Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 20, 2018

(၂၀၁၉)ခုႏွစ္အတြက္ ရာသီခြင္အလုိက္ ကံၾကမၼာအက်ိဳးအေၾကာင္း ေဟာစာတမ္း


(၁) Aries (မိႆ)ရာသီဖြားမ်ား

မတ္လ (၂၁)မွ ဧၿပီ (၂၀)အတြင္း ေမြးဖြားသူေတြဟာ မိႆရာသီဖြားေတြလုိ႔ ေျပာလုိ႔ရပါတယ္။ ႏွစ္သစ္မွာေတာ့ မိႆရာသီဖြားေတြအတြက္ ႏွစ္ေဟာင္းက အဆင္မေျပခဲ့တဲ့ အေၾကာင္းအရာေတြ အဆင္ေျပဖုိ႔ရွိၿပီး၊ ယခုႏွစ္မွာ အဆင္ေျပသေလာက္ စိန္ေခၚမႈေတြ မ်ားစြာ ရင္ဆုိင္ရနုိင္ပါတယ္။ မိသားစုေရး အနည္းငယ္ အၾကပ္အတည္း ျဖစ္တတ္ၿပီး၊ အခ်စ္ေရးေကာင္း၊ ပညာေရးေကာင္းပါတယ္။

ေလာဘတႀကီး ရင္းနီးျမႇုဳပ္ႏွံမႈေတြေၾကာင့္ လူရင္းေတြရဲ႕ လိမ္လည္မႈေတြလည္း ခံရႏုိင္ပါတယ္။ အခ်စ္ေရးမွာ ၾကားဝင္ေႏွာက္ယွက္ေနသူေတြ ရွိတတ္ေသာ္လည္း သိပ္ၿပီး စုိးရိမ္စရာေတာ့ မရွိပါဘူး။ အိမ္ေထာင္ရွင္ေတြအဖုိ႔ေတာ့ သားသမီးရတနာ ထြန္းကားမယ့္ ႏွစ္ပါ။ ႏုိင္ငံျခားခရီး သြားရဖုိ႔ေတာ့ မရွိပါဘူး။

( ၂ ) Taurus (ၿပိႆ)ရာသီဖြားမ်ား

ဧၿပီ (၂၀)မွ ေမ (၂၁)အတြင္း ေမြးဖြားခဲ့ၾကသူေတြကုိေတာ့ ၿပိႆရာစီဖြားေတြလုိ႔ ေခၚပါတယ္။ ယခုႏွစ္မွာေတာ့ ေဆြမ်ိဳးသားခ်င္းအၾကားၾကား အေမြနဲ႔ပတ္သက္တာပဲျဖစ္ျဖစ္၊ တစ္ျခားစီးပြားေရးနဲ႔ပတ္သက္တာပဲျဖစ္ျဖစ္ အျငင္းပြား အမုန္းပြားရတတ္ပါတယ္။ အိမ္ေထာင္သည္ေတြ အထူးေကာင္းမြန္မယ့္ ႏွစ္ျဖစ္ပါတယ္။

(၂၀၁၉)ခုႏွစ္ဟာ ၿပိႆရာသီဖြားေတြအတြက္ စီးပြားေရးနဲ႔ လုပ္ငန္းကိုင္ငန္းေတြ အဆင္ေျပေစမယ့္ႏွစ္ ျဖစ္ေသာ္လည္း အစုအစပ္နဲ႔ လုပ္ရတဲ့ လုပ္ငန္းမ်ိဳးကို ေငြမလြန္၊ ကတိမလြန္ခင္ ဆင္ျခင္ဖုိ႔ လုိပါတယ္။ ေဝးကြာေနၿပီျဖစ္တဲ့ သူငယ္ခ်င္းေဆြမ်ိဳးမ်ားနဲ႔ ထင္မွတ္မထားဘဲ ျပန္ဆုံႏုိင္ၿပီး၊ လူပ်ိဳႀကီး အပ်ိဳႀကီးတုိ႔ ကံေပၚႏုိင္မယ့္ ႏွစ္ပါ။

( ၃ ) Gemini (ေမထုန္)ရာသီဖြား

ေမလ (၂၁)မွ ဇြန္လ (၂၀)အတြင္း ေမြးခဲ့ၾကသူေတြကို ေမထုန္ရာသီဖြားေတြလုိ႔ ေခၚပါတယ္။ (၂၀၁၈)ခုႏွစ္ကေတာ့ ေမထုန္ရာသီဖြားေတြ ေရႊထီးေဆာင္းခဲ့တဲ့ ႏွစ္ျဖစ္ၿပီး၊ ဒီႏွစ္မွာလည္း အခက္အခဲမရွိစြာနဲ႔ ႏွစ္တစ္ခုကို ျဖတ္သန္းႏုိင္မွာပါ။ ႐ႈပ္ေထြးနက္နဲတဲ့ ပုိင္ဆုိင္မႈကိစၥ၊ စာခ်ဳပ္စာတန္းကိစၥ ျဖစ္တတ္လုိ႔ ႀကိဳေရွာင္ဖုိ႔ ေျပာခ်င္ပါတယ္။

