Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 17, 2018

ပုဂံျပည္ႀကီးမွာ မုဆုိးမပင္ ဘုရားတည္နုိင္တဲ့အထိ ခ်မ္းသာ ျကြယ္၀ေစခဲ့တဲ့ ရွင္အဇၨေဂါဏရဲ႕ ဒ႑ာရီ

ပုဂံသမို္င္းကုိ ေျပာရမည္ဆုိလွ်င္ ရွင္အဇၨေဂါဏသည္ မပါမၿပီးေခ်။ ရွင္အဇၨေဂါဏ ေခၚရွင္မထီးဆုိသည္မွာ ေထရဝါဒမထြန္းကားမွီ ပုဂံျပည္ေသဥ္လည္ေၾကာင္မင္းတရားၾကီးလက္ထက္တြင္ ေလာကီေရးရာ အဂၢိရတ္ဖုိထုိးျခင္းမွ ဓါတ္လုံးေအာင္ၿပီး ပုဂံျပည္တြင္ မုဆုိးမပင္ ဘုရားတည္ႏုိင္သည္ဟု ေျပာစမွတ္တြင္ခဲ့သူ ျဖစ္သည္။ ပုံျပင္ဒ႑ာရီယုံၾကည္သူတုိ႕အဖုိ႕ ပုဂံျပည္သည္ ဤမွ်နယ္နမိတ္ အတြင္းတြင္ ဘုရားေပါင္းေျမာက္မ်ားစြာတည္ရွိၾကျခင္းသည္ ရွင္အဇၨေဂါဏ ေၾကာင့္ျဖစ္သည္ဟု ယုံၾကည္ၾကသည္မွာလည္း မထူးဆန္းပါ။

ရွင္အဇၨေဂါဏ ဒ႑ာရီကုိေျပာရမည္ဆုိလွ်င္ ခရစ္ႏွစ္ (344 ခုမွ 387) ခုႏွစ္အထိ နန္းစံခဲ့ေသာ ေသဥ္လည္ေၾကာင္မင္းတရားၾကီး လက္ထက္ခန္႕က ျဖစ္ခဲ့သည္။ ရွင္အဇၨေဂါဏ သည္ ေရႊျဖစ္လမ္း၊ ေငြျဖစ္လမ္းလုိက္ေနေသာ အဂၢိရတ္ထုိးျခင္း ေအာင္ျမင္ပါက ပုဂံတစ္ျပည္လုံးခ်မ္းသာလိမ့္မည္ ဓါတ္လုံးမေပါက္ခဲ့ပါက မိမိ၏ မ်က္လုံးႏွစ္လုံးကုိ ထုိးေဖာက္ပစ္ရန္ အာမခံခဲ့သည္။ ေသဥ္လည္ေၾကာင္ မင္းၾကီးက ယုံၾကည္ေသာေၾကာင့္ ဓါတ္လုံးထုိးရန္ ဘုရင့္ဘ႑ာတုိက္မွ ေရႊမ်ားထုတ္ယူကာ ဓါတ္လုံးေရႊေကြ်းသည္။ ဘုရင္သည္စိတ္ရွည္သည္းခံကာ ဘ႑ာတုိက္မွ ေရႊတစ္ဝက္ခန္႕ ကုိထုတ္ေပးခဲ့သည္။

ဓါတ္လုံးမေပါက္ခဲ့ဘဲ ဆက္လက္ထုိးရင္း ဘ႑ာေတာ္ ၃ ပုံ ၁ ပုံသာက်န္ေတာ့သည္။ ေနာက္ဆုံး ဘုရင္ အေတာ္ပင္ စိတ္ပ်က္ သြားကာ ဘ႑ာတုိက္ရွိ ေရႊမ်ားလည္း အကုန္ကုန္ၿပီးသြား ေလေတာ့သည္။ ရွင္အဇၨေဂါဏ၏ တပည့္မ်ားျဖစ္ေသာ ေက်ာ္စြာႏွင့္ေသာ္တာလင္မယားတုိ႕ ဖုိကုိမျပတ္တစ္လွည့္ စီဆြဲေပးၾကရင္း တစ္ညတြင္ အဂၢိရတ္ဖုိ အတြင္းမွ ရဲရဲနီေနေသာ ဓါတ္လုံးသည္ ေရႊေရာင္ေျပာင္းလာကာ လင္းလက္ေနေလေတာ့ သည္။ ထုိဓါတ္လုံးေအာင္သြားသည္ကုိ ၾကားလုိက္ေသာဘုရင္သည္ ရွင္အဇၨေဂါဏေက်ာင္းသုိ႕လုိက္လာခဲ့ၿပီး ကိစၥၿပီးေျမာက္သြားျပီလား ဆုိသည္ကုိ ေမးျမန္းေလရာ ရွင္အဇၨေဂါဏ ကဓါတ္လုံးေရႊျဖစ္ပါၿပီ၊ ဓါတ္လုံးပြင့္ရန္ ေဆးရည္ စိမ္ရမည္ဟု ျပန္လည္မိန္႕ၾကားသည္။ ထုိ႕ေၾကာင့္ဘုရင္ကလည္း ေဆးရည္စိမ္ရန္ ေစာင့္ၾကည့္ေနေလ သည္။

ေပထုတ္ကုိယူကာ ဓါတ္ေဆးရည္အတြက္ ခ်ဥ္ရည္စိမ္ရမည္ ျဖစ္သျဖင့္ တပည့္လင္မယားအား ေရွာက္သီးယူ ေစကာ အရည္ညွစ္ ျပီး ေရွာက္ရည္ထည့္ထားေသာ ခြက္အတြင္း ထည့္လုိက္သည္။ ထုိအခါဓါတ္လုံးသည္ အေရာင္မိွန္သြား သျဖင့္ ရွင္အဇၨေဂါဏက ဓါတ္လုံးပ်က္သြားေၾကာင္းသိလုိက္ရသည္။ ဘုရင္လည္း ရွင္အဇၨေဂါဏ ေျပာထားေသာ စကားအတုိင္း ဘုရင္လည္း သူ၏မ်က္လုံးကုိေဖာက္ထုတ္ပစ္ လုိက္ေလသည္။ ေက်ာ္စြာတုိ႕လင္မယားေက်ာင္းမွဆင္းေျပးသည္ကုိ ဘုရင္က လုိက္လံသုတ္သင္ရင္း အသက္ဆုံး႐ႈံးခဲ့ရသည္။ ရွင္အဇၨေဂါဏ လည္း စိတ္ဓါတ္က်သြားၿပီး ထုိဓါတ္လုံးအား ေက်ာင္းကုဋီတြင္ ကုိရင္ငယ္ အား ပစ္ခ်ခုိင္းေလသည္။ ထုိအခါ ကုဋီမီးေလာင္ သည္ဟုကုိရင္ငယ္ က ေလွ်ာက္ထားရာ ရွင္အဇၨေဂါဏက ဓါတ္လုံးေပါက္သြားမွန္း သိသျဖင့္ ျပန္လည္ဆည္ယူေစခဲ့သည္။

စင္စစ္ ခ်ဥ္ေရႏွင့္ ခ်ီးေရ လြဲသြားျခင္းျဖစ္ေသာေၾကာင့္ ခ်ဥ္ေရႏွင့္စိမ္ ေသာ္လည္း မေအာင္ျမင္ ရျခင္းျဖစ္ေလသည္။ ကပၸိယအား ေစ်းသုိ႕ရရာမ်က္လုံးဝယ္ရန္ ေစခုိင္း လုိက္သျဖင့္ ေစ်းကြဲေနၿပီျဖစ္ရာ ဆိတ္မ်က္လုံးတစ္လုံးႏွင့္ ႏြားမ်က္လုံး တစ္လုံးသာ ရရွိခဲ့သည္။ ထုိမ်က္လုံးတုိ႕အား ရွင္အဇၨေဂါဏက သူ၏မ်က္လုံးအိမ္ အတြင္းသုိ႕ ျပန္ထည့္ လုိက္သည္။ ပါဠိဘာသာအရ အဇၨသည္ “ဆိတ္”ျဖစ္ကာ ေဂါဏသည္ “ႏြား” ျဖစ္သည္ကုိ အေၾကာင္းျပဳကာ ရွင္မထီးအား ရွင္အဇၨေဂါဏ ဟုေခၚတြင္ခဲ့သည္။ ထုိအခ်ိန္မွစျပီး ပုဂံျပည္ တစ္ျပည္လုံး မုဆုိးမပင္ ဘုရားတည္ႏုိင္သည္အထိ ခ်မ္းသာ ကုန္ၾကေလသည္။

သုိ႕ေသာ္ ရွင္အဇၨေဂါဏ၏ရာဇဝင္ႏွင့္ပတ္သက္ေသာ တိက် ခုိင္မာေသာ အေထာက္ အထား၊ ေက်ာက္စာကုိမူတစ္ခုမွ် မေတြ႕ရသျဖင့္ ဒ႑ာရီဆန္ေနသည္။ ဤ ဘုရားကုိ ေရွးေဟာင္းသုေတသနဌာနက ဘုရားအမွတ္( ၅၀၉ – က ) ဟုမွတ္ပုံတင္ထားသည္။ ဘုရားေျမာက္ဖက္တြင္ ရွင္အဇၨေဂါဏ ဓါတ္ခန္းဖြင့္ထားေသာ အုတ္တုိက္တစ္္ခုရွိကာ ႐ုပ္ပြားေတာ္ ၊ ရွင္အဇၨေဂါဏ ရကၠန္းစင္ေတာင္ဆရာေတာ္႐ုပ္ထုႏွင့္ ဘုိးဘုိးေအာင္၊ ဘုိးမင္းေခါင္ ႐ုပ္တုမ်ားကုိ ထားရွိကာ အဓိဌာန္ဝင္လုိသူမ်ား လာေရာက္ကန္ေတာ့ၾကသည္ကုိ ေတြ႕ရသည္။ ဓါတ္ခန္း၏မူလ အလွဴရွင္ကုိမူ မသိရေခ်။ ဤဘုရားဘြဲ႕ေတာ္ ေပးျဖစ္ခဲ့ပုံမွာ ဘုရားဝင္းအတြင္း အဂၢိရတ္ဖုိထုိးရာတြင္ အသုံးျပဳခဲ့ေသာ လုံကြဲမ်ား၊ မီးေသြးခဲႏွင့္ ျပာမ်ားေတြ႕ရွိခဲ့သျဖင့္ ရွင္အဇၨေဂါဏဘုရားဟု နာမည္ ေပးျခင္းသာျဖစ္ေလသည္။

ဘုရား၏ရာဇဝင္ကုိ အတိအက် မသိႏုိင္ေသာ္လည္း ဘုရား၏ တည္ေဆာက္ထားပုံအျပင္ပန္းကုိ ေလ့လာႏုိင္သည္။ ရွင္အဇၨေဂါဏ ဘုရားသည္ ခုံအျမင့္ေပၚတြင္ တင္ကာ ေဆာက္လုပ္ထားသည္။ အလည္မ႑ိဳင္( Centre Core )ကုိမထည့္သြင္းဘဲ အုတ္နံရံ ၄ ဘက္မွ တက္လာေသာ ခုံးမုိး( ၄ ) ခုေပါင္းဆုံကာ စုထိုးေပါင္းမိုး ( Cross Vault )အျဖစ္အထက္သုိ႕ ကြမ္းေတာင္တက္ထားေသာ သာမာန္ပုဂံဘုရား တုိ႕ႏွင့္ မတူသည့္ ဘုရားျဖစ္သည္။ တုိင္မပါေသာ ဤတည္ေဆာက္ပုံမ်ိဳးသည္ ခုံးမုိးမ်ားကုိ ပုိင္ႏုိင္ကြ်မ္းက်င္စြာ အသုံးခ်ႏုိင္ေသာ ပုဂံေခတ္၏ ေဆာက္လုပ္ေရး နည္းပညာကုိ ျပသေနေသာ ဗိသုကာျဖစ္ၿပီး ရွားပါးဘုရားတစ္ဆူ လည္းျဖစ္သည္။ အျပင္ဖက္ပုိင္းတြင္ အဂၤေတ အမြန္းပန္း တုိ႕သည္ အေတာ္ပင္ ေကာင္းမြန္ ေနေသးသည္။ အတြင္းနံရံမ်ားတြင္ သမၺဳေဒၶ ဘုရားမ်ားစြာကုိ ပန္းခ်ီေရးဆြဲ ထားသည္။ ဤဘုရားကုိ ( ၁၂ ) ရာစုေနွာင္းခန္႕က တည္ေဆာက္ခဲ့ေသာ ဘုရားဟု ပညာရွင္တို႕ ယူဆသည္။

