Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 20, 2018

မိုဘိုင္းဖုန္းႏွင့္ ဦးေႏွာက္ ကင္ဆာ


ေဆးကုသနယ္ပယ္မွလက္ေတြ ့ျဖစ္စဥ္တစ္ခု – – –
အသက္(၄၄)ႏွစ္အရြယ္ ကုမၼဏီရံုးထိုင္အႀကီးတန္းအုပ္ခ်ဳပ္ေရးပိုင္းအမ်ိဳးသမီး၀န္ထမ္းတစ္ဦးဟာ ေခါင္းမူး၊တရိပ္ရိပ္ျဖစ္သလိုျဖစ္ျခင္းအားလြန္ခဲ့ေသာႏွစ္ကတည္းကစတင္ခံစားခဲ့ရျပီးယခုႏွစ္အတြင္းတြင္ေတာ့ ပိုမိုခပ္စိပ္စိပ္ခံစားလာရပါတယ္။ သူမအေနျဖင့္ေဆးလိပ္၊အရက္ေသစာေသာက္စားျခင္အလ်ဥ္းမရိွဘဲ လက္ကိုင္ဖုန္းႏွင့္စပ္လ်ဥ္းသည့္ျပဳမူခ်က္အခ်ိဳ ့ကိုေတာ့ ေန ့တဓူ၀လုပ္ေဆာင္ေနခဲ့ပါတယ္။ မလိုလားအပ္သည့္အဆိုးျမင္/အျငင္းပြါးမွဳမ်ားမျဖစ္ပြါးေစရန္အတြက္ဤေနရာတြင္အေသးစိတ္မေရးသားေတာ့ပါ။

လြန္ခဲ့ေသာ ၂ပါတ္ခန္ ့ကစျပီး သူမဟာ ေခါင္းမူး၊ေခါင္းမေထာင္ႏိုင္ေအာင္ကိုက္ခဲျခင္းကို ပိုမိုခံစားလာခဲ့ရျပီး လုပ္ငန္းခြင္အလုပ္တာ၀န္ကိုပင္တဒဂၤေကာင္းစြာမလုပ္ေဆာင္ႏိုင္သည္အထိ ပိုမိုျပင္းထန္လာခဲ့ေသာေႀကာင့္ ကနဦးတြင္နီးစပ္ရာေဆးခန္းတြင္ျပသခဲ့ျပီး ေဆးထိုး၊ေဆးေသာက္စသည့္ကုသမွဳကိုခံယူခဲ့ပါတယ္။

ေ၀ဒနာမွာဆက္လက္မသက္သာသျဖင့္ လြန္ခဲ့ေသာ ၃ရက္ကေဆးရံု၏အာရံုေႀကာျပင္ပလူနာဌါနတြင္စတင္ျပသခဲ့ျပီးေသာက္ေဆးမ်ားရယူခဲ့ပါတယ္။သို ့ေသာ ခံစားရသည့္ေ၀ဒနာမွာမသက္သာျပီးရံဖန္ရံခါပ်ိဳ ့အန္ျခင္းပင္စတင္ျဖစ္ေပၚလာသျဖင့္ ယမန္ေန ့ကေတာ့ မိမိတာ၀န္ယူရာေဆးရံုအေရးေပၚဌါနသို ့ လုပ္ေဖၚကိုင္ဖက္မ်ားရဲ ့ပို ့ေဆာင္ျခင္းျဖင့္ေရာက္ရိွလာခဲ့ပါတယ္။ လိုအပ္ေသာစမ္းသပ္စစ္ေဆးမွဳမ်ားျပဳလုပ္ျပီး သာမန္ေခါင္းကိုက္သည့္သ႑ာန္မဟုတ္ေႀကာင္း ခန္ ့မွန္းမိသျဖင့္ခ်က္ျခင္းပင္ ဦးေဏွာက္ CT ရိုက္ရန္စီစဥ္ကာ ၁၀မိနစ္အတြင္းႀကည့္ရွဳခဲ့ရာ ေအာက္ပါပံုအတိုင္း ဦးေဏွာက္ရဲ ့လက္၀ဲဖက္တြင္အႀကိတ္အစိုင္ခဲတခုျဖစ္ေနသည္ကိုေတြ ့ရေသာေႀကာင့္ လူနာရဲ ့မိတ္ေဆြမ်ားမွတဆင့္သူမမိသားစု၀င္မ်ားအားဆက္သြယ္ေစခဲ့ပါတယ္။