က်န္းမာေရးကေတာ့ နည္းနည္းေလး ဂ႐ုစုိက္ရမယ့္ ႏွစ္ျဖစ္ၿပီး၊ အဆုပ္၊ လည္ပင္း၊ အာ႐ုံေၾကာ ဂ႐ုစိုက္ရမယ့္ ႏွစ္လုိ႔ ဆုိခ်င္ပါတယ္။ လုပ္တုိင္းေအာင္ျမင္ေနတဲ့ စီးပြားေရးေၾကာင့္ အလွမ္းလည္း သိပ္မက်ယ္ဖုိ႔ ေျပာခ်င္ပါတယ္။ အခ်စ္ေရးမွာေတာ့ အခုႏွစ္က ေမထုန္ရာသီဖြားတုိ႔အတြက္ လုိက္ေလေျပးေလး၊ ရပ္ေလ ေဝးေလ ျဖစ္တတ္လုိ႔ ခဏ ေစာင့္ၾကပါဦး။

(၄) Cancer (ကရကဋ္)ရာသီဖြားမ်ား

ဇြန္လ (၂၁)မွ ဇူလုိင္ (၂၀)အတြင္း ေမြးဖြားၾကတဲ့ ရာသီဖြားေတြကို ကရကဋ္ရာသီဖြားေတြလုိ႔ ေခၚပါတယ္။ ယခုႏွစ္မွာေတာ့ စီးပြားေရးရာ ကိစၥေတြမွာ ဖိအားေတြ၊ စိတ္ပ်က္အားငယ္စရာေတြ ႀကဳံရႏုိင္တာမုိ႔ ေရာင္းမွား၊ ဝယ္မွား မျဖစ္ရေအာင္ သတိနဲ႔ ႀကိဳတင္ဆင္ျခင္ၾကဖုိ႔ သတိေပးလုိပါတယ္။ သတိမမူမိမွာ စုိးလုိ႔ပါ။

ပညာေရး အိမ္ေထာင္ေရးကေတာ့ အထူးေကာင္းမြန္ႏုိင္ၿပီး၊ ေယဘုယ်အားျဖင့္ေတာ့ ယခုႏွစ္မွာ ဒီရာသီဖြားေတြ သက္ဆုိင္ရာနယ္ပယ္အသီးသီးမွာ ထင္ေပၚေက်ာ္ၾကားမယ့္ အခ်ိန္ျဖစ္ပါတယ္။ အခ်စ္ေရးမွာေတာ့ မိမိသေဘာက်ႏွစ္ၿခိဳက္သူရဲ႕ ေမတၱာကို ျပန္ရဖုိ႔ရွိၿပီး၊ ဦးေခါင္းနဲ႔ မ်က္စိက်န္းမာေရး အထူးဂ႐ုစုိက္ပါ။

( ၅ ) Leo (သိဟ္) ရာသီဖြားမ်ား

ၿပီးခဲ့တဲ့ႏွစ္က မေျပလည္ခဲ့သေလာက္ ဒီႏွစ္ကေတာ့ သိဟ္ရာသီဖြားတုိ႔ အလွည့္ျဖစ္လာမွာပါ။ အခုႏွစ္ကေတာ့ လုပ္တုိင္းေအာင္ျမင္၊ တူးတုိင္းေရႊထြက္၊ စုိက္တုိင္း သီးမယ့္ အခ်ိန္ပါဘဲ။ ဘယ္နယ္ပယ္မွာပဲျဖစ္ျဖစ္၊ လုံ႔လ၊ ဝီရိယရဲ႕အက်ိဳးကို ေကာင္းေကာင္း ခံစားရမွာပါ။ သတိထားရမွာက သင္က ဝန္ထမ္းဆုိရင္ အထက္လူႀကီးနဲ႔ သင့္အၾကား အတုိ႔အေထာင္ေတြ ရွိတတ္ပါတယ္။

စီးပြားေရးမွာေတာ့ အေရာင္းအဝယ္၊ အထည္အလိပ္၊ ရတနာ၊ ရင္းနီးျမႇုပ္ႏွံမႈ အက်ိဳးေပးႏုိင္ပါတယ္။ သူမ်ားေတြရဲ႕ စာခ်ဳပ္စာတမ္းေတြကို အာမခံသေဘာမ်ိဳး လက္မွတ္ထုိးေပးတာမ်ိဳး ေရွာင္ေစခ်င္ပါတယ္။ လက္မွတ္မထုိးရေသးတဲ့ အပ်ိဳႀကီး လူပ်ိဳႀကီးေတြ လက္မွတ္ထုိးရမယ့္ႏွစ္ပါ။ အိမ္ေထာင္ေရး အဆင္ေျပမယ့္ ႏွစ္ပါ။

( ၆ ) Virgo (ကန္)ရာသီဖြားမ်ား

ကန္ရာသီဖြားေတြကေတာ့ ၾသဂုတ္ (၂၂)နဲ႔ စက္တင္ဘာ (၂၂)အတြင္း ေမြးဖြားသူေတြကို ေခၚပါတယ္။ ကန္ရာသီဖြားေတြရဲ႕ ထုံးစံအတုိင္း ဘုနဲ႔ေဘာက္ ေျပာတတ္တာဟာ အၿမဲတမ္း ေကာင္းႏုိင္တဲ့ လကၡဏာမဟုတ္ပါဘူး။ ဒီလုိပဲ ဘာလုပ္လုပ္ ဘယ္ေလာက္ပဲ ေအာင္ျမင္ေအာင္ျမင္ အလုိမက်တတ္တဲ့ စိတ္ကုိ ေရာင့္ရဲဖုိ႔ ႀကိဳစားရမွာပါ။

