Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 27, 2018

အျမတ္ဆုံးကုိးကြယ္ရာႏွင့္ အျမတ္ဆုံးသီလ

တစ္ေန႔မွာ စုႏၵီမင္းသမီးဟာ ဘုရားရွင္ထံေရာက္လာၿပီး ေမးေလွ်ာက္ပါတယ္။ အရွင္ဘုရား တပည့္ေတာ္မရဲ႕ေမာင္ စုႏၵက”ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကုိးကြယ္သူ၊ အက်င့္သီလ၌ ေကာင္းစြာတည္သူဟာ ေကာင္းတဲ့ဘ၀ကုိ ေရာက္ တယ္။ မေကာင္းတဲ့ဘ၀ကုိ မေရာက္ဘူးလုိ႔ ေျပာပါတယ္ဘုရား။ အဘယ္သုိ႔ေသာ ဘုရား၊ အဘယ္သုိ႔ေသာတရား၊ အဘယ္ သုိ႔ေသာသံဃာ၊ အဘယ္သုိ႔ေသာ သီလတုိ႕ကုိ ေျပာတာပါလဲဘုရား။

စုႏၵီ၊ ေလာကမွာ ရွိသမွ်ေသာ အားလုံးေသာသတၱ၀ါတုိ႔ထက္ ပူေဇာ္အထူးကုိ ခံေတာ္မူထုိက္ေသာ၊ အလုံးစုံေသာတရား တုိ႔ကုိ ကုိယ္တုိင္မွန္စြာ သိေတာ္မူေသာ ျမတ္စြာဘုရားရွင္ကုိ အျမတ္ဆုံးလုိ႔ ဆုိအပ္ပါတယ္။ စုႏၵီ၊ အျမတ္ဆုံးျဖစ္ေသာ ျမတ္စြာ ဘုရားအား ကုိးကြယ္ဆည္းကပ္သူဟာ အျမတ္ဆုံးေသာ အက်ိဳးတရားေတြ ရပါတယ္။

စုႏၵီ၊ ျပဳျပင္သမွ် သခၤတတရားအားလုံးတုိ႕ထက္ မဂၢင္ရွစ္ပါးတရားေတာ္ျမတ္ဟာ အျမတ္ဆုံးပါပဲ။ အျမတ္ဆုံးျဖစ္ေသာ တရားကုိ ကုိးကြယ္သူ၊ လိုက္နာက်င့္သုံးသူဟာ အျမတ္ဆုံးအက်ိဳးတရားေတြ ရႏုိင္ပါတယ္။

စုႏၵီ၊ ရွိရွိသမွ် သံဃာဂုိဏ္းတုိ႔ထက္ အေ၀းမွလာေသာအလွဴကုိ ခံယူထုိက္ေသာ၊ ဧည့္သည္အလုိ႔ငါွဆာင္ယူအပ္ေသာ၀တၳဳကုိ ခံယူထုိက္ေသာ၊ တမလြန္အတြက္ရည္မွန္းထားတဲ့အလွဴကုိ ခံထုိက္ေသာ၊ လက္အုပ္ခ်ီျခင္းငွါထုိက္ေသာ၊ သတၱ၀ါအေပါင္းတုိ႔ ၏ ေကာင္းမူျပဳရန္ လယ္ယာေျမေကာင္းသဖြယ္ျဖစ္ေသာ ရွစ္ေယာက္ေသာ အရိယာပုဂၢိဳလ္ဟာ အျမတ္ဆုံးပဲ။ အျမတ္ဆုံးသံဃာ အားကုိးကြယ္ျခင္းဟာ အျမတ္ဆုံးအက်ိဳးကုိ ျဖစ္ေစႏုိင္ပါတယ္။

ေလာကမွာက်င့္သုံးေနတဲ့ သီလအားလုံးတုိ႕ထက္ မက်ိဳးမေပါက္ မေျပာက္မက်ားေသာ၊ တဏွာ့ကြ်န္အျဖစ္မွ လြတ္ေျမာက္ ေစအပ္ကုန္ေသာ၊ ပညာရွိတုိ႔ ခ်ီးမြမ္းအပ္ေသာ၊ သမာဓိကုိ ျဖစ္ေစအပ္ကုန္ေသာ၊ အရိယာတုိ႔ႏွစ္သက္အပ္ေသာ ငါးပါး၊ ရွစ္ပါးစေသာသီလတုိ႔ကုိ အျမတ္ဆုံးဟု ေခၚဆုိအပ္၏။ အျမတ္ဆုံး၌ ျဖည့္ဆည္းပူးသူတုိ႔အား အျမတ္ဆုံးေသာအက်ိဳးတရား တုိ႔ ျဖစ္ႏုိင္၏။

အျမတ္ဆုံးကုိ ကုိးကြယ္သူ၊ ျမတ္ေသာသီလကုိ ျဖည့္က်င့္သူတုိ႔အား အသက္ရွည္ျခင္း၊ အဆင္းလွျခင္း၊ အျခံအရံမ်ားျခင္း၊ ေက်ာ္ေစာျခင္း၊ ခ်မ္းသာျခင္း၊ ကုိယ္အားဥာဏ္အားတုိးပြားျခင္း၊ ပညာႏွင့္ျပည့္စုံျခင္းစေသာ အက်ိဳးတရားတို႔ျဖစ္ႏုိင္ၿပီး ထုိလူနတ္ စသူတုိ႔အား အျမတ္ဆုံးသုိ႔ေရာက္ၿပီး ေမြ႕ေလွ်ာ္ရ၏။

