပဳလုပ္သင့္ပါတယ္ ။

၈။ ပင္ပန္းအားနည္းလာျခင္း

ေမာပန္းႏြမ္းနယ္မႈေတြ အၿမဲလိုလို ခံစားေနရတယ္ ၊ အားအင္ခ်ိနဲ႕တာေတြ ျဖစ္လာတယ္ဆိုရင္လည္း မေပါ့ ေလ်ာ့သင့္ပါဘူးေန္ာ။ ေဆးရံု ၊ ေဆးခန္းသြားကာ စစ္ေဆးသင့္ပါျပီ ။

၉။ ေလထိုး၊ေလပြျဖစ္ျခင္း

အူမၾကီးအတြင္းမွာရွိတဲ့ ကင္ဆာအၾကိတ္ေၾကာင့္ ေလထိုး၊ေလပြ ျဖစ္နိုင္ပါတယ္။ အစာအိမ္ေၾကာင့္လည္း ျဖစ္နိုင္တာေၾကာင့္ ကြဲကြဲျပားျပား ေသခ်ာသိေအာင္ က်န္းမာေရး ေဆးစစ္မႈမ်ား ခံယူဖို႔ လိုပါတယ္။

အူမၾကီးကင္ဆာမျဖစ္ေအာင္ ေနထိုင္နည္းမွတ္ခ်က္

(၁) လတ္ဆတ္ေသာ အသီးအရြက္မ်ားကိုသာ စားသံုးပါ။(၂) အရက္ေသာက္ျခင္း ၊ ေဆးလိပ္ေသာက္ျခင္း ေရွာင္ၾကဥ္ပါ ။ (မေရွာင္နိုင္လွ်င္လည္း အလြန္အက်ြံမေသာက္မိပါေစနွင့္ )(၃) တစ္ေန႔လွ်င္ နာရီဝက္ခန္႔ ေလ့က်င့္ခန္း ျပဳလုပ္ေပးပါ ။ အနည္းဆံုး တစ္ပါတ္၅ရက္ ျပဳလုပ္ပါ။(၄) ကို္ယ္အေလးခ်ိန္ မ်ားေနလွ်င္ က်န္းမာေရးနွင့္ ညီညြတ္စြာ ထိန္းသိမ္းေနထို္င္ပါ။(၅) အူမၾကီးကင္ဆာေရာဂါမွ ကာကြယ္ရန္ မွန္ကန္တဲ့ စစ္ေဆးမႈေတြ ျပဳလုပ္ပါ။

Credit: CHAN

unicode

အူမကြီးကင်ဆာဟာ အသက်၅၀နှင့်အထက်ရှိသူများ၊ အူမကြီးမကောင်းသူ၊ ကင်ဆာမျိုးရိုးရှိသူများ၊ ဆေးလိပ် သောက်ခြင်း၊ အဝလွန်ခြင်း၊ အရက်သောက်ခြင်း နှင့် ဆီးချိုအမျိုးအစာ၂ ဖြစ်ပွါးသူတွေမှာ အဖြစ်များလေ့ ရှိပါ တယ်။

အူမကြီးကင်ဆာရဲ့ ကြိုတင်လက္ခဏာရပ်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ် ။

၁။ ဝမ်းချုပ်ခြင်း

ဝမ်းချုပ်ခြင်းဟာ အူမကြီးကင်ဆာရဲ့ အရေးပါဆုံး လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ အာရှပစိဖိတ်ဂျာနယ်ရဲ့ ကင်ဆာ ရောဂါဆိုင်ရာ လေ့လာမှုမှာ ဝမ်းချုပ်ခြင်း နှင့် အူမကြီးကင်ဆာ ဆက်စပ်မှုဟာ မြင့်မားစွာ ဆက်စပ် လျက်ရှိတယ်လို့ ဆိုပါတယ် ။

၂။ ဝမ်းပျက်ခြင်း

အူမကြီးကင်ဆာရဲ့ နောက်ထပ်လက္ခဏာတစ်ခုကတော့ ဝမ်းပျက်ခြင်းပဲ ဖြစ်ပါတယ်။ ရက်သတ္တပါတ် အတော်ကြာအောင်ထိ ဝမ်းပျက်ဝမ်းလျှောနေတာဟာ အူမကြီးနဲ့ပတ်သတ်တဲ့ ရောဂါတွေ ဖြစ်နေနိုင်ပါတယ်။ ဒီလို ဖြစ်လာရင်တော့ မပေါ့လျော့ဘဲ ဆရာဝန်နှင့် အမြန်ဆုံး ပြသသင့်ပါပြီ။

၃။ မစင်ထဲမှာသွေးပါခြင်း

လိပ်ခေါင်းကြောင့်လည်း မစင်ထဲမှာ သွေးပါနိုင်ပါတယ်။ ဒီလို လိပ်ခေါင်းကြောင့် ထွက်တဲ့သွေးဟာ အများအား ဖြင့် အနီရောင် ဖြစ်ပါတယ်ဒ ဒီလိုမဟုတ်ဘဲ အနီပုပ်ရောင် (သို့) အနက်ပုပ်ရောင် သွေးများ မစင်ထဲပါလာပြီ ဆိုရင်တော့ အူမကြီးကင်ဆာ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာ ဖြစ်နေနိုင်ပါတယ်။ မည်သို့ပင် ဖြစ်စေ မစင်ထဲမှာ သွေးပါခြင်းမျိုး ဖြစ်နေရင်တော့ ဘယ်လိုအကြောင်းကြောင်းကြောင့်ဖြစ်စေ နားလည်တတ်ကျွမ်တဲ့ ဆရာဝန်ဆီ မှာ ကုသမှု ခံယူသင့်ပါတယ်။