အေျခခံအားျဖင့္ေတာ့ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေကာင္းေသာ္လည္း အိမ္ေထာင္ေရးမွာေတာ့ အနည္းငယ္ အဖုအပိမ့္ေတြ ရွိတတ္ပါတယ္။ အခ်စ္ေရးမွာလည္း အလားတူပဲ ကုိယ္ခ်စ္တဲ့သူက ကိုယ့္ကို မခ်စ္၊ ကိုယ္မခ်စ္တဲ့သူက ကိုယ့္ကုိ ခ်စ္ေနတာမ်ိဳး က်ဥ္းထဲၾကပ္ထဲ ႀကဳံရတတ္ပါတယ္။ အေမြ၊ ထီ ကံထူးႏုိင္မယ့္ႏွစ္ပါ။

( ၇ ) Libra (တူ)ရာသီဖြားမ်ား

စက္တင္ဘာ (၂၃)နဲ႔ ေအာက္တုိဘာ (၂၂)အတြင္း ေမြးၾကသူေတြကုိ တူရာသီဖြားေတြလုိ႔ ေခၚပါတယ္။ ယခုႏွစ္မွာေတာ့ တူရာသီဖြားေတြ ေအးေဆး ဒူးပုတ္ၿပီး ေနရမယ့္ ႏွစ္လုိ႔ ေျပာလုိ႔ရပါတယ္။ စီးပြားေရးနဲ႔၊ ပညာေရးနယ္ပယ္ပုိင္းမွာ ၿပိဳင္ဆုိင္မႈမ်ားသေလာက္ ထြန္းေပါက္ အက်ိဳးေပးမယ့္ ႏွစ္ပါ။

ယခုႏွစ္မွာ ေငြအစုလုိက္အၿပဳံလုိက္ ဝင္တာမ်ိဳး၊ ႀကီးမားတဲ့ ကံစမ္းမဲဆုႀကီးေတြ ေပါက္တာမ်ိဳးကို တူရာသီဖြားမ်ားအဖုိ႔ မၾကာခဏ ႀကဳံမယ့္ႏွစ္ပါ။ အိမ္ေထာင္ေရး ေကာင္းမြန္ၿပီး၊ အခ်စ္ေရးကေတာ့ အသင့္အတင့္လုိ႔ ေျပာရပါမယ္။ ႏုိင္ငံျခားခရီးစဥ္ေတြလည္း သြားရဖုိ႔ရွိၿပီး ဗီဇာသာ လုပ္ထားၾကေပေတာ့။

( ၈ ) Scorpius (ၿဗိစာၦ)ရာသီဖြားမ်ား

ေအာက္တုိဘာ (၂၃)နဲ႔ ႏုိဝင္ဘာ (၂၂)အတြင္း ေမြးဖြားသူေတြဟာ ၿဗိစာၦရာသီဖြားေတြျဖစ္ပါတယ္။ ယမန္ႏွစ္တုန္းကေတာ့ အခ်စ္ေရးအခ်စ္ရာပိုင္းမွာ စိတ္တုိင္းမက်ခဲ့ေပမယ့္ ဒီႏွစ္ေတာ့ သင့္အလုိက် ျဖစ္လာပါလိမ့္မယ္။ ဒီႏွစ္မွာ ၿဗိစာၦေတြဟာ စန္းလာဘ္ပကာ ပြင့္ဖုိ႔ရွိၿပီး၊ အခ်စ္ေရးမွာ ကံထပါလိမ့္မယ္။

ပညာေရးကေတာ့ နည္းနည္း အညံ့ဘက္ကုိ ေရာက္ေနလုိ႔ ႀကိဳးစားမႈေတြ မေလွ်ာ့ၾကပါနဲ႔။ ထင္ေပၚေက်ာ္ၾကားႏုိင္မယ့္ ကာလအပိုင္းအျခားကုိလည္း ဒီႏွစ္မွာ ေရာက္လာႏုိင္ပါတယ္။ အႏုပညာအလုပ္ေတြ၊ စီပြားေရးမွာေတာ့ အထည္အလိပ္နဲ႔ စားေသာက္ကုန္လုပ္ငန္းေတြ အဆင္ေျပမွာပါ။ ေငြတုိးဆုိ ေခ်းလည္းမေခ်း၊ ငွားလည္းမငွားပါနဲ႔။ ဒုကၡေရာက္တတ္ပါတယ္။

( ၉ ) Sagittarius (ဓႏု)ရာသီဖြားမ်ား

ႏိုဝင္ဘာ(၂၃) ဒီဇင္ဘာ (၂၀) အေတာအတြင္းမွာ ေမြးဖြားခဲ့ၾကသူမ်ားကို ဓႏုရာသီဖြားေတြလုိ႔ ေခၚပါတယ္။ ယခုႏွစ္မွာေတာ့ ဓႏုရာသီဖြားေတြဟာ မရႏုိင္ဘူးထင္ထားတဲ့ ေငြေရးေၾကးေရး အေၾကြးေတြ ျပန္ရတတ္ၿပီး၊ ေပ်ာက္ဆုံးေနတဲ့ အဖုိးတန္ပစၥည္းေတြလည္း ျပန္ရတတ္ပါတယ္။ ေဆြေတြမ်ိဳးေတြရဲ႕ အကူအညီေတြေၾကာင့္ ေကာင္းစားတက္ပါတယ္။

