Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 26, 2018

အႏွစ္(၂၀)အတြင္း၊ အျပာကား (၄၀၀)ေက်ာ္ ႐ုိက္ကူးခဲ့တဲ့ ဂ်ပန္မင္းသားႀကီးနဲ႔ ေတြ႕ဆုံျခင္း

ဂ်ပန္၊ အေမရိကန္၊ ဂ်ာမဏီ၊ ႐ုရွား အစရွိတဲ့ႏုိင္ငံေတြမွာ အျပာကားသ႐ုပ္ေဆာင္ေတြကို အသက္ေမြးဝမ္းေၾကာင္းမႈ လုပ္ငန္းလုပ္ကုိင္သူမ်ားစာရင္းမွာ ထည့္သြင္းထားပါတယ္။ တရားဝင္ ႐ုိက္ကူးခြင့္ေတြလည္း လြတ္လပ္စြာ ခြင့္ျပဳထားၿပီး၊ ႏုိင္ငံရဲ႕ အခြန္ေငြမ်ားစြာ ရရွိတဲ့ လုပ္ငန္းလည္း ျဖစ္ပါတယ္။

အခု ေဖာ္ျပမွာကေတာ့ ဂ်ပန္ႏုိင္ငံရဲ႕ အျပာဇာတ္ကားတုိင္းလုိလုိမွာ သက္ႀကီးသ႐ုပ္ေဆာင္အျဖစ္ ပါဝင္ေလ့ရွိတဲ့ မင္းသားႀကီး ရွီဂီယုိတုိကူဒါ(Shigeo Tokuda)ရဲ႕ အေၾကာင္းပါ။ တုိကူဒါဟာ အသက္ (၈၂)ျဖစ္ၿပီး လက္ရွိအခ်ိန္ထိ သက္ရွိထင္ရွား ဝါရင့္သ႐ုပ္ေဆာင္ႀကီးပါ။

တုိကူဒါဟာ အျပာေလာကမွာ ႏွစ္ေပါင္း (၂၀)အတြင္း ဇာတ္ကားေပါင္း (၄၀၀)မွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး၊ အခန္းတုိဇာတ္ကားေပါင္းကေတာ့ ေထာင္နဲ႔ခ်ီ သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။ ပင္ကုိယ္ အသားေရမွာ Spot ေတြ၊ ပါးပ်ဥ္းတြဲက်မႈ၊ အသက္အရြယ္ စတဲ့ အားနည္းခ်က္ေတြ ရွိခဲ့ပါတယ္။

ဒါေပမယ့္ တုိကူဒါဟာ ဒီေလာကမွာ ထင္မွတ္မထားဘဲ ေအာင္ျမင္မႈေတြ ရခဲ့ၿပီး၊ အားေပးသူ ပရိသတ္လည္း အခုိင္အမာရွိခဲ့ပါတယ္။ သူဟာ ကမာၻ႕အသက္ႀကီးဆုံးအျပာဇာတ္ကားသ႐ုပ္ေဆာင္ (အမ်ိဳးသား)အျဖစ္ ဂင္းနစ္မွတ္တမ္းကိုလည္း ပိုင္ဆုိင္ထားပါတယ္။

တုုိကူဒါက ” ကၽြန္ေတာ့္ ပထမဆုံးဇာတ္ကားက လြန္ခဲ့တဲ့ ႏွစ္(၂၀)ေလာက္ကေပါ့ေလ … ကားေပါင္း (၄၀၀)ေလာက္ ရွိခဲ့တယ္ … အခုေတာ့ ေတာ္ေတာ္ေလး လက္ရည္က်ေနပါၿပီ … အသက္ကလည္း စကားေျပာလာၿပီေလ … “လုိ႔ This Week in Asia အမည္ရ တီဗြီအင္တာဗ်ဴးမွာ ေျဖခဲ့ပါတယ္။

ဒီအသက္အရြယ္ကုိ ေရာက္လာတယ္ဆုိေပမယ့္ တုိကူဒါကေတာ့ အနားမယူေသးပါဘူးတဲ့။ သူက ” အနားယူဖုိ႔ဆုိတာ … ထုတ္လုပ္သူေတြေပၚမွာ မူတည္တာေပါ့ … သူတုိ႔ ကိုယ့္ကို မသုံးခ်င္ေတာ့ဘူးဆုိရင္ … ဒါမွမဟုတ္ … ကုိယ့္အသက္အရြယ္အရ ဘယ္လုိမွ အဆင္မေျပေတာ့ရင္ေပါ့ “လုိ႔ ေျပာပါတယ္။

ဂ်ပန္ႏုိင္ငံမွာ သက္ႀကီးရြယ္အုိ (၃၄.၆)သန္း ရွိၿပီး၊ ဒါဟာ လူဦးေရရဲ႕ (၂၇.၃)% ျဖစ္ပါတယ္။ အလုပ္လုပ္ႏုိင္သူ၊ လူငယ္လူရြယ္ရဲ႕ (%)ကြာျခားခ်က္ဟာ သိပ္ၿပီးမျခားနားလုိ႔ အနာဂတ္ႏုိင္ငံရဲ႕ အလားအလာအေပၚ အမ်ားႀကီးသက္ေရာက္မႈ ရွိႏုိင္တာကုိ စုိးရိမ္စရာျဖစ္ေနပါတယ္။

