Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 12, 2018

အမ်ိဳးသားႏွစ္ဦးကို ကိုယ္ဝန္သံုးလရွိေနသူက မုဒိမ္းမႈျဖင့္ အမႈဖြင့္


ဒဂံုၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္၊ ၅၅ ရပ္ကြက္၊ ေလွာ္ကားလမ္းရွိ စတိုးဆိုင္တစ္ဆိုင္တြင္ ဝန္ထမ္းအမ်ိဳးသားႏွစ္ဦးကို ကိုယ္ဝန္သံုးလရွိေနသည့္ အသက္ ၂၀ ႏွစ္ အမ်ိဳးသမီးတစ္ဦးက ဒီဇင္ဘာလ ၁၀ ရက္ ေန႔က မုဒိမ္းမႈျဖင့္ အမႈဖြင့္ အေရးယူေပးပါရန္ တိုင္ၾကားခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ စံုစမ္းသိရွိရသည္။

ကိုယ္ဝန္ရွိေနသည့္ အမ်ိဳးသမီးမွာ ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္၊ ၆၉ ရပ္ကြက္တြင္ ေနထိုင္သူျဖစ္ၿပီး ယခုႏွစ္ ဧၿပီလက ဒဂံုၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္၊ ၅၅ ရပ္ကြက္၊ ေလွာ္ကားလမ္းရွိ စတိုးဆိုင္ တစ္ဆိုင္တြင္ လစာက်ပ္တစ္သိန္းျဖင့္ အေရာင္းဝန္ထမ္းအလုပ္ကို ဝင္ေရာက္လုပ္ကိုင္ခဲ့သည္။

ယင္းေနာက္ ဇြန္လတြင္ စတိုးဆိုင္မွ ဝန္ထမ္းအမ်ိဳးသားတစ္ဦးက ၎အားသားမယားအျဖစ္ ျပဳက်င့္ခဲ့သည္ကို ရွက္ေၾကာက္၍ အလုပ္ရွင္ႏွင့္ မိဘမ်ားထံ အသိေပးတိုင္ၾကားခဲ့ျခင္းမရွိဘဲ အလုပ္ဆက္လုပ္ေနစဥ္ဆိုင္မွ အျခားဝန္ထမ္းအမ်ိဳးသားတစ္ဦးက ၎တို႔ျဖစ္ပ်က္ခဲ့သည့္ကိစၥကို သိရွိေၾကာင္းႏွင့္ ေဖ့စ္ဘြတ္ခ္ေပၚတင္မည္ဟု ေျခာက္လွန္႔ေျပာဆိုၿပီး သားမယားအျဖစ္ ျပဳက်င့္ခဲ့ေၾကာင္း အမႈဖြင့္တိုင္ၾကားခ်က္အရ သိရသည္။

အဆိုပါ ဆိုင္ဝန္ထမ္း အမ်ိဳးသားႏွစ္ဦးက ၎ကို ဇြန္လမွ ႏိုဝင္ဘာလအထိ အႀကိမ္ႀကိမ္ သားမယားအျဖစ္ ျပဳက်င့္ခဲ့ေသာေၾကာင့္ ၎မွာ ယခုတြင္ ကိုယ္ဝန္သံုးလရွိေနၿပီျဖစ္၍ ရဲစခန္းထံ လာေရာက္တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း အမ်ိဳးသမီးက ထြက္ဆိုသျဖင့္ ဒဂံုၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕မ ရဲစခန္းက မုဒိမ္းမႈ ပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ၿပီး တိုင္ၾကားခံရသည့္ အမ်ိဳးသားႏွစ္ဦးကို ဖမ္းဆီးစစ္ေဆးႏိုင္ရန္ စံုစမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။
The Voice

#Unicode Version#
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၅၅ ရပ်ကွက်၊ လှော်ကားလမ်းရှိ စတိုးဆိုင်တစ်ဆိုင်တွင် ဝန်ထမ်းအမျိုးသားနှစ်ဦးကို ကိုယ်ဝန်သုံးလရှိနေသည့် အသက် ၂၀ နှစ် အမျိုးသမီးတစ်ဦးက ဒီဇင်ဘာလ ၁၀ ရက် နေ့က မုဒိမ်းမှုဖြင့် အမှုဖွင့် အရေးယူပေးပါရန် တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ကိုယ်ဝန်ရှိနေသည့် အမျိုးသမီးမှာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၉ ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ယခုနှစ် ဧပြီလက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၅၅ ရပ်ကွက်၊ လှော်ကားလမ်းရှိ စတိုးဆိုင် တစ်ဆိုင်တွင် လစာကျပ်တစ်သိန်းဖြင့် အရောင်းဝန်ထမ်းအလုပ်ကို ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

ယင်းနောက် ဇွန်လတွင် စတိုးဆိုင်မှ ဝန်ထမ်းအမျိုးသားတစ်ဦးက ၎င်းအားသားမယားအဖြစ် ပြုကျင့်ခဲ့သည်ကို ရှက်ကြောက်၍ အလုပ်ရှင်နှင့် မိဘများထံ အသိပေးတိုင်ကြားခဲ့ခြင်းမရှိဘဲ အလုပ်ဆက်လုပ်နေစဉ်ဆိုင်မှ အခြားဝန်ထမ်းအမျိုးသားတစ်ဦးက ၎င်းတို့ဖြစ်ပျက်ခဲ့သည့်ကိစ္စကို သိရှိကြောင်းနှင့် ဖေ့စ်ဘွတ်ခ်ပေါ်တင်မည်ဟု ခြောက်လှန့်ပြောဆိုပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

အဆိုပါ ဆိုင်ဝန်ထမ်း အမျိုးသားနှစ်ဦးက ၎င်းကို ဇွန်လမှ နိုဝင်ဘာလအထိ အကြိမ်ကြိမ် သားမယားအဖြစ် ပြုကျင့်ခဲ့သောကြောင့် ၎င်းမှာ ယခုတွင် ကိုယ်ဝန်သုံးလရှိနေပြီဖြစ်၍ ရဲစခန်းထံ လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း အမျိုးသမီးက ထွက်ဆိုသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မ ရဲစခန်းက မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး တိုင်ကြားခံရသည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice

No comments:

Post a Comment