Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 15, 2018



ဖြစ်ပုံက

တနေ့
အိမ်မှာ ကလေးမလေးက မီးပူတိုက်​ရင်းမြန်​မာဗီဒီယိုကား ကြည့်နေတယ်ကျွန်တော် ကလည်း TV ကို ကျောပေးပြီးဂျာနယ်​ဖတ်နေတယ်အဲ့ဒီ အချိန် ကျောင်းကပြန်လာတဲ့ ကျွန်တော့်သမီး၎ တန်း ​ကျောင်းသူလေးက လွယ်​အိတ်​လေးချပြီးTV ကြည့်ရင်း အိမ်အကူ ကလေးမလေးကိုမေးလိုက်တဲ့ ​မေးခွန်းကြောင့်ကျွန်တော် ဆံပင်တွေထောင်ပြီး မျက်​လုံးပါပြူးသွားတယ်

၎ တန်းကျောင်းသူလေး မေးတဲ့ ​မေးခွန်းက” မမရေ သူတို့ ရည်းစားတွေဖြစ်ပြီး ချစ်သွားကြပြီလား ” တဲ့သောက်ကျိုးနည်း


ပညာပေးဆိုတာထက် ရည်းစားဖြစ်ဖို့ကြိုးစားတာနှင့်ချစ် ကြိုက် ကွဲ ညား တွေကိုဘဲ မြင်ပြီးအတုမြင် အတက်သင်နေကြတယ်အဲ့ဒါကြောင့် ကျွန်တော် အဲ့ဒီနေကစပြီးမြန်​မာဗီဒီယိုကား ငှါးမပေးတော့ဘူး














HtetGyi ရင်တွင်းဖြစ်

========================

” ကျွန်တော့်အိမ်မှာ မြန်​မာဗီဒီယိုဇာတ်ကားများမကြည့်ခိုင်းတော့ပါ”

ဖြစ်ပုံက

ကျွန်တော်အိမ်မှာ အိမ်အကူ ကလေးမလေးတယောက်ရှိတယ်

ကလေးမလေးက အိမ်မှာ အားတဲ့ အချိန်ကြည့်ချင်လို့

ဦးလေး သမီးကို မြန်​မာဗီဒီယိုကားလေးတွေ ငှါးပေးပါဆိုလို့

အေးလေ တယောက်တည်း အားတဲ့အချိန် ပျင်းရှာမှာဘဲလို့

တွေးပြီး ညနေ လမ်းလျှောက်ထွက်တိုင်း တရက်ခြားတခါ

မြန်​မာဗီဒီယိုဇာတ်ကားခွေ တခွေ ငှါးပေးတယ်

အဲ့ဒီတော့ မြန်​မာဗီဒီယို ဖွင့်ထားတဲ့အခါ

အိမ်အကူ ကလေးမလေးအပြင် မိန်​းမရော သမီးလေးပါ

ထိုင်ကြည့်ကြတယ်

ကျွန်တော်လည်း မြန်​မာဗီဒီယိုကား ဘဲလေ

ကလေးတွေပာကြည့်လည်း ကိစ္စမရှိပာဘူးဆိုပြီး

နေလိုက်တယ်

တနေ့

အိမ်မှာ ကလေးမလေးက မီးပူတိုက်​ရင်း

မြန်​မာဗီဒီယိုကား ကြည့်နေတယ်

ကျွန်တော် ကလည်း TV ကို ကျောပေးပြီး

ဂျာနယ်​ဖတ်နေတယ်

အဲ့ဒီ အချိန် ကျောင်းကပြန်လာတဲ့ ကျွန်တော့်သမီး

၄ တန်း ​ကျောင်​းသူလေးက လွယ်​အိတ်​လေးချပြီး

TV ကြည့်ရင်း အိမ်အကူ ကလေးမလေးကို

မေးလိုက်တဲ့ ​မေးခွန်​းကြောင့်

ကျွန်တော် ဆံပင်တွေထောင်ပြီး မျက်​လုံးပါပြူးသွားတယ်

၄ တန်းကျောင်းသူလေး မေးတဲ့ ​မေးခွန်​းက

” မမရေ သူတို့ ရည်းစားတွေဖြစ်ပြီး ချစ်သွားကြပြီလား ” တဲ့

သောက်ကျိုးနည်း

ကျွန်တော် သေချာစဉ်းစားကြည့်တော့ ဟုပ်တယ်ဗျာ

မြန်​မာဗီဒီယိုဇာတ်ကားတွေက အဖော်အချွတ်မပါဘဲ

မိသားစုလိုက်ကြည့်လို့ရတယ်ဆိုပေမယ်

အသိဉာဏ်ပညာ နည်းပါးတဲ့သူတွေ ကလေးတွေအတွက်

ပညာပေးဆိုတာထက် ရည်းစားဖြစ်ဖို့ကြိုးစားတာနှင့

ချစ် ကြိုက် ကွဲ ညား တွေကိုဘဲ မြင်ပြီး

အတုမြင် အတက်သင်နေကြတယ်

အဲ့ဒါကြောင့် ကျွန်တော် အဲ့ဒီနေကစပြီး

မြန်​မာဗီဒီယိုကား ငှါးမပေးတော့ဘူး

မြန်​မာဗီဒီယို တွေအစား ဘယ်နှနှစ်သားကစပြီး

ကြည့်ရှုနိုင်သည်ဆိုတဲ့ ကာတွန်​းကားတွေ

အင်္ဂလိပ်စကားပြောလေ့လာလို့ရတဲ့ ပညာပေးကာတွန်း၊

ပညာပေးဇာတ်​ကားလေးတွေ ငှါးပေးတယ်

ငှါးမရရင်ဝယ်ပေးတယ်ဗျာ …..