၄။ မစင်အရွယ်အစား သေးခြင်း

မစင်အရွယ်အစား သေးငယ်ပြီး ရှည်မြောမြော ပုံစံ ဝမ်းတွေသွားနေတာလည်း အူမကြီးကင်ဆာ လက္ခဏာပါ။ ကင်ဆာကြိတ်ဟာ အူမကြီးလမ်းကြောင်းရဲ့ ဘယ်ဘက်အလယ်လောက်မှာ တည်ရှိနေတဲ့အတွက် ဝမ်းသွားတဲ့ အခါ သေးငယ်ကျဉ်းမြောင်းတဲ့ မစင်ပုံစံတွေကိုသာ ထုတ်လွှတ်ပေးပါတယ်။ ဒီလိုမျိုးတွေ မကြာခဏ ဖြစ်လာပြီ ဆိုလျှင် ဆရာဝန်ကို မရှက်မကြောက်ဘဲ ဖွင့်ပြောပြီး ကုသမှု ခံယူသင့်ပါပြီ ။

၅။ ဝမ်းဗိုက်ပျော့ခြင်း (သို့) နာကျင်ခြင်း

ကိုယ့်ရဲ့ဝမ်းဗိုက်ကို ကိုင်ကြည့်တဲ့အခါ ခပ်ပျော့ပျော့ပုံစံ ခံစားရလျှင် (သို့) နာကျင်မှုတွေ ခံစားနေရပြီဆိုလျှင် အူမကြီးကင်ဆာရဲ့ ကနဦး လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။

၆။ သွေးအားနည်းလာခြင်း

ရုတ်တရက် သွေးအားနည်းရောဂါတွေ ဖြစ်လာတာမျိုးကိုလည်း သတိထားသင့်ပါတယ်။ သွေးအားနည်း လာတဲ့ အခါ အသားအရေ ဖျော့တော့လာခြင်း ၊ သွေးခုန်နှုန်းမြန်လာခြင်း ၊ အသက်ရှူမဝခြင်း ၊ ခေါင်းမူးခေါင်းကိုက်ခြင်း ၊ နေထိုင်မကောင်းခြင်း နှင့် လက်ဖျားခြေဖျားများ အေးစက်လာခြင်းတို့ ဖြစ်လာတတ်ပါတယ်။ ကင်ဆာကျိတ် ဖြစ်လာတဲ့အခါ အစာခြေလမ်းကြောင်းထဲသို့ သွေးထွက်ကာကုန်ဆုံးတတ်ခြင်းကြောင့် သွေးအားနည်းတာမျိုး တွေ ဖြစ်လာတာပါ။ ဒါကြောင့် နဂိုတည်းက သွေးအားနည်းတတ်သူမဟုတ်ဘဲ ရုတ်တရက် သွေးအားနည်း ရောဂါမျိုးတွေ ကြုံတွေ့နေရတာဟာ အူမကြိးကင်ဆာရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

၇။ အကြောင်းအရင်းမရှိ ကိုယ်အလေးချိန်ကျသွားခြင်း

အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန်ကျသွားခြင်းဟာ အခြားရောဂါများလည်း ဖြစ်နိုင်သလို အူမကြီး ကင်ဆာရဲ့ လက္ခဏာတွေထဲမှာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိမှာ အကြောင်းပြချက်မရှိဘဲ တဖြေးဖြေး ပိန်ပိန်လာတယ်ဆိုလျှင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ရောဂါစစ်ဆေးမှု များ ပြုလုပ်သင့်ပါတယ် ။

၈။ ပင်ပန်းအားနည်းလာခြင်း

မောပန်းနွမ်းနယ်မှုတွေ အမြဲလိုလို ခံစားနေရတယ် ၊ အားအင်ချိနဲ့တာတွေ ဖြစ်လာတယ်ဆိုရင်လည်း မပေါ့ လျော့သင့်ပါဘူးနေ်ာ။ ဆေးရုံ ၊ ဆေးခန်းသွားကာ စစ်ဆေးသင့်ပါပြီ ။

၉။ လေထိုး၊လေပွဖြစ်ခြင်း

အူမကြီးအတွင်းမှာရှိတဲ့ ကင်ဆာအကြိတ်ကြောင့် လေထိုး၊လေပွ ဖြစ်နိုင်ပါတယ်။ အစာအိမ်ကြောင့်လည်း ဖြစ်နိုင်တာကြောင့် ကွဲကွဲပြားပြား သေချာသိအောင် ကျန်းမာရေး ဆေးစစ်မှုများ ခံယူဖို့ လိုပါတယ်။

အူမကြီးကင်ဆာမဖြစ်အောင် နေထိုင်နည်းမှတ်ချက်

(၁) လတ်ဆတ်သော အသီးအရွက်များကိုသာ စားသုံးပါ။(၂) အရက်သောက်ခြင်း ၊ ဆေးလိပ်သောက်ခြင်း ရှောင်ကြဉ်ပါ ။ (မရှောင်နိုင်လျှင်လည်း အလွန်အကျွံမသောက်မိပါစေနှင့် )(၃) တစ်နေ့လျှင် နာရီဝက်ခန့် လေ့ကျင့်ခန်း ပြုလုပ်ပေးပါ ။ အနည်းဆုံး တစ်ပါတ်၅ရက် ပြုလုပ်ပါ။(၄) ကိုယ်အလေးချိန် များနေလျှင် ကျန်းမာရေးနှင့် ညီညွတ်စွာ ထိန်းသိမ်းနေထိုင်ပါ။(၅) အူမကြီးကင်ဆာရောဂါမှ ကာကွယ်ရန် မှန်ကန်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပါ။

Credit: CHAN

No comments:

Post a Comment