Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 22, 2018

နန်း​တော်​​ရှေ့ဆရာတင်​ရဲ့သား အသက်​က {93} နှစ်



Min Soe

Unicode

အသက်က ၉၃နှစ် နန်းတော်ရှေ့ဆရာတင်ရဲ့သား ဦးရွှေနန်းတင်တဲ့ သူ့ခေတ် သူ့အခါက တနှစ်ကို ပွဲချီ ၃ရာကျော် ကခဲ့ရတဲ့ နိုင်ငံကျော်ဇာတ်မင်းသားကြီး အဆိုတော် စာရေးဆရာကြီးက သူ့ကိုယ်သူ သုံးတဲ့နာမ်စားက ကျွန်တော်ကခဗျာတဲ့

သူ့မြေးထက်ငယ်တဲ့သတင်းထောက်တွေက ကြမ်းပေါ်မှာထိုင်တော့ ချက်ခြင်းအောက်ဆင်းထိုင်ရှာတယ် အပေါ်မှာထိုင်ပါဆိုတာ ဘယ်လိုမှပြောမရ

ဆရာကြီးဘယ်က ပြန်လာသလဲခဗျဆိုတော့ အစိုးရက ဘွဲ့ပေးလို့တဲ့ကွာတဲ့ ဘာဘွဲ့လည်းဆိုတော့ ခုမှ ရလာကာစဆိုတော့ မမှတ်မိဘူးကွ အင်း ခုမှပေးတာဆိုတော့ သိပ်မထူးပါဘူးကွာတဲ့ ရတဲ့ဘွဲ့ဖတ်ကြည့်တော့ သဘင်ဂုဏ်ထူးဆောင် မဟာဘွဲ့တဲ့

ကိုယ့်ကိုကိုယ်နှိမ့်ချလိုက်တာဗျာ ပြည့်တဲ့ စပါးနှံများ တကယ် ငိုက်တာကိုး

ခုမှ လူလေးနဲနဲသိလာတဲ့ မော်ဒယ်တွေ အဆိုတော်ပေါက်စတွေ ဖေ့ဘွတ်ဆယ်လီတွေရဲ့ ယုံကြည်မှုလွန်ကဲနေတဲ့ သောက်မျက်နှာပေးတွေ အပြောအဆိုတွေ မြင်ရတိုင်း အလိုလိုနေရင်း သောက်မြင်ကတ်နေတာ ဒီလိုဆရာကြီးတွေနဲ့ ခဏခဏကြုံဖူးလို့ပဲ ဖြစ်လိမ့်မယ်
Min Soe

No comments:

Post a Comment