Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, December 23, 2018
ဆေးလိပ်သောက်သူများ အတွက် အထူး အဆုတ်သန့်စင်နည်း။ ဆေးလိပ်သောက်သူများ သတင်းကောင်းပါ
ရေ – ၁ လီတာ
ကြက်သွန်နီ – ၄၀၀ ဂရမ်
ဂျင်း – အနည်းငယ်
ပြုလုပ်နည်း
CHAN (ရွှေအင်းလေး)
==================================================================
Unicode
ဆေးလိပ်သောက်လို့ အဆုတ်ပျက်စီးမှာ သိသော်လည်း ဖြတ်ရခက်တာကြောင့် သောက်အမှန်တကယ် ရောဂါ မခံစားရသရွေ့တော့ဆေးလိပ်သောက်တာကို ရပ်တန့်နိုင်ကြမှာ မဟုတ်ပါဘူး ။ ကဲ ဒီလိုဆိုရင်တော့ ဆေးလိပ်သောက်တာကို မဖြတ်နိုင်တဲ့သူတွေအနေနဲ့ တစ်ဖက်ကနေ အဆုတ်ကို ပြန်လည်သန့်စင်ပေးဖို့တော့ လိုပါလိမ့်မယ် ။ ဆေးလိပ်သောက်သူတွေအတွက် အထူးသင့်တော်တဲ့ သဘာဝအတိုင်း အဆုတ်သန့်စင်နည်းကို ဖော်ပြပေးလိုက်ပါမယ်နေ်ာ။
လိုအပ်သောပစ္စည်းများ
နနွင်းမှုန့် – ၂ လက်ဖက်ရည်ဇွန်း
ပျားရည် (သို့) သကြား – ၄၀၀ ဂရမ်
ရေ – ၁ လီတာ
ကြက်သွန်နီ – ၄၀၀ ဂရမ်
ဂျင်း – အနည်းငယ်
ပြုလုပ်နည်း
ပထမဦးစွာ အိုးတစ်ခုထဲသို့ ရေနှင့် သကြား (သို့) ပျားရည်ကိုထည့်ပြီး မီးဖိုပေါ်တင်ကာ မိနစ်အနည်းငယ်ကြာ ဆူပွက်သည်အထိ အပူပေးထားပါ။
ထို့နောက် ကြက်သွန်နီ နှင့် ဂျင်းကို ခပ်သေးသေးလှီးပြီး အိုးထဲထည့်လိုက်ပါ ။ ထည့်ထားသောအရာများ သေချာနှံ့စပ်မှုရှိအောင်မွှေပေးပါ ။ နှံ့စပ်အောင် မွှေပြီးပြီဆိုလျှင်တော့ နနွင်းမှုန့် ၂ဇွန်းကို ထည့့်ပြီး ထပ်မွှေပေးပါ ။ ပြီးသွားလျှင်တော့ မီးဖိုပေါ်ကချပြီး အဆင်ပြေသော ပန်းကန်လုုံး ၊ ပုလင်း ထဲသို့ ထည့်ပြီး အအေးခံထားလိုက်ပါ ။ အေးသွားပြီဆိုလျှင်တော့ ရေခဲသေတ္တာထဲထည့်ကာ သိမ်းထားလို့ ရပါပြီ ။
မနက် ၁ဇွန်း ညစာစားပြီး ၂နာရီခန့်ကြာလျှင် ၁ဇွန်း စားပေးရမှာပါ ။ အဆုတ်သန့်စင်နိုင်ဖို့အတွက် နေ့စဉ် ၂ဇွန်း ပုံမှန်စားပေးဖို့ မမေ့ပါနှင့်။
CHAN (ရွှေအင်းလေး)
No comments:
Post a Comment