Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 17, 2018

မုလအိေစတီ သမိုင္းႏွင့္ ဖူးေျမာ္လိုသူမ်ားအတြက္ ဘုရားဖူး လမ္းညြန္…..


မုလအိေတာင္ သည္ ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္တြင္ တည္ရွိေသာ ေတာင္ျဖစ္သည္။ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၂,၀၀၅ မီတာ (၆,၅၇၈ ေပ) ျမင့္ၿပီး
ေတာင္ထိပ္တြင္ ဆံေတာ္ရွင္ မုလအိ၊ မုလအ ေစတီေတာ္ ျမတ္ႀကီးမ်ားကို ဖူးေတြ႕နိုင္သည္။

မုလအိေတာင္ ျမန္မာနိုင္ငံတြင္း တည္ေနရာ

အျမင့္ဆုံးအမွတ္

(အျမင့္) ၂,၀၀၅ m (၆,၅၇၈ ft)

(ကိုဩဒိနိတ္) 16°13′N 98°31′E / 16.217°N 98.517°E

ပထဝီဝင္

(တည္ေနရာ) ကရင္ျပည္နယ္၊ ျမန္မာနိုင္ငံ

(ပင္မေတာင္တန္း) ေဒါနေတာင္တန္း

သမိုင္းေၾကာင္း

မဟာသကၠရာဇ္ ( ၁၁၁ )ခု ဘီစီ ( ၅၇၈ ) တြင္ သုဝ႑ဘူမိရ႒ သထုံေဒသကို အုပ္ခ်ဳပ္ေသာ တိႆဓမၼသီဟရာဇာမင္းသည္ သုဓမၼဝတီ သထုံျပည္သို႔ ဘုရားရွင္ႂကြေရာက္ေတာ္မူရာတြင္ ႀကီးက်ယ္ထည္ဝါေသာ ျပႆဒ္ ဇရပ္မ႑ပ္တို႔ကို တည္ေဆာက္၍ ပူေဇာ္ၾကေလသည္။

ေဒသနယ္ပယ္အသီးသီးတို႔မွ ရေသ့မ်ားကလည္း ဘုရားရွင္ႂကြခ်ီရာ သုဓမၼဝတီ သထုံျပည္သို႔ ႂကြခ်ီလာၾက၍ ဘုရားရွင္အား ဦးခိုက္ပူေဇာ္ၾကေလသည္။ ဘုရားရွင္လည္း တရားေဒသနာေဟာေတာ္မူၿပီး၍ ရေသ့အေပါင္းတို႔က ဘုရားရွင္ကိုယ္စား တစုံတရာေသာ ဓာတ္ေတာ္ ေမြေတာ္ ဆံေတာ္တို႔ကို ေပးသနားေတာ္မူပါရန္ ေလွ်ာက္ထားေသာအခါ ဦးေခါင္းထက္ဝယ္လက္ထိပ္တင္လွ်က္ ဆံေတာ္တို႔ကို ေပးသနားေတာ္မူရာတြင္ က်ိဳက္ထီးရိုးေတာင္၌ ေနထိုင္ေသာ တိရႆရေသ့၊ ဇြဲကပင္ေတာင္တြင္ေနထိုင္ေသာ သီဟရေသ့နည္းတူ မုလအိေတာင္ မူလေတာင္တို႔မွ ေနထိုင္ေသာ ႏုရဒရေသ့ႏွင့္ ကပၸရေသ့တို႔လည္း ဘုရားရွင္၏ ဆံေတာ္ တစ္ဆူစီကို ကိုးကြယ္ခြင့္ ရရွိၾကေလသည္။