ဒါေပမယ့္ လင္မယားၾကား၊ ခ်စ္သူၾကား ဝင္ပါတာမိ်ဳးေတြ ေရွာင္ပါ။ အမုန္းပြားတတ္ပါတယ္။ အခ်စ္ေရးလည္း အသင့္အတင့္ ေကာင္းမြန္ၿပီး၊ ရပ္ေဝးေျမျခားက ငယ္ခ်စ္ေဟာင္းနဲ႔ေတာင္ ျပန္ဆုံရႏုိင္ေခ် ရွိပါတယ္။ အေသာက္အစားအေပ်ာ္အပါးကုိ ေရွာင္ပါ။ ဆင့္ပြားေရာဂါေတြကုိ သတိထားရပါမယ္။ ေငြဝင္ၾကမ္းသေလာက္ ေငြသုံးဆင္ျခင္ပါ။

( ၁၀ ) Capricorn (မကာရ)ရာသီဖြားမ်ား

ဒီဇင္ဘာ (၂၁)နဲ႔ ဇန္နဝါရီလ (၁၉)ရက္အတြင္းမွာ ေမြးဖြားသူေတြဟာ မကာရရာသီဖြားေတြျဖစ္ပါတယ္။ ယခုႏွစ္မွာေတာ့  ကုိယ္ပုိင္စီးပြားေရးလုပ္ငန္းရွင္ေတြ အျမတ္အစြန္းမ်ားမ်ားနဲ႔ ေအာင္ျမင္မႈရမယ့္ ႏွစ္ပါ။ သားသမီးရတနာလည္း ထြန္းကားတတ္ၿပီး၊ အိမ္ေထာင္ဘက္နဲ႔ သင့္ၾကားမွာေတာ့ မလိုသူေတြ ဝင္႐ႈပ္ေနလုိ႔ အထင္အျမင္ လြဲရတာမ်ိဳးေတြ ရွိတတ္ပါတယ္။

ျပည္ပအလုပ္အကိုင္ အခြင့္အလမ္းေတြ ပြင့္လာႏုိင္ၿပီး၊ ရာထူးတုိး၊ ဝင္ေငြတုိးကိန္းေတြရွိပါတယ္။ အစုအစပ္လုပ္ငန္းေတြလည္း အက်ိဳးေပးႏုိင္ၿပီးပါတယ္။ ေအာင္ျမင္သေလာက္ လူမႈေရးဘက္မွာလည္း မနာလုိသူေတြ အတုိက္အခုိက္ေတြ မ်ားႏုိင္ပါတယ္။ ဖိအားဒဏ္ကို ရင္ဆုိင္နုိင္ပါေစ။

( ၁၁ ) Aquarius (ကုံ)ရာသီဖြားမ်ား

ဇန္နဝါရီ (၂၀)နဲ႔ ေဖေဖာ္ဝါရီ (၁၈)အတြင္းမွာ ေမြးဖြားတဲ့သူေတြကို ကုံရာသီဖြားေတြလုိ႔ သတ္မွတ္ပါတယ္။ ယမန္ႏွစ္က အခ်စ္ေရး ဇေဝဇဝါျဖစ္ခဲ့တဲ့ ကုံရာသီဖြားေတြအတြက္ေတာ့ ယခုႏွစ္က အိမ္ေထာင္ဖက္၊ ၾကင္ယာဖက္ ရဖုိ႔ရွိပါတယ္။ ျပည္ပအလုပ္အကုိင္နဲ႔ အက်ိဳးေပးမယ့္ႏွစ္ ျဖစ္ၿပီး၊ ရင္းနီးျမႇဳပ္ႏွံမယ္ဆုိရင္ေတာ့ မကၽြမ္းက်င္တဲ့လုပ္ငန္းေတြဆုိ ေရွာင္ပါ။

ေဆြမကင္း မ်ိဳးမကင္းသူေတြက ေငြေရးေၾကးေရး အကူအညီေတာင္းခံလာတာမ်ိဳးဆုိရင္ မိမိအသိဉာဏ္နဲ႔ ဆင္ျခင္ၿပီး ေပးသင့္မေပးသင့္ကို ခ်င့္ခ်ိန္ပါ။ ေရာင္းမွားဝယ္မွား သတိထားရမယ့္ ႏွစ္ျဖစ္ပါတယ္။ ကုန္ေရာင္းကုန္ဝယ္လုပ္ငန္းနဲ႔ ဆန္စပါးအစရွိတဲ့ လုပ္ငန္းလုပ္ကိုင္သူေတြ အက်ိဳးေပးမွာပါ။

( ၁၂ ) Pisces (မိန္)ရာသီဖြားမ်ား

ေဖေဖာ္ဝါရီ (၁၉)နဲ႔ မတ္လ (၂၀)အတြင္းမွာ ေမြးဖြားၾကတဲ့သူေတြကို Pisces (မိန္ရာသီဖြား)ေတြလုိ႔ ေခၚပါတယ္။ ယခုႏွစ္မွာေတာ့ မိန္ရာသီဖြားေတြအတြက္ ပညာေရး၊ အခ်စ္ေရး အက်ိဳးေပးမယ့္ႏွစ္ျဖစ္ၿပီး၊ လုပ္ငန္းပုိင္း ၿပိဳင္ဆုိင္မႈေတြ ျပင္းထန္လြန္းလုိ႔ အေကာက္ႀကံတာမ်ိဳးေတြ ခံရတတ္ပါတယ္။