လူနာကိုလည္း စိတ္တည္ျငိမ္ေစရန္ႏွစ္သိမ့္ျပီးေနာက္ CT ရလဒ္အားေျပာျပျပီးေနာက္ ေနာက္တဆင့္အေနျဖင့္ ဦးေဏွာက္ MRI အား ၄၀မိနစ္အတြင္းလုပ္ေဆာင္ေစခဲ့ပါတယ္။ MRI ပံုရိပ္မ်ားကိုႀကည့္ရွဳျပီးေနာက္ ဦးေဏွာက္တြင္း အႀကိတ္ Tumor ျဖစ္တည္ေနသည့္အျပင္ အျခား ေနာက္ဆက္တြဲျဖစ္ေနသည္မ်ား (ေဆးပညာေတြ ့ရိွခ်က္မ်ားအား စာမရွည္ေစရန္ခ်န္လွပ္ခဲ့)ကို မိမိအေနျဖင့္ထပ္မံအတည္ျပဳႏိုင္ခဲ့ျပီး လူနာႏွင့္မိသားစု၀င္မ်ားအား စိတ္မေကာင္းစြာျဖင့္ရွင္းလင္းေျပာဆိုခဲ့ရပါတယ္။ အသက္ ၄၀ေက်ာ္အရြယ္ စီးပြါးေရး၊လုပ္ငန္းနယ္ပယ္တြင္ေကာင္းစြာအေျခက်ေနျပီးေအာင္ျမင္အရိွန္ရေနသည့္အသက္အရြယ္တြင္ ယခုလိုျဖစ္ရပ္မ်ိဳးျဖင့္ သူမရဲ ့ဘ၀ကိုထိန္းခ်ဳပ္ဟန္ ့တားလာမည္ဟု မည္သူမၽွေတြးေတာစိတ္ကူးမိမည္မဟုတ္ပါေလ – – –
ေအာက္ေဖၚျပပါအျပဳသေဘာျဖင့္ အႀကံေပးခ်က္မ်ားအား မလက္ခံႏိုင္၊အျမင္မတူ၊သံသယျဖစ္သူမ်ားအေနျဖင့္ အျငင္းမပြါးဘဲ ေက်ာ္ဖတ္သြားရန္ ေျပာဆိုလိုပါတယ္။
၁။ လက္ကိုင္ဖုန္းအား ညအိပ္ရာ၀င္ႏိွဳးစက္အျဖစ္၊ညအိပ္ခါနီးသံုးစြဲျပီးေနာက္ ခုတင္ေခါင္းရင္း/၁၂ေပအတြင္းထားရိွျခင္းအား လံုး၀ေရွာင္ႀကဥ္ပါ။
၂။ လက္ကိုင္ဖုန္းအား ေန ့စဥ္ ဖုန္းေျပာဆို၊ဖုန္းလက္ခံတိုင္း ၅မိနစ္အထက္ေျပာဆိုျခင္း (ျဖစ္ႏိုင္ရင္ လိုရင္းတိုရွင္းေျပာဆိုသင့္)ေရွာင္ႀကဥ္ပါ။ လုပ္ငန္းလိုအပ္ခ်က္အရ ႀကာျမင့္စြာေျပာဆိုရပါက ႀကိဳးဖုန္း/နားျကပ္ႀကိဳးသံုးစြဲေျပာဆိုပါ။
၃။ အျမန္ရထား၊အေ၀းေျပးကား ကဲ့သို ့ေသာ အရိွန္ျဖင့္ေရြ ့လ်ားေနေသာယာဥ္ေပၚတြင္ လက္ကိုင္ဖုန္းအားႀကာျမင့္စြာေျပာဆိုျခင္းသည္ အသံလိွဳင္းမျပတ္ေတာက္ေစရန္ ယာဥ္၊ရထားႏွင့္အတူစဥ္ဆက္မျပတ္ေျပးလိုက္ရိုက္ခတ္ေနသည့္ အသံလွိဳင္း၊အင္တာနက္ရဲ ့ရိုက္ခတ္မွဳကိုပိုမိုခံစားရမည္ကို အထူးသတိျပဳပါ။
