Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 15, 2018

ေသြးအားနည္းေရာဂါကို တိုက္ထုတ္ရာမွာ အလြန္အေထာက္အပံ့ျဖစ္ေစတဲ့ အစားအေသာက္ (၇) မ်ိဳး


အကယ္၍ သင့္မွာေသြးအားနည္းေရာဂါရွိေနတယ္ဆုိပါက အစားအေသာက္က်န္းမာေရးႏွင့္ညီညြတ္ဖို႕ အလြန္အေရးႀကီးပါတယ္။ ေသြးအားနည္းေရာဂါျဖစ္ရျခင္းမွာ သံဓာတ္၊ ဗီတာမင္ B12၊ ေဖာ့လစ္အက္စစ္ ခ်ိဳ႕တဲ့မႈႏွင့္ ေသြးဆံုးရႈံးမႈလြန္ကဲျခင္းတို႕ေႀကာင့္ ျဖစ္ပါတယ္။ ထိုအခါမွာ လက္ႏွင့္ေျခေထာက္မ်ားတြင္ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္ျခင္း၊ စိတ္ဓာတ္က်ျခင္း၊ မွတ္ဥာဏ္ေပ်ာက္ဆံုးျခင္း၊ မူးေ၀ေမာပန္းျခင္းႏွင့္ အားနည္းျခင္းတို႕ျဖစ္ပြားလာႏုိင္ပါတယ္

ဒါေႀကာင့္ ေသြးအားနည္းေရာဂါကို တုိက္ထုတ္ေပးရာမွာ ထိထိေရာက္ေရာက္ကူညီေပးႏုိင္တဲ့ အစားအေသာက္မ်ားကုိ ေဖာ္ျပေပးလိုက္ရပါတယ္။

၁။ အုတ္ဂ်ံဳမႈန္႕
သံဓာတ္ပါ၀င္မႈျမင့္မားေပမယ့္လည္း phytic အက္စစ္ႏွင့္ B-12 ႏွင့္ အျခား B ဗီတာမင္မ်ားပါ၀င္တာေႀကာင့္ စားသံုးေပးႏုိင္ပါတယ္။

၂။ အနီေရာင္အသားမ်ား
အနီေရာင္အသားမ်ားထဲမွ အသည္းသည္ ေသြးကိုသံဓာတ္ႏွင့္ ဗီတာမင္ဘီတုိ႕ျဖင့္ ျမွင့္တင္ေပးရာတြင္ အေကာင္းဆံုးေရြးခ်ယ္မႈတစ္ခုပဲျဖစ္ပါတယ္။

၃။ ႀကက္ဥမ်ား
ႀကက္ဥကဲ့သို႕ Antioxidants အမ်ားအျပားပါ၀င္တဲ့ ပရိုတင္းအစားအစာမ်ားတြင္ ေသြးအားနည္းေရာဂါေႀကာင့္ ကုန္ဆံုးသြားတဲ့ ဗီတာမင္မ်ားကို ျပန္လည္ျဖည့္တင္းေပးပါတယ္။ ကယ္လိုရီလည္းပါ၀င္မႈနည္းပါးၿပီး အာဟာရအလြန္ျပည့္၀သည့္ အစားအစာတစ္ခုျဖစ္ပါတယ္။

၄။ ေျမပဲေထာပတ္
ေျမပဲေထာပတ္ႏွစ္ဇြန္းတြင္ သံဓာတ္ 0.6mg ပါ၀င္ပါတယ္။ ေျမပဲေထာပတ္သုတ္ထားသည့္ ဆန္းဒ၀ွစ္ခ်္ႏွင့္ လိေမၼာ္ရည္တြဲဖက္ စားသံုးေပးမယ္ဆုိရင္ လိေမၼာ္ရည္တြင္ပါ၀င္တဲ့ ဗီတာမင္စီက ေျမပဲေထာပတ္တြင္ပါ၀င္တဲ့ သံဓာတ္စုပ္ယူႏုိင္စြမ္းကို ျမွင့္တင္ေပးပါတယ္။

၅။ ေဒါက္ခြရြက္
ခႏၶာကိုယ္က်န္းမာႀကံ႕ခုိင္ဖို႕လိုအပ္တဲ့ ဖိုက္ဘာ၊ ဗီတာမင္ေအ၊ စီ၊ အီး ႏွင့္ B9၊ ကယ္လ္စီယမ္တို႕ပါ၀င္ၿပီး salad ျဖစ္ေစ၊ ဟင္းခ်ိဳျဖစ္ေစ သို႕မဟုတ္ အျခားတြဲဖက္ဟင္းလ်ာအေနျဖင့္လည္း စားသံုးေပးႏုိင္ပါတယ္။

၆။ ခရမ္းခ်ဥ္သီး
ခႏၶာကိုယ္မွ သံဓာတ္ကိုစုပ္ယူရန္ကူညီေပးသည့္ ဗီတာမင္စီသည္ ခရမ္းခ်ဥ္သီးတြင္ပါ၀င္တာေႀကာင့္ ေသြးအားနည္းေရာဂါတိုက္ထုတ္ရာတြင္ ကူညီေပးပါတယ္။ ဒါေႀကာင့္ ခရမ္းခ်ဥ္သီးေဖ်ာ္ရည္ကို တေန႕တခြက္မွန္မွန္ေသာက္သံုးေပးပါ။

၇။ တလည္းသီး
သံဓာတ္၊ ဗီတာမင္စီ၊ ေအ၊ အီးႏွင့္ ဖိုက္ဘာ၊ ပိုတက္စီယမ္တို႕ ပါ၀င္သည့္ တလည္းသီးသည္ ခႏၶာကိုယ္အတြင္း ေသြးစီးဆင္းမႈကို ထိန္းသိမ္းေပးႏုိင္ပါတယ္။ ေသြးကိုသံဓာတ္ေထာက္ပံ့ေပးတာေႀကာင့္ ေမာပန္းမူးေ၀ျခင္း၊ အားနည္းျခင္း၊ အႀကားအာရံုခ်ိဳ႕တဲ့ျခင္းတုိ႕ကို သက္သာေစပါတယ္။

#Unicode Version#

အကယ်၍ သင့်မှာသွေးအားနည်းရောဂါရှိနေတယ်ဆိုပါက အစားအသောက်ကျန်းမာရေးနှင့်ညီညွတ်ဖို့ အလွန်အရေးကြီးပါတယ်။ သွေးအားနည်းရောဂါဖြစ်ရခြင်းမှာ သံဓာတ်၊ ဗီတာမင် B12၊ ဖော့လစ်အက်စစ် ချို့တဲ့မှုနှင့် သွေးဆုံးရှုံးမှုလွန်ကဲခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ထိုအခါမှာ လက်နှင့်ခြေထောက်များတွင် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ မူးဝေမောပန်းခြင်းနှင့် အားနည်းခြင်းတို့ဖြစ်ပွားလာနိုင်ပါတယ်

ဒါကြောင့် သွေးအားနည်းရောဂါကို တိုက်ထုတ်ပေးရာမှာ ထိထိရောက်ရောက်ကူညီပေးနိုင်တဲ့ အစားအသောက်များကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ အုတ်ဂျုံမှုန့်

သံဓာတ်ပါဝင်မှုမြင့်မားပေမယ့်လည်း phytic အက်စစ်နှင့် B-12 နှင့် အခြား B ဗီတာမင်များပါဝင်တာကြောင့် စားသုံးပေးနိုင်ပါတယ်။

၂။ အနီရောင်အသားများ

အနီရောင်အသားများထဲမှ အသည်းသည် သွေးကိုသံဓာတ်နှင့် ဗီတာမင်ဘီတို့ဖြင့် မြှင့်တင်ပေးရာတွင် အကောင်းဆုံးရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်။

၃။ ကြက်ဥများ

ကြက်ဥကဲ့သို့ Antioxidants အများအပြားပါဝင်တဲ့ ပရိုတင်းအစားအစာများတွင် သွေးအားနည်းရောဂါကြောင့် ကုန်ဆုံးသွားတဲ့ ဗီတာမင်များကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ ကယ်လိုရီလည်းပါဝင်မှုနည်းပါးပြီး အာဟာရအလွန်ပြည့်ဝသည့် အစားအစာတစ်ခုဖြစ်ပါတယ်။

၄။ မြေပဲထောပတ်

မြေပဲထောပတ်နှစ်ဇွန်းတွင် သံဓာတ် 0.6mg ပါဝင်ပါတယ်။ မြေပဲထောပတ်သုတ်ထားသည့် ဆန်းဒဝှစ်ချ်နှင့် လိမ္မော်ရည်တွဲဖက် စားသုံးပေးမယ်ဆိုရင် လိမ္မော်ရည်တွင်ပါဝင်တဲ့ ဗီတာမင်စီက မြေပဲထောပတ်တွင်ပါဝင်တဲ့ သံဓာတ်စုပ်ယူနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။

၅။ ဒေါက်ခွရွက်

ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့လိုအပ်တဲ့ ဖိုက်ဘာ၊ ဗီတာမင်အေ၊ စီ၊ အီး နှင့် B9၊ ကယ်လ်စီယမ်တို့ပါဝင်ပြီး salad ဖြစ်စေ၊ ဟင်းချိုဖြစ်စေ သို့မဟုတ် အခြားတွဲဖက်ဟင်းလျာအနေဖြင့်လည်း စားသုံးပေးနိုင်ပါတယ်။

၆။ ခရမ်းချဉ်သီး

ခန္ဓာကိုယ်မှ သံဓာတ်ကိုစုပ်ယူရန်ကူညီပေးသည့် ဗီတာမင်စီသည် ခရမ်းချဉ်သီးတွင်ပါဝင်တာကြောင့် သွေးအားနည်းရောဂါတိုက်ထုတ်ရာတွင် ကူညီပေးပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးဖျော်ရည်ကို တနေ့တခွက်မှန်မှန်သောက်သုံးပေးပါ။

၇။ တလည်းသီး

သံဓာတ်၊ ဗီတာမင်စီ၊ အေ၊ အီးနှင့် ဖိုက်ဘာ၊ ပိုတက်စီယမ်တို့ ပါဝင်သည့် တလည်းသီးသည် ခန္ဓာကိုယ်အတွင်း သွေးစီးဆင်းမှုကို ထိန်းသိမ်းပေးနိုင်ပါတယ်။ သွေးကိုသံဓာတ်ထောက်ပံ့ပေးတာကြောင့် မောပန်းမူးဝေခြင်း၊ အားနည်းခြင်း၊ အကြားအာရုံချို့တဲ့ခြင်းတို့ကို သက်သာစေပါတယ်။

No comments:

Post a Comment