စီးပြားေရးမွာ ၿပိဳင္ဘက္ေတြမ်ားေပမယ့္ လုပ္သေလာက္၊ အက်ိဳးျဖစ္ထြန္း လက္မေထာင္ႏုိင္မယ့္ ႏွစ္ျဖစ္ပါတယ္။ အခ်စ္ေရးမွာေတာ့ ေျပာတုိင္းယုံ၊ ေလွ်ာက္တုိင္းေပါက္ ျဖစ္ေနၿပီး၊ ခ်စ္သူအိမ္ေထာင္ဘက္ မရွိေသးသူမ်ား၊ လုိက္ဖက္မယ့္ ခ်စ္သူတစ္ေယာက္ ရရွိမွာပါ။ အိမ္ေထာင္ရွင္ေတြအေနနဲ႔လည္း အခ်စ္ေရး၊ စီးပြားေရး ေျပလည္မယ့္ႏွစ္ပါ။

source : internet
လင္းသုတ (MyanmarNote)

# Unicode Version ျဖင့္ ဖတ္ပါ #

(၁) Aries (မိဿ)ရာသီဖွားများ

မတ်လ (၂၁)မှ ဧပြီ (၂၀)အတွင်း မွေးဖွားသူတွေဟာ မိဿရာသီဖွားတွေလို့ ပြောလို့ရပါတယ်။ နှစ်သစ်မှာတော့ မိဿရာသီဖွားတွေအတွက် နှစ်ဟောင်းက အဆင်မပြေခဲ့တဲ့ အကြောင်းအရာတွေ အဆင်ပြေဖို့ရှိပြီး၊ ယခုနှစ်မှာ အဆင်ပြေသလောက် စိန်ခေါ်မှုတွေ များစွာ ရင်ဆိုင်ရနိုင်ပါတယ်။ မိသားစုရေး အနည်းငယ် အကြပ်အတည်း ဖြစ်တတ်ပြီး၊ အချစ်ရေးကောင်း၊ ပညာရေးကောင်းပါတယ်။

လောဘတကြီး ရင်းနီးမြှုုပ်နှံမှုတွေကြောင့် လူရင်းတွေရဲ့ လိမ်လည်မှုတွေလည်း ခံရနိုင်ပါတယ်။ အချစ်ရေးမှာ ကြားဝင်နှောက်ယှက်နေသူတွေ ရှိတတ်သော်လည်း သိပ်ပြီး စိုးရိမ်စရာတော့ မရှိပါဘူး။ အိမ်ထောင်ရှင်တွေအဖို့တော့ သားသမီးရတနာ ထွန်းကားမယ့် နှစ်ပါ။ နိုင်ငံခြားခရီး သွားရဖို့တော့ မရှိပါဘူး။

( ၂ ) Taurus (ပြိဿ)ရာသီဖွားများ

ဧပြီ (၂၀)မှ မေ (၂၁)အတွင်း မွေးဖွားခဲ့ကြသူတွေကိုတော့ ပြိဿရာစီဖွားတွေလို့ ခေါ်ပါတယ်။ ယခုနှစ်မှာတော့ ဆွေမျိုးသားချင်းအကြားကြား အမွေနဲ့ပတ်သက်တာပဲဖြစ်ဖြစ်၊ တစ်ခြားစီးပွားရေးနဲ့ပတ်သက်တာပဲဖြစ်ဖြစ် အငြင်းပွား အမုန်းပွားရတတ်ပါတယ်။ အိမ်ထောင်သည်တွေ အထူးကောင်းမွန်မယ့် နှစ်ဖြစ်ပါတယ်။

(၂၀၁၉)ခုနှစ်ဟာ ပြိဿရာသီဖွားတွေအတွက် စီးပွားရေးနဲ့ လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေစေမယ့်နှစ် ဖြစ်သော်လည်း အစုအစပ်နဲ့ လုပ်ရတဲ့ လုပ်ငန်းမျိုးကို ငွေမလွန်၊ ကတိမလွန်ခင် ဆင်ခြင်ဖို့ လိုပါတယ်။ ဝေးကွာနေပြီဖြစ်တဲ့ သူငယ်ချင်းဆွေမျိုးများနဲ့ ထင်မှတ်မထားဘဲ ပြန်ဆုံနိုင်ပြီး၊ လူပျိုကြီး အပျိုကြီးတို့ ကံပေါ်နိုင်မယ့် နှစ်ပါ။

( ၃ ) Gemini (မေထုန်)ရာသီဖွား

မေလ (၂၁)မှ ဇွန်လ (၂၀)အတွင်း မွေးခဲ့ကြသူတွေကို မေထုန်ရာသီဖွားတွေလို့ ခေါ်ပါတယ်။ (၂၀၁၈)ခုနှစ်ကတော့ မေထုန်ရာသီဖွားတွေ ရွှေထီးဆောင်းခဲ့တဲ့ နှစ်ဖြစ်ပြီး၊ ဒီနှစ်မှာလည်း အခက်အခဲမရှိစွာနဲ့ နှစ်တစ်ခုကို ဖြတ်သန်းနိုင်မှာပါ။ ရှုပ်ထွေးနက်နဲတဲ့ ပိုင်ဆိုင်မှုကိစ္စ၊ စာချုပ်စာတန်းကိစ္စ ဖြစ်တတ်လို့ ကြိုရှောင်ဖို့ ပြောချင်ပါတယ်။

ကျန်းမာရေးကတော့ နည်းနည်းလေး ဂရုစိုက်ရမယ့် နှစ်ဖြစ်ပြီး၊ အဆုပ်၊ လည်ပင်း၊ အာရုံကြော ဂရုစိုက်ရမယ့် နှစ်လို့ ဆိုချင်ပါတယ်။ လုပ်တိုင်းအောင်မြင်နေတဲ့ စီးပွားရေးကြောင့် အလှမ်းလည်း သိပ်မကျယ်ဖို့ ပြောချင်ပါတယ်။ အချစ်ရေးမှာတော့ အခုနှစ်က မေထုန်ရာသီဖွားတို့အတွက် လိုက်လေပြေးလေး၊ ရပ်လေ ဝေးလေ ဖြစ်တတ်လို့ ခဏ စောင့်ကြပါဦး။

(၄) Cancer (ကရကဋ်)ရာသီဖွားများ

ဇွန်လ (၂၁)မှ ဇူလိုင် (၂၀)အတွင်း မွေးဖွားကြတဲ့ ရာသီဖွားတွေကို ကရကဋ်ရာသီဖွားတွေလို့ ခေါ်ပါတယ်။ ယခုနှစ်မှာတော့ စီးပွားရေးရာ ကိစ္စတွေမှာ ဖိအားတွေ၊ စိတ်ပျက်အားငယ်စရာတွေ ကြုံရနိုင်တာမို့ ရောင်းမှား၊ ဝယ်မှား မဖြစ်ရအောင် သတိနဲ့ ကြိုတင်ဆင်ခြင်ကြဖို့ သတိပေးလိုပါတယ်။ သတိမမူမိမှာ စိုးလို့ပါ။

ပညာရေး အိမ်ထောင်ရေးကတော့ အထူးကောင်းမွန်နိုင်ပြီး၊ ယေဘုယျအားဖြင့်တော့ ယခုနှစ်မှာ ဒီရာသီဖွားတွေ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ ထင်ပေါ်ကျော်ကြားမယ့် အချိန်ဖြစ်ပါတယ်။ အချစ်ရေးမှာတော့ မိမိသဘောကျနှစ်ခြိုက်သူရဲ့ မေတ္တာကို ပြန်ရဖို့ရှိပြီး၊ ဦးခေါင်းနဲ့ မျက်စိကျန်းမာရေး အထူးဂရုစိုက်ပါ။

( ၅ ) Leo (သိဟ်) ရာသီဖွားများ

ပြီးခဲ့တဲ့နှစ်က မပြေလည်ခဲ့သလောက် ဒီနှစ်ကတော့ သိဟ်ရာသီဖွားတို့ အလှည့်ဖြစ်လာမှာပါ။ အခုနှစ်ကတော့ လုပ်တိုင်းအောင်မြင်၊ တူးတိုင်းရွှေထွက်၊ စိုက်တိုင်း သီးမယ့် အချိန်ပါဘဲ။ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ်၊ လုံ့လ၊ ဝီရိယရဲ့အကျိုးကို ကောင်းကောင်း ခံစားရမှာပါ။ သတိထားရမှာက သင်က ဝန်ထမ်းဆိုရင် အထက်လူကြီးနဲ့ သင့်အကြား အတို့အထောင်တွေ ရှိတတ်ပါတယ်။

စီးပွားရေးမှာတော့ အရောင်းအဝယ်၊ အထည်အလိပ်၊ ရတနာ၊ ရင်းနီးမြှုပ်နှံမှု အကျိုးပေးနိုင်ပါတယ်။ သူများတွေရဲ့ စာချုပ်စာတမ်းတွေကို အာမခံသဘောမျိုး လက်မှတ်ထိုးပေးတာမျိုး ရှောင်စေချင်ပါတယ်။ လက်မှတ်မထိုးရသေးတဲ့ အပျိုကြီး လူပျိုကြီးတွေ လက်မှတ်ထိုးရမယ့်နှစ်ပါ။ အိမ်ထောင်ရေး အဆင်ပြေမယ့် နှစ်ပါ။

( ၆ ) Virgo (ကန်)ရာသီဖွားများ

ကန်ရာသီဖွားတွေကတော့ သြဂုတ် (၂၂)နဲ့ စက်တင်ဘာ (၂၂)အတွင်း မွေးဖွားသူတွေကို ခေါ်ပါတယ်။ ကန်ရာသီဖွားတွေရဲ့ ထုံးစံအတိုင်း ဘုနဲ့ဘောက် ပြောတတ်တာဟာ အမြဲတမ်း ကောင်းနိုင်တဲ့ လက္ခဏာမဟုတ်ပါဘူး။ ဒီလိုပဲ ဘာလုပ်လုပ် ဘယ်လောက်ပဲ အောင်မြင်အောင်မြင် အလိုမကျတတ်တဲ့ စိတ်ကို ရောင့်ရဲဖို့ ကြိုစားရမှာပါ။

အခြေခံအားဖြင့်တော့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကောင်းသော်လည်း အိမ်ထောင်ရေးမှာတော့ အနည်းငယ် အဖုအပိမ့်တွေ ရှိတတ်ပါတယ်။ အချစ်ရေးမှာလည်း အလားတူပဲ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို မချစ်၊ ကိုယ်မချစ်တဲ့သူက ကိုယ့်ကို ချစ်နေတာမျိုး ကျဉ်းထဲကြပ်ထဲ ကြုံရတတ်ပါတယ်။ အမွေ၊ ထီ ကံထူးနိုင်မယ့်နှစ်ပါ။

( ၇ ) Libra (တူ)ရာသီဖွားများ

စက်တင်ဘာ (၂၃)နဲ့ အောက်တိုဘာ (၂၂)အတွင်း မွေးကြသူတွေကို တူရာသီဖွားတွေလို့ ခေါ်ပါတယ်။ ယခုနှစ်မှာတော့ တူရာသီဖွားတွေ အေးဆေး ဒူးပုတ်ပြီး နေရမယ့် နှစ်လို့ ပြောလို့ရပါတယ်။ စီးပွားရေးနဲ့၊ ပညာရေးနယ်ပယ်ပိုင်းမှာ ပြိုင်ဆိုင်မှုများသလောက် ထွန်းပေါက် အကျိုးပေးမယ့် နှစ်ပါ။

ယခုနှစ်မှာ ငွေအစုလိုက်အပြုံလိုက် ဝင်တာမျိုး၊ ကြီးမားတဲ့ ကံစမ်းမဲဆုကြီးတွေ ပေါက်တာမျိုးကို တူရာသီဖွားများအဖို့ မကြာခဏ ကြုံမယ့်နှစ်ပါ။ အိမ်ထောင်ရေး ကောင်းမွန်ပြီး၊ အချစ်ရေးကတော့ အသင့်အတင့်လို့ ပြောရပါမယ်။ နိုင်ငံခြားခရီးစဉ်တွေလည်း သွားရဖို့ရှိပြီး ဗီဇာသာ လုပ်ထားကြပေတော့။

( ၈ ) Scorpius (ဗြိစ္ဆာ)ရာသီဖွားများ

အောက်တိုဘာ (၂၃)နဲ့ နိုဝင်ဘာ (၂၂)အတွင်း မွေးဖွားသူတွေဟာ ဗြိစ္ဆာရာသီဖွားတွေဖြစ်ပါတယ်။ ယမန်နှစ်တုန်းကတော့ အချစ်ရေးအချစ်ရာပိုင်းမှာ စိတ်တိုင်းမကျခဲ့ပေမယ့် ဒီနှစ်တော့ သင့်အလိုကျ ဖြစ်လာပါလိမ့်မယ်။ ဒီနှစ်မှာ ဗြိစ္ဆာတွေဟာ စန်းလာဘ်ပကာ ပွင့်ဖို့ရှိပြီး၊ အချစ်ရေးမှာ ကံထပါလိမ့်မယ်။

ပညာရေးကတော့ နည်းနည်း အညံ့ဘက်ကို ရောက်နေလို့ ကြိုးစားမှုတွေ မလျှော့ကြပါနဲ့။ ထင်ပေါ်ကျော်ကြားနိုင်မယ့် ကာလအပိုင်းအခြားကိုလည်း ဒီနှစ်မှာ ရောက်လာနိုင်ပါတယ်။ အနုပညာအလုပ်တွေ၊ စီပွားရေးမှာတော့ အထည်အလိပ်နဲ့ စားသောက်ကုန်လုပ်ငန်းတွေ အဆင်ပြေမှာပါ။ ငွေတိုးဆို ချေးလည်းမချေး၊ ငှားလည်းမငှားပါနဲ့။ ဒုက္ခရောက်တတ်ပါတယ်။

( ၉ ) Sagittarius (ဓနု)ရာသီဖွားများ

နိုဝင်ဘာ(၂၃) ဒီဇင်ဘာ (၂၀) အတောအတွင်းမှာ မွေးဖွားခဲ့ကြသူများကို ဓနုရာသီဖွားတွေလို့ ခေါ်ပါတယ်။ ယခုနှစ်မှာတော့ ဓနုရာသီဖွားတွေဟာ မရနိုင်ဘူးထင်ထားတဲ့ ငွေရေးကြေးရေး အကြွေးတွေ ပြန်ရတတ်ပြီး၊ ပျောက်ဆုံးနေတဲ့ အဖိုးတန်ပစ္စည်းတွေလည်း ပြန်ရတတ်ပါတယ်။ ဆွေတွေမျိုးတွေရဲ့ အကူအညီတွေကြောင့် ကောင်းစားတက်ပါတယ်။

ဒါပေမယ့် လင်မယားကြား၊ ချစ်သူကြား ဝင်ပါတာမျိုးတွေ ရှောင်ပါ။ အမုန်းပွားတတ်ပါတယ်။ အချစ်ရေးလည်း အသင့်အတင့် ကောင်းမွန်ပြီး၊ ရပ်ဝေးမြေခြားက ငယ်ချစ်ဟောင်းနဲ့တောင် ပြန်ဆုံရနိုင်ချေ ရှိပါတယ်။ အသောက်အစားအပျော်အပါးကို ရှောင်ပါ။ ဆင့်ပွားရောဂါတွေကို သတိထားရပါမယ်။ ငွေဝင်ကြမ်းသလောက် ငွေသုံးဆင်ခြင်ပါ။