၄။ ယာဥ္၊ရထားစီးနင္းေနစဥ္ မိမိနံေဘး၌ လက္ကိုင္ဖုန္းႀကာျမင့္စြာေျပာဆိုေနျခင္းအား ႀကံဳေတြ ့ရပါက ျဖစ္ႏိုင္လၽွင္အျခားေနရာသို ့ေရႊ ့ေျပာင္းပါ။ ေရႊ ့ေျပာင္းရန္အဆင္မေျပပါက မိမိဦးေခါင္းရဲ ့နားထင္၂ဖက္(နားရြက္အေပၚ)အား ထူထဲသည့္ပု၀ါျဖင့္အုပ္ျခင္း၊အမ်ိဳးသားမ်ားအေနျဖင့္ အဆိုပါအခ်ိန္ႀကာျမင့္စြာေျပာဆိုေနသည့္လက္ကိုင္ဖုန္းဖက္သို ့ မိမိရဲ ့ဦးေခါင္းနားထင္အား မရိွေစဘဲ နဖူးအေနအထားျဖင့္ဦးတည္လွည့္ေပးပါ။ ျဖစ္ႏိုင္လၽွင္ေ၀းႏိုင္ေအာင္သာႀကိဳးစားပါ။
*** က်မ္းမာေရးအသိရိွျခင္း, ႀကိဳတင္ကာကြယ္ျခင္း, နည္းမွန္လမ္းမွန္စနစ္တက်ေနထိုင္ျခင္းတို ့ျဖင့္မိတ္ေဆြသဂၤဟအေပါင္း နိဒုကၡာ နိဗၻယာ နိေႆာကာ ျဖစ္ႀကပါေစ။ Dr.Myo Tun

Unicode Version

ဆေးကုသနယ်ပယ်မှလက်တွေ့ဖြစ်စဉ်တစ်ခု – – –
အသက်(၄၄)နှစ်အရွယ် ကုမ္မဏီရုံးထိုင်အကြီးတန်းအုပ်ချုပ်ရေးပိုင်းအမျိုးသမီးဝန်ထမ်းတစ်ဦးဟာ ခေါင်းမူး၊တရိပ်ရိပ်ဖြစ်သလိုဖြစ်ခြင်းအားလွန်ခဲ့သောနှစ်ကတည်းကစတင်ခံစားခဲ့ရပြီးယခုနှစ်အတွင်းတွင်တော့ ပိုမိုခပ်စိပ်စိပ်ခံစားလာရပါတယ်။ သူမအနေဖြင့်ဆေးလိပ်၊အရက်သေစာသောက်စားခြင်အလျဉ်းမရှိဘဲ လက်ကိုင်ဖုန်းနှင့်စပ်လျဉ်းသည့်ပြုမူချက်အချို့ကိုတော့ နေ့တဓူဝလုပ်ဆောင်နေခဲ့ပါတယ်။ မလိုလားအပ်သည့်အဆိုးမြင်/အငြင်းပွါးမှုများမဖြစ်ပွါးစေရန်အတွက်ဤနေရာတွင်အသေးစိတ်မရေးသားတော့ပါ။
လွန်ခဲ့သော ၂ပါတ်ခန့်ကစပြီး သူမဟာ ခေါင်းမူး၊ခေါင်းမထောင်နိုင်အောင်ကိုက်ခဲခြင်းကို ပိုမိုခံစားလာခဲ့ရပြီး လုပ်ငန်းခွင်အလုပ်တာဝန်ကိုပင်တဒင်္ဂကောင်းစွာမလုပ်ဆောင်နိုင်သည်အထိ ပိုမိုပြင်းထန်လာခဲ့သောကြောင့် ကနဦးတွင်နီးစပ်ရာဆေးခန်းတွင်ပြသခဲ့ပြီး ဆေးထိုး၊ဆေးသောက်စသည့်ကုသမှုကိုခံယူခဲ့ပါတယ်။
ဝေဒနာမှာဆက်လက်မသက်သာသဖြင့် လွန်ခဲ့သော ၃ရက်ကဆေးရုံ၏အာရုံကြောပြင်ပလူနာဌါနတွင်စတင်ပြသခဲ့ပြီးသောက်ဆေးများရယူခဲ့ပါတယ်။သို့သော ခံစားရသည့်ဝေဒနာမှာမသက်သာပြီးရံဖန်ရံခါပျို့အန်ခြင်းပင်စတင်ဖြစ်ပေါ်လာသဖြင့် ယမန်နေ့ကတော့ မိမိတာဝန်ယူရာဆေးရုံအရေးပေါ်ဌါနသို့ လုပ်ဖေါ်ကိုင်ဖက်များရဲ့ပို့ဆောင်ခြင်းဖြင့်ရောက်ရှိလာခဲ့ပါတယ်။ လိုအပ်သောစမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီး သာမန်ခေါင်းကိုက်သည့်သဏ္ဍာန်မဟုတ်ကြောင်း ခန့်မှန်းမိသဖြင့်ချက်ခြင်းပင် ဦးဏှောက် CT ရိုက်ရန်စီစဉ်ကာ ၁၀မိနစ်အတွင်းကြည့်ရှုခဲ့ရာ အောက်ပါပုံအတိုင်း ဦးဏှောက်ရဲ့လက်ဝဲဖက်တွင်အကြိတ်အစိုင်ခဲတခုဖြစ်နေသည်ကိုတွေ့ရသောကြောင့် လူနာရဲ့မိတ်ဆွေများမှတဆင့်သူမမိသားစုဝင်များအားဆက်သွယ်စေခဲ့ပါတယ်။
လူနာကိုလည်း စိတ်တည်ငြိမ်စေရန်နှစ်သိမ့်ပြီးနောက် CT ရလဒ်အားပြောပြပြီးနောက် နောက်တဆင့်အနေဖြင့် ဦးဏှောက် MRI အား ၄၀မိနစ်အတွင်းလုပ်ဆောင်စေခဲ့ပါတယ်။ MRI ပုံရိပ်များကိုကြည့်ရှုပြီးနောက် ဦးဏှောက်တွင်း အကြိတ် Tumor ဖြစ်တည်နေသည့်အပြင် အခြား နောက်ဆက်တွဲဖြစ်နေသည်များ (ဆေးပညာတွေ့ရှိချက်များအား စာမရှည်စေရန်ချန်လှပ်ခဲ့)ကို မိမိအနေဖြင့်ထပ်မံအတည်ပြုနိုင်ခဲ့ပြီး လူနာနှင့်မိသားစုဝင်များအား စိတ်မကောင်းစွာဖြင့်ရှင်းလင်းပြောဆိုခဲ့ရပါတယ်။ အသက် ၄၀ကျော်အရွယ် စီးပွါးရေး၊လုပ်ငန်းနယ်ပယ်တွင်ကောင်းစွာအခြေကျနေပြီးအောင်မြင်အရှိန်ရနေသည့်အသက်အရွယ်တွင် ယခုလိုဖြစ်ရပ်မျိုးဖြင့် သူမရဲ့ဘဝကိုထိန်းချုပ်ဟန့်တားလာမည်ဟု မည်သူမျှတွေးတောစိတ်ကူးမိမည်မဟုတ်ပါလေ – – –
