Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, December 2, 2018

ဝါးတရာေက်းရြာတြင္ အလွဴရွင္တစ္ဦးတည္းမွ သိန္းေပါင္း(၅၀၀)ေက်ာ္ အကုန္အက်ခံ၍ ကြန္ကရစ္လမ္းအားခင္းက်င္းလွဴဒါန္း


သာဓုေခၚဆိုျပီး မုဒိတာပြားမ်ားႏိုင္ေစရန္

စာေရးသူမွ အေၾကာင္းကိစၥတစ္ခုျဖင့္ ေရႊျပည္သာ ျမိဳ႕နယ္ အမွတ္(၂၃)ရပ္ကြက္ ဝါးတရာေက်းရြာသို႕ လိန္ကုန္း-ဝါးတရာ စက္မႈလမ္းမၾကီးအတိုင္း ဆိုင္ကယ္ျဖင့္ သြားေရာက္ခဲ့ရာ လမ္းတစ္ေလ်ွာက္တြင္ ဖုန္ေတြကတစ္ ေထာင္းေထာင္း ခ်ိဳင့္ခြက္ေတြကလည္း (လ)မ်က္ႏွာျပင္ ထဲ ဆိုင္ကယ္ေမာင္းေနရသလို ဘယ္ခ်ိဳးလိုက္ ညာဝိုက္ လိုက္နဲ႕ ခ်ိဳင့္ေတြေရွာင္လိုက္ရတာ လက္ေတြလဲေညာင္း လို႕ စိတ္လဲမသက္မသာ ျဖစ္ခဲ့ရတယ္။




အဲ့လိုနဲ႕ေမာင္းလာလိုက္တာ ေတာ္ေတာ္ၾကာၾကာ ေလး ေမာင္းလိုက္မွ ဝါးတရာေက်းရြာကို ညေန(၅)နာရီ ေလာက္မွာ ေရာက္ရွိသြားတယ္ တစ္ကိုယ္လံုးလဲ ဖုန္ေတြနဲ႕ျဖဴေဖြးေနသလို ပါးစပ္ထဲမွလဲ က်လိ က်လိ ျဖစ္ေနျပီ စိတ္ထဲမွာလဲ ဒီလမ္းမၾကီးခင္းေပးဖို႕ တစ္ျမိဳ႕ နယ္လံုး ဝိုင္းေအာ္ေနၾကတာ ဖုန္ေတြသာ ပိုထူလာတယ္ ဘာမွထူးမလာဘူးလို႕ ေတြးေနမိတယ္။


ဝါးတရာရြာထဲေရာက္တာေတာ့ ရြာရဲ႕အဓိကေစ်း လမ္းျဖစ္တဲ့ ဘုန္းၾကီးေက်ာင္းလမ္းေပၚမွာ ကြန္ကရစ္လမ္း ၾကီးခင္းေနတာ ေတြ႕လိုက္ရတယ္ စာေရးသူကလဲ လမ္း ခင္းတာေတြ႕ရင္ ဘယ္ေနရာမွာ လမ္းခင္းခင္း ဝမ္းသာပီတိ ျဖစ္တဲ့ အက်င့္က ရွိေနတယ္ေလ အဲ့ဒါနဲ႕ ဒီလမ္းၾကီးကို ဘယ္ကခင္းတာလဲလို႕ ေမးလိုက္ေတာ့ ရြာသူ ရြာသားေတြ က အားတက္သေရာနဲ႕ ေျပာျပတယ္ အလွဴရွင္တစ္ဦး တည္းကေန ခင္းတာပါတဲ့ စာေရးသူလည္းသိလိုက္ရ ေတာ့ ပီတိျဖစ္ျပီး သာဓုေခၚလိုက္တယ္ဗ်။

စာေရးသူက သတင္းေထာက္တစ္ဦးလည္း ျဖစ္ေနျပန္ေတာ့ တတ္သည့္ပညာမေနသာဘဲ လိုက္စပ္စု ေတာ့တာေပါ့ အဲ့ဒါနဲ႕လမ္းခင္းေနတဲ့ ေနရာတစ္ပိုင္းမွာ ဝါးတရာေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ကိုေလးျမင့္နဲ႕ေတြ႕ေတာ့ လမ္းနဲ႕ပတ္သတ္ျပီး ေမးျမန္းၾကည့္တဲ့အခါ——?? ဒီလမ္းကို ဝါးတရာေက်းရြာေန အလွဴရွင္ ဦးေအာင္ျဖိဳး ဇနီးေဒၚျမင့္ျမင့္ေမာ္(ေအာင္ျဖိဳး အုတ္ သဲ ေက်ာက္ ေရာင္းဝယ္ေရး)က တစ္ဦးတည္း အကုန္အက် ခံျပီးခင္းေပးေနတာျဖစ္ျပီး ဘုန္းၾကီးလမ္းမွာ ထု(၇)လကၼ အက်ယ္(၁၈)ေပနဲ႕ ေပအရွည္(၁၅၅၀)ေပ ခင္းမည္ျဖစ္ျပီး မဂၢင္လမ္းတြင္ ထု(၆)လကၼ အက်ယ္(၁၂)ေပနဲ႕ ေပအရွည္(၃၀၀)ေပ ခင္းမွာျဖစ္ျပီး စုစုေပါင္း ေပအရွည္ (၁၈၅၀)ေပ ျဖစ္ေၾကာင္း ခန္႕မွန္းကုန္က်ေငြ သိန္းေပါင္း (၅၀၀)ေက်ာ္ အကုန္အက်ခံကာ လွဴဒါန္း၍ ခင္းေပးသြား မည္ျဖစ္ေၾကာင္း ႏွင့္ အလွဴရွင္မွာ လက္ရွိဝါးတရာေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေလးျမင့္၏ အကိုအရင္းျဖစ္ေၾကာင္း လည္းသိခဲ့ရသည္။

