Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, December 21, 2018

ေရစက္ခ်ၿပီးလွဴက ကုသိုလ္ သံုးမ်ိဳးရ

အေမး။ ။ အလွဴဒါနတစ္ခုျပဳလ်ွင္ အေျခအေနအရ ေရစက္ခ်လွဴဒါန္းျခင္း မျပဳႏိုင္ေသာအလွဴႏွင့္ ကိုယ္တိုင္ ေရစက္ခ်ၿပီးလွဴေသာအလွဴ အလွဴႏွစ္မ်ိဳးတြင္ အက်ိဳးသက္ေရာက္မႈ ကြာျခားျခင္း ရွိ – မရွိ ျပတ္ျပတ္သားသား သိခ်င္ပါ၍ ေလးစားစြာျဖင့္ ေမးျမန္းပါသည္ခင္မ်ား။

အေျဖ။ ။ အလွဴဒါနျပဳတဲ့အခါ ေရစက္မခ်ဘဲ လွဴတာနဲ႔ ေရစက္ခ်ၿပီးလွဴတာ ႏွစ္မ်ိဳးဟာ ကြာျခားမႈရွိပါတယ္။ ကုသိုလ္ဟာ ဒါန ၊ သီလ ၊ ဘာဝနာ ၊ အပစာယန ၊ ေဝယ်ာဝိစၥ ