Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, December 2, 2018

အစာအိမ္ေရာဂါရွိသူတိုင္း မျဖစ္မေနေဆာင္ထားအပ္တဲ့ေဆးမို႕ သိမ္းထားပါ

အစာအိမ္သမားမ်ားအစာမေၾက၊ရင္ျပည့္ရင္ကယ္၊ အစားစားျပီးတိုင္းေအာင့္ျခင္းစသည္ျဖင့္ အမ်ိဳးမ်ိဳးျဖစ္ရကာ ပ်ိဳ႕အန္ျခင္း၊ေသြး၀မ္းသြားျခင္းပင္ျဖစ္တတ္ပါသည္။

ထိုေ၀ဒနာမ်ားမခံရေအာင္ နည္းေကာင္း ေလးတင္ျပ အပ္ပါသည္

(၁) ငွက္ေပ်ာသီးဖီးၾကမ္း(၂)ဖီးကို အခြံႏႊာျပီးပါးပါးလွီ၍ေနတြင္လွန္းပါ။ျပီးလွွ်င္အမွဳန္႔ၾကိတ္ပါ (သို႔)ေထာင္းပါ။
(၂) ႏြယ္ခ်ိဳမွဳန္႔ဟင္းခပ္ဇြန္း (၂)ဇြန္းမွ်ထည္ပါ။
(၃) နႏြင္းမွဳန္႔စစ္စစ္ ဟင္းခပ္ဇြန္း(၁)ဇြန္းထည့္ပါ။

ထို(၃)မ်ိဳးကို ေရာစပ္ျပီး ေလလံုေသာဖန္ဗူးထဲသို႔ ထည္႔ထားပါ။

သံုးစဲြရန္

ေနစဥ္နံနက္တစ္ၾကိမ္/ညတစ္ၾကိမ္ ေကာ္ဖီဇြန္း(၁)ဇြန္းက ိုပံုမွန္ စားေပးပါ။
ထိုေဆးသည္ အစာအိမ္ကို အားရွိေစျပီးအစာအိမ္နာ၊ ေလေအာင့္ ေလနာႏွင့္ အစာအိမ္အခ်ဥ္ေပါက္ျခင္းကင္းေ၀း ေစျပီး အစာအိမ္ေရာဂါသက္သာေပ်ာက္ကင္းေစပါေၾကာင္း။

သိမီသမွ် အစာအိမ္ေဆးနည္းအားတင္ျပလိုက္္ပါသည္။
ႏြယ္ခ်ိဳမွဳန္႔ကို ပရေဆးဆိုင္တြင္လြယ္ကူစြာ ၀ယ္ယူနိုင္ပါသည္။

ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)
#Unicode Version#

အစာအိမ်သမားများအစာမကြေ၊ရင်ပြည့်ရင်ကယ်၊ အစားစားပြီးတိုင်းအောင့်ခြင်းစသည်ဖြင့် အမျိုးမျိုးဖြစ်ရကာ ပျို့အန်ခြင်း၊သွေးဝမ်းသွားခြင်းပင်ဖြစ်တတ်ပါသည်။

ထိုဝေဒနာများမခံရအောင် နည်းကောင်း လေးတင်ပြ အပ်ပါသည်

(၁) ငှက်ပျောသီးဖီးကြမ်း(၂)ဖီးကို အခွံနွှာပြီးပါးပါးလှီ၍နေတွင်လှန်းပါ။ပြီးလျှင်အမှုန့်ကြိတ်ပါ (သို့)ထောင်းပါ။
(၂) နွယ်ချိုမှုန့်ဟင်းခပ်ဇွန်း (၂)ဇွန်းမျှထည်ပါ။
(၃) နနွင်းမှုန့်စစ်စစ် ဟင်းခပ်ဇွန်း(၁)ဇွန်းထည့်ပါ။

ထို(၃)မျိုးကို ရောစပ်ပြီး လေလုံသောဖန်ဗူးထဲသို့ ထည့်ထားပါ။

သုံးစွဲရန်

နေစဉ်နံနက်တစ်ကြိမ်/ညတစ်ကြိမ် ကော်ဖီဇွန်း(၁)ဇွန်းက ိုပုံမှန် စားပေးပါ။
ထိုဆေးသည် အစာအိမ်ကို အားရှိစေပြီးအစာအိမ်နာ၊ လေအောင့် လေနာနှင့် အစာအိမ်အချဉ်ပေါက်ခြင်းကင်းဝေး စေပြီး အစာအိမ်ရောဂါသက်သာပျောက်ကင်းစေပါကြောင်း။

သိမီသမျှ အစာအိမ်ဆေးနည်းအားတင်ပြလိုက်ပါသည်။
နွယ်ချိုမှုန့်ကို ပရဆေးဆိုင်တွင်လွယ်ကူစွာ ဝယ်ယူနိုင်ပါသည်။

ရဲမျိုးသူ(ဗောဓိမြိုင်)

No comments:

Post a Comment