Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 29, 2018

လိုင္စင္မဲ့ႏွင့္စည္းကမ္းမလိုက္နာသည့္ ယာဥ္အားလံုးကို ဖမ္းမည္၊ လူမႈကူညီကယ္ဆယ္ေရးအသင္းမ်ားပင္ ခ်န္မည္မဟုတ္ပါ

ေမာ္လျမိဳင္၊ ဒီဇင္ဘာ ၂၇ မြန္ျပည္နယ္တြင္စည္းကမ္းပ်က္ယာဥ္မ်ားဖမ္းဆီးအေရးယူမႈကို ရက္ ၁၀၀ စီမံခ်က္ျဖင့္ ၁ဝ ျမိဳ႕နယ္စလံုး တစ္ျပိဳင္နက္ လုပ္ေဆာင္ သြားမည္ဟု မြန္ျပည္နယ္ လံုျခံဳေရး ႏွင့္ နယ္စပ္ေရးရာဝန္ၾကီး ဗိုလ္မွဴးၾကီးေနထြဋ္ဦးကေျပာသည္ မြန္ျပည္နယ္ အစိုးရအဖြဲ႕ရံုး၌ ဒီဇင္ဘာ ၂၇ ရက္က ယင္းစီမံခ်က္ အေၾကာင္း သတင္းမီဒီယာမ်ားအား ေခၚယူ ရွင္းလင္းစဥ္ စည္းကမ္းပ်က္ယာဥ္ဟုဆိုရာတြင္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း မလိုက္နာေသာယာဥ္မ်ားႏွင့္ စာရြက္စာတမ္း မျပည့္စုံေသာယာဥ္မ်ား၊ လိုင္စင္မဲ့ယာဥ္မ်ားလည္းပါဝင္သည္ဟု ၎ကေျပာသည္။ ဒါဟာ မလုပ္လို႔မရေတာ့ဘူးဆိုတဲ့ အေနအထားမ်ိဳးေရာက္လာတယ္။ ျဖစ္ကိုျဖစ္ေနတယ္။ အဲဒီေတာ့ စီမံခ်က္ခ်ျပီး ေဆာင္ရြက္သြားဖို႔ အစိုးရအဖြဲ႕ရဲ႕ လမ္းညႊန္ခ်က္ေကာ ခြင့္ျပဳခ်က္ေကာ ရရွိျပီးျဖစ္ပါတယ္”ဟု ၎ကဆက္ေျပာသည္။

ယင္းစီမံခ်က္ကို ၂ဝ၁၉ ႏွစ္ဆန္းပိုင္းတြင္ စတင္မည္ျဖစ္ျပီး ျမိဳ႕နယ္အဆင့္ တာဝန္ရွိသူမ်ားႏွင့္ ေတြ႔ဆံုကာ လုပ္ေဆာင္သြားမည္ျဖစ္ကာ အေသးစိတ္စီမံခ်က္မ်ား၊ တာဝန္ထမ္းေဆာင္မည့္ လူနာမည္စာရင္းမ်ားကအစ တိက်စြာေဆာင္ရြက္ျပီးသည္ႏွင့္ စီမံခ်က္စတင္မည္ဟု ဆိုသည္။

ထိုသို႔ လုပ္ေဆာင္ရာတြင္ ဘာသာေရး၊ လူမႈေရး၊ ဌာနဆိုင္ရာ၊ အျခားအဖြဲ႕အစည္းမ်ားႏွင့္ တစ္သီးပုဂၢလ သံုးစြဲေနေသာ လိုင္စင္မဲ့ကားအားလံုးကို ဥပေဒအတိုင္း ဖမ္းဆီးသြားမည္ဟု ၎ကေျပာသည္။ စီမံခ်က္တြင္ အသိပညာေပးျခင္း၊ ဖမ္းဆီးအေရးယူျခင္းႏွင့္ ျပန္လည္သံုးသပ္ျခင္းဟူ၍ အပိုင္းသံုးပိုင္း ခြဲထား ျပီး တစ္ပတ္တစ္ၾကိမ္တိုးတက္မႈအစီရင္ခံစာမ်ား၊ ေအာင္ျမင္မႈရွိမရွိ တစ္လတစ္ၾကိမ္ ျပန္လည္သံုးသပ္မႈမ်ား ျပဳလုပ္သြားမည္ဟု ဗိုလ္မွဴးၾကီးေနထြဋ္ဦးကေျပာသည္။

ေမာ္လျမိဳင္ျမိဳ႕ ဘိုဘိုဝင္းအေရးေပၚလူမႈကယ္ဆယ္ေရးမွ ကိုဘိုဘုိဝင္းက ယာဥ္ေမာင္းသူမ်ား စည္းကမ္းလိုက္နာမႈ အလြန္အားနည္းေသာေၾကာင့္ မြန္ျပည္နယ္တြင္ ယာဥ္မေတာ္တဆမႈ ပိုမ်ားလာေၾကာင္း၊ ယခုထက္ပိုမိုထိေရာက္ေသာ ဖမ္းဆီးအေရးယူမႈမ်ားလိုအပ္ေနေၾကာင္းေျပာသည္။

