Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 22, 2018

တင္ပါးရိုးအာရံုေၾကာ နာက်င္ေရာင္ရမ္းမႈေတြကို သက္သာေစတဲ့ နည္းလမး္ေလးပါ


တင္ပါးရိုးမွ ေပါင္ေအာက္ပိုင္းတစ္ေလွ်ာက္ ေျခသလံုးအထိ နာက်င္ေရာင္ရမ္းတဲ့ ေ၀ဒနာကလည္း တကယ့္ကို ခံရခက္ တဲ့ ေ၀ဒနာပါ။အေၾကာေတြ ေရာင္ရမ္းနာက်င္ၿပီဆုိရင္ ေနာက္ေက်ာ၊နံရိုး၊ဒူးေအာက္ပိုင္းမွာေတြမွာ ျပင္းထန္တဲ့ နာက်င္မႈ ေ၀ဒနာကို ခံစားရတတ္ပါတယ္။

တစ္ခ်ိဳ႕ဆုိရင္ ေျခေထာက္မွ တဆစ္ဆစ္နာက်င္ခံစားရတာမ်ိဳးလည္း ရွိတတ္ပါတယ္။
ဒီလို နာက်င္မႈမ်ိဳးဟာ ျဖစ္ျဖစ္ခ်င္း ကုသမယ္ဆုိရင္ေတာ႔ အျမန္ဆံုးေပ်ာက္ကင္းႏိုင္ပါတယ္။ေရာင္ရမ္းနာက်င္မႈေတြကို အိမ္မွာပဲ သက္သာေအာင္လုပ္လို႔ရတဲ့ နည္းရွိပါတယ္။ေျခေထာက္ကို ေဆးစိမ္ကုသရမွာပါ။ဒီနည္းကေတာ႔ ခဏတာ ယာယီနာက်င္မႈကို သက္သာေစတဲ့ နည္းသာျဖစ္ၿပီး တက္ကၽြမ္းနားလည္တဲ့ ဆရာ၀န္နဲ႔ ကုသတာကေတာ႔ အေကာင္းဆံုးပါ။

ေျခေထာက္ကို ေဆးစိမ္ဖို႔ အခ်ိန္(၁၀)မိနစ္ေလာက္ပဲ လိုတာမို႔ အရမ္းႀကီးလည္း အခ်ိန္ေပးစရာ မလိုသလို လုပ္ရတာ လည္း အရမ္းလြယ္ပါတယ္။အရင္ဆံုး ေျခေထာက္စိမ္ဖို႔ အဆင္ေျပတဲ့ ေရဇလံုတစ္ခုကို ယူပါ။ၿပီးရင္ေတာ႔ အဲ့ဒီေရ ဇလံု ထဲကို ေရေႏြး(ေျခေထာက္စိမ္ႏိုင္ရံုအပူ) (၁၀)လီတာကို ထည့္ပါ။

ၿပီးရင္ေတာ႔ ပန္းသီးရွာလကာရည္(apple cider vinegar) တစ္လီတာ ထည့္ပါ။ၿပီးရင္ေတာ႔ ဆားလက္တစ္ဆုပ္စာေလာက္ထည့္ပါ။

ဆားေတြကို ေပ်ာ္ေအာင္ ေမႊပါ။ ဆား လည္းေပ်ာ္ၿပီး ေမႊတာလည္း ႏွံ႔ၿပီဆုိရင္ေတာ႔ ေျခေထာက္ကို စၿပီး ေဆးစိမ္ႏိုင္ပါၿပီ။ေရေႏြးေအးသြားတဲ့ အထိ အနည္းဆံုး(၁၀)မိနစ္ေလာက္ စိ္မ္ေပးဖို႔ လိုပါတယ္။

စိမ္ၿပီးရင္ေတာ႔ ေျခေထာက္ကို ေရေျခာက္ေအာင္သုတ္ၿပီး အိပ္ယာ၀င္ပါ။ေျခေထာက္ေဆးစိမ္တာကိုေတာ႔ ညအိပ္ယာ မ၀င္ခင္ လုပ္ပါ။ေနာက္တစ္ေန႔ မနက္မွာေတာ႔ ေျခေထာက္ကုိ ေျခေျဗာင္နဲ႔ လမ္းေလွ်ာက္တာမ်ိဳး ေရွာင္ပါ။