ထုိ႕ေၾကာင့္ ဒ႑ာရီႏွင့္ ဆက္စပ္ကာ ဗိသုကာဆန္းၾကယ္ေသာ ရွင္အဇၨေဂါဏ ဘုရားအား ပုဂံသုိ႕ေရာက္လွွ်င္ သြားေရာက္ လည္ပတ္ သင့္ ပါေၾကာင္း သုခုမအလင္းတန္းမ်ားမွ ေရးသား တင္ဆက္ လုိက္ပါသည္။
သုခုမအလင္းတန္းမ်ား

#Unicode Version#
ပုဂံသမိုင်းကို ပြောရမည်ဆိုလျှင် ရှင်အဇ္ဇဂေါဏသည် မပါမပြီးချေ။ ရှင်အဇ္ဇဂေါဏ ခေါ်ရှင်မထီးဆိုသည်မှာ ထေရဝါဒမထွန်းကားမှီ ပုဂံပြည်သေဉ်လည်ကြောင်မင်းတရားကြီးလက်ထက်တွင် လောကီရေးရာ အဂ္ဂိရတ်ဖိုထိုးခြင်းမှ ဓါတ်လုံးအောင်ပြီး ပုဂံပြည်တွင် မုဆိုးမပင် ဘုရားတည်နိုင်သည်ဟု ပြောစမှတ်တွင်ခဲ့သူ ဖြစ်သည်။ ပုံပြင်ဒဏ္ဍာရီယုံကြည်သူတို့အဖို့ ပုဂံပြည်သည် ဤမျှနယ်နမိတ် အတွင်းတွင် ဘုရားပေါင်းမြောက်များစွာတည်ရှိကြခြင်းသည် ရှင်အဇ္ဇဂေါဏ ကြောင့်ဖြစ်သည်ဟု ယုံကြည်ကြသည်မှာလည်း မထူးဆန်းပါ။

ရှင်အဇ္ဇဂေါဏ ဒဏ္ဍာရီကိုပြောရမည်ဆိုလျှင် ခရစ်နှစ် (344 ခုမှ 387) ခုနှစ်အထိ နန်းစံခဲ့သော သေဉ်လည်ကြောင်မင်းတရားကြီး လက်ထက်ခန့်က ဖြစ်ခဲ့သည်။ ရှင်အဇ္ဇဂေါဏ သည် ရွှေဖြစ်လမ်း၊ ငွေဖြစ်လမ်းလိုက်နေသော အဂ္ဂိရတ်ထိုးခြင်း အောင်မြင်ပါက ပုဂံတစ်ပြည်လုံးချမ်းသာလိမ့်မည် ဓါတ်လုံးမပေါက်ခဲ့ပါက မိမိ၏ မျက်လုံးနှစ်လုံးကို ထိုးဖောက်ပစ်ရန် အာမခံခဲ့သည်။ သေဉ်လည်ကြောင် မင်းကြီးက ယုံကြည်သောကြောင့် ဓါတ်လုံးထိုးရန် ဘုရင့်ဘဏ္ဍာတိုက်မှ ရွှေများထုတ်ယူကာ ဓါတ်လုံးရွှေကျွေးသည်။ ဘုရင်သည်စိတ်ရှည်သည်းခံကာ ဘဏ္ဍာတိုက်မှ ရွှေတစ်ဝက်ခန့် ကိုထုတ်ပေးခဲ့သည်။