ျမတ္စြာဘုရားဆံေတာ္ကို ကိုးကြယ္ခြင့္ရရွိေသာ ကပၸရေသ့သည္ မိမိတရားအားထုတ္ေသာေတာင္၌ အႀကီးအက်ယ္ တင့္တယ္ ေကာင္းမြန္စြာဌာပနာလိုေသာ ဆႏၵ ရွိသျဖင့္ က်ိတ္ၿမိဳ႕ကိုအစိုးရေသာ ကလာပုမင္း ႏွင့္ တိုင္ပင္ရာ သေဘာတူညီၿပီး မဟာသကၠရာဇ္ ( ၁၁၄ ) ဘီစီ ( ၅၇၈ ) နတ္ေတာ္လတြင္ အလႉအတန္း ပြဲလန္းသဘင္တို႔ျဖင့္ ႀကီးက်ယ္ခမ္းနားစြာ ျပဳလုပ္ၿပီးလွ်င္ ကပၸရေသ့ ႏွင့္ ကလာပုမင္း ကိုယ္တိုင္ ၾကပ္မတ္၍ မုလအိ ေတာင္ထိပ္တြင္ ေက်ာက္တုံး ေက်ာက္ခဲ အဂၤေတ သ႐ြတ္တို႔ျဖင့္ သုတ္လိမ္းကာ ဌာပနာတိုက္ကို ျပဳလုပ္ၾကေလသည္။ ေ႐ႊၾကဳတ္ျဖင့္ ဆံေတာ္ကို ဌာပနာ၍ ဘုရားရွင္၏ကိုယ္ပြား႐ုပ္ထုေတာ္ကိုလည္း ဌာပနာ ေလ၏။ ၿပီးလွ်င္ ကပၸရေသ့႐ုပ္ထု၊ ကုလာပုမင္း႐ုပ္ထုတို႔ကို ေ႐ႊပန္းေငြပန္းျဖင့္ ပူေဇာ္ၿပီးေက်ာက္၊ သံ၊ ပတၱျမား ေျမာက္မ်ားစြာကို ဌာပနာၾကေလသည္။

ထိုသို႔ ဌာပနာၿပီးလွ်င္ ေတာင္ထိပ္ ျပင္အက်ယ္အားျဖင့္ အေနာက္အရပ္ ၌ အေတာင္ေလးဆယ္ေတာင္ ႏွင့္ ေျမာက္ အရပ္ ၌ ၂၅ ေတာင္ က်ယ္ဝန္းေသာ ေနရာ၌ ဖိနပ္ေတာင္ ၁၀ ေတာင္ဉာဏ္ေတာ္ ၁၅ ေတာင္ ရွိေသာ ေက်ာက္ေစတီတဆူ ကို တည္ထားကိုးကြယ္ေလ၏။

ဘုရားေစတီဘြဲ႕ေတာ္နာမည္သည္ က်ိဳက္မုလအိဟူ၍ အမည္တြင္ေလ၏။ ျမန္မာဘာသာအားျဖင့္ အၿမဲထင္ေပၚေသာဘုရား ဟူ၍ အဓိပၸာယ္ရသည္။

မုလအိ ေစတီတည္ရွိရာ ေတာင္ထိပ္သည္ ၁၈၆၅ ခုႏွစ္၌ နယ္ျခားမင္းႀကီး လက္ဖတင္နင္ဖိုက္၏ တိုင္းတာခ်က္အရ ပင္လယ္ေရျပင္မွေတာင္ထိပ္ အထိ ေပေပါင္း ၆၀၀၀ ေက်ာ္ရွိသည္ဟု သိရွိရေလသည္။ ေစတီတည္ရွိရာ ရင္ျပင္မွာ ေရွ႕ေနာက္ ေပ ၆၀ေက်ာ္ၿပီး ေတာင္ေျမာက္ ၃၈ ေပသာ က်ယ္ဝန္းသည္။

မူလက မုလအိ ေစတီ မွာ တစ္ဆူသာ ရွိေသာ္လည္း လြတ္လပ္ေရးရၿပီးေနာက္ပိုင္းတြင္ ေစတီငယ္တစ္ဆူ ထပ္မံတည္ေဆာက္၍ မူလအိေစတီညီေနာင္ဟူ၍ အမည္တြင္သည္။ မုလအိေစတီတည္ရွိရာေတာင္ထိပ္ေပၚသို႔ တက္ေရာက္ရန္ အလြန္က်ဥ္းေျမာင္းေသာေခ်ာက္ကမ္းပါး ေတာင္စြယ္တစ္ေနရာကို ျဖတ္ေက်ာ္ရသည္။ ထိုေနရာသည္ ေတာင္ေအာက္မွေလမ်ား ျပင္းထန္စြာ တိုက္ခတ္သျဖင့္ စိတ္အားငယ္ႏုနယ္သည့္ အမ်ိဳးသမီးတို႔မွာ ေစတီရွိရာေတာင္ထိပ္ေပၚသို႔ မတက္ေရာက္ နိုင္ပဲအမ်ိဳးသားတို႔သာ တက္ေရာက္နိုင္သည္။ ထို႔ေၾကာင့္ ေစတီေတာ္မေရာက္မွီ အျမင့္ေပ ၁၀၀ ေက်ာ္၌ အမ်ိဳးသမီးမ်ား ဖူးေမွ်ာ္ရန္ကိုယ္စား ေစတီ ႏွစ္ဆူကို တည္ထားေပးျခင္းျဖစ္သည္ဟု ဆိုၾကေလသည္။

မုလအိေစတီတည္ရွိရာ ေတာင္ထိပ္သည္ ေတာင္၊ ေခ်ာက္ကမ္းပါးယံ၌ အလြန္မတ္ေစာက္၍ အဆင္းခက္လွေသာေနရာတြင္ ေဇာ္ဂ်ီဖိုထိုးရာေနရာ တြင္းဂူႀကီး ရွိေလသည္။ ခုထိတိုင္ မည္သူတဦးတေယာက္မွ် အရဲလြန္ ၍ မဆင္းဝံ့ ေသးေခ်။

မိန္းမေစတီတည္ရွိရာ ေအာက္ဖက္ ေတာင္ကမ္းပါးတြင္ ကိုရင္ႀကီးဂူ တည္ရွိေလသည္။ လြန္ခဲ့ေသာႏွစ္ ၃ ၄ ဆယ္ ကိုရင္ႀကီး သီတင္းသုံးခဲ့ရာ ဂူ ထဲ၌ ေသတၱာ ႏွင့္ သကၤန္း အပိုင္းစမ်ားကို ေတြ႕ရွိရေသးသည္။ ေက်ာက္သားအျဖစ္သာ တည္ေနသည့္ မုလအိေတာင္ထြတ္၏ အေျဖာင့္အတိုင္းသြားလွ်င္အလြန္ထူဆန္းေသာ နတ္ဘီလူး ေတာင္ တည္ရွိၿပီးအေရွ႕စူးစူး အရပ္တြင္ ျမန္မာ ေလးတိုင္ အထြာ ၈ မိုင္ အကြာ၌ မုလအေတာင္ေတာ္ တည္ရွိေလသည္။

မုလအိေစတီတည္၍ မုလအိေတာင္အမည္တြင္ေသာ ေတာင္၏ ထူးဆန္းမႈ တရပ္မွာသစ္ခြပန္း မ်ိဳးစုံ ေပါက္၍ ေဆးဖက္ဝင္ေသာအပင္တို႔လည္း မ်ားစြာ ရွိေလသည္။ သစ္မင္း သစ္မင္းရာဇာ၊ ေတာင္ကလယ္ ေဝးစသည္တို႔မွ ေတာလုံးႏွံ႕ ေပါက္ေရာက္လွ်က္ သဇင္နီ၊ သဇင္ျဖဴ ပန္းမ်ားစြာလည္း ထူးဆန္းစြာ ေပါက္ေရာက္၍ ေနသည္။

