Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 11, 2018

မႏၲေလးတြင္ ၁၃ႏွစ္အရြယ္မိန္းကေလးကို အဓမၼျပဳက်င့္ရန္ႀကံစည္သူ GYM ထရိန္နင္ဆရာတစ္ဦးကို ဖမ္းဆီး


မႏၲေလးၿမိဳ ႔ ျပည္ႀကီးတံခြန္ၿမိဳ ႔နယ္တြင္ (၁၃)ႏွစ္အရြယ္မိန္းကေလးတစ္ဦး ရည္းစားျဖစ္သူႏွင့္ ခ်ိန္းေတြ႕စဥ္ အဓမၼျပဳက်င့္ရန္ၾကံစည္သူ GYM ထရိန္နင္ဆရာတစ္ဦးကို ဖမ္းဆီးအေရးယူထားသည္ဟု စက္မႈနယ္ေျမရဲစခန္းမွ သိရသည္။

မိခင္ျဖစ္သူေဒၚ(×××××)သည္ ႏိုဝင္ဘာ(၁)ရက္၊ နံနက္(၁)နာရီက ေနအိမ္တြင္မိသားစုဝင္မ်ားႏွင့္အတူ အိပ္ေပ်ာ္ေနစဥ္ သမီးငယ္ျဖစ္သူ မ×××××သည္ ေနအိမ္အျပင္ျခံဝင္းတြင္းမွေန၍ တံခါးဖြင့္ေပးရန္ ေျပာသံၾကားသျဖင့္ ေသာ့ဖြင့္ေပးရန္ဆင္းလာခဲ့ရာ အိမ္တံခါးအျပင္ဘက္တြင္ သမီးျဖစ္သူ မ×××××× ႏွင့္ ဟိန္းလင္းေအာင္တို႔အား ေတြ႔ရ၍ ေမးျမန္းရာ ခ်ိန္းေတြ႔ေနေၾကာင္း၊

ထိုသို႔ခ်ိန္းေတြ႕စဥ္ ဟိန္းလင္းေအာင္ဆိုသူမွ တြန္းလွဲ၍ သအဓမၼျပဳက်င့္ရန္ ႀကံစည္ခဲ့ေၾကာင္း သိရသျဖင့္ အေရးယူေပးပါရန္ ႏိုဝင္ဘာ၂၅ရက္ ေန႔က မိခင္ျဖစ္သူမွ စက္မႈနယ္ေျမရဲစခန္းသို႔ လာေရာက္ တိုင္တန္းခဲ့ျခင္းေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

ထိုသို႔ တိုင္းတန္းခဲ့သည့္အေပၚ ျပစ္မႈက်ဴးလြန္သူ ဟိန္းလင္းေအာင္ (၂၀)ႏွစ္ကို ျပည္ႀကီးတံခြန္ၿမိဳ ႔နယ္ စက္မႈနယ္ေျမ ရဲစခန္းမွ (ပ)၆၀၄/၂၀၁၈၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆ ပုဒ္မ ၅၁၁ တို႔ျဖင့္ အမႈဖြင့္အေရးယူထားၿပီး ခ်ဳပ္ရက္ ရမၼာန္ရယူထားကာ လာမည့္(၂၁)ရက္ေန႔တြင္ ခ႐ိုင္တရား႐ုံး၌ တရားစြဲဆိုသြားမည္ဟု ၎ရဲစခန္းမွ ရဲအုပ္ေက်ာ္ေက်ာ္လတ္ က ေျပာသည္။

မင္းသန္႔  MUNA


#Unicode Version#

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် (၁၃)နှစ်အရွယ်မိန်းကလေးတစ်ဦး ရည်းစားဖြစ်သူနှင့် ချိန်းတွေ့စဉ် အဓမ္မပြုကျင့်ရန်ကြံစည်သူ GYM ထရိန်နင်ဆရာတစ်ဦးကို ဖမ်းဆီးအရေးယူထားသည်ဟု စက်မှုနယ်မြေရဲစခန်းမှ သိရသည်။

မိခင်ဖြစ်သူဒေါ်(×××××)သည် နိုဝင်ဘာ(၁)ရက်၊ နံနက်(၁)နာရီက နေအိမ်တွင်မိသားစုဝင်များနှင့်အတူ အိပ်ပျော်နေစဉ် သမီးငယ်ဖြစ်သူ မ×××××သည် နေအိမ်အပြင်ခြံဝင်းတွင်းမှနေ၍ တံခါးဖွင့်ပေးရန် ပြောသံကြားသဖြင့် သော့ဖွင့်ပေးရန်ဆင်းလာခဲ့ရာ အိမ်တံခါးအပြင်ဘက်တွင် သမီးဖြစ်သူ မ×××××× နှင့် ဟိန်းလင်းအောင်တို့အား တွေ့ရ၍ မေးမြန်းရာ ချိန်းတွေ့နေကြောင်း၊

ထိုသို့ချိန်းတွေ့စဉ် ဟိန်းလင်းအောင်ဆိုသူမှ တွန်းလှဲ၍ သအဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း သိရသဖြင့် အရေးယူပေးပါရန် နိုဝင်ဘာ၂၅ရက် နေ့က မိခင်ဖြစ်သူမှ စက်မှုနယ်မြေရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ခြင်းကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ တိုင်းတန်းခဲ့သည့်အပေါ် ပြစ်မှုကျူးလွန်သူ ဟိန်းလင်းအောင် (၂၀)နှစ်ကို ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေ ရဲစခန်းမှ (ပ)၆၀၄/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ပုဒ်မ ၅၁၁ တို့ဖြင့် အမှုဖွင့်အရေးယူထားပြီး ချုပ်ရက် ရမ္မာန်ရယူထားကာ လာမည့်(၂၁)ရက်နေ့တွင် ခရိုင်တရားရုံး၌ တရားစွဲဆိုသွားမည်ဟု ၎င်းရဲစခန်းမှ ရဲအုပ်ကျော်ကျော်လတ် က ပြောသည်။


မင်းသန့်  MUNA

No comments:

Post a Comment