ဟာရာရီ ၊ ဒီဇင္ဘာ(၂၁)
အာဖရိကသုိ႔ တင္ပုိ႔ေနေသာ တရုတ္ထုတ္ကြန္ဒုံးမ်ားမွာ အလြန္ေသးေနေၾကာင္း ဇင္ဘာေဘြ အစိုးရ အရာရွိတဦးက ေစာဒကတက္ခဲ႔ၿပီးေနာက္ ကြန္ဒုံးအရြယ္အစား အမ်ိဳးမ်ိဳးထုတ္လုပ္ရန္ စဥ္းစားေနသည္ဟု တ႐ုတ္ကြန္ဒုံး ထုတ္လုပ္သူတစ္ဦးက ရွင္းလင္း ေျပာၾကားခဲ႔သည္။
ဇင္ဘာေဘြ က်န္းမာေရးဝန္ႀကီး ေဒးဗစ္ပါရီရန္ယာတ္ဝါက HIV / AIDS ကာကြယ္တားဆီးေရးျမႇင့္တင္ရန္ ၿပီးခဲ့သည့္အပတ္က ၿမိဳ႕ေတာ္ Harare တြင္ က်င္းပေသာ အခမ္းအနား တစ္ခုတြင္ ” ေတာင္ပုိင္း အာဖရိကေဒသေတြမွာ HIV/AIDS အျဖစ္ အမ်ားဆုံးဆုိေတာ့ က်ေနာ္တုိ႔က ကြန္ဒုံးအသုံးျပဳေရး ျမွင့္တင္ဖုိ႔ ေျပာၾကားေနရတယ္။ လူငယ္မ်ားက သူတို႔ႀကိဳက္ႏွစ္သက္တဲ႔ ကြန္ဒုံးေတြရွိေပမယ့္ က်ေနာ္တို႔က ဒီဟာေတြ မထုတ္လုပ္ဘူး။ က်ေနာ္တို႔ တ႐ုတ္ထံက ကြန္ဒုံးေတြ တင္သြင္းေနရတဲ႔အခါ အခ်ဳိ႕က အရြယ္အစား ေသးငယ္လြန္းေနတယ္လုိ႔ ေစာဒကတက္ၾကတယ္။ ကြန္ဒုံးေတြ တင္သြင္းတာထက္ ဇင္ဘာေဘြကုမၸဏီေတြ ျပည္တြင္းမွာ ထုတ္ဖုိ႔ လုပ္ေဆာင္သင့္တယ္” ဟု ေျပာၾကားသည္။
ကြန္ဒုံးထုတ္လုပ္သူ ေဘဂ်င္း Daxiang ကုမၸဏီ အမႈေဆာင္ခ်ဳပ္ Zhao Chuan က ကုမၸဏီအေနျဖင့္ ကြန္ဒုံး အ႐ြယ္အစားအမ်ဳိးမ်ိဳး ထုတ္လုပ္ရန္ စီစဥ္ေနေၾကာင္း South China Morning Post သုိ႔ ေျပာၾကားသည္။
” ဇင္ဘာေဘြ လို ေဖာက္သည္ေတြဆီက မွာယူမႈေတြရွိတဲ႔အတြက္ ကြဲျပားျခားနားတဲ႔ ကြန္ဒုံးအရြယ္အစားေတြ သူတုိ႔ေတာင္းဆိုခ်က္အတုိင္း ထုတ္လုပ္နိုင္စြမ္းနဲ႔ လုပ္ေပးရမဲ႔ တာဝန္ရွိပါတယ္။ ဒါေၾကာင့္က်ေနာ္တို႔ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေနတယ္။ ေဒသတြင္း သုံးစြဲသူေတြဆီကေန ေဒတာအခ်ိဳ႕ စစ္တမ္းမ်ား စလုပ္္ခဲ့တယ္။ အခုထုတ္ေနတာေတြနဲ႔ ကြဲျပားျခားနားတဲ႔ ကြန္ဒုံး အ႐ြယ္အစားေတြ အနာဂတ္မွာ ထုတ္လုပ္သြားမယ္။ ကမာၻတဝွမ္းက ေဖာက္သည္ေတြအတြက္ အ႐ြယ္အစား လုိအပ္ခ်က္ေတြရွိတယ္။ တရုတ္ျပည္မွာေတာ ကြန္ဒုံး အရြယ္အစားက စိုးရိမ္စရာ မျဖစ္ၾကပဲ သူတုိ႔ က ပိုမိုပါးလႊာတဲ႔ ကြန္ဒုံးကုိ ႏွစ္သက္သေဘာက်တယ္။ ေျမာက္အေမရိကမွွာေတာ့ ႏူးညံ့ၿပီး ကြဲျပားတဲ႔ လိုအပ္ခ်က္ေတြရွိတယ္” ဟု စီအီးအုိ Zhao က အီးေမးလ္မွတဆင့္ ေျပာၾကားသည္။
