Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, December 21, 2018

မင္းတို႔ႏိုင္ငံ ေနာက္ႏွစ္ ငါတို႔ယိုးဒယားကေန ဆန္ျပန္ဝယ္ စားရေတာ့မယ္


ယိုးဒယားလုပ္ငန္း႐ွင္တစ္ေယာက္ေျပာသြား တာေတြပါ။ ကိုယ့္မ်က္ႏွာၾကည့္ေျပာေနေတာ့ ၾကာၾကာအၾကည့္ မခံႏိုင္လို႔ ေခါင္းငံုၿပီး နားေထာင္ခဲ့ပါတယ္ ၊ သူေျပာတာေတြက…ေစတနာပါေနလို႔…ေက်းဇူးတင္မိပါတယ္..။

ဒီအခ်ိန္မွာ မင္းတို႔ႏိုင္ငံကိုအျမန္ျပန္ကယ္ဖို႔က…မင္းတို႔ကိုယ္တိုင္တကယ္အလုပ္လုပ္ၾကမွရမွာ … ဘယ္ႏိုင္ငံမွမကယ္ႏိုင္ဘူးတဲ့….

၁။ တစ္ႏိုင္ငံလံုး၄၀ရာခိုင္ႏႈန္းေလာက္ေရလႊမ္းေနခ်ိန္မွာ ဒီႏွစ္အတြက္မိုးစပါး ဘယ္ႏွစ္ဧက စိုက္ၿပီးၿပီလဲ စာရင္းဇယား(အမွန္) ႐ွိလား… ၊ ႏိုင္ငံေတာ္အရန္ဆန္(တင္းေပါင္း)ဘယ္ေလာက္ ႏိုင္ငံေတာ္မွာက်န္ေနေသးလဲ စာရင္းဇယား(အမွန္)႐ွိလား..(ပိုးကိုက္ေနတဲ့ဆန္ေတြ စားသံုးလို႔မရတဲ့ဆန္ေတြကို စာရင္းထဲထည့္ျပထားတာမျဖစ္ဖို႔လိုေသးတယ္)

ေရမလႊမ္းပဲ စပါးစိုက္ႏိုင္တဲ့ ေဒသေတြက လယ္သမားေတြ အျမန္စပါးစိုက္ႏိုင္ဖို႔..အစိုးရက ဘာအကူအညီေတြေပးေနၿပီလဲ.. အဲ့ဒါေတြ ဒီႏွစ္ေသခ်ာမလုပ္ရင္…. မင္းတို႔ႏိုင္ငံ ေနာက္ႏွစ္ ငါတို႔(ယိုးဒယား)ကေန ဆန္ျပန္ဝယ္စားရေတာ့မယ္ ။

၂။ တိုင္းျပည္တစ္ခုလံုး ရဲ႕ အေသးအမႊားကိစၥေလးလို႔ထင္ထားရတဲ့ မီးလံုး ၊ မီးေခ်ာင္း ကအစ ႏိုင္ငံျခားက ဝယ္သံုးေနရတယ္။ အဲ့ေလာက္လြယ္ကူ႐ိုး႐ွင္းတဲ့ ပစၥည္းမ်ိဳးကိုေတာင္ တိုင္းျပည္မွာ စက္ရံုတည္ထုတ္ဖို႔မႀကိဳးစားပဲ…ေမာ္ေတာ္ကားစက္ရံုႀကီးေတြ တည္ၿပီးထုတ္ခ်င္ေနတဲ့ အစိုးရမ်ိဳး ကမၻာမွာေတာ္ေတာ္႐ွားတယ္…။

၃။ ႏိုင္ငံျခားေငြ အရမ္းလိုေနတဲ့အခ်ိန္မွာ…အသံုးအျဖဳန္းကို ေလ်ွာ့ဖို႔…ပထမလုပ္ရမွာက ႏိုင္ငံျခားကေနဝယ္စားေနရတဲ့ အေျခခံစားကုန္မွန္သမ်ွ… ျပည္တြင္းမွာထုတ္လုပ္ႏိုင္ေအာင္အစိုးရက အလယ္အလတ္လုပ္ငန္း႐ွင္ေတြကို ကူညီေထာက္ပံ့ ေပးရမယ္ အဲ့ဒါအျမန္လုပ္ရမယ္ ၊

