Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 19, 2018

ညီတော် နောင်တော်တို့ ဒီပုဒ်မတွေ သိထားရမယ်နော်။ ယောက်ကျားလေးတိုင်း မဖြစ်မနေ သိထားသင့်သည့် ဥပဒေများ


ပုဒ်မ

ယောက်ျားကောင်း မောင်းမတစ်ထောင်ကွဆိုပြီး မိန်းမရှိလျက်နဲ့ အပျော်မယားရှာရင် ပုဒ်မ – ၁၃ ထောင်ဒဏ် ခုနစ်နှစ်၊
Han Linn Aung
...................................................
Unicode version

ယောက်ကျားလေးတိုင်း သိထားသင့်သည့် ဥပဒေများ

လမ်းမှာ သွားရင်း လာရင်း ကောင်မလေးတွေတွေ့လို့ ဟေ့ချစ်ချစ်လို့ ခေါ်ပြီး ပါးစပ်သရမ်းရင် ပုဒ်မ – ၅၀၉ ထောင်ဒဏ် တစ်နှစ်၊

ကားပေါ်မှာ မိန်းကလေးတွေကို မတော်မရော်သွားထိရင် ပုဒ်မ – ၃၅၄ ထောင်ဒဏ် နှစ်နှစ်၊

လင်နဲ့မယား လျှာနဲ့သွားဆိုပြီး မိန်းမကို လက်နဲ့ရိုက်ရင် ပုဒ်မ – ၃၂၃ ထောင်ဒဏ် တစ်နှစ်၊

ငါ့မိန်းမမို့ ငါရိုက်တာကွာ မင်းနဲ့ဘာဆိုင်လဲ အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာကွဆိုပြီး တုတ်နဲ့ရိုက်ရင် ပုဒ်မ – ၃၂၄ ထောင်ဒဏ် သုံးနှစ်၊ ဒါ့အပြင် ပုဒ်မ – ၃၂၆ နဲ့ညှိရင်တော့ ထောင်ဒဏ် နှစ် ၂၀ ၊

မိန်းမနဲ့နွား မသနားနဲ့ကွဆိုပြီး ဒီလိုရိုက်၊ ဒီလိုကန်ဆိုရင် ပုဒ်မ – ၃၂၅ ထောင်ဒဏ် ခုနစ်နှစ်၊

သမီးကညာ အခါမလင့်စေနဲ့စေဆိုပြီး အတင်းအကျပ်ပေးစားရင် ပုဒ်မ – ၃၇၆ ထောင်ဒဏ် နှစ် ၂၀ ၊

ယောကျ်ားကောင်း မောင်းမတစ်ထောင်ကွဆိုပြီး မိန်းမရှိလျက်နဲ့ အပျော်မယားရှာရင် ပုဒ်မ – ၁၃ ထောင်ဒဏ် ခုနစ်နှစ်၊

ဒါ့အပြင် ပုဒ်မ – ၁၇ နဲ့ညှိရင် ထောင်ဒဏ် ၁၀ နှစ်၊

Han Linn Aung

No comments:

Post a Comment