အောက်ဖေါ်ပြပါအပြုသဘောဖြင့် အကြံပေးချက်များအား မလက်ခံနိုင်၊အမြင်မတူ၊သံသယဖြစ်သူများအနေဖြင့် အငြင်းမပွါးဘဲ ကျော်ဖတ်သွားရန် ပြောဆိုလိုပါတယ်။
၁။ လက်ကိုင်ဖုန်းအား ညအိပ်ရာဝင်နှိုးစက်အဖြစ်၊ညအိပ်ခါနီးသုံးစွဲပြီးနောက် ခုတင်ခေါင်းရင်း/၁၂ပေအတွင်းထားရှိခြင်းအား လုံးဝရှောင်ကြဉ်ပါ။
၂။ လက်ကိုင်ဖုန်းအား နေ့စဉ် ဖုန်းပြောဆို၊ဖုန်းလက်ခံတိုင်း ၅မိနစ်အထက်ပြောဆိုခြင်း (ဖြစ်နိုင်ရင် လိုရင်းတိုရှင်းပြောဆိုသင့်)ရှောင်ကြဉ်ပါ။ လုပ်ငန်းလိုအပ်ချက်အရ ကြာမြင့်စွာပြောဆိုရပါက ကြိုးဖုန်း/နားကြပ်ကြိုးသုံးစွဲပြောဆိုပါ။
၃။ အမြန်ရထား၊အဝေးပြေးကား ကဲ့သို့သော အရှိန်ဖြင့်ရွေ့လျားနေသောယာဉ်ပေါ်တွင် လက်ကိုင်ဖုန်းအားကြာမြင့်စွာပြောဆိုခြင်းသည် အသံလှိုင်းမပြတ်တောက်စေရန် ယာဉ်၊ရထားနှင့်အတူစဉ်ဆက်မပြတ်ပြေးလိုက်ရိုက်ခတ်နေသည့် အသံလှိုင်း၊အင်တာနက်ရဲ့ရိုက်ခတ်မှုကိုပိုမိုခံစားရမည်ကို အထူးသတိပြုပါ။
၄။ ယာဉ်၊ရထားစီးနင်းနေစဉ် မိမိနံဘေး၌ လက်ကိုင်ဖုန်းကြာမြင့်စွာပြောဆိုနေခြင်းအား ကြုံတွေ့ရပါက ဖြစ်နိုင်လျှင်အခြားနေရာသို့ရွှေ့ပြောင်းပါ။ ရွှေ့ပြောင်းရန်အဆင်မပြေပါက မိမိဦးခေါင်းရဲ့နားထင်၂ဖက်(နားရွက်အပေါ်)အား ထူထဲသည့်ပုဝါဖြင့်အုပ်ခြင်း၊အမျိုးသားများအနေဖြင့် အဆိုပါအချိန်ကြာမြင့်စွာပြောဆိုနေသည့်လက်ကိုင်ဖုန်းဖက်သို့ မိမိရဲ့ဦးခေါင်းနားထင်အား မရှိစေဘဲ နဖူးအနေအထားဖြင့်ဦးတည်လှည့်ပေးပါ။ ဖြစ်နိုင်လျှင်ဝေးနိုင်အောင်သာကြိုးစားပါ။
*** ကျမ်းမာရေးအသိရှိခြင်း, ကြိုတင်ကာကွယ်ခြင်း, နည်းမှန်လမ်းမှန်စနစ်တကျနေထိုင်ခြင်းတို့ဖြင့်မိတ်ဆွေသင်္ဂဟအပေါင်း နိဒုက္ခာ နိဗ္ဘယာ နိေဿာကာ ဖြစ်ကြပါစေ။
Dr.Myo Tun

No comments:

Post a Comment