ပုဇြန္ထမ္းယိုးဒယားငံျပာရည္တံဆိပ္ ကိုစားမွ ေဘးကင္းတဲ့ငံျပာရည္လို႔ထင္ထားတဲ့ စားသံုးသူေတြက ျပည္တြင္းထုတ္ငံျပာရည္တံဆိပ္တစ္ခုကလဲ ေဘးကင္းစိတ္ခ်ရတယ္လို႔ထင္လာေအာင္ ထုတ္လုပ္လာႏိုင္ရမယ္ ။ဒါေတြကို အစိုးရက ကူညီေပးရမယ္ ၊ အဲ့ဒါနဲ႔အတူ အလုပ္အကိုင္အခြင့္လမ္းေတြအလိုလိုရလာမယ္ ။

၄။ အစိုးရကိုယ္တိုင္ကလဲအသံုးအျဖံဳးေလ်ွာ့ရမယ္ ငတ္ေနပါတယ္ဆိုမွ မာေဆးဒီးကား ၁၀၀ ေက်ာ္ဝယ္စီးတယ္ဆိုေတာ့ ဒီလိုအစိုးရမ်ိဳး ကို ျပဳျပင္ေအာင္ဖိအားေပးရင္ေပး မေပးႏိုင္ရင္ ၊ ေနာက္ေရြးေကာက္ပြဲမွာျဖဳတ္ခ်ႏိုင္မွ တိုင္းျပည္ကို ကယ္ႏိုင္မယ္ ။

၅။ ႏိုင္ငံျခားေငြကို ရေပါက္ရလမ္း႐ွိႏိုင္မဲ့ေနရာေတြကေန မရ ရေအာင္ ျခစ္ကုတ္ယူရမယ္ ၊ ဥပမာ ခရီးသြားလုပ္ငန္း ကေနစၿပီး သယံဇာတ အဆံုး မူဝါဒကို ျပန္သံုးသတ္ရမယ္ ၊ သစ္ လံုးဝမေရာင္းတာေကာင္းတယ္ ၊ ဒါေပမဲ့ လိုအပ္လာတဲ့အခါ ကြၽန္းကိုပလမ္ခ်စိုက္ထုတ္ၿပီး ၊ (သစ္အလံုး )လိုက္မေရာင္းပဲအဆင့္ျမင့္ေခ်ာထည္အျဖစ္ထုတ္ေရာင္းႏိုင္ေအာင္ႀကိဳးစား ရမယ္…

ခိုးထုတ္လို႔ကုန္မွာထက္ ဒါကို ေသခ်ာလုပ္ရင္ တိုင္းျပည္ဝင္ေငြလဲရမယ္ သစ္ေတာကာကြယ္ၿပီးသားျဖစ္မယ္ ၊ အလားတူပဲ ၊ ေက်ာက္မ်က္ ၊ေရနံ ၊ သတၱဳ ၊ ဒါေတြအားလံုး စနစ္တက် ေသခ်ာႀကီးၾကပ္ႏိုင္ရင္ ႏိုင္ငံျခားေငြ ေခ်ာင္လည္လာမယ္… အခုေတာ့ သစ္မခုတ္ဘူး ။

ဒါေပမဲ့..ခိုးထုတ္လို႔အရင္ထက္ ပိုကုန္တယ္ ၊ ေက်ာက္မထုတ္ဘူး… ခိုးထုတ္လို႔ အရင္ထက္ကုန္ၿပီ…ႏိုင္ငံေတာ္လဲဘာႏိုင္ငံျခားေငြမွထိထိေရာက္ေရာက္မရ… သဘာဝသယံဇာတမ်ားလဲအရင္ထက္ပိုပ်က္စီးကုန္တယ္ ။

၆။ စီးပြားေရးလုပ္ဖို႔ ျမန္မာအစိုးရဘက္က ရံုးလုပ္ငန္းစဥ္အားလံုးဟာ အရမ္း႐ႈပ္ေထြးတယ္ ၊ ပြဲစား ၊ ေအးဂ်င့္ မပါပဲ အလုပ္ လုပ္လို႔မရဘူး…. ဒါကိုအစိုးရက မသိခ်င္ေယာင္ေဆာင္ေနတယ္…. အီးဂါးဘားမန္႔ျဖစ္ဖို႔ေအာ္ေနေပမဲ့…. အဲ့ကိုမေရာက္ခင္မွာ ႐ႈပ္ေထြးေနတဲ့လုပ္ငန္းစဥ္ေတြကို ေျဖေလ်ာ့တာ လုပ္ငန္းစဥ္တစ္ခုလံုးကိုေစာင့္ၾကည့္ေလ့လာၿပီး အထစ္အေငါ့ျဖစ္တာတဲ့ျပဳျပင္တာလုပ္ရမယ္…

ဒါေတြလုပ္ႏိုင္ရင္ အဂတိကိုလဲအလိုလိုထိမ္းၿပီးသားျဖစ္လာမယ္ ။ လုပ္ငန္းလုပ္ရလြယ္ရင္ ပြဲစား ၊ ေအးဂ်င့္လူတန္းစားေပ်ာက္သြားမယ္ ။ အဲ့ဒါကိုလဲ လက္႐ွိအစိုးရက ပိုင္ပိုင္ႏိုင္ႏိုင္မလုပ္ႏိုင္တာ ၊ မလုပ္တာ အံ့ၾသတယ္ ။

၇။ အဆိုးဆံုးက တိုင္းျပည္ရဲ႕အေကာင္း ၊ အဆိုးဟာ လူတစ္ဦးေပၚမွာမူတည္လုပ္ကိုင္ေနတာ အဲ့့ဒါ လုပ္ငန္း႐ွင္တိုင္း ၊ စီးပြားေရးလုပ္သူတိုင္း ေၾကာက္ၾကတဲ့အခ်က္ ၊ သူမ႐ွိေတာ့ရင္ ဒီတိုင္းျပည္ဘာျဖစ္မွာလဲဆိုတဲ့ေရရာေသခ်ာတဲ့အာမခံခ်က္မ႐ွိတာ ။

သူ႔လူေတြအားလံုးက သူလုပ္ဆိုမွလုပ္ ၊ သူဆဲမွ ထေယာင္ ၊ သူဆူမွ ထလုပ္ တဲ့သူေတြျဖစ္ေနတာကို မင္းတို႔ ႏိုင္ငံက မဟုတ္တဲ့ ငါတို႔က အ႐ွင္းတိုင္းျမင္ေနရတယ္ ၊ ၾကားေနရတယ္ ။

၈။ မ်ွတ တဲ့ အခြန္စနစ္ကိုေသခ်ာထူေထာင္ဖို႔အစိုးရအဆက္ဆက္ပ်က္ကြက္ခဲ့တယ္ ၊ အခုအစိုးရလက္ထက္က််မွ အေျခအေနအခ်ိန္အခါကို မသံုးသပ္ပဲ အခြန္စနစ္တစ္ခုကို အျပင္းအထန္အေကာင္အထည္ေဖာ္ေနတာဟာလဲမွားတယ္။ ဒါဟာ..ဘာကိုျပလဲဆိုရင္…ပညာမပါပဲ…ထင္ရာလုပ္တဲ့လူေတြေနရာရေနတယ္ဆိုတာျပတယ္ ၊ ဒါလဲအျမန္ျပင္ရမယ္ ။

ဒီအခ်က္ေတြကိုမွမျပင္ႏိုင္ရင္ ကမၻာပတ္ၿပီး ရင္းႏွီးျမႇပ္ႏွံဖို႔လိုက္ေခၚလဲ…ပိုက္ဆံကုန္ လူပင္ပန္းတာပဲအဖတ္တင္မယ္တဲ့… ။

Credit : မူရင္းေရးသားသူ

=================

ယိုးဒယားလုပ်ငန်းရှင် တစ် ယောက်ပြောသွား တာတွေပါ။ ကိုယ့်မျက်နှာကြည့်ပြောနေတော့ ကြာကြာအကြည့် မခံနိုင်လို့ ခေါင်းငုံပြီး နားထောင်ခဲ့ပါတယ် ၊ သူပြောတာတွေက…စေတနာပါနေလို့…ကျေးဇူးတင်မိပါတယ်..။

ဒီအချိန်မှာ မင်းတို့နိုင်ငံကိုအမြန်ပြန်ကယ်ဖို့က…မင်းတို့ကိုယ်တိုင်တကယ်အလုပ်လုပ်ကြမှရမှာ … ဘယ်နိုင်ငံမှမကယ်နိုင်ဘူးတဲ့….

၁။ တစ်နိုင်ငံလုံး၄ဝရာခိုင်နှုန်းလောက်ရေလွှမ်းနေချိန်မှာ ဒီနှစ်အတွက်မိုးစပါး ဘယ်နှစ်ဧက စိုက်ပြီးပြီလဲ စာရင်းဇယား(အမှန်) ရှိလား… ၊ နိုင်ငံတော်အရန်ဆန်(တင်းပေါင်း)ဘယ်လောက် နိုင်ငံတော်မှာကျန်နေသေးလဲ စာရင်းဇယား(အမှန်)ရှိလား..(ပိုးကိုက်နေတဲ့ဆန်တွေ စားသုံးလို့မရတဲ့ဆန်တွေကို စာရင်းထဲထည့်ပြထားတာမဖြစ်ဖို့လိုသေးတယ်)

ရေမလွှမ်းပဲ စပါးစိုက်နိုင်တဲ့ ဒေသတွေက လယ်သမားတွေ အမြန်စပါးစိုက်နိုင်ဖို့..အစိုးရက ဘာအကူအညီတွေပေးနေပြီလဲ.. အဲ့ဒါတွေ ဒီနှစ်သေချာမလုပ်ရင်…. မင်းတို့နိုင်ငံ နောက်နှစ် ငါတို့(ယိုးဒယား)ကနေ ဆန်ပြန်ဝယ်စားရတော့မယ် ။

၂။ တိုင်းပြည်တစ်ခုလုံး ရဲ့ အသေးအမွှားကိစ္စလေးလို့ထင်ထားရတဲ့ မီးလုံး ၊ မီးချောင်း ကအစ နိုင်ငံခြားက ဝယ်သုံးနေရတယ်။ အဲ့လောက်လွယ်ကူရိုးရှင်းတဲ့ ပစ္စည်းမျိုးကိုတောင် တိုင်းပြည်မှာ စက်ရုံတည်ထုတ်ဖို့မကြိုးစားပဲ…မော်တော်ကားစက်ရုံကြီးတွေ တည်ပြီးထုတ်ချင်နေတဲ့ အစိုးရမျိုး ကမ္ဘာမှာတော်တော်ရှားတယ်…။

၃။ နိုင်ငံခြားငွေ အရမ်းလိုနေတဲ့အချိန်မှာ…အသုံးအဖြုန်းကို လျှော့ဖို့…ပထမလုပ်ရမှာက နိုင်ငံခြားကနေဝယ်စားနေရတဲ့ အခြေခံစားကုန်မှန်သမျှ… ပြည်တွင်းမှာထုတ်လုပ်နိုင်အောင်အစိုးရက အလယ်အလတ်လုပ်ငန်းရှင်တွေကို ကူညီထောက်ပံ့ ပေးရမယ် အဲ့ဒါအမြန်လုပ်ရမယ် ၊

ပုဇွန်ထမ်းယိုးဒယားငံပြာရည်တံဆိပ် ကိုစားမှ ဘေးကင်းတဲ့ငံပြာရည်လို့ထင်ထားတဲ့ စားသုံးသူတွေက ပြည်တွင်းထုတ်ငံပြာရည်တံဆိပ်တစ်ခုကလဲ ဘေးကင်းစိတ်ချရတယ်လို့ထင်လာအောင် ထုတ်လုပ်လာနိုင်ရမယ် ။ဒါတွေကို အစိုးရက ကူညီပေးရမယ် ၊ အဲ့ဒါနဲ့အတူ အလုပ်အကိုင်အခွင့်လမ်းတွေအလိုလိုရလာမယ် ။

၄။ အစိုးရကိုယ်တိုင်ကလဲအသုံးအဖြုံးလျှော့ရမယ် ငတ်နေပါတယ်ဆိုမှ မာဆေးဒီးကား ၁၀၀ ကျော်ဝယ်စီးတယ်ဆိုတော့ ဒီလိုအစိုးရမျိုး ကို ပြုပြင်အောင်ဖိအားပေးရင်ပေး မပေးနိုင်ရင် ၊ နောက်ရွေးကောက်ပွဲမှာဖြုတ်ချနိုင်မှ တိုင်းပြည်ကို ကယ်နိုင်မယ် ။

၅။ နိုင်ငံခြားငွေကို ရပေါက်ရလမ်းရှိနိုင်မဲ့နေရာတွေကနေ မရ ရအောင် ခြစ်ကုတ်ယူရမယ် ၊ ဥပမာ ခရီးသွားလုပ်ငန်း ကနေစပြီး သယံဇာတ အဆုံး မူဝါဒကို ပြန်သုံးသတ်ရမယ် ၊ သစ် လုံးဝမရောင်းတာကောင်းတယ် ၊ ဒါပေမဲ့ လိုအပ်လာတဲ့အခါ ကျွန်းကိုပလမ်ချစိုက်ထုတ်ပြီး ၊ (သစ်အလုံး )လိုက်မရောင်းပဲအဆင့်မြင့်ချောထည်အဖြစ်ထုတ်ရောင်းနိုင်အောင်ကြိုးစား ရမယ်…

ခိုးထုတ်လို့ကုန်မှာထက် ဒါကို သေချာလုပ်ရင် တိုင်းပြည်ဝင်ငွေလဲရမယ် သစ်တောကာကွယ်ပြီးသားဖြစ်မယ် ၊ အလားတူပဲ ၊ ကျောက်မျက် ၊ရေနံ ၊ သတ္တု ၊ ဒါတွေအားလုံး စနစ်တကျ သေချာကြီးကြပ်နိုင်ရင် နိုင်ငံခြားငွေ ချောင်လည်လာမယ်… အခုတော့ သစ်မခုတ်ဘူး ။

ဒါပေမဲ့..ခိုးထုတ်လို့အရင်ထက် ပိုကုန်တယ် ၊ ကျောက်မထုတ်ဘူး… ခိုးထုတ်လို့ အရင်ထက်ကုန်ပြီ…နိုင်ငံတော်လဲဘာနိုင်ငံခြားငွေမှထိထိရောက်ရောက်မရ… သဘာဝသယံဇာတများလဲအရင်ထက်ပိုပျက်စီးကုန်တယ် ။

၆။ စီးပွားရေးလုပ်ဖို့ မြန်မာအစိုးရဘက်က ရုံးလုပ်ငန်းစဉ်အားလုံးဟာ အရမ်းရှုပ်ထွေးတယ် ၊ ပွဲစား ၊ အေးဂျင့် မပါပဲ အလုပ် လုပ်လို့မရဘူး…. ဒါကိုအစိုးရက မသိချင်ယောင်ဆောင်နေတယ်…. အီးဂါးဘားမန့်ဖြစ်ဖို့အော်နေပေမဲ့…. အဲ့ကိုမရောက်ခင်မှာ ရှုပ်ထွေးနေတဲ့လုပ်ငန်းစဉ်တွေကို ဖြေလျော့တာ လုပ်ငန်းစဉ်တစ်ခုလုံးကိုစောင့်ကြည့်လေ့လာပြီး အထစ်အငေါ့ဖြစ်တာတဲ့ပြုပြင်တာလုပ်ရမယ်…

ဒါတွေလုပ်နိုင်ရင် အဂတိကိုလဲအလိုလိုထိမ်းပြီးသားဖြစ်လာမယ် ။ လုပ်ငန်းလုပ်ရလွယ်ရင် ပွဲစား ၊ အေးဂျင့်လူတန်းစားပျောက်သွားမယ် ။ အဲ့ဒါကိုလဲ လက်ရှိအစိုးရက ပိုင်ပိုင်နိုင်နိုင်မလုပ်နိုင်တာ ၊ မလုပ်တာ အံ့သြတယ် ။

၇။ အဆိုးဆုံးက တိုင်းပြည်ရဲ့အကောင်း ၊ အဆိုးဟာ လူတစ်ဦးပေါ်မှာမူတည်လုပ်ကိုင်နေတာ အဲ့့ဒါ လုပ်ငန်းရှင်တိုင်း ၊ စီးပွားရေးလုပ်သူတိုင်း ကြောက်ကြတဲ့အချက် ၊ သူမရှိတော့ရင် ဒီတိုင်းပြည်ဘာဖြစ်မှာလဲဆိုတဲ့ရေရာသေချာတဲ့အာမခံချက်မရှိတာ ။

သူ့လူတွေအားလုံးက သူလုပ်ဆိုမှလုပ် ၊ သူဆဲမှ ထယောင် ၊ သူဆူမှ ထလုပ် တဲ့သူတွေဖြစ်နေတာကို မင်းတို့ နိုင်ငံက မဟုတ်တဲ့ ငါတို့က အရှင်းတိုင်းမြင်နေရတယ် ၊ ကြားနေရတယ် ။

၈။ မျှတ တဲ့ အခွန်စနစ်ကိုသေချာထူထောင်ဖို့အစိုးရအဆက်ဆက်ပျက်ကွက်ခဲ့တယ် ၊ အခုအစိုးရလက်ထက်ကျျမှ အခြေအနေအချိန်အခါကို မသုံးသပ်ပဲ အခွန်စနစ်တစ်ခုကို အပြင်းအထန်အကောင်အထည်ဖော်နေတာဟာလဲမှားတယ်။ ဒါဟာ..ဘာကိုပြလဲဆိုရင်…ပညာမပါပဲ…ထင်ရာလုပ်တဲ့လူတွေနေရာရနေတယ်ဆိုတာပြတယ် ၊ ဒါလဲအမြန်ပြင်ရမယ် ။

ဒီအချက်တွေကိုမှမပြင်နိုင်ရင် ကမ္ဘာပတ်ပြီး ရင်းနှီးမြှပ်နှံဖို့လိုက်ခေါ်လဲ…ပိုက်ဆံကုန် လူပင်ပန်းတာပဲအဖတ်တင်မယ်တဲ့… ။

Credit : မူရင်းရေးသားသူ

No comments:

Post a Comment