ဇင္ဘာေဘြမွာ ကမၻာ့ထိပ္တန္း ကြန္ဒုံးတင္သြင္းသူ ငါးႏုိင္ငံတြင္ ပါဝင္ျပီး တရုတ္ ႏုိင္ငံကမူ ကြန္ဒုံးအမ်ားဆုံး ထုတ္လုပ္ေသာ ကမၻာ့ထိပ္တန္းစာရင္းတြင္ ပါဝင္ကာ ကြန္ဒုံးထုတ္လုပ္ေနေသာ ကုမၸဏီ (၃၀၀) ေက်ာ္မွ ႏွစ္စဥ္ကြန္ဒုံး သန္း (၃၀၀၀) ေက်ာ္ ထုတ္လုပ္ေနသည္။
By – KSM/MUNA
Ref ; South China Morning Post
Unicode Version
တရုတ်ထုတ် ကွန်ဒုံးများ သေးငယ်လွန်းသည်ဟု ဇင်ဘာဘွေကျန်းမာရေးဝန်ကြီး စောဒကတက်
ဟာရာရီ ၊ ဒီဇင်ဘာ(၂၁)
အာဖရိကသို့ တင်ပို့နေသော တရုတ်ထုတ်ကွန်ဒုံးများမှာ အလွန်သေးနေကြောင်း ဇင်ဘာဘွေ အစိုးရ အရာရှိတဦးက စောဒကတက်ခဲ့ပြီးနောက် ကွန်ဒုံးအရွယ်အစား အမျိုးမျိုးထုတ်လုပ်ရန် စဉ်းစားနေသည်ဟု တရုတ်ကွန်ဒုံး ထုတ်လုပ်သူတစ်ဦးက ရှင်းလင်း ပြောကြားခဲ့သည်။
ဇင်ဘာဘွေ ကျန်းမာရေးဝန်ကြီး ဒေးဗစ်ပါရီရန်ယာတ်ဝါက HIV / AIDS ကာကွယ်တားဆီးရေးမြှင့်တင်ရန် ပြီးခဲ့သည့်အပတ်က မြို့တော် Harare တွင် ကျင်းပသော အခမ်းအနား တစ်ခုတွင် ” တောင်ပိုင်း အာဖရိကဒေသတွေမှာ HIV/AIDS အဖြစ် အများဆုံးဆိုတော့ ကျနော်တို့က ကွန်ဒုံးအသုံးပြုရေး မြှင့်တင်ဖို့ ပြောကြားနေရတယ်။ လူငယ်များက သူတို့ကြိုက်နှစ်သက်တဲ့ ကွန်ဒုံးတွေရှိပေမယ့် ကျနော်တို့က ဒီဟာတွေ မထုတ်လုပ်ဘူး။ ကျနော်တို့ တရုတ်ထံက ကွန်ဒုံးတွေ တင်သွင်းနေရတဲ့အခါ အချို့က အရွယ်အစား သေးငယ်လွန်းနေတယ်လို့ စောဒကတက်ကြတယ်။ ကွန်ဒုံးတွေ တင်သွင်းတာထက် ဇင်ဘာဘွေကုမ္ပဏီတွေ ပြည်တွင်းမှာ ထုတ်ဖို့ လုပ်ဆောင်သင့်တယ်” ဟု ပြောကြားသည်။