( ၁၀ ) Capricorn (မကာရ)ရာသီဖွားများ

ဒီဇင်ဘာ (၂၁)နဲ့ ဇန်နဝါရီလ (၁၉)ရက်အတွင်းမှာ မွေးဖွားသူတွေဟာ မကာရရာသီဖွားတွေဖြစ်ပါတယ်။ ယခုနှစ်မှာတော့  ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တွေ အမြတ်အစွန်းများများနဲ့ အောင်မြင်မှုရမယ့် နှစ်ပါ။ သားသမီးရတနာလည်း ထွန်းကားတတ်ပြီး၊ အိမ်ထောင်ဘက်နဲ့ သင့်ကြားမှာတော့ မလိုသူတွေ ဝင်ရှုပ်နေလို့ အထင်အမြင် လွဲရတာမျိုးတွေ ရှိတတ်ပါတယ်။

ပြည်ပအလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လာနိုင်ပြီး၊ ရာထူးတိုး၊ ဝင်ငွေတိုးကိန်းတွေရှိပါတယ်။ အစုအစပ်လုပ်ငန်းတွေလည်း အကျိုးပေးနိုင်ပြီးပါတယ်။ အောင်မြင်သလောက် လူမှုရေးဘက်မှာလည်း မနာလိုသူတွေ အတိုက်အခိုက်တွေ များနိုင်ပါတယ်။ ဖိအားဒဏ်ကို ရင်ဆိုင်နိုင်ပါစေ။

( ၁၁ ) Aquarius (ကုံ)ရာသီဖွားများ

ဇန်နဝါရီ (၂၀)နဲ့ ဖေဖော်ဝါရီ (၁၈)အတွင်းမှာ မွေးဖွားတဲ့သူတွေကို ကုံရာသီဖွားတွေလို့ သတ်မှတ်ပါတယ်။ ယမန်နှစ်က အချစ်ရေး ဇဝေဇဝါဖြစ်ခဲ့တဲ့ ကုံရာသီဖွားတွေအတွက်တော့ ယခုနှစ်က အိမ်ထောင်ဖက်၊ ကြင်ယာဖက် ရဖို့ရှိပါတယ်။ ပြည်ပအလုပ်အကိုင်နဲ့ အကျိုးပေးမယ့်နှစ် ဖြစ်ပြီး၊ ရင်းနီးမြှုပ်နှံမယ်ဆိုရင်တော့ မကျွမ်းကျင်တဲ့လုပ်ငန်းတွေဆို ရှောင်ပါ။

ဆွေမကင်း မျိုးမကင်းသူတွေက ငွေရေးကြေးရေး အကူအညီတောင်းခံလာတာမျိုးဆိုရင် မိမိအသိဉာဏ်နဲ့ ဆင်ခြင်ပြီး ပေးသင့်မပေးသင့်ကို ချင့်ချိန်ပါ။ ရောင်းမှားဝယ်မှား သတိထားရမယ့် နှစ်ဖြစ်ပါတယ်။ ကုန်ရောင်းကုန်ဝယ်လုပ်ငန်းနဲ့ ဆန်စပါးအစရှိတဲ့ လုပ်ငန်းလုပ်ကိုင်သူတွေ အကျိုးပေးမှာပါ။

( ၁၂ ) Pisces (မိန်)ရာသီဖွားများ

ဖေဖော်ဝါရီ (၁၉)နဲ့ မတ်လ (၂၀)အတွင်းမှာ မွေးဖွားကြတဲ့သူတွေကို Pisces (မိန်ရာသီဖွား)တွေလို့ ခေါ်ပါတယ်။ ယခုနှစ်မှာတော့ မိန်ရာသီဖွားတွေအတွက် ပညာရေး၊ အချစ်ရေး အကျိုးပေးမယ့်နှစ်ဖြစ်ပြီး၊ လုပ်ငန်းပိုင်း ပြိုင်ဆိုင်မှုတွေ ပြင်းထန်လွန်းလို့ အကောက်ကြံတာမျိုးတွေ ခံရတတ်ပါတယ်။

စီးပွားရေးမှာ ပြိုင်ဘက်တွေများပေမယ့် လုပ်သလောက်၊ အကျိုးဖြစ်ထွန်း လက်မထောင်နိုင်မယ့် နှစ်ဖြစ်ပါတယ်။ အချစ်ရေးမှာတော့ ပြောတိုင်းယုံ၊ လျှောက်တိုင်းပေါက် ဖြစ်နေပြီး၊ ချစ်သူအိမ်ထောင်ဘက် မရှိသေးသူများ၊ လိုက်ဖက်မယ့် ချစ်သူတစ်ယောက် ရရှိမှာပါ။ အိမ်ထောင်ရှင်တွေအနေနဲ့လည်း အချစ်ရေး၊ စီးပွားရေး ပြေလည်မယ့်နှစ်ပါ။

source : internet
လင်းသုတ (MyanmarNote)

No comments:

Post a Comment