Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, December 21, 2018

ဆင္းရဲျခင္း၏ အတိတ္အေၾကာင္း (၃) ပါး


ဗုဒၶေဒသနာမ်ား၏ ညႊန္ျပခ်က္အရ ဆင္းရဲမြဲေတျခင္း၏ အတိတ္အေၾကာင္း သံုးပါးကို ေတြ႔ရွိရသည္။ယင္းတို႔မွာ . . .

(၁) ဒါနမျပဳခဲ့ေသာေၾကာင့္ ဆင္းရဲမြဲေတျခင္း။
(၂) သူတစ္ပါး၏ဥစၥာကို လိမ္လည္ လွည့္ျဖားခိုးယူခဲ့ေသာေၾကာင့္ဆင္းရဲမြဲေတျခင္း။
(၃) ဣႆာမစၧရိယ မ်ားခဲ့ေသာေၾကာင့္ ဆင္းရဲမြဲေတျခင္း တို႔ ျဖစ္ေပသည္။

ထိုသံုးမ်ိဳးတြင္ …

(၁) ဒါနမျပဳခဲ့ေသာေၾကာင့္ ဆင္းရဲမြဲေတျခင္း။
ဒါနမျပဳခဲ့ေသာေၾကာင့္ ဆင္းရဲမြဲေတရသူမ်ားသည္ လံုလ၀ီရိယျဖင့္ ရွာေဖြခဲ့လွ်င္ စားႏိုင္ေသာက္ႏိုင္ ဘ၀သို႔ ေရာက္ေသးသည္။သနားတတ္ေသာ သူတစ္ပါး၏အကူအညီကိုလည္း အနည္းငယ္ရနိုင္ေသးသည္။

(၂) သူတစ္ပါး၏ဥစၥာကို လိမ္လည္လွည့္ျဖား ခိုးယူခဲ့ေသာေၾကာင့္ ဆင္းရဲမြဲေတျခင္း။
သူ႔ဥစၥာခိုး၍ ဆင္းရဲမြဲေတသူမ်ားကား ရွာေဖြလို႔လည္း မလြယ္ကူ။
အစစအဆင္ေျပ၍ ရွာေဖြရခဲ့ေသာ္လည္း မီး မင္း သူခိုး ေရ အေမြခံဆိုး ဟူေသာ ရန္သူမ်ိဳးငါးပါး၏ ဖ်က္ဆီးျခင္းကို မၾကာခဏခံရ သျဖင့္ ဘယ္ေသာအခါမွ နာလန္မထူေပ။

(၃) ဣႆာမစၧရိယ မ်ားခဲ့ေသာေၾကာင့္ ဆင္းရဲမြဲေတျခင္း။
ဣႆာမစၧရိယေၾကာင့္ ဆင္းရဲမြဲေတသူမ်ားကား ထိုထက္ဆိုးပါေသး၏။
ရွာေဖြလို႔ ဘယ္လိုမွမရသည့္အျပင္ လူတိုင္းကို သနားညွာတာၿပီး ကူညီ တတ္ေသာသူမ်ားပင္ ဣႆာမစၧရိယသမားမ်ာ ႏွင့္ေတြ႔လွ်င္ ကူညီလိုစိတ္ ၊
သနားညွာတာ စိတ္မ်ား အလိုလို ကုန္ခန္းသြားတတ္သည္မွာ အံ့ၾသစရာေကာင္း လွပါ၏။
ထိုအေၾကာင္းကို ဗုဒၶက
“သံယုတ္ပါ႒ိေတာ္ မစၧရီသုတ္” ၌ အျပည့္အစံုေဟာျပ ထားသည္။

အရွင္ဇ၀န … (ေမတၱာရွင္-ေရႊျပည္သာ)
..........................................
ဗုဒ္ဓဒေသနာများ၏ ညွှန်ပြချက်အရ ဆင်းရဲမွဲတေခြင်း၏ အတိတ်အကြောင်း သုံးပါးကို တွေ့ရှိရသည်။

ယင်းတို့မှာ . . .
(၁) ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။
(၂) သူတစ်ပါး၏ဥစ္စာကို လိမ်လည် လှည့်ဖြားခိုးယူခဲ့သောကြောင့်ဆင်းရဲမွဲတေခြင်း။
(၃) ဣဿာမစ္ဆရိယ များခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း တို့ ဖြစ်ပေသည်။
ထိုသုံးမျိုးတွင် …
(၁) ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။
ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေရသူများသည် လုံလဝီရိယဖြင့် ရှာဖွေခဲ့လျှင် စားနိုင်သောက်နိုင် ဘဝသို့ ရောက်သေးသည်။
သနားတတ်သော သူတစ်ပါး၏အကူအညီကိုလည်း အနည်းငယ်ရနိုင်သေးသည်။
(၂) သူတစ်ပါး၏ဥစ္စာကို လိမ်လည်လှည့်ဖြား ခိုးယူခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။
သူ့ဥစ္စာခိုး၍ ဆင်းရဲမွဲတေသူများကား ရှာဖွေလို့လည်း မလွယ်ကူ။
အစစအဆင်ပြေ၍ ရှာဖွေရခဲ့သော်လည်း မီး မင်း သူခိုး ရေ အမွေခံဆိုး ဟူသော ရန်သူမျိုးငါးပါး၏ ဖျက်ဆီးခြင်းကို မကြာခဏခံရ သဖြင့် ဘယ်သောအခါမှ နာလန်မထူပေ။
(၃) ဣဿာမစ္ဆရိယ များခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။
ဣဿာမစ္ဆရိယကြောင့် ဆင်းရဲမွဲတေသူများကား ထိုထက်ဆိုးပါသေး၏။
ရှာဖွေလို့ ဘယ်လိုမှမရသည့်အပြင် လူတိုင်းကို သနားညှာတာပြီး ကူညီ တတ်သောသူများပင် ဣဿာမစ္ဆရိယသမားမျာ နှင့်တွေ့လျှင် ကူညီလိုစိတ် ၊
သနားညှာတာ စိတ်များ အလိုလို ကုန်ခန်းသွားတတ်သည်မှာ အံ့သြစရာကောင်း လှပါ၏။
ထိုအကြောင်းကို ဗုဒ္ဓက
“သံယုတ်ပါဋ္ဌိတော် မစ္ဆရီသုတ်” ၌ အပြည့်အစုံဟောပြ ထားသည်။

အရှင်ဇဝန … (မေတ္တာရှင်-ရွှေပြည်သာ)

No comments:

Post a Comment