Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 26, 2018

ambulance ကားပေါ်က ပိတောက်သစ်များ


(27.12.2018)
မုံရွာမြို့ ပြည်ထောင်စု လမ်းမကြီးပေါ် ဂေါက်ကွင်း အရှေ့ဖက်တွင် ဘီးပေါက်နေသော HSEနာပတ်တတ် ကားတစ်စီးအား ပိတောက်သစ်များ တင်ဆောင်ထားလျှက် တွေ့ရှိရကြောင်း သတင်းရရှိ၍ တရားမဝင်သစ် သယ်ဆောင်ရောင်းချသူများနှင့် နီးစပ်သူများထံ ဆက်သွယ်စုံစမ်းရာ ၎င်းကားမှာ ဘုတလင်ဖက်မှ ထွက်လာပြီး မုံရွာမြို့တွင်းသို့ ဝင်ရောက်လာရာ အလုံသုံထောင့်ချွန်းမှ အွန်လိုင်းနာမည်ကျော် ဆိုင်ကယ်ရဲမင်းသားများအဖွဲ့မှ ဆိုင်ကယ်အစီး၂၀ခန့် လိုက်လံပြီး ငွေကြေးတောင်းခံရာ အဆင်မပြေဖြစ်ပြီး ပြေးတမ်းလိုက်တမ်း ကစားရာမှ ဘီးပေါက်၍ လမ်းဘေးရပ်ပြီး တရားခံများ ထွက်ပြေးရာမှ ၎င်းကားအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းမိခြင်းနောက်ကွယ်မှ ဖြစ်ရပ်မှန်များအား သက်ဆိုင်ရာ နယ်မြေစခန်း တာဝန်ရှိ စခန်းမှူး မြို့နယ်မှူးများ သိရှိထိန်းကြောင်းတည့်မတ်နိင်ရန် ရေးသားဖေါ်ပြလိုက်ရပါသည်။ဖမ်းဆီးရေးဂိတ်များမှ ဖမ်းဆီးခြင်းမရှိပဲ ယခုလို အများပြည်သူ သွားလားနေသော လမ်းမကြီးပေါ်တွင် ယခုကဲ့သို့ ပြေးတမ်းလိုက်တမ်း ကစားရာမှ ဘီးပေါက်ပြီး ပြည်သူလူထုအတွက် ဒုက္ခရောက်စရာ အခြေအနေများ ဖြစ်ပေါ်လာနိင်သည်ကိုလည်း အထူးဂရုပြုရပေမည်။
 Mr NannHlaing






No comments:

Post a Comment