ေၿခအိ တ္(သို႔) ေျခညွပ္ဖိနပ္အပါးကို စီးၿပီး လမ္းေလွ်ာက္ေပးပါ။ထမအႀကိမ္လုပ္ရံုနဲ႔ နာက််င္မႈေ၀ဒနာ သိသိသာသာ သက္ သာေစပါတယ္။ေန႔စဥ္ပံုမွန္ အခ်ိန္ရရင္ ရသလို လုပ္ေပးႏိုင္ပါတယ္။

from ilovepositiveworld.
...................................
Unicode version

တင်ပါးရိုးမှ ပေါင်အောက်ပိုင်းတစ်လျှောက် ခြေသလုံးအထိ နာကျင်ရောင်ရမ်းတဲ့ ဝေဒနာကလည်း တကယ့်ကို ခံရခက် တဲ့ ဝေဒနာပါ။အကြောတွေ ရောင်ရမ်းနာကျင်ပြီဆိုရင် နောက်ကျော၊နံရိုး၊ဒူးအောက်ပိုင်းမှာတွေမှာ ပြင်းထန်တဲ့ နာကျင်မှု ဝေဒနာကို ခံစားရတတ်ပါတယ်။

တစ်ချို့ဆိုရင် ခြေထောက်မှ တဆစ်ဆစ်နာကျင်ခံစားရတာမျိုးလည်း ရှိတတ်ပါတယ်။
ဒီလို နာကျင်မှုမျိုးဟာ ဖြစ်ဖြစ်ချင်း ကုသမယ်ဆိုရင်တော့ အမြန်ဆုံးပျောက်ကင်းနိုင်ပါတယ်။ရောင်ရမ်းနာကျင်မှုတွေကို အိမ်မှာပဲ သက်သာအောင်လုပ်လို့ရတဲ့ နည်းရှိပါတယ်။ခြေထောက်ကို ဆေးစိမ်ကုသရမှာပါ။ဒီနည်းကတော့ ခဏတာ ယာယီနာကျင်မှုကို သက်သာစေတဲ့ နည်းသာဖြစ်ပြီး တက်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ကုသတာကတော့ အကောင်းဆုံးပါ။

ခြေထောက်ကို ဆေးစိမ်ဖို့ အချိန်(၁၀)မိနစ်လောက်ပဲ လိုတာမို့ အရမ်းကြီးလည်း အချိန်ပေးစရာ မလိုသလို လုပ်ရတာ လည်း အရမ်းလွယ်ပါတယ်။အရင်ဆုံး ခြေထောက်စိမ်ဖို့ အဆင်ပြေတဲ့ ရေဇလုံတစ်ခုကို ယူပါ။ပြီးရင်တော့ အဲ့ဒီရေ ဇလုံ ထဲကို ရေနွေး(ခြေထောက်စိမ်နိုင်ရုံအပူ) (၁၀)လီတာကို ထည့်ပါ။
ပြီးရင်တော့ ပန်းသီးရှာလကာရည်(apple cider vinegar) တစ်လီတာ ထည့်ပါ။ပြီးရင်တော့ ဆားလက်တစ်ဆုပ်စာလောက်ထည့်ပါ။
ဆားတွေကို ပျော်အောင် မွှေပါ။ ဆား လည်းပျော်ပြီး မွှေတာလည်း နှံ့ပြီဆိုရင်တော့ ခြေထောက်ကို စပြီး ဆေးစိမ်နိုင်ပါပြီ။ရေနွေးအေးသွားတဲ့ အထိ အနည်းဆုံး(၁၀)မိနစ်လောက် စိ်မ်ပေးဖို့ လိုပါတယ်။

စိမ်ပြီးရင်တော့ ခြေထောက်ကို ရေခြောက်အောင်သုတ်ပြီး အိပ်ယာဝင်ပါ။ခြေထောက်ဆေးစိမ်တာကိုတော့ ညအိပ်ယာ မဝင်ခင် လုပ်ပါ။နောက်တစ်နေ့ မနက်မှာတော့ ခြေထောက်ကို ခြေဗြောင်နဲ့ လမ်းလျှောက်တာမျိုး ရှောင်ပါ။

ခြေအိ တ်(သို့) ခြေညှပ်ဖိနပ်အပါးကို စီးပြီး လမ်းလျှောက်ပေးပါ။ထမအကြိမ်လုပ်ရုံနဲ့ နာကျျင်မှုဝေဒနာ သိသိသာသာ သက် သာစေပါတယ်။နေ့စဉ်ပုံမှန် အချိန်ရရင် ရသလို လုပ်ပေးနိုင်ပါတယ်။

from ilovepositiveworld.

No comments:

Post a Comment