ဓါတ်လုံးမပေါက်ခဲ့ဘဲ ဆက်လက်ထိုးရင်း ဘဏ္ဍာတော် ၃ ပုံ ၁ ပုံသာကျန်တော့သည်။ နောက်ဆုံး ဘုရင် အတော်ပင် စိတ်ပျက် သွားကာ ဘဏ္ဍာတိုက်ရှိ ရွှေများလည်း အကုန်ကုန်ပြီးသွား လေတော့သည်။ ရှင်အဇ္ဇဂေါဏ၏ တပည့်များဖြစ်သော ကျော်စွာနှင့်သော်တာလင်မယားတို့ ဖိုကိုမပြတ်တစ်လှည့် စီဆွဲပေးကြရင်း တစ်ညတွင် အဂ္ဂိရတ်ဖို အတွင်းမှ ရဲရဲနီနေသော ဓါတ်လုံးသည် ရွှေရောင်ပြောင်းလာကာ လင်းလက်နေလေတော့ သည်။ ထိုဓါတ်လုံးအောင်သွားသည်ကို ကြားလိုက်သောဘုရင်သည် ရှင်အဇ္ဇဂေါဏကျောင်းသို့လိုက်လာခဲ့ပြီး ကိစ္စပြီးမြောက်သွားပြီလား ဆိုသည်ကို မေးမြန်းလေရာ ရှင်အဇ္ဇဂေါဏ ကဓါတ်လုံးရွှေဖြစ်ပါပြီ၊ ဓါတ်လုံးပွင့်ရန် ဆေးရည် စိမ်ရမည်ဟု ပြန်လည်မိန့်ကြားသည်။ ထို့ကြောင့်ဘုရင်ကလည်း ဆေးရည်စိမ်ရန် စောင့်ကြည့်နေလေ သည်။

ပေထုတ်ကိုယူကာ ဓါတ်ဆေးရည်အတွက် ချဉ်ရည်စိမ်ရမည် ဖြစ်သဖြင့် တပည့်လင်မယားအား ရှောက်သီးယူ စေကာ အရည်ညှစ် ပြီး ရှောက်ရည်ထည့်ထားသော ခွက်အတွင်း ထည့်လိုက်သည်။ ထိုအခါဓါတ်လုံးသည် အရောင်မှိန်သွား သဖြင့် ရှင်အဇ္ဇဂေါဏက ဓါတ်လုံးပျက်သွားကြောင်းသိလိုက်ရသည်။ ဘုရင်လည်း ရှင်အဇ္ဇဂေါဏ ပြောထားသော စကားအတိုင်း ဘုရင်လည်း သူ၏မျက်လုံးကိုဖောက်ထုတ်ပစ် လိုက်လေသည်။ ကျော်စွာတို့လင်မယားကျောင်းမှဆင်းပြေးသည်ကို ဘုရင်က လိုက်လံသုတ်သင်ရင်း အသက်ဆုံးရှုံးခဲ့ရသည်။ ရှင်အဇ္ဇဂေါဏ လည်း စိတ်ဓါတ်ကျသွားပြီး ထိုဓါတ်လုံးအား ကျောင်းကုဋီတွင် ကိုရင်ငယ် အား ပစ်ချခိုင်းလေသည်။ ထိုအခါ ကုဋီမီးလောင် သည်ဟုကိုရင်ငယ် က လျှောက်ထားရာ ရှင်အဇ္ဇဂေါဏက ဓါတ်လုံးပေါက်သွားမှန်း သိသဖြင့် ပြန်လည်ဆည်ယူစေခဲ့သည်။

စင်စစ် ချဉ်ရေနှင့် ချီးရေ လွဲသွားခြင်းဖြစ်သောကြောင့် ချဉ်ရေနှင့်စိမ် သော်လည်း မအောင်မြင် ရခြင်းဖြစ်လေသည်။ ကပ္ပိယအား ဈေးသို့ရရာမျက်လုံးဝယ်ရန် စေခိုင်း လိုက်သဖြင့် ဈေးကွဲနေပြီဖြစ်ရာ ဆိတ်မျက်လုံးတစ်လုံးနှင့် နွားမျက်လုံး တစ်လုံးသာ ရရှိခဲ့သည်။ ထိုမျက်လုံးတို့အား ရှင်အဇ္ဇဂေါဏက သူ၏မျက်လုံးအိမ် အတွင်းသို့ ပြန်ထည့် လိုက်သည်။ ပါဠိဘာသာအရ အဇ္ဇသည် “ဆိတ်”ဖြစ်ကာ ဂေါဏသည် “နွား” ဖြစ်သည်ကို အကြောင်းပြုကာ ရှင်မထီးအား ရှင်အဇ္ဇဂေါဏ ဟုခေါ်တွင်ခဲ့သည်။ ထိုအချိန်မှစပြီး ပုဂံပြည် တစ်ပြည်လုံး မုဆိုးမပင် ဘုရားတည်နိုင်သည်အထိ ချမ်းသာ ကုန်ကြလေသည်။

သို့သော် ရှင်အဇ္ဇဂေါဏ၏ရာဇဝင်နှင့်ပတ်သက်သော တိကျ ခိုင်မာသော အထောက် အထား၊ ကျောက်စာကိုမူတစ်ခုမျှ မတွေ့ရသဖြင့် ဒဏ္ဍာရီဆန်နေသည်။ ဤ ဘုရားကို ရှေးဟောင်းသုတေသနဌာနက ဘုရားအမှတ်( ၅၀၉ – က ) ဟုမှတ်ပုံတင်ထားသည်။ ဘုရားမြောက်ဖက်တွင် ရှင်အဇ္ဇဂေါဏ ဓါတ်ခန်းဖွင့်ထားသော အုတ်တိုက်တစ်ခုရှိကာ ရုပ်ပွားတော် ၊ ရှင်အဇ္ဇဂေါဏ ရက္ကန်းစင်တောင်ဆရာတော်ရုပ်ထုနှင့် ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင် ရုပ်တုများကို ထားရှိကာ အဓိဌာန်ဝင်လိုသူများ လာရောက်ကန်တော့ကြသည်ကို တွေ့ရသည်။ ဓါတ်ခန်း၏မူလ အလှူရှင်ကိုမူ မသိရချေ။ ဤဘုရားဘွဲ့တော် ပေးဖြစ်ခဲ့ပုံမှာ ဘုရားဝင်းအတွင်း အဂ္ဂိရတ်ဖိုထိုးရာတွင် အသုံးပြုခဲ့သော လုံကွဲများ၊ မီးသွေးခဲနှင့် ပြာများတွေ့ရှိခဲ့သဖြင့် ရှင်အဇ္ဇဂေါဏဘုရားဟု နာမည် ပေးခြင်းသာဖြစ်လေသည်။

ဘုရား၏ရာဇဝင်ကို အတိအကျ မသိနိုင်သော်လည်း ဘုရား၏ တည်ဆောက်ထားပုံအပြင်ပန်းကို လေ့လာနိုင်သည်။ ရှင်အဇ္ဇဂေါဏ ဘုရားသည် ခုံအမြင့်ပေါ်တွင် တင်ကာ ဆောက်လုပ်ထားသည်။ အလည်မဏ္ဍိုင်( Centre Core )ကိုမထည့်သွင်းဘဲ အုတ်နံရံ ၄ ဘက်မှ တက်လာသော ခုံးမိုး( ၄ ) ခုပေါင်းဆုံကာ စုထိုးပေါင်းမိုး ( Cross Vault )အဖြစ်အထက်သို့ ကွမ်းတောင်တက်ထားသော သာမာန်ပုဂံဘုရား တို့နှင့် မတူသည့် ဘုရားဖြစ်သည်။ တိုင်မပါသော ဤတည်ဆောက်ပုံမျိုးသည် ခုံးမိုးများကို ပိုင်နိုင်ကျွမ်းကျင်စွာ အသုံးချနိုင်သော ပုဂံခေတ်၏ ဆောက်လုပ်ရေး နည်းပညာကို ပြသနေသော ဗိသုကာဖြစ်ပြီး ရှားပါးဘုရားတစ်ဆူ လည်းဖြစ်သည်။ အပြင်ဖက်ပိုင်းတွင် အင်္ဂတေ အမွန်းပန်း တို့သည် အတော်ပင် ကောင်းမွန် နေသေးသည်။ အတွင်းနံရံများတွင် သမ္ဗုဒ္ဓေ ဘုရားများစွာကို ပန်းချီရေးဆွဲ ထားသည်။ ဤဘုရားကို ( ၁၂ ) ရာစုနှောင်းခန့်က တည်ဆောက်ခဲ့သော ဘုရားဟု ပညာရှင်တို့ ယူဆသည်။

ထို့ကြောင့် ဒဏ္ဍာရီနှင့် ဆက်စပ်ကာ ဗိသုကာဆန်းကြယ်သော ရှင်အဇ္ဇဂေါဏ ဘုရားအား ပုဂံသို့ရောက်လျှင် သွားရောက် လည်ပတ် သင့် ပါကြောင်း သုခုမအလင်းတန်းများမှ ရေးသား တင်ဆက် လိုက်ပါသည်။
သုခုမအလင်းတန်းများ

No comments:

Post a Comment