ကွန်ဒုံးထုတ်လုပ်သူ ဘေဂျင်း Daxiang ကုမ္ပဏီ အမှုဆောင်ချုပ် Zhao Chuan က ကုမ္ပဏီအနေဖြင့် ကွန်ဒုံး အရွယ်အစားအမျိုးမျိုး ထုတ်လုပ်ရန် စီစဉ်နေကြောင်း South China Morning Post သို့ ပြောကြားသည်။
” ဇင်ဘာဘွေ လို ဖောက်သည်တွေဆီက မှာယူမှုတွေရှိတဲ့အတွက် ကွဲပြားခြားနားတဲ့ ကွန်ဒုံးအရွယ်အစားတွေ သူတို့တောင်းဆိုချက်အတိုင်း ထုတ်လုပ်နိုင်စွမ်းနဲ့ လုပ်ပေးရမဲ့ တာဝန်ရှိပါတယ်။ ဒါကြောင့်ကျနော်တို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်။ ဒေသတွင်း သုံးစွဲသူတွေဆီကနေ ဒေတာအချို့ စစ်တမ်းများ စလုပ်ခဲ့တယ်။ အခုထုတ်နေတာတွေနဲ့ ကွဲပြားခြားနားတဲ့ ကွန်ဒုံး အရွယ်အစားတွေ အနာဂတ်မှာ ထုတ်လုပ်သွားမယ်။ ကမ္ဘာတဝှမ်းက ဖောက်သည်တွေအတွက် အရွယ်အစား လိုအပ်ချက်တွေရှိတယ်။ တရုတ်ပြည်မှာတော ကွန်ဒုံး အရွယ်အစားက စိုးရိမ်စရာ မဖြစ်ကြပဲ သူတို့ က ပိုမိုပါးလွှာတဲ့ ကွန်ဒုံးကို နှစ်သက်သဘောကျတယ်။ မြောက်အမေရိကမှှာတော့ နူးညံ့ပြီး ကွဲပြားတဲ့ လိုအပ်ချက်တွေရှိတယ်” ဟု စီအီးအို Zhao က အီးမေးလ်မှတဆင့် ပြောကြားသည်။
ဇင်ဘာဘွေမှာ ကမ္ဘာ့ထိပ်တန်း ကွန်ဒုံးတင်သွင်းသူ ငါးနိုင်ငံတွင် ပါဝင်ပြီး တရုတ် နိုင်ငံကမူ ကွန်ဒုံးအများဆုံး ထုတ်လုပ်သော ကမ္ဘာ့ထိပ်တန်းစာရင်းတွင် ပါဝင်ကာ ကွန်ဒုံးထုတ်လုပ်နေသော ကုမ္ပဏီ (၃၀၀) ကျော်မှ နှစ်စဉ်ကွန်ဒုံး သန်း (၃၀၀၀) ကျော် ထုတ်လုပ်နေသည်။
By – KSM/MUNA
Ref ; South China Morning Post
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, December 21, 2018
တရုတ္ထုတ္ ကြန္ဒုံးမ်ား ေသးငယ္လြန္းသည္ဟု ဇင္ဘာေဘြက်န္းမာေရးဝန္ႀကီး ေစာဒကတက္
တရုတ္ထုတ္ ကြန္ဒုံးမ်ား ေသးငယ္လြန္းသည္ဟု ဇင္ဘာေဘြက်န္းမာေရးဝန္ႀကီး ေစာဒကတက္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 21, 2018
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 21, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment