Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 15, 2018

မွတ္သားစရာ ေရြွဥမင္ ဆရာေတာ္ဘုရားရဲ႕ လူနာေမးရင္ ဒီလိုေမး


❂ စစ္ကုိင္းေတာင္ အေနာက္ပရကၠမဆရာေတာ္ဘုရားႀကီး
မက်န္းမာသည္႔အခါ တူ၊တူမမ်ားက သတင္းလာေမးပါတယ္။

❂ ထုိအခါ ဆရာေတာ္ဘုရားႀကီးက –
“ငါ႔အတြက္ ဥပုသ္ေစာင္႔ၾကရဲ ႔လား။ ပရိတ္ရြတ္ၾကရဲ ႔လား။
ငါ႔အတြက္ ျမတ္စြာဘုရားအား ဆီမီးသက္ေစ႔၊ ေရသက္ေစ႔၊ ပန္းသက္ေစ႔
လွဴ ၾကရဲ ႔လား” ။ စသည္ျဖင္႔ ေမးရာ –

❦ တူ၊တူမမ်ားက
” ဒီလုိလုပ္ရမွန္းမသိ၍ မလုပ္ခဲ႔မိပါေၾကာင္း” ျပန္လည္ေလွ်ာက္ထားပါသည္။

❂ ထုိအခါ ဆရာေတာ္ဘုရားႀကီးက
” မင္းတုိ႔ရြာမွာ သူနာဘယ္လုိေမးသလဲ”ဟု ေမးရာ –

❦ တူ၊တူမမ်ားက
” ေတာသဘာ၀ သူနာေမးတဲ႔အတုိင္း တဘက္ကေလး ပခုံးတင္၊
ဒီအတုိင္း သြားတဲ႔ အခါသြား၊ လက္ထဲ အဆင္ေျပလွ်င္
မုန္႔ပဲေလးနဲ႔ သြားေမးတဲ႔အခါ ေမးပါတယ္ဘုရား။”
ဟု ေလွ်ာက္ထားၾကပါသည္။

❂ ထုိအခါ ဆရာေတာ္ဘုရားႀကီးက
” အဲဒါ နင္တုိ႔ သူနာေမးတာနဲ႔ မတူဘူး။
သူနာ ေသမွာလား၊ မေသဘူးလား သြားၾကည္႔တာနဲ႔ တူေနတယ္။
သူနာသက္သာေစခ်င္လုိ႔ သူနာသြားေမးတယ္ဆုိရင္

❂ မသြားခင္ကတည္းက သူနာအတြက္ျမတ္စြာဘုရားအား
ဆီမီး၊ ပန္း၊ ေရခ်မ္း သက္ေစ႔ လွဴဒါန္းၿပီး
သူနာေရာဂါေ၀ဒနာ ေပ်ာက္ကင္းရန္ေမတၱာပုိ႔၊ ဆုေတာင္း၊ အမွ်ေ၀ရမယ္။

❂ သူနာဆီသြားၿပီး သူ႔အတြက္ ျမတ္စြာဘုရားအား
ဆီမီး၊ ပန္း၊ ေရခ်မ္းတုိ႔ကုိ သက္ေစ႔လွဴ ခဲ႔ၿပီ။
အဲဒီ ေကာင္းမူေတြေၾကာင္႔မင္း ေရာဂါေ၀ဒနာ ေပ်ာက္ကင္းပါေစလုိ႔
ငါဆုေတာင္းခဲ႔ပါတယ္။
မင္းရဲ႕ ေ၀ဒနာ မၾကာခင္ ေပ်ာက္ကင္းမွာပါ လို႔ေျပာၿပီး အားေပးရမယ္။

❂ ဒီလုိ သူနာေမးမွ သူနာအက်ိဳးရွိမွာ။
မင္းတုိ႔ေမးတာက သူနာ ဘာမွ်အက်ဳိးမရွိဘူး။”ဟု ၾသ၀ါဒေပးေတာ္မူပါတယ္။

~

►ေရႊက်င္သာသနာပုိင္ ေညာင္ေရႊကံၾကီးဆရာေတာ္
စစ္ေဆးရုံတြင္ေဆးကုသေနစဥ္ေရႊဥမင္ဆရာေတာ္မွ ၾကြေရာက္ၿပီး
လူနာသတင္းေမးေတာ္မူပုံ ျဖစ္ပါတယ္။

❁ အပၸမာေဒန သမၼာေဒထ ❁
✦ရႊင္လန္း✦ေအးခ်မ္း✦ပါေစ✦

Unicode

မှတ်သားစရာ ရွှေဥမင် ဆရာတော်ဘုရားရဲ့ လူနာမေးရင် ဒီလိုမေး
❂ စစ်ကိုင်းတောင်
အနောက်ပရက္ကမဆရာတော်ဘုရားကြီး
မကျန်းမာသည့်အခါ
တူ၊တူမများက သတင်းလာမေးပါတယ်။

❂ ထိုအခါ ဆရာတော်ဘုရားကြီးက –
“ငါ့အတွက်
ဥပုသ်စောင့်ကြရဲ့လား။
ပရိတ်ရွတ်ကြရဲ့လား။
ငါ့အတွက် မြတ်စွာဘုရားအား
ဆီမီးသက်စေ့၊ ရေသက်စေ့၊ ပန်းသက်စေ့
လှူ ကြရဲ့လား” ။
စသည်ဖြင့် မေးရာ –

❦ တူ၊တူမများက
” ဒီလိုလုပ်ရမှန်းမသိ၍ မလုပ်ခဲ့မိပါကြောင်း”
ပြန်လည်လျှောက်ထားပါသည်။

❂ ထိုအခါ ဆရာတော်ဘုရားကြီးက
” မင်းတို့ရွာမှာ သူနာဘယ်လိုမေးသလဲ”ဟု မေးရာ –

❦ တူ၊တူမများက
” တောသဘာ၀ သူနာမေးတဲ့အတိုင်း
တဘက်ကလေး ပခုံးတင်၊
ဒီအတိုင်း သွားတဲ့ အခါသွား၊
လက်ထဲ အဆင်ပြေလျှင်
မုန့်ပဲလေးနဲ့ သွားမေးတဲ့အခါ မေးပါတယ်ဘုရား။”
ဟု လျှောက်ထားကြပါသည်။

❂ ထိုအခါ ဆရာတော်ဘုရားကြီးက
” အဲဒါ နင်တို့ သူနာမေးတာနဲ့ မတူဘူး။
သူနာ သေမှာလား၊ မသေဘူးလား
သွားကြည့်တာနဲ့ တူနေတယ်။
သူနာသက်သာစေချင်လို့ သူနာသွားမေးတယ်ဆိုရင်

❂ မသွားခင်ကတည်းက သူနာအတွက်
မြတ်စွာဘုရားအား
ဆီမီး၊ ပန်း၊ ရေချမ်း သက်စေ့ လှူဒါန်းပြီး
သူနာရောဂါဝေဒနာ ပျောက်ကင်းရန်
မေတ္တာပို့၊ ဆုတောင်း၊ အမျှဝေရမယ်။

❂ သူနာဆီသွားပြီး သူ့အတွက် မြတ်စွာဘုရားအား
ဆီမီး၊ ပန်း၊ ရေချမ်းတို့ကို သက်စေ့လှူ ခဲ့ပြီ။
အဲဒီ ကောင်းမူတွေကြောင့်
မင်း ရောဂါဝေဒနာ ပျောက်ကင်းပါစေလို့
ငါဆုတောင်းခဲ့ပါတယ်။
မင်းရဲ့ ဝေဒနာ မကြာခင် ပျောက်ကင်းမှာပါ လို့
ပြောပြီး အားပေးရမယ်။

❂ ဒီလို သူနာမေးမှ သူနာအကျိုးရှိမှာ။
မင်းတို့မေးတာက သူနာ ဘာမျှအကျိုးမရှိဘူး။”
ဟု သြဝါဒပေးတော်မူပါတယ်။

~

►ရွှေကျင်သာသနာပိုင်
ညောင်ရွှေကံကြီးဆရာတော်
စစ်ဆေးရုံတွင်ဆေးကုသနေစဉ်
ရွှေဥမင်ဆရာတော်မှ ကြွရောက်ပြီး
လူနာသတင်းမေးတော်မူပုံ ဖြစ်ပါတယ်။

❁ အပ္ပမာဒေန သမ္မာဒေထ ❁
✦ရွှင်လန်း✦အေးချမ်း✦ပါစေ✦

No comments:

Post a Comment