ဤသုိ႔လွ်င္ ဘုရားရွင္သည္ စုႏၵီမင္းသမီးအား အေသးစိတ္မိန္႔ၾကားေတာ္မူလိုက္ပါသည္။
အားလုံးေသာသူေတာ္စင္မ်ား အျမတ္ဆုံးကို ကုိးကြယ္ႏုိင္ၾကပါေစ။ အျမတ္ဆုံးသီလအက်င့္ကုိ က်င့္ႏုိင္ၾကပါေစ။ အျမတ္ဆုံးအက်ိဳးတရား ရရွိခံစားႏုိင္ၾကပါေစ။(စုႏၵီသုတ္)
 ေရႊစမ္းေျမ အရွင္က၀ိဓဇသာရ

#Unicode Version#

တစ်နေ့မှာ စုန္ဒီမင်းသမီးဟာ ဘုရားရှင်ထံရောက်လာပြီး မေးလျှောက်ပါတယ်။ အရှင်ဘုရား တပည့်တော်မရဲ့မောင် စုန္ဒက”ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကိုးကွယ်သူ၊ အကျင့်သီလ၌ ကောင်းစွာတည်သူဟာ ကောင်းတဲ့ဘဝကို ရောက် တယ်။ မကောင်းတဲ့ဘဝကို မရောက်ဘူးလို့ ပြောပါတယ်ဘုရား။ အဘယ်သို့သော ဘုရား၊ အဘယ်သို့သောတရား၊ အဘယ် သို့သောသံဃာ၊ အဘယ်သို့သော သီလတို့ကို ပြောတာပါလဲဘုရား။

စုန္ဒီ၊ လောကမှာ ရှိသမျှသော အားလုံးသောသတ္တဝါတို့ထက် ပူဇော်အထူးကို ခံတော်မူထိုက်သော၊ အလုံးစုံသောတရား တို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားရှင်ကို အမြတ်ဆုံးလို့ ဆိုအပ်ပါတယ်။ စုန္ဒီ၊ အမြတ်ဆုံးဖြစ်သော မြတ်စွာ ဘုရားအား ကိုးကွယ်ဆည်းကပ်သူဟာ အမြတ်ဆုံးသော အကျိုးတရားတွေ ရပါတယ်။

စုန္ဒီ၊ ပြုပြင်သမျှ သင်္ခတတရားအားလုံးတို့ထက် မဂ္ဂင်ရှစ်ပါးတရားတော်မြတ်ဟာ အမြတ်ဆုံးပါပဲ။ အမြတ်ဆုံးဖြစ်သော တရားကို ကိုးကွယ်သူ၊ လိုက်နာကျင့်သုံးသူဟာ အမြတ်ဆုံးအကျိုးတရားတွေ ရနိုင်ပါတယ်။

စုန္ဒီ၊ ရှိရှိသမျှ သံဃာဂိုဏ်းတို့ထက် အဝေးမှလာသောအလှူကို ခံယူထိုက်သော၊ ဧည့်သည်အလို့ငါှဆာင်ယူအပ်သောဝတ္ထုကို ခံယူထိုက်သော၊ တမလွန်အတွက်ရည်မှန်းထားတဲ့အလှူကို ခံထိုက်သော၊ လက်အုပ်ချီခြင်းငှါထိုက်သော၊ သတ္တဝါအပေါင်းတို့ ၏ ကောင်းမူပြုရန် လယ်ယာမြေကောင်းသဖွယ်ဖြစ်သော ရှစ်ယောက်သော အရိယာပုဂ္ဂိုလ်ဟာ အမြတ်ဆုံးပဲ။ အမြတ်ဆုံးသံဃာ အားကိုးကွယ်ခြင်းဟာ အမြတ်ဆုံးအကျိုးကို ဖြစ်စေနိုင်ပါတယ်။

လောကမှာကျင့်သုံးနေတဲ့ သီလအားလုံးတို့ထက် မကျိုးမပေါက် မပြောက်မကျားသော၊ တဏှာ့ကျွန်အဖြစ်မှ လွတ်မြောက် စေအပ်ကုန်သော၊ ပညာရှိတို့ ချီးမွမ်းအပ်သော၊ သမာဓိကို ဖြစ်စေအပ်ကုန်သော၊ အရိယာတို့နှစ်သက်အပ်သော ငါးပါး၊ ရှစ်ပါးစသောသီလတို့ကို အမြတ်ဆုံးဟု ခေါ်ဆိုအပ်၏။ အမြတ်ဆုံး၌ ဖြည့်ဆည်းပူးသူတို့အား အမြတ်ဆုံးသောအကျိုးတရား တို့ ဖြစ်နိုင်၏။

အမြတ်ဆုံးကို ကိုးကွယ်သူ၊ မြတ်သောသီလကို ဖြည့်ကျင့်သူတို့အား အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ အခြံအရံများခြင်း၊ ကျော်စောခြင်း၊ ချမ်းသာခြင်း၊ ကိုယ်အားဉာဏ်အားတိုးပွားခြင်း၊ ပညာနှင့်ပြည့်စုံခြင်းစသော အကျိုးတရားတို့ဖြစ်နိုင်ပြီး ထိုလူနတ် စသူတို့အား အမြတ်ဆုံးသို့ရောက်ပြီး မွေ့လျှော်ရ၏။

ဤသို့လျှင် ဘုရားရှင်သည် စုန္ဒီမင်းသမီးအား အသေးစိတ်မိန့်ကြားတော်မူလိုက်ပါသည်။
အားလုံးသောသူတော်စင်များ အမြတ်ဆုံးကို ကိုးကွယ်နိုင်ကြပါစေ။ အမြတ်ဆုံးသီလအကျင့်ကို ကျင့်နိုင်ကြပါစေ။ အမြတ်ဆုံးအကျိုးတရား ရရှိခံစားနိုင်ကြပါစေ။(စုန္ဒီသုတ်)

No comments:

Post a Comment