(စာရေးဆရာ ဆရာအတ္တကျော်၏

ဘဝအမောပြေဖို့ အဖြေရှာစို့ အစီအစဉ်​မှ ပြောကြားချက်)

ဟုပ်ပါတယ်ဇာတ်ကားတော်တော်များများစိတ်​ဓာတ်​ကြံ့ခိုင်ဖို့ ဗဟုသုတတွေ အသိပညာတွေ စတဲ့ပညာပေးတွေအစားကျောင်းတက် ရည်​းစားဖြစ်ဖို့ လုံးပန်​းစိတ်ညစ်ရင် အရက်သောက်ပြီး မူးပြ ရန်ဖြစ်ပြအလုပ်ကို လက်ကျောတင်းအောင်လုပ်မပြဘဲနိုင်​ငံခြားထွက် ၃ နှစ်ခန့်ကြာသော်ဆိုပြီး သဋ္ဌေးဖြစ်ပြအိမ်ကနေထွက် ၃ နှစ်ခန့်ကြာသော်ဆိုပြီးကျောက်အောင်ချမ်​းသာပြီး အိမ်​ပြန်​လာ

အသိဉာဏ်ပညာနည်းပါးသေးတဲ့ လူငယ်တွေအပော်မှာအကျိုးဆက်ကကျောင်းတက်ရင် ရည်းစား ထားရမှရည်းစားထားရင်း အလုံပိတ်တဲတွေကနေတဆင့်ဟော်တယ်တွေအထိရောက်ပြီး တချို့ဘဝပျက်သွားတယ်

စိတ်ညစ်ရင် အရက်သောက်ပြီး မူးပစ်လိုက်ရင်စိတ်ညစ်စရာတွေ ပျောက်ကုန်မယ်ထင်ပြီးသောက်လိုက်ကြတာဖွင့်သမျှ ဘီယာဆိုင် အရက်ဆိုင်တွေအကုန်အပြည့်သောက်ပြီးမူး မူးပြီးရမ်း ရမ်းရင်း ရန်ဖြစ်ပြီး စခန်းရောက်အဲ့ဒါမှမဟုပ်သောက်ပြီးမူး မူးပြီးမောင်း မောင်းပြီးတိုက်လို့ကျိုး ကန်း သေ မိဘတွေ ရင်ကျိုးရောပေါ့……

အနုပညာရှင်တွေဆိုတာလူငယ်တွေ အတုယူဆုံး သူတွေပါအနုပညာရှင်တွေ လုပ်ပြ ပြောဆိုပြ သမျှဟာလူငယ်တွေနှင့် အသိဉာဏ်ပညာနည်းပါးသူတွေရဲပြုမူ ပြောဆိုပုံတွေ အပေါ်မှာများစွာ အကျိုးသက်ရောက်မူရှိပါတယ်

” ဇာတ်ဆရာပြန်ရင် မှတ်စရာကျန်ရမယ် ” ဆိုတဲ့ရှေးစကားအတိုင်းမိဘ ပြည်သူ ပရိသတ်​ များ၏ချွေးနည်းစာများကို စားနေကြသောစာပေ အနုပညာရှင်များ …..

ဇာတ် သဘင် အနုပညာရှင်များ …..

ဒါရိုက်တာ၊ ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် စသည့်အနုပညာရှင်များ အားလုံးအနာဂတ်​ မြန်​မာနိုင်ငံကြီး ဖွုံဖြိုး တိုးတက်​စေရန်ထမင်းရှင် ပရိသတ်​ မိဘ ပြည်သူများ ကိုအထူးသဖြင့် လူငယ်များကိုအကျိုးရှိသော အသိပညာ ဗဟုသုတများအလေ့အကျင့်ကောင်းများ မျှဝေပြီးကျေးဇူးဆပ်နိုင်ကြပါစေ…..

အမျိုးကောင်းသားသမီးများအနေဖြင့်အတုမယူသင့်သော အကျင့်ဆိုးများမဝတ်သင့် မဝတ်အပ်သော စတိုင်လ်များမသောက်သင့် မသောက်အပ်သော အရည်များမစားသင့် မစားအပ်သော အစားအစာများမပြောသင့် မပြောအပ်သော စကားများမသွားသင့် မသွားအပ်သော နေရာများကိုခွဲခြားနိုင်သော အသိဉာဏ်ပညာရှိသောအမျိုးကောင်းသားသမီးများ ဖြစ်ကြပါစေ …..

လိုတာရှိရင် အောက်ကဖြည့်ပေးပါ…..

အမှားပါရင် စေတနာ အမှားမို့ ခွင့်လွတ်ပါ…..

စိတ်သဘောထားခြင်း တိုက်ဆိုင်ရင် Share ပေးပါ…..

HtetGyi ရင်တွင်းဖြစ်

No comments:

Post a Comment