ဒါေၾကာင့္ အိမ္ေထာင္ရွင္ေတြကို ကေလးမ်ားမ်ားယူဖုိ႔ သက္ဆုိင္ရာက တုိက္တြနး္ေနၿပီး၊ ဒီလုိ တုိက္တြန္းေနတဲ့ၾကားက ကေလးေမြးဖြားမႈႏႈန္းဟာ ေၾကာက္ခမန္းလိလိ က်ဆင္းေနဆဲပါ။ အျပာဇာတ္ကားထုတ္လုပ္႐ုိက္ကူးသူေတြဟာ သူတုိ႔ရဲ႕ အကူအညီနဲ႔ လူထုအၾကားမွာ ကေလးလုိခ်င္စိတ္ကုိ ျဖစ္ေစမယ္လုိ႔ ေမွ်ာ္လင့္ေနၾကပါတယ္။

source : scmp.com
လင္းေဇာ္ကို (MyanmarNote)

# Unicode Version ျဖင့္ ဖတ္ပါ #

ဂျပန်၊ အမေရိကန်၊ ဂျာမဏီ၊ ရုရှား အစရှိတဲ့နိုင်ငံတွေမှာ အပြာကားသရုပ်ဆောင်တွေကို အသက်မွေးဝမ်းကြောင်းမှု လုပ်ငန်းလုပ်ကိုင်သူများစာရင်းမှာ ထည့်သွင်းထားပါတယ်။ တရားဝင် ရိုက်ကူးခွင့်တွေလည်း လွတ်လပ်စွာ ခွင့်ပြုထားပြီး၊ နိုင်ငံရဲ့ အခွန်ငွေများစွာ ရရှိတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။

အခု ဖော်ပြမှာကတော့ ဂျပန်နိုင်ငံရဲ့ အပြာဇာတ်ကားတိုင်းလိုလိုမှာ သက်ကြီးသရုပ်ဆောင်အဖြစ် ပါဝင်လေ့ရှိတဲ့ မင်းသားကြီး ရှီဂီယိုတိုကူဒါ(Shigeo Tokuda)ရဲ့ အကြောင်းပါ။ တိုကူဒါဟာ အသက် (၈၂)ဖြစ်ပြီး လက်ရှိအချိန်ထိ သက်ရှိထင်ရှား ဝါရင့်သရုပ်ဆောင်ကြီးပါ။

တိုကူဒါဟာ အပြာလောကမှာ နှစ်ပေါင်း (၂၀)အတွင်း ဇာတ်ကားပေါင်း (၄၀၀)မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး၊ အခန်းတိုဇာတ်ကားပေါင်းကတော့ ထောင်နဲ့ချီ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ပင်ကိုယ် အသားရေမှာ Spot တွေ၊ ပါးပျဉ်းတွဲကျမှု၊ အသက်အရွယ် စတဲ့ အားနည်းချက်တွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် တိုကူဒါဟာ ဒီလောကမှာ ထင်မှတ်မထားဘဲ အောင်မြင်မှုတွေ ရခဲ့ပြီး၊ အားပေးသူ ပရိသတ်လည်း အခိုင်အမာရှိခဲ့ပါတယ်။ သူဟာ ကမ္ဘာ့အသက်ကြီးဆုံးအပြာဇာတ်ကားသရုပ်ဆောင် (အမျိုးသား)အဖြစ် ဂင်းနစ်မှတ်တမ်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။

တိုကူဒါက ” ကျွန်တော့် ပထမဆုံးဇာတ်ကားက လွန်ခဲ့တဲ့ နှစ်(၂၀)လောက်ကပေါ့လေ … ကားပေါင်း (၄၀၀)လောက် ရှိခဲ့တယ် … အခုတော့ တော်တော်လေး လက်ရည်ကျနေပါပြီ … အသက်ကလည်း စကားပြောလာပြီလေ … “လို့ This Week in Asia အမည်ရ တီဗွီအင်တာဗျူးမှာ ဖြေခဲ့ပါတယ်။

ဒီအသက်အရွယ်ကို ရောက်လာတယ်ဆိုပေမယ့် တိုကူဒါကတော့ အနားမယူသေးပါဘူးတဲ့။ သူက ” အနားယူဖို့ဆိုတာ … ထုတ်လုပ်သူတွေပေါ်မှာ မူတည်တာပေါ့ … သူတို့ ကိုယ့်ကို မသုံးချင်တော့ဘူးဆိုရင် … ဒါမှမဟုတ် … ကိုယ့်အသက်အရွယ်အရ ဘယ်လိုမှ အဆင်မပြေတော့ရင်ပေါ့ “လို့ ပြောပါတယ်။

ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အို (၃၄.၆)သန်း ရှိပြီး၊ ဒါဟာ လူဦးရေရဲ့ (၂၇.၃)% ဖြစ်ပါတယ်။ အလုပ်လုပ်နိုင်သူ၊ လူငယ်လူရွယ်ရဲ့ (%)ကွာခြားချက်ဟာ သိပ်ပြီးမခြားနားလို့ အနာဂတ်နိုင်ငံရဲ့ အလားအလာအပေါ် အများကြီးသက်ရောက်မှု ရှိနိုင်တာကို စိုးရိမ်စရာဖြစ်နေပါတယ်။

ဒါကြောင့် အိမ်ထောင်ရှင်တွေကို ကလေးများများယူဖို့ သက်ဆိုင်ရာက တိုက်တွန်းနေပြီး၊ ဒီလို တိုက်တွန်းနေတဲ့ကြားက ကလေးမွေးဖွားမှုနှုန်းဟာ ကြောက်ခမန်းလိလိ ကျဆင်းနေဆဲပါ။ အပြာဇာတ်ကားထုတ်လုပ်ရိုက်ကူးသူတွေဟာ သူတို့ရဲ့ အကူအညီနဲ့ လူထုအကြားမှာ ကလေးလိုချင်စိတ်ကို ဖြစ်စေမယ်လို့ မျှော်လင့်နေကြပါတယ်။

source : scmp.com
လင်းဇော်ကို (MyanmarNote)

No comments:

Post a Comment