လိုင္စင္မဲ့ယာဥ္မ်ားႏွင့္ ပတ္သက္၍ “ကယ္ဆယ္ေရး လူမႈအဖြဲ႕အစည္းေတြက လိုင္စင္မဲ့ယာဥ္ေတြပဲ သံုးေနရတာေလ။ ဒီလိုင္စင္မဲ့ယာဥ္ေတြမွ ဖမ္းဆီးမယ္ဆိုရင္ မသံုးရံုပဲရွိမယ္။ အဲေတာ့ လက္ရွိကယ္ဆယ္ေရးျပႆနာေတြ ေျဖရွင္းႏိုင္ျခင္းမရွိေတာ့ဘူးေပါ့” ဟု၎ကေျပာသည္ မြန္ျပည္နယ္ လံုျခံဳေရးႏွင့္ နယ္စပ္ေရးရာ ဝန္ၾကီးသစ္ ဗိုလ္မွဴးၾကီးေနထြဋ္ဦးက မူးယစ္ေဆးဝါးႏွင့္ ယာဥ္အႏၱရာယ္အတြက္ လူငယ္မ်ားကို ပညာေပးမႈမ်ား လုပ္ေဆာင္သြားမည္ဟု ႏိုဝင္ဘာလ ၁၆ ရက္ေန႔က ျပည္နယ္လႊတ္ေတာ္ အေရးေပၚအစည္းအေဝး၌ ေျပာခဲ့သည္။
စႏၵာဉာဏ္
Hinthar Media

#Unicode Version#
မော်လမြိုင်၊ ဒီဇင်ဘာ ၂၇ မွန်ပြည်နယ်တွင်စည်းကမ်းပျက်ယာဉ်များဖမ်းဆီးအရေးယူမှုကို ရက် ၁၀၀ စီမံချက်ဖြင့် ၁ဝ မြို့နယ်စလုံး တစ်ပြိုင်နက် လုပ်ဆောင် သွားမည်ဟု မွန်ပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးကပြောသည် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ဒီဇင်ဘာ ၂၇ ရက်က ယင်းစီမံချက် အကြောင်း သတင်းမီဒီယာများအား ခေါ်ယူ ရှင်းလင်းစဉ် စည်းကမ်းပျက်ယာဉ်ဟုဆိုရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသောယာဉ်များနှင့် စာရွက်စာတမ်း မပြည့်စုံသောယာဉ်များ၊ လိုင်စင်မဲ့ယာဉ်များလည်းပါဝင်သည်ဟု ၎င်းကပြောသည်။ ဒါဟာ မလုပ်လို့မရတော့ဘူးဆိုတဲ့ အနေအထားမျိုးရောက်လာတယ်။ ဖြစ်ကိုဖြစ်နေတယ်။ အဲဒီတော့ စီမံချက်ချပြီး ဆောင်ရွက်သွားဖို့ အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်ကော ခွင့်ပြုချက်ကော ရရှိပြီးဖြစ်ပါတယ်”ဟု ၎င်းကဆက်ပြောသည်။

ယင်းစီမံချက်ကို ၂ဝ၁၉ နှစ်ဆန်းပိုင်းတွင် စတင်မည်ဖြစ်ပြီး မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ဆောင်သွားမည်ဖြစ်ကာ အသေးစိတ်စီမံချက်များ၊ တာဝန်ထမ်းဆောင်မည့် လူနာမည်စာရင်းများကအစ တိကျစွာဆောင်ရွက်ပြီးသည်နှင့် စီမံချက်စတင်မည်ဟု ဆိုသည်။

ထိုသို့ လုပ်ဆောင်ရာတွင် ဘာသာရေး၊ လူမှုရေး၊ ဌာနဆိုင်ရာ၊ အခြားအဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလ သုံးစွဲနေသော လိုင်စင်မဲ့ကားအားလုံးကို ဥပဒေအတိုင်း ဖမ်းဆီးသွားမည်ဟု ၎င်းကပြောသည်။ စီမံချက်တွင် အသိပညာပေးခြင်း၊ ဖမ်းဆီးအရေးယူခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းဟူ၍ အပိုင်းသုံးပိုင်း ခွဲထား ပြီး တစ်ပတ်တစ်ကြိမ်တိုးတက်မှုအစီရင်ခံစာများ၊ အောင်မြင်မှုရှိမရှိ တစ်လတစ်ကြိမ် ပြန်လည်သုံးသပ်မှုများ ပြုလုပ်သွားမည်ဟု ဗိုလ်မှူးကြီးနေထွဋ်ဦးကပြောသည်။

မော်လမြိုင်မြို့ ဘိုဘိုဝင်းအရေးပေါ်လူမှုကယ်ဆယ်ရေးမှ ကိုဘိုဘိုဝင်းက ယာဉ်မောင်းသူများ စည်းကမ်းလိုက်နာမှု အလွန်အားနည်းသောကြောင့် မွန်ပြည်နယ်တွင် ယာဉ်မတော်တဆမှု ပိုများလာကြောင်း၊ ယခုထက်ပိုမိုထိရောက်သော ဖမ်းဆီးအရေးယူမှုများလိုအပ်နေကြောင်းပြောသည်။

လိုင်စင်မဲ့ယာဉ်များနှင့် ပတ်သက်၍ “ကယ်ဆယ်ရေး လူမှုအဖွဲ့အစည်းတွေက လိုင်စင်မဲ့ယာဉ်တွေပဲ သုံးနေရတာလေ။ ဒီလိုင်စင်မဲ့ယာဉ်တွေမှ ဖမ်းဆီးမယ်ဆိုရင် မသုံးရုံပဲရှိမယ်။ အဲတော့ လက်ရှိကယ်ဆယ်ရေးပြဿနာတွေ ဖြေရှင်းနိုင်ခြင်းမရှိတော့ဘူးပေါ့” ဟု၎င်းကပြောသည် မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးသစ် ဗိုလ်မှူးကြီးနေထွဋ်ဦးက မူးယစ်ဆေးဝါးနှင့် ယာဉ်အန္တရာယ်အတွက် လူငယ်များကို ပညာပေးမှုများ လုပ်ဆောင်သွားမည်ဟု နိုဝင်ဘာလ ၁၆ ရက်နေ့က ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး၌ ပြောခဲ့သည်။
စန္ဒာဉာဏ်
Hinthar Media

No comments:

Post a Comment