Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 29, 2018

ဓာတ္တုိင္ဝင္တိုက္သည့္ယာဥ္ေပၚမွ က်ပ္သိန္းေပါင္း ၁ သိန္းေက်ာ္တန္ဖုိးရွိ ဘိန္းျဖဴမ်ား ဖမ္းဆီးမိ

ကြန္ဟိန္းၿမိဳ႕နယ္မွာ လမ္းေဘးဓာတ္တုိင္ ဝင္တုိက္တဲ့ ယာဥ္တစီးကုိ စစ္ေဆးရာမွာ က်ပ္သိန္းေပါင္း ၁ သိန္းေက်ာ္ တန္ဖုိးရွိ ဘိန္းျဖဴေတြ ဖမ္းဆီးမိခဲ့တယ္လုိ႔ ႏုိင္ငံပုိင္သတင္းမွာ ေဖာ္ျပပါတယ္။ ရွမ္းျပည္နယ္ေတာင္ပုိင္း ကြန္ဟိန္းၿမိဳ႕ အမွတ္ ၁ ရပ္ကြက္ တံတားအနီး လမ္းေဟာင္းမွာ ဒီဇင္ဘာ ၂၈ ရက္ေန႔ ညေနပုိငး္က လမ္းေဘးဓာတ္တုိင္ကုိ ဝင္တုိက္တဲ့ ေျခာက္ဘီးယာဥ္ကုိ စစ္ဆးရာကေန က်ပ္သိန္း ၁၀၃၈၅၈ ဒသမ ၈ သိန္းတန္ဖုိးရွိ ဘိန္းျဖဴ ၅၁၉ ဒသမ ၂၉၄ ကီလုိနဲ႔ ဆက္စပ္ပစၥည္းေတြ ဖမ္းမိခဲ့တယ္လို႔ ဆုိပါတယ္။

ဓာတ္တုိင္ဝင္တုိက္တဲ့ယာဥ္ကုိ ကြန္ဟိန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႔ တာဝန္ရွိသူေတြက စစ္ေဆးရာမွာ ယာဥ္ပုိင္ရွင္ ေဒၚပါစံကုိ ေတြ႔ရၿပီး ယာဥ္ေပၚ ေျပာင္းဆန္အိတ္ ၂၃ အိတ္အတြင္းက သုိ၀ွက္သယ္လာတဲ့ ဘိန္းျဖဴေတြ ဖမ္းဆီးမိခဲ့တာလည္း ျဖစ္ပါတယ္။

ယာဥ္ပုိင္ရွင္ ေဒၚပါစံနဲ႔ ယာဥ္ေမာင္း စုိင္းပီတုိ႔ကုိ ကြန္းဟိန္ၿမိဳ႕မရဲစခန္းက အမႈဖြင့္စစ္ေဆးေနတယ္လုိ႔ သိရပါတယ္။
Dvb

#Unicode Version#

ကွန်ဟိန်းမြို့နယ်မှာ လမ်းဘေးဓာတ်တိုင် ဝင်တိုက်တဲ့ ယာဉ်တစီးကို စစ်ဆေးရာမှာ ကျပ်သိန်းပေါင်း ၁ သိန်းကျော် တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးမိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့ အမှတ် ၁ ရပ်ကွက် တံတားအနီး လမ်းဟောင်းမှာ ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းက လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်တဲ့ ခြောက်ဘီးယာဉ်ကို စစ်ဆးရာကနေ ကျပ်သိန်း ၁၀၃၈၅၈ ဒသမ ၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူ ၅၁၉ ဒသမ ၂၉၄ ကီလိုနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်တိုင်ဝင်တိုက်တဲ့ယာဉ်ကို ကွန်ဟိန်းမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက စစ်ဆေးရာမှာ ယာဉ်ပိုင်ရှင် ဒေါ်ပါစံကို တွေ့ရပြီး ယာဉ်ပေါ် ပြောင်းဆန်အိတ် ၂၃ အိတ်အတွင်းက သိုဝှက်သယ်လာတဲ့ ဘိန်းဖြူတွေ ဖမ်းဆီးမိခဲ့တာလည်း ဖြစ်ပါတယ်။

ယာဉ်ပိုင်ရှင် ဒေါ်ပါစံနဲ့ ယာဉ်မောင်း စိုင်းပီတို့ကို ကွန်းဟိန်မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

No comments:

Post a Comment