မွတ္တမ္းတင္ သာဓုေခၚဆိုလို၍ အလွဴရွင္ကို ေတြ႕လိုေၾကာင္း ေျပာရာ အလွဴရွင္ ဦးေအာင္ျဖိဳးမွာ လမ္းခင္းသည့္ေနရာတြင္ ရွိေနျပီး ေရာက္ရွိ လာကာ ဓာတ္ပံုရိုက္ မွတ္တမ္းတင္မည္ကို အလွဴရွင္မွ ရပါတယ္ခင္မ်ာ လူသိျပီး နာမည္ေက်ာ္ဖို႕မဟုတ္ပါဘူး ေစတနာသဒၵါတရားနဲ႕ ဘာအေရာင္အေသြးမွ မပါဘဲ လွဴဒါန္းတာပါ လမ္းခင္းေနတာကို ၾကည့္ေနရင္းနဲ႕ ပီတိ ျဖစ္ေနရတာပါဟု ရိုးသားေသာဟန္ျဖင့္ ကြမ္းယာေလးျမံဳ႕ရင္း ရယ္ေမာစြာ ေျပာဆိုသည္။

အဲ့လိုလဲမဟုတ္ပါဘူးခင္မ်ာ အလွဴရွင္ ရဲ႕လမ္းခင္းတဲ့အလွဴကို ကြ်န္ေတာ္အပါအဝင္ အမ်ားသူငါ မ်ားမွ သာဓုေခၚျပီး မုဒိတာပြားႏိုင္ေတာ့ ပိုျပီးအက်ိဳးမ်ားေစ ဖို႕ရန္ ရည္ရြယ္ျပီး မွတ္တမ္းတင္ပါရေစဆိုျပီး အတင္း ေတာင္းဆိုခဲ့ရတယ္။ အလွဴရွင္ရဲ႕ ေစတနာ သဒၵါတရားကို ပိုျပီးေလးစား ၾကည္ညိုမိသလို အမ်ားသူငါလည္း သာဓုေခၚ မုဒိတာပြားမ်ား ႏိုင္ေစရန္ ရည္ရြယ္ျပီး မွတ္တမ္း တင္ျပလိုက္ရပါသည္။
ကိုကိုခိုင္(ေရႊျပည္သာ)

#Unicode Version#
သာဓုခေါ်ဆိုပြီး မုဒိတာပွားများနိုင်စေရန်

စာရေးသူမှ အကြောင်းကိစ္စတစ်ခုဖြင့် ရွှေပြည်သာ မြို့နယ် အမှတ်(၂၃)ရပ်ကွက် ဝါးတရာကျေးရွာသို့ လိန်ကုန်း-ဝါးတရာ စက်မှုလမ်းမကြီးအတိုင်း ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ရာ လမ်းတစ်လျှောက်တွင် ဖုန်တွေကတစ် ထောင်းထောင်း ချိုင့်ခွက်တွေကလည်း (လ)မျက်နှာပြင် ထဲ ဆိုင်ကယ်မောင်းနေရသလို ဘယ်ချိုးလိုက် ညာဝိုက် လိုက်နဲ့ ချိုင့်တွေရှောင်လိုက်ရတာ လက်တွေလဲညောင်း လို့ စိတ်လဲမသက်မသာ ဖြစ်ခဲ့ရတယ်။

အဲ့လိုနဲ့မောင်းလာလိုက်တာ တော်တော်ကြာကြာ လေး မောင်းလိုက်မှ ဝါးတရာကျေးရွာကို ညနေ(၅)နာရီ လောက်မှာ ရောက်ရှိသွားတယ် တစ်ကိုယ်လုံးလဲ ဖုန်တွေနဲ့ဖြူဖွေးနေသလို ပါးစပ်ထဲမှလဲ ကျလိ ကျလိ ဖြစ်နေပြီ စိတ်ထဲမှာလဲ ဒီလမ်းမကြီးခင်းပေးဖို့ တစ်မြို့ နယ်လုံး ဝိုင်းအော်နေကြတာ ဖုန်တွေသာ ပိုထူလာတယ် ဘာမှထူးမလာဘူးလို့ တွေးနေမိတယ်။



ဝါးတရာရွာထဲရောက်တာတော့ ရွာရဲ့အဓိကဈေး လမ်းဖြစ်တဲ့ ဘုန်းကြီးကျောင်းလမ်းပေါ်မှာ ကွန်ကရစ်လမ်း ကြီးခင်းနေတာ တွေ့လိုက်ရတယ် စာရေးသူကလဲ လမ်း ခင်းတာတွေ့ရင် ဘယ်နေရာမှာ လမ်းခင်းခင်း ဝမ်းသာပီတိ ဖြစ်တဲ့ အကျင့်က ရှိနေတယ်လေ အဲ့ဒါနဲ့ ဒီလမ်းကြီးကို ဘယ်ကခင်းတာလဲလို့ မေးလိုက်တော့ ရွာသူ ရွာသားတွေ က အားတက်သရောနဲ့ ပြောပြတယ် အလှူရှင်တစ်ဦး တည်းကနေ ခင်းတာပါတဲ့ စာရေးသူလည်းသိလိုက်ရ တော့ ပီတိဖြစ်ပြီး သာဓုခေါ်လိုက်တယ်ဗျ။

စာရေးသူက သတင်းထောက်တစ်ဦးလည်း ဖြစ်နေပြန်တော့ တတ်သည့်ပညာမနေသာဘဲ လိုက်စပ်စု တော့တာပေါ့ အဲ့ဒါနဲ့လမ်းခင်းနေတဲ့ နေရာတစ်ပိုင်းမှာ ဝါးတရာကျေးရွာအုပ်ချုပ်ရေးမှူး ကိုလေးမြင့်နဲ့တွေ့တော့ လမ်းနဲ့ပတ်သတ်ပြီး မေးမြန်းကြည့်တဲ့အခါ——?? ဒီလမ်းကို ဝါးတရာကျေးရွာနေ အလှူရှင် ဦးအောင်ဖြိုး ဇနီးဒေါ်မြင့်မြင့်မော်(အောင်ဖြိုး အုတ် သဲ ကျောက် ရောင်းဝယ်ရေး)က တစ်ဦးတည်း အကုန်အကျ ခံပြီးခင်းပေးနေတာဖြစ်ပြီး ဘုန်းကြီးလမ်းမှာ ထု(၇)လက္မ အကျယ်(၁၈)ပေနဲ့ ပေအရှည်(၁၅၅၀)ပေ ခင်းမည်ဖြစ်ပြီး မဂ္ဂင်လမ်းတွင် ထု(၆)လက္မ အကျယ်(၁၂)ပေနဲ့ ပေအရှည်(၃၀၀)ပေ ခင်းမှာဖြစ်ပြီး စုစုပေါင်း ပေအရှည် (၁၈၅၀)ပေ ဖြစ်ကြောင်း ခန့်မှန်းကုန်ကျငွေ သိန်းပေါင်း (၅၀၀)ကျော် အကုန်အကျခံကာ လှူဒါန်း၍ ခင်းပေးသွား မည်ဖြစ်ကြောင်း နှင့် အလှူရှင်မှာ လက်ရှိဝါးတရာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလေးမြင့်၏ အကိုအရင်းဖြစ်ကြောင်း လည်းသိခဲ့ရသည်။

မှတ်တမ်းတင် သာဓုခေါ်ဆိုလို၍ အလှူရှင်ကို တွေ့လိုကြောင်း ပြောရာ အလှူရှင် ဦးအောင်ဖြိုးမှာ လမ်းခင်းသည့်နေရာတွင် ရှိနေပြီး ရောက်ရှိ လာကာ ဓာတ်ပုံရိုက် မှတ်တမ်းတင်မည်ကို အလှူရှင်မှ ရပါတယ်ခင်မျာ လူသိပြီး နာမည်ကျော်ဖို့မဟုတ်ပါဘူး စေတနာသဒ္ဒါတရားနဲ့ ဘာအရောင်အသွေးမှ မပါဘဲ လှူဒါန်းတာပါ လမ်းခင်းနေတာကို ကြည့်နေရင်းနဲ့ ပီတိ ဖြစ်နေရတာပါဟု ရိုးသားသောဟန်ဖြင့် ကွမ်းယာလေးမြုံ့ရင်း ရယ်မောစွာ ပြောဆိုသည်။

အဲ့လိုလဲမဟုတ်ပါဘူးခင်မျာ အလှူရှင် ရဲ့လမ်းခင်းတဲ့အလှူကို ကျွန်တော်အပါအဝင် အများသူငါ များမှ သာဓုခေါ်ပြီး မုဒိတာပွားနိုင်တော့ ပိုပြီးအကျိုးများစေ ဖို့ရန် ရည်ရွယ်ပြီး မှတ်တမ်းတင်ပါရစေဆိုပြီး အတင်း တောင်းဆိုခဲ့ရတယ်။ အလှူရှင်ရဲ့ စေတနာ သဒ္ဒါတရားကို ပိုပြီးလေးစား ကြည်ညိုမိသလို အများသူငါလည်း သာဓုခေါ် မုဒိတာပွားများ နိုင်စေရန် ရည်ရွယ်ပြီး မှတ်တမ်း တင်ပြလိုက်ရပါသည်။

ကိုကိုခိုင်(ရွှေပြည်သာ)

No comments:

Post a Comment