ကိုးကား Wonnralမွ လြန္ခဲ့ေသာ ၂ လ အၾကာက ေနာက္ဆုံး တည္းျဖတ္ခဲ့သည္။

ျမန္မာဝီကီပီးဒီးယား

မုလအိဘုရာဖူး လမ္းညြန္

၁။ ျမဝတီၿမိဳ႕သို႔ လာရပါမည္။

၂။ ျမဝတီၿမိဳ႕မွ မုလအိဆံေတာ္ရွင္ ေစတီေတာ္ ေတာင္ေျခမုဒ္ဝ အထိ မိုင္ ၆၀ ခရီးကို 4 Wheel Drive အျမင့္ကားမ်ားျဖင့္သြားရပါသည္။

ျမဝတီ-ေဝါေလ-စုကလိ လမ္းအတိုင္း သြားရၿပီး မုလအိ ေတာင္ေျခမုဒ္ဝ အထိ ၃ နာရီခန္႔ ေမာင္းရပါသည္။

(ျမဝတီမွ ေတာင္ေျခမုဒ္ဝအထိ ေျပးဆြဲ ေနေသာ ဘုရားဖူးကားမ်ားရွိသည္ / ေတာင္ေပၚထိ တိုက္ရိုက္ ကားမ်ား လည္း ရွိပါသည္။ ကားခ လူတစ္ဦး ထိုင္းဘတ္ ၆၀၀ ခန္႔ရွိသည္)

၃။ေတာင္ေျခ မုဒ္ဝမွ မုလရစ္ေတာင္ေပၚထိ ၁၃ မိုင္ခန္႔ ေတာင္တက္ ခရီးကို ၂ နာရီခန္႔ ကားေမာင္းရပါသည္။ေတာင္တက္ခရီး အျမင့္ ေပ ၅၀၀၀ ဝန္းက်င္ေလာက္တြင္ ထီးဖေလာက္ (နတ္ေရကန္) သို႔ ေရာက္ၿပီး ေျခလက္ မ်က္ႏွာေဆးေၾကာသုတ္သင္ကာ ေခတၱနား ၿပီးမွ ဆက္ တက္ၾကပါသည္။

(ေတာင္ေျခ မုဒ္ဝမွ ေတာင္ေပၚသို႔ လူတစ္ဦးလွ်င္ ထိုင္းဘတ္ေငြ ၂၀၀ ႏွဳန္းျဖင့္ ေျပးဆြဲေပးေနေသာ ေတာင္တက္ကားမ်ားျဖင့္သာ သြားသင့္ပါသည္)

၄။ ေတာင္ေပၚသို႔ ကားေရာက္လ်င္ မုလအိ ေစတီကိုေရာက္ဖို႔ ၁၅ မိနစ္ခန္႔ ေျခလ်င္ခရိးျဖင့္ ေတာင္တက္ရပါသည္။ (ပထမဆံုးေတြ႕ရေသာ ေစတီသည္ အမ်ိဳးသမီးမ်ားဖူးေမၽွာ္ ရန္တည္ထ ားေသာ ေစတီျဖစ္သည္။) မုလအိ ေစတီကို အမ်ိဳးသားမ်ားသာ တက္ေရာက္ ဖူးေမၽွာ္ႏိုင္ပါသည္။

Thai freelance photographer

#Unicode Version#
မုလအိတောင် သည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တည်ရှိသော တောင်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၂,၀၀၅ မီတာ (၆,၅၇၈ ပေ) မြင့်ပြီး
တောင်ထိပ်တွင် ဆံတော်ရှင် မုလအိ၊ မုလအ စေတီတော် မြတ်ကြီးများကို ဖူးတွေ့နိုင်သည်။

မုလအိတောင် မြန်မာနိုင်ငံတွင်း တည်နေရာ

အမြင့်ဆုံးအမှတ်

(အမြင့်) ၂,၀၀၅ m (၆,၅၇၈ ft)

(ကိုဩဒိနိတ်) 16°13′N 98°31′E / 16.217°N 98.517°E

ပထဝီဝင်

(တည်နေရာ) ကရင်ပြည်နယ်၊ မြန်မာနိုင်ငံ

(ပင်မတောင်တန်း) ဒေါနတောင်တန်း

သမိုင်းကြောင်း

မဟာသက္ကရာဇ် ( ၁၁၁ )ခု ဘီစီ ( ၅၇၈ ) တွင် သုဝဏ္ဍဘူမိရဋ္ဌ သထုံဒေသကို အုပ်ချုပ်သော တိဿဓမ္မသီဟရာဇာမင်းသည် သုဓမ္မဝတီ သထုံပြည်သို့ ဘုရားရှင်ကြွရောက်တော်မူရာတွင် ကြီးကျယ်ထည်ဝါသော ပြဿဒ် ဇရပ်မဏ္ဍပ်တို့ကို တည်ဆောက်၍ ပူဇော်ကြလေသည်။

ဒေသနယ်ပယ်အသီးသီးတို့မှ ရသေ့များကလည်း ဘုရားရှင်ကြွချီရာ သုဓမ္မဝတီ သထုံပြည်သို့ ကြွချီလာကြ၍ ဘုရားရှင်အား ဦးခိုက်ပူဇော်ကြလေသည်။ ဘုရားရှင်လည်း တရားဒေသနာဟောတော်မူပြီး၍ ရသေ့အပေါင်းတို့က ဘုရားရှင်ကိုယ်စား တစုံတရာသော ဓာတ်တော် မွေတော် ဆံတော်တို့ကို ပေးသနားတော်မူပါရန် လျှောက်ထားသောအခါ ဦးခေါင်းထက်ဝယ်လက်ထိပ်တင်လျှက် ဆံတော်တို့ကို ပေးသနားတော်မူရာတွင် ကျိုက်ထီးရိုးတောင်၌ နေထိုင်သော တိရဿရသေ့၊ ဇွဲကပင်တောင်တွင်နေထိုင်သော သီဟရသေ့နည်းတူ မုလအိတောင် မူလတောင်တို့မှ နေထိုင်သော နုရဒရသေ့နှင့် ကပ္ပရသေ့တို့လည်း ဘုရားရှင်၏ ဆံတော် တစ်ဆူစီကို ကိုးကွယ်ခွင့် ရရှိကြလေသည်။

မြတ်စွာဘုရားဆံတော်ကို ကိုးကွယ်ခွင့်ရရှိသော ကပ္ပရသေ့သည် မိမိတရားအားထုတ်သောတောင်၌ အကြီးအကျယ် တင့်တယ် ကောင်းမွန်စွာဌာပနာလိုသော ဆန္ဒ ရှိသဖြင့် ကျိတ်မြို့ကိုအစိုးရသော ကလာပုမင်း နှင့် တိုင်ပင်ရာ သဘောတူညီပြီး မဟာသက္ကရာဇ် ( ၁၁၄ ) ဘီစီ ( ၅၇၈ ) နတ်တော်လတွင် အလှူအတန်း ပွဲလန်းသဘင်တို့ဖြင့် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ပြီးလျှင် ကပ္ပရသေ့ နှင့် ကလာပုမင်း ကိုယ်တိုင် ကြပ်မတ်၍ မုလအိ တောင်ထိပ်တွင် ကျောက်တုံး ကျောက်ခဲ အင်္ဂတေ သရွတ်တို့ဖြင့် သုတ်လိမ်းကာ ဌာပနာတိုက်ကို ပြုလုပ်ကြလေသည်။ ရွှေကြုတ်ဖြင့် ဆံတော်ကို ဌာပနာ၍ ဘုရားရှင်၏ကိုယ်ပွားရုပ်ထုတော်ကိုလည်း ဌာပနာ လေ၏။ ပြီးလျှင် ကပ္ပရသေ့ရုပ်ထု၊ ကုလာပုမင်းရုပ်ထုတို့ကို ရွှေပန်းငွေပန်းဖြင့် ပူဇော်ပြီးကျောက်၊ သံ၊ ပတ္တမြား မြောက်များစွာကို ဌာပနာကြလေသည်။

ထိုသို့ ဌာပနာပြီးလျှင် တောင်ထိပ် ပြင်အကျယ်အားဖြင့် အနောက်အရပ် ၌ အတောင်လေးဆယ်တောင် နှင့် မြောက် အရပ် ၌ ၂၅ တောင် ကျယ်ဝန်းသော နေရာ၌ ဖိနပ်တောင် ၁၀ တောင်ဉာဏ်တော် ၁၅ တောင် ရှိသော ကျောက်စေတီတဆူ ကို တည်ထားကိုးကွယ်လေ၏။

ဘုရားစေတီဘွဲ့တော်နာမည်သည် ကျိုက်မုလအိဟူ၍ အမည်တွင်လေ၏။ မြန်မာဘာသာအားဖြင့် အမြဲထင်ပေါ်သောဘုရား ဟူ၍ အဓိပ္ပာယ်ရသည်။

မုလအိ စေတီတည်ရှိရာ တောင်ထိပ်သည် ၁၈၆၅ ခုနှစ်၌ နယ်ခြားမင်းကြီး လက်ဖတင်နင်ဖိုက်၏ တိုင်းတာချက်အရ ပင်လယ်ရေပြင်မှတောင်ထိပ် အထိ ပေပေါင်း ၆၀၀၀ ကျော်ရှိသည်ဟု သိရှိရလေသည်။ စေတီတည်ရှိရာ ရင်ပြင်မှာ ရှေ့နောက် ပေ ၆၀ကျော်ပြီး တောင်မြောက် ၃၈ ပေသာ ကျယ်ဝန်းသည်။

မူလက မုလအိ စေတီ မှာ တစ်ဆူသာ ရှိသော်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် စေတီငယ်တစ်ဆူ ထပ်မံတည်ဆောက်၍ မူလအိစေတီညီနောင်ဟူ၍ အမည်တွင်သည်။ မုလအိစေတီတည်ရှိရာတောင်ထိပ်ပေါ်သို့ တက်ရောက်ရန် အလွန်ကျဉ်းမြောင်းသောချောက်ကမ်းပါး တောင်စွယ်တစ်နေရာကို ဖြတ်ကျော်ရသည်။ ထိုနေရာသည် တောင်အောက်မှလေများ ပြင်းထန်စွာ တိုက်ခတ်သဖြင့် စိတ်အားငယ်နုနယ်သည့် အမျိုးသမီးတို့မှာ စေတီရှိရာတောင်ထိပ်ပေါ်သို့ မတက်ရောက် နိုင်ပဲအမျိုးသားတို့သာ တက်ရောက်နိုင်သည်။ ထို့ကြောင့် စေတီတော်မရောက်မှီ အမြင့်ပေ ၁၀၀ ကျော်၌ အမျိုးသမီးများ ဖူးမျှော်ရန်ကိုယ်စား စေတီ နှစ်ဆူကို တည်ထားပေးခြင်းဖြစ်သည်ဟု ဆိုကြလေသည်။

မုလအိစေတီတည်ရှိရာ တောင်ထိပ်သည် တောင်၊ ချောက်ကမ်းပါးယံ၌ အလွန်မတ်စောက်၍ အဆင်းခက်လှသောနေရာတွင် ဇော်ဂျီဖိုထိုးရာနေရာ တွင်းဂူကြီး ရှိလေသည်။ ခုထိတိုင် မည်သူတဦးတယောက်မျှ အရဲလွန် ၍ မဆင်းဝံ့ သေးချေ။

မိန်းမစေတီတည်ရှိရာ အောက်ဖက် တောင်ကမ်းပါးတွင် ကိုရင်ကြီးဂူ တည်ရှိလေသည်။ လွန်ခဲ့သောနှစ် ၃ ၄ ဆယ် ကိုရင်ကြီး သီတင်းသုံးခဲ့ရာ ဂူ ထဲ၌ သေတ္တာ နှင့် သင်္ကန်း အပိုင်းစများကို တွေ့ရှိရသေးသည်။ ကျောက်သားအဖြစ်သာ တည်နေသည့် မုလအိတောင်ထွတ်၏ အဖြောင့်အတိုင်းသွားလျှင်အလွန်ထူဆန်းသော နတ်ဘီလူး တောင် တည်ရှိပြီးအရှေ့စူးစူး အရပ်တွင် မြန်မာ လေးတိုင် အထွာ ၈ မိုင် အကွာ၌ မုလအတောင်တော် တည်ရှိလေသည်။

မုလအိစေတီတည်၍ မုလအိတောင်အမည်တွင်သော တောင်၏ ထူးဆန်းမှု တရပ်မှာသစ်ခွပန်း မျိုးစုံ ပေါက်၍ ဆေးဖက်ဝင်သောအပင်တို့လည်း များစွာ ရှိလေသည်။ သစ်မင်း သစ်မင်းရာဇာ၊ တောင်ကလယ် ဝေးစသည်တို့မှ တောလုံးနှံ့ ပေါက်ရောက်လျှက် သဇင်နီ၊ သဇင်ဖြူ ပန်းများစွာလည်း ထူးဆန်းစွာ ပေါက်ရောက်၍ နေသည်။

ကိုးကား Wonnralမှ လွန်ခဲ့သော ၂ လ အကြာက နောက်ဆုံး တည်းဖြတ်ခဲ့သည်။

မြန်မာဝီကီပီးဒီးယား

မုလအိဘုရာဖူး လမ်းညွန်

၁။ မြဝတီမြို့သို့ လာရပါမည်။

၂။ မြဝတီမြို့မှ မုလအိဆံတော်ရှင် စေတီတော် တောင်ခြေမုဒ်ဝ အထိ မိုင် ၆၀ ခရီးကို 4 Wheel Drive အမြင့်ကားများဖြင့်သွားရပါသည်။

မြဝတီ-ဝေါလေ-စုကလိ လမ်းအတိုင်း သွားရပြီး မုလအိ တောင်ခြေမုဒ်ဝ အထိ ၃ နာရီခန့် မောင်းရပါသည်။

(မြဝတီမှ တောင်ခြေမုဒ်ဝအထိ ပြေးဆွဲ နေသော ဘုရားဖူးကားများရှိသည် / တောင်ပေါ်ထိ တိုက်ရိုက် ကားများ လည်း ရှိပါသည်။ ကားခ လူတစ်ဦး ထိုင်းဘတ် ၆၀၀ ခန့်ရှိသည်)

၃။တောင်ခြေ မုဒ်ဝမှ မုလရစ်တောင်ပေါ်ထိ ၁၃ မိုင်ခန့် တောင်တက် ခရီးကို ၂ နာရီခန့် ကားမောင်းရပါသည်။တောင်တက်ခရီး အမြင့် ပေ ၅၀၀၀ ဝန်းကျင်လောက်တွင် ထီးဖလောက် (နတ်ရေကန်) သို့ ရောက်ပြီး ခြေလက် မျက်နှာဆေးကြောသုတ်သင်ကာ ခေတ္တနား ပြီးမှ ဆက် တက်ကြပါသည်။

(တောင်ခြေ မုဒ်ဝမှ တောင်ပေါ်သို့ လူတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂၀၀ နှုန်းဖြင့် ပြေးဆွဲပေးနေသော တောင်တက်ကားများဖြင့်သာ သွားသင့်ပါသည်)

၄။ တောင်ပေါ်သို့ ကားရောက်လျင် မုလအိ စေတီကိုရောက်ဖို့ ၁၅ မိနစ်ခန့် ခြေလျင်ခရိးဖြင့် တောင်တက်ရပါသည်။ (ပထမဆုံးတွေ့ရသော စေတီသည် အမျိုးသမီးများဖူးမျှော် ရန်တည်ထ ားသော စေတီဖြစ်သည်။) မုလအိ စေတီကို အမျိုးသားများသာ တက်ရောက် ဖူးမျှော်နိုင်ပါသည်။

Thai freelance photographer

No comments:

Post a Comment