Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, December 9, 2018

ဆရာေတာ္သုံးပါးတို႔ရဲ႕ အသိေပးစကားစုမ်ား (​ေကာင္​းလြန္​းလို ဒီေန႕အတြက္ ရွယ္​ၿပီးသ္​ိမ္​းထား​ေစခ်င္​တယ္​ဗ်ာ)


(၁) စိတ္ဆုိးေနတဲ႔အခါ ေကာင္းတဲ႔စိတ္နဲ႔လဲလုိက္ပါ၊ ရွဳပ္ေနရင္ ရွင္းတဲ႔စိတ္၊ ပူေနရင္ ေအးတဲ႔စိတ္၊ ေနာက္ေနရင္ ၾကည္တဲ႔စိတ္နဲ႔ ခ်က္ခ်င္း လဲလုိက္ပါ။

(၂) ေကာင္းတာကိုလုပ္ဖုိ႔ လြယ္တယ္ဆုိရင္ ေကာင္းတဲ႔လူ ၊ မေကာင္းတာကိုလုပ္ဖုိ႔ လြယ္တယ္ဆုိရင္

 (၃) သူမ်ားေပးစာ ေကြ်းစာ တစ္ေထာင္ဖုိး စားရတာထက္ ကိုယ္႔လုပ္စာ တစ္က်ပ္ဖုိးက ပုိျပီးျမိန္တယ္။

 (၄) ေလးစားထုိက္တဲ႔သူရဲ႕ စကားကုိမွ နားေထာင္ၾကတာာ။ ကုိယ္႔စကား နားေထာင္ေစခ်င္ရင္ ေလးစားထုိက္ေအာင္ ေနပါ။

(၅) တျခားပစၥည္းေတြကို ေရာင္းလုိက္ရင္ အရွဳံးမဟုတ္ရင္ အျမတ္ ရေသးတယ္၊ စိတ္ခ်မ္းသာမွဳကို ေရာင္း စားရင္ အရွဳံးပဲ ရင္ဆုိင္ရမယ္။ စိတ္ခ်မ္းသာမွဳကို ဘာနဲ႔မွ် ေရာင္းမစားပါနဲ႕။

(၆)ကာင္းတဲ႔အလုပ္ဟာ ေနာက္က်တယ္ဆုိတာ မရွိဘူး။ မစရေသးတာပဲ ရွိတယ္။

 (၇) ေစတနာေကာင္းေကာင္းနဲ႔ ျပည္႔ျပည္႔စုံစုံ ေကြ်းလုိက္ရလုိ႔ ဝမ္းသာတယ္ဆုိရင္ သူစားႏုိင္သေလာက္ စားတာကိုလည္း ေက်နပ္ႏုိင္ပါေစ။

(၈) မမွားေသာေရွ႕ေန မေသေသာ ေဆးသမား တဲ႔ ဒီေျဖေဆးဟာ ေဆးယဥ္သြားရင္ ေရာဂါကြ်မ္းတတ္တယ္၊ မမွားတာ အေကာင္းဆုံးပဲ။

(၉) ျဖစ္ခ်င္တာကို ဦးစားေပးခဲ႔လြန္းလို႔ ျဖစ္ႏုိ္ငတာေတြပါ ဆုံးရွဳံးလုိက္ရျပီ၊ ျဖစ္ႏုိင္တာကိုသာ ဦးစားေပးရင္ ျဖစ္ခ်င္တာေတြပါ အားလုံးျဖစ္လာမယ္။

(၁၀) လုပ္သင့္တာကုိ မလုပ္မိရင္ မလုပ္သင့္တာကို လုပ္မိေနတတ္္တယ္။

 (၁၁) ျမင္တဲ႔အတုိင္း အမွန္ျဖစ္မွ အမွန္အတုိင္း ျမင္တယ္လုိ႔ေခၚတယ္။ ျမင္တဲ႔အတုိင္း မွန္၊ မမွန္ၾကားတဲ႔အတုိင္း မွန္၊ မမွန္ ဆန္းစစ္ရမယ္။

(၁၂) အရာရာကိုေအာင္ျမင္ႏုိင္ဖို႔ မိမိရဲ႕ အရာေရာက္မွဳကို ျမွင့္တင္ေပးရမယ္။

(၁၃) အဟုတ္ပါလားလုိ႔ ထင္တားသမွ်ေတြဟာ လြဲေနတတ္သလုိ မဟုတ္ဘူးလုိ႔ ျမင္သမွ်ေတြကလည္း မွန္ေနတတ္ျပန္တယ္။

(၁၄) ကုိယ္႔စကားကုိ သူ နားေထာင္ေစခ်င္ရင္ သူ႔ စကားကုိ အရင္ ေသေသခ်ာခ်ာ နားေထာင္ေပးလုိက္ပါအုံး။

(၁၅) အေရးအၾကီးဆုံး ဆုိတာေတြဟာ ဘာမွ်မဟုတ္ပါလား လုိ႔ နားလည္ျပီးေတာ႔ ဘာမွ် မဟုတ္တဲ႔သေဘာ ကုိ သိဖို႔က အေရးၾကီးဆုံးပါပဲ။

(၁၆) ကိုယ္ျဖစ္ခ်င္တာေတြသာ ေရွ႕တန္းတင္ရင္ ကိုယ္႔အတြက္ အဆင္ေျပသလုိ ထင္ရေပ႔မယ္႔အမ်ားနဲ႔ေတာ႔ အဆင္ေျပဖုိ႔ မလြယ္ပါဘူး။

 (၁၇) ကေလးမွားရင္ တစ္ျပား၊ လူၾကီးမွားရင္ တစ္ဆယ္၊ဘယ္အမွားမွ မေကာင္းဘူး။တစ္ဆယ္က ပုိဆုိးတယ္။

(၁၈) ေမတၱာပုိ႔ေနရုံနဲ႔ မျဖစ္ေသးဘူး၊ ေမတၱာ ဓာတ္ေတြ ရွိေနဖုိ႔က လုိအပ္တယ္။

 (၁၉) ျဖစ္လည္းျဖစ္ခ်င္တယ္၊ ျဖစ္လည္းျဖစ္သင့္တယ္၊ ဆုိရင္ေတာင္မွ ျဖစ္ႏုိင္တာကုိ ေရြးျပီးလုပ္ပါ။

(၂၀) ျဖစ္ခ်င္တုိင္း ဓိဌာန္ရင္ ေအာင္ျမင္ဖုိ႔မလြယ္ဘူး ျဖစ္ႏုိင္တာကို ၾကိဳးစားမွ အဓိဌာန္ ေအာင္ျမင္မယ္။

(ဓမၼဒူတ အရွင္ေဆကိႏၵ)

ျမင့္ျမတ္သူတိုင္း အေတြးႏွစ္မ်ိဳးသာ ေတြးၾကသည္

ျမင့္ျမတ္သူတိုင္း ဘာဝနာအေတြး၊ ပရဟိတအေတြး၊ ႏွစ္မ်ိဳးပဲ ေတြးပါတယ္။ ျမင့္ျမတ္သူတိုင္း ဘာဝနာအလုပ္၊ ပရဟိတအလုပ္၊ အလုပ္ႏွစ္မ်ိဳးပဲ လုပ္ပါတယ္။ ပရဟိတအလုပ္ လုပ္ေနရင္းတန္းလန္းနဲ႔လည္း ဘာဝနာအလုပ္ ႀကိဳးၾကားႀကိဳးၾကား တြဲလုပ္သြားလို႔ရပါတယ္။ အသိဉာဏ္႐ွိရင္၊ အေလ့အက်င့္လုပ္ထားရင္ေပါ့။ ဘာဝနာအလုပ္ လုပ္ေနရင္းတန္းလန္းနဲ႔လည္း ပရဟိတအလုပ္ ႀကိဳးၾကားႀကိဳးၾကား တြဲလုပ္သြားလို႔ရပါတယ္။ ေမတၱာက႐ုဏာ ႐ွိရင္၊ အေလ့အက်င့္လုပ္ထားရင္ေပါ့။ ပရဟိတအလုပ္ လုပ္ေနတဲ့အခ်ိန္ လက္ေတြ႕အက်ဆံုးနဲ႔ အလြယ္ကူဆံုး ပြားမ်ားႏိုင္တဲ့ ဘာဝနာ ကေတာ့ ေမတၱာ ဘာဝနာပါပဲ။ ပရဟိတ အလုပ္ကိုက ေမတၱာ အလုပ္ပါပဲေလ။

အ႐ွင္ဆႏၵာဓိက (ေရႊပါရမီေတာရ)

ေန႔စဥ္အားထုတ္မွာလား ေန႔စဥ္အားထုတ္တယ္ဆိုတာက တစ္ေန႔ကို ဆယ့္ငါးမိနစ္၊ နာရီဝက္၊ တစ္နာရီေလာက္ အခ်ိန္သတ္မွတ္ၿပီးေတာ့ အားထုတ္တယ္။ အဲဒီသတ္မွတ္ထားတဲ့ တရားထိုင္ခ်ိန္ ျဖဳတ္လိုက္တာနဲ႔ တစ္ၿပိဳက္နက္တည္း ကိုယ္နဲ႔ တရားနဲ႔ ဘာမွမဆိုင္ေတာ့ဘူး။ တရားကို ႏွလံုးမသြင္းေတာ့ဘူး။ အားမထုတ္ေတာ့ဘူး။ မ႐ႈမွတ္ေတာ့ဘူး။ အဲဒီလို ပုဂိၢဳလ္မ်ိဳးကို ေန႔စဥ္အားထုတ္နည္းနဲ႔ တရားအားထုတ္တယ္လို႔ ေခၚပါတယ္။ေန႔စဥ္ေတာ့ အားထုတ္တယ္။ ေနစဥ္ အားမထုတ္ဘူးေပါ့။

 ေနစဥ္ဆိုတာက သြားေနစဥ္၊ ရပ္ေနစဥ္၊ ထိုင္ေနစဥ္၊ ေလ်ာင္းေနစဥ္၊ ေကြးေနစဥ္၊ ဆန္႔ေနစဥ္၊ စားေနစဥ္၊ ေသာက္ေနစဥ္၊ ဒါက ႐ုပ္အမူအရာေတြ၊ နာမ္နဲ႔ပတ္သက္လို႔လည္း ဒီအတိုင္းပဲ ေလာဘျဖစ္ေနစဥ္၊ ေဒါသျဖစ္ေနစဥ္၊ လိုခ်င္ေနစဥ္၊ တပ္မက္ေနစဥ္၊ စိတ္ဆိုးေနစဥ္၊ စိတ္တိုေနစဥ္၊ ဘဝင္ျမင့္ေနစဥ္၊ မာနႀကီးေနစဥ္၊ မနာလိုေနစဥ္၊ ဝန္တိုေနစဥ္၊ အဲဒီ ေနစဥ္တိုင္းေနစဥ္တိုင္းကို႐ႈမွတ္တာကို ေနစဥ္အားထုတ္နည္းနဲ႔ တရားအားထုတ္တယ္လို႔ ေခၚပါတယ္။ အ႐ွင္ဆႏၵာဓိက (ေရႊပါရမီေတာရ) အက္စစ္လိုလူ ႏွင့္ ေရခဲတံုးလိုလူ တခ်ိဳ႕က စိတ္သေဘာထား သိပ္ည့ံပါတယ္။

 အဲဒီလို စိတ္သေဘာထားည့ံတဲ့လူနဲ႔ ဆက္ဆံလိုက္ၿပီဆိုရင္ ႏွစ္ရက္သံုးရက္ေလာက္ကို စိတ္ဆင္းရဲ ကိုယ္ဆင္းရဲေတြ ျဖစ္သြားရေတာ့တာပါ။ ၿပီးေတာ့ သူ႔ကို အမွီျပဳၿပီး ကိုယ္ရင္ထဲကို အကုသိုလ္ ေတြြကလည္း အတံုးလိုက္ အတစ္လိုက္ ဝင္လာေတာ့တာပါ။ ဒီလို ေလာင္တတ္တဲ့လူမ်ားကို အက္စစ္လိုလူလို႔ေခၚပါတယ္။ တခ်ိဳ႕က စိတ္သေဘာထား သိပ္ၿပီး မြန္ျမတ္ပါတယ္။ အဲဒီလို စိတ္သေဘာထား မြန္ျမတ္တဲ့သူနဲ႔ ဆက္ဆံလိုက္ၿပီဆိုရင္ တစ္ပတ္၊ ဆယ္ရက္ေလာက္ စိတ္ခ်မ္းသာ ကိုယ္ခ်မ္းသာနဲ႔ ႐ွိေနေတာ့တာပါ။ ၿပီးေတာ့ သူ႔ကို အမွီျပဳၿပီး ကိုယ့္ရင္ထဲကို ကုသိုလ္ေတြလည္း ေရာက္ေရာက္လာရေတာ့တာပါ။ ဒီလို လူမ်ိဳးက်ေတာ့ ေရခဲတံုးလိုလူပါ။

အ႐ွင္ရာဇိႏၵ (ရေဝႏြယ္ -အင္းမ)

ပါရမီ အခ်စ္ ေလာကႀကီးၿငိမ္းခ်မ္းဖို႔အတြက္ ပါရမီ အခ်စ္ေတြ အမ်ားႀကီး လိုအပ္ပါတယ္။ ပါရမီ အခ်စ္ရဲ႕ သေဘာကသူတစ္ပါးအက်ိဳးကို ငဲ့ပါတယ္။ မိမိအက်ိဳးကို လံုးဝမငဲ့ပါဘူး။ ကိုယ္က အေျခခံသေဘာေလးကို အာ႐ုံျပဳထားႏိုင္ရပါမယ္။

 ဒီေတာ့ ပါရမီအခ်စ္နဲ႔ ခ်စ္ႏိုင္ဖို႔ အသက္႐ွင္ေနသူ တစ္ဦးခ်င္းဆီမွာကို တာဝန္႐ွိပါတယ္။ အားလံုးအားလံုးဟာ ပါရမီအခ်စ္ေတြနဲ႔သာ ခ်စ္ေနၾကမယ္ဆိုရင္ ႐ုပ္ဝတၱဳေတြ အလ်င္အျမန္ မတိုးတက္ဦးေတာ့ စိတ္ပိုင္းဆိုင္ရာေတာ့ အစဥ္သျဖင့္ ၿငိမ္းေအးေနမွာပါ။ အဲဒီၿငိမ္းေအးမႈကို အေျခခံၿပီး ဝိပႆနာဘက္ကို ကူးလိုက္ရင္ တကယ့္ပန္းတိုင္အစစ္ရဲ႕ လမ္းေၾကာင္းေပၚကို
တန္းကနဲ ေရာက္သြားေတာ့မွာပါ။
Realthadin


#Unicode Version#

(၁) စိတ်ဆိုးနေတဲ့အခါ ကောင်းတဲ့စိတ်နဲ့လဲလိုက်ပါ၊ ရှုပ်နေရင် ရှင်းတဲ့စိတ်၊ ပူနေရင် အေးတဲ့စိတ်၊ နောက်နေရင် ကြည်တဲ့စိတ်နဲ့ ချက်ချင်း လဲလိုက်ပါ။

(၂) ကောင်းတာကိုလုပ်ဖို့ လွယ်တယ်ဆိုရင် ကောင်းတဲ့လူ ၊ မကောင်းတာကိုလုပ်ဖို့ လွယ်တယ်ဆိုရင်

 (၃) သူများပေးစာ ကျွေးစာ တစ်ထောင်ဖိုး စားရတာထက် ကိုယ့်လုပ်စာ တစ်ကျပ်ဖိုးက ပိုပြီးမြိန်တယ်။

 (၄) လေးစားထိုက်တဲ့သူရဲ့ စကားကိုမှ နားထောင်ကြတာာ။ ကိုယ့်စကား နားထောင်စေချင်ရင် လေးစားထိုက်အောင် နေပါ။

(၅) တခြားပစ္စည်းတွေကို ရောင်းလိုက်ရင် အရှုံးမဟုတ်ရင် အမြတ် ရသေးတယ်၊ စိတ်ချမ်းသာမှုကို ရောင်း စားရင် အရှုံးပဲ ရင်ဆိုင်ရမယ်။ စိတ်ချမ်းသာမှုကို ဘာနဲ့မျှ ရောင်းမစားပါနဲ့။

(၆)ကာင်းတဲ့အလုပ်ဟာ နောက်ကျတယ်ဆိုတာ မရှိဘူး။ မစရသေးတာပဲ ရှိတယ်။

 (၇) စေတနာကောင်းကောင်းနဲ့ ပြည့်ပြည့်စုံစုံ ကျွေးလိုက်ရလို့ ဝမ်းသာတယ်ဆိုရင် သူစားနိုင်သလောက် စားတာကိုလည်း ကျေနပ်နိုင်ပါစေ။

(၈) မမှားသောရှေ့နေ မသေသော ဆေးသမား တဲ့ ဒီဖြေဆေးဟာ ဆေးယဉ်သွားရင် ရောဂါကျွမ်းတတ်တယ်၊ မမှားတာ အကောင်းဆုံးပဲ။

(၉) ဖြစ်ချင်တာကို ဦးစားပေးခဲ့လွန်းလို့ ဖြစ်နိုငတာတွေပါ ဆုံးရှုံးလိုက်ရပြီ၊ ဖြစ်နိုင်တာကိုသာ ဦးစားပေးရင် ဖြစ်ချင်တာတွေပါ အားလုံးဖြစ်လာမယ်။

(၁၀) လုပ်သင့်တာကို မလုပ်မိရင် မလုပ်သင့်တာကို လုပ်မိနေတတ်တယ်။

 (၁၁) မြင်တဲ့အတိုင်း အမှန်ဖြစ်မှ အမှန်အတိုင်း မြင်တယ်လို့ခေါ်တယ်။ မြင်တဲ့အတိုင်း မှန်၊ မမှန်ကြားတဲ့အတိုင်း မှန်၊ မမှန် ဆန်းစစ်ရမယ်။

(၁၂) အရာရာကိုအောင်မြင်နိုင်ဖို့ မိမိရဲ့ အရာရောက်မှုကို မြှင့်တင်ပေးရမယ်။

(၁၃) အဟုတ်ပါလားလို့ ထင်တားသမျှတွေဟာ လွဲနေတတ်သလို မဟုတ်ဘူးလို့ မြင်သမျှတွေကလည်း မှန်နေတတ်ပြန်တယ်။

(၁၄) ကိုယ့်စကားကို သူ နားထောင်စေချင်ရင် သူ့ စကားကို အရင် သေသေချာချာ နားထောင်ပေးလိုက်ပါအုံး။

(၁၅) အရေးအကြီးဆုံး ဆိုတာတွေဟာ ဘာမျှမဟုတ်ပါလား လို့ နားလည်ပြီးတော့ ဘာမျှ မဟုတ်တဲ့သဘော ကို သိဖို့က အရေးကြီးဆုံးပါပဲ။

(၁၆) ကိုယ်ဖြစ်ချင်တာတွေသာ ရှေ့တန်းတင်ရင် ကိုယ့်အတွက် အဆင်ပြေသလို ထင်ရပေ့မယ့်အများနဲ့တော့ အဆင်ပြေဖို့ မလွယ်ပါဘူး။

 (၁၇) ကလေးမှားရင် တစ်ပြား၊ လူကြီးမှားရင် တစ်ဆယ်၊ဘယ်အမှားမှ မကောင်းဘူး။တစ်ဆယ်က ပိုဆိုးတယ်။

(၁၈) မေတ္တာပို့နေရုံနဲ့ မဖြစ်သေးဘူး၊ မေတ္တာ ဓာတ်တွေ ရှိနေဖို့က လိုအပ်တယ်။

 (၁၉) ဖြစ်လည်းဖြစ်ချင်တယ်၊ ဖြစ်လည်းဖြစ်သင့်တယ်၊ ဆိုရင်တောင်မှ ဖြစ်နိုင်တာကို ရွေးပြီးလုပ်ပါ။

(၂၀) ဖြစ်ချင်တိုင်း ဓိဌာန်ရင် အောင်မြင်ဖို့မလွယ်ဘူး ဖြစ်နိုင်တာကို ကြိုးစားမှ အဓိဌာန် အောင်မြင်မယ်။

(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

မြင့်မြတ်သူတိုင်း အတွေးနှစ်မျိုးသာ တွေးကြသည်

မြင့်မြတ်သူတိုင်း ဘာဝနာအတွေး၊ ပရဟိတအတွေး၊ နှစ်မျိုးပဲ တွေးပါတယ်။ မြင့်မြတ်သူတိုင်း ဘာဝနာအလုပ်၊ ပရဟိတအလုပ်၊ အလုပ်နှစ်မျိုးပဲ လုပ်ပါတယ်။ ပရဟိတအလုပ် လုပ်နေရင်းတန်းလန်းနဲ့လည်း ဘာဝနာအလုပ် ကြိုးကြားကြိုးကြား တွဲလုပ်သွားလို့ရပါတယ်။ အသိဉာဏ်ရှိရင်၊ အလေ့အကျင့်လုပ်ထားရင်ပေါ့။ ဘာဝနာအလုပ် လုပ်နေရင်းတန်းလန်းနဲ့လည်း ပရဟိတအလုပ် ကြိုးကြားကြိုးကြား တွဲလုပ်သွားလို့ရပါတယ်။ မေတ္တာကရုဏာ ရှိရင်၊ အလေ့အကျင့်လုပ်ထားရင်ပေါ့။ ပရဟိတအလုပ် လုပ်နေတဲ့အချိန် လက်တွေ့အကျဆုံးနဲ့ အလွယ်ကူဆုံး ပွားများနိုင်တဲ့ ဘာဝနာ ကတော့ မေတ္တာ ဘာဝနာပါပဲ။ ပရဟိတ အလုပ်ကိုက မေတ္တာ အလုပ်ပါပဲလေ။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

နေ့စဉ်အားထုတ်မှာလား နေ့စဉ်အားထုတ်တယ်ဆိုတာက တစ်နေ့ကို ဆယ့်ငါးမိနစ်၊ နာရီဝက်၊ တစ်နာရီလောက် အချိန်သတ်မှတ်ပြီးတော့ အားထုတ်တယ်။ အဲဒီသတ်မှတ်ထားတဲ့ တရားထိုင်ချိန် ဖြုတ်လိုက်တာနဲ့ တစ်ပြိုက်နက်တည်း ကိုယ်နဲ့ တရားနဲ့ ဘာမှမဆိုင်တော့ဘူး။ တရားကို နှလုံးမသွင်းတော့ဘူး။ အားမထုတ်တော့ဘူး။ မရှုမှတ်တော့ဘူး။ အဲဒီလို ပုဂ္ဂိုလ်မျိုးကို နေ့စဉ်အားထုတ်နည်းနဲ့ တရားအားထုတ်တယ်လို့ ခေါ်ပါတယ်။နေ့စဉ်တော့ အားထုတ်တယ်။ နေစဉ် အားမထုတ်ဘူးပေါ့။

 နေစဉ်ဆိုတာက သွားနေစဉ်၊ ရပ်နေစဉ်၊ ထိုင်နေစဉ်၊ လျောင်းနေစဉ်၊ ကွေးနေစဉ်၊ ဆန့်နေစဉ်၊ စားနေစဉ်၊ သောက်နေစဉ်၊ ဒါက ရုပ်အမူအရာတွေ၊ နာမ်နဲ့ပတ်သက်လို့လည်း ဒီအတိုင်းပဲ လောဘဖြစ်နေစဉ်၊ ဒေါသဖြစ်နေစဉ်၊ လိုချင်နေစဉ်၊ တပ်မက်နေစဉ်၊ စိတ်ဆိုးနေစဉ်၊ စိတ်တိုနေစဉ်၊ ဘဝင်မြင့်နေစဉ်၊ မာနကြီးနေစဉ်၊ မနာလိုနေစဉ်၊ ဝန်တိုနေစဉ်၊ အဲဒီ နေစဉ်တိုင်းနေစဉ်တိုင်းကိုရှုမှတ်တာကို နေစဉ်အားထုတ်နည်းနဲ့ တရားအားထုတ်တယ်လို့ ခေါ်ပါတယ်။ အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) အက်စစ်လိုလူ နှင့် ရေခဲတုံးလိုလူ တချို့က စိတ်သဘောထား သိပ်ညံ့ပါတယ်။

 အဲဒီလို စိတ်သဘောထားညံ့တဲ့လူနဲ့ ဆက်ဆံလိုက်ပြီဆိုရင် နှစ်ရက်သုံးရက်လောက်ကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတွေ ဖြစ်သွားရတော့တာပါ။ ပြီးတော့ သူ့ကို အမှီပြုပြီး ကိုယ်ရင်ထဲကို အကုသိုလ် တွေကလည်း အတုံးလိုက် အတစ်လိုက် ဝင်လာတော့တာပါ။ ဒီလို လောင်တတ်တဲ့လူများကို အက်စစ်လိုလူလို့ခေါ်ပါတယ်။ တချို့က စိတ်သဘောထား သိပ်ပြီး မွန်မြတ်ပါတယ်။ အဲဒီလို စိတ်သဘောထား မွန်မြတ်တဲ့သူနဲ့ ဆက်ဆံလိုက်ပြီဆိုရင် တစ်ပတ်၊ ဆယ်ရက်လောက် စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ရှိနေတော့တာပါ။ ပြီးတော့ သူ့ကို အမှီပြုပြီး ကိုယ့်ရင်ထဲကို ကုသိုလ်တွေလည်း ရောက်ရောက်လာရတော့တာပါ။ ဒီလို လူမျိုးကျတော့ ရေခဲတုံးလိုလူပါ။

အရှင်ရာဇိန္ဒ (ရဝေနွယ် -အင်းမ)

ပါရမီ အချစ် လောကကြီးငြိမ်းချမ်းဖို့အတွက် ပါရမီ အချစ်တွေ အများကြီး လိုအပ်ပါတယ်။ ပါရမီ အချစ်ရဲ့ သဘောကသူတစ်ပါးအကျိုးကို ငဲ့ပါတယ်။ မိမိအကျိုးကို လုံးဝမငဲ့ပါဘူး။ ကိုယ်က အခြေခံသဘောလေးကို အာရုံပြုထားနိုင်ရပါမယ်။

 ဒီတော့ ပါရမီအချစ်နဲ့ ချစ်နိုင်ဖို့ အသက်ရှင်နေသူ တစ်ဦးချင်းဆီမှာကို တာဝန်ရှိပါတယ်။ အားလုံးအားလုံးဟာ ပါရမီအချစ်တွေနဲ့သာ ချစ်နေကြမယ်ဆိုရင် ရုပ်ဝတ္တုတွေ အလျင်အမြန် မတိုးတက်ဦးတော့ စိတ်ပိုင်းဆိုင်ရာတော့ အစဉ်သဖြင့် ငြိမ်းအေးနေမှာပါ။ အဲဒီငြိမ်းအေးမှုကို အခြေခံပြီး ဝိပဿနာဘက်ကို ကူးလိုက်ရင် တကယ့်ပန်းတိုင်အစစ်ရဲ့ လမ်းကြောင်းပေါ်ကို
တန်းကနဲ ရောက်သွားတော့မှာပါ။

No comments:

Post a Comment