Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 23, 2018

ဘုန်းကြီးအသွင်ဆောင်ကာ ခလေးခိုးနေသည့် ဂိုဏ်း ထိုင်းတောင်ပိုင်းတွင်ဖမ်းဆီးမိ


ဒီဇင်ဘာလ ၂၂ ရက်နေ့ က ထိုင်းနိုင်ငံ နကော်စီဌာမရ ခရိုင် ခွန်ဘူရီ ကျေးရွှာ အုပ်စု အမှတ် ၂၂ မှာနေထိုင်နေကြတဲ့
၅ နှစ်နဲ့  ၁၀ နှစ်အရွယ် မိန်းခလေး(၁)ဦးယောက်ကျားလေး(၃)ဦးပျောက်ဆုံးနေလို့ ခလေးတွေမိသားစုဝင်တွေနဲ့  ကျေးရွာ လူထုနဲ့  အာဏာပိုင်တွေ ပူးပေါင်း
ရှာဖွေခဲ့ကြပါတယ်။

ပျောက်ဆုံးနေတဲ့ ခလေးငယ် လေးဦးကို ၁၈ နာရီအကြာ ကို့ ကချိုင်း ကျေးရွာ၁၃ ရဲ့ 
ကြံတောတခုအတွင်းက တဲတလုံးမှာ တရားခံ ခလေးခိုးထားသူနဲ့  ခလေးတွေကို ပြန်တွေ့ သွားခဲ့ပါတယ်။
အသက် (၆၁)နှစ်အရွယ် တရားခံ ခလေးသူခိုးဟာ ဆွမ်းခံတဲ့ ပုံစံမျိုးနဲ့ 
နေအိမ်တွေကို လိုက်လေ့လာပြီးမှ မိဘတွေ အလုပ်သွားလို့  အိမ်မှာကျန်နေခဲ့တဲ့ ခလေးတွေကို မုန့် တွေပိုက်ဆံတွေပေးစည်းရုံး ခေါ်ဆောင်သွားခဲ့တာလို့  တောင်ပိုင်းရဲတပ်ဖွဲ့  သတင်းတွေမှာဖေါ်ပြထားပါတယ်။
ခွန်ဘူရီ ရဲတပ်ဖွဲ့ က သတိပေးချက်မှာ ခလေးသူခိုးဂိုဏ်းတွေ ဟာ ပုံစံ
မျိုးစုံနဲ့  ခလေးငယ်တွေကို ခိုးယူနေကြလို့  မိဘတွေအနေနဲ့  သတိထား စောင့်ကြည့် ဖို့  ဖေါ်ပြထားတာတွေ့ ရပါတယ်။
SAW





No comments:

Post a Comment