Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 19, 2018

သနပ္ပင္ အ.ထ.ကမွ အေမရိကန္သူ အထက္တန္းျပဆရာမ လာမည့္ ေမလတြင္ ျပည္ေတာ္ျပန္ရေတာ့မည္


ပဲခူးတုိင္းေဒသၾကီး၊သနပ္ပင္ျမိဳ႕အေျခခံပညာအထက္တန္းေက်ာင္းတြင္အဂၤလိပ္စာသင္ႀကားေပးရန္ေရာက္ရွိေနေသာအေမရိကန္ႏူိင္ငံသူဆရာမေလးAbbyHesterသည္၂၀၁၉ခုနွစ္ေမလအတြင္းႏွစ္နွစ္တာကာလ တာဝန္ျပီးဆုံးျပီျဖစ္၍ ျပည္ေတာ္ျပန္ေတာ့မည္ျဖစ္ေႀကာင္းသိရွိရသည္။

ျပည္ေတာ္မျပန္မီကာလအတြင္ သနပ္ပင္ အ.ထ.ကေက်ာင္းတြင္နွစ္စဥ္ေက်ာင္းသားဦးေရတုိးလာျပီးစာသင္ခန္းမလုံေလာက္ေသာအခက္အခဲကုိေျဖရွင္းေပးလုိသည့္အတြက္ျမန္မာျပည္တြင္ေက်ာင္းမ်ားေဆာက္လုပ္လွဴဒါန္းလ်ွက္ရရွိသည့္အေမရိကန္အေျခစုိက္INGO အဖြဲ႕အစည္းတစ္ခုျဖစ္တဲ႔(Build a school in Burma)နွင္႔ဆက္သြယ္ပူးေပါင္းျပီး(၃၀×၉၀)ေပ ႏွစ္ထပ္ေက်ာင္းေဆာင္တစ္လုံး ေဆာက္လုပ္လွဴဒါန္းသြားမည္ျဖစ္သည္။

သနပ္ပင္ျမိဳ႕ရွိျမိဳမိျမိဳ႕ဖမ်ား ပရဟိတအဖြဲ႕မ်ားႏွင့္ ေက်ာင္းအက်ိဳးေတာ္ေဆာင္အဖြဲ႕မ်ားမွအလွဴေငြသိန္း၅၀ပါဝင္လွဴဒါန္းထားျပီးေက်ာင္းေဆာင္ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကုိ Build a school inBurmaမွတာဝန္ခံဌာေနကုိယ္စားလွယ္ဦးနုိင္နုိင္ႏွင့္အဖြဲ႕မွတာဝန္ယူတည္ေဆာက္ေပးမည္ျဖစ္ျပီးခန္႔မွန္းေျခအားျဖင့္ သိန္းေပါင္း၁၁၀၀ခန္႔ကုန္က်မည္ျဖစ္ေႀကာင္း သိရွိရသည္။

ႏွစ္ထပ္ေက်ာင္းေဆာင္ျဖစ္ေျမာက္ေရးအတြက္ ဆက္သြယ္ေဆာင္ရြက္ေပးႀကသည့္အေမရိကန္ဆရာမေလးAbbyHesterႏွင့္ဌာေနကုိယ္စားလွယ္ဦးနုိင္နုိင္တုိ႕ကုိသနပ္ပင္ျမိဳ႕နယ္အတြင္းရွိျပည္သူမ်ားက
အထူးေက်းဇူးတင္လွ်က္ ရွိေနႀကသည္။

နႏၵမ်ဳိးေဆာင္





#Unicode Version#
ပဲခူးတိုင်းဒေသကြီး၊သနပ်ပင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင်အင်္ဂလိပ်စာသင်ကြားပေးရန်
ရောက်ရှိနေသောအမေရိကန်နိူင်ငံသူဆရာမလေးAbbyHesterသည်၂၀၁၉ခုနှစ်မေလအတွင်းနှစ်နှစ်တာကာလ တာဝန်ပြီးဆုံးပြီဖြစ်၍ ပြည်တော်ပြန်တော့မည်ဖြစ်ကြောင်းသိရှိရသည်။

ပြည်တော်မပြန်မီကာလအတွင် သနပ်ပင် အ.ထ.ကကျောင်းတွင်နှစ်စဉ်ကျောင်းသားဦးရေတိုးလာပြီးစာသင်ခန်းမလုံလောက်သောအခက်အခဲကိုဖြေရှင်းပေးလိုသည့်အတွက်မြန်မာပြည်တွင်ကျောင်းများဆောက်လုပ်လှူဒါန်းလျှက်ရရှိသည့်အမေရိကန်အခြေစိုက်INGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့(Build a school in Burma)နှင့်ဆက်သွယ်ပူးပေါင်းပြီး(၃၀×၉၀)ပေ နှစ်ထပ်ကျောင်းဆောင်တစ်လုံး ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်သည်။

သနပ်ပင်မြို့ရှိမြိုမိမြို့ဖများ ပရဟိတအဖွဲ့များနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များမှအလှူငွေသိန်း၅၀ပါဝင်လှူဒါန်းထားပြီးကျောင်းဆောင်ဆောက်လုပ်ရေးလုပ်ငန်းများကို Build a school inBurmaမှတာဝန်ခံဌာနေကိုယ်စားလှယ်ဦးနိုင်နိုင်နှင့်အဖွဲ့မှတာဝန်ယူတည်ဆောက်ပေးမည်ဖြစ်ပြီးခန့်မှန်းခြေအားဖြင့် သိန်းပေါင်း၁၁၀၀ခန့်ကုန်ကျမည်ဖြစ်ကြောင်း သိရှိရသည်။

နှစ်ထပ်ကျောင်းဆောင်ဖြစ်မြောက်ရေးအတွက် ဆက်သွယ်ဆောင်ရွက်ပေးကြသည့်အမေရိကန်ဆရာမလေးAbbyHesterနှင့်ဌာနေကိုယ်စားလှယ်ဦးနိုင်နိုင်တို့ကိုသနပ်ပင်မြို့နယ်အတွင်းရှိပြည်သူများက
အထူးကျေးဇူးတင်လျှက် ရှိနေကြသည်။

နန္ဒမျိုးဆောင်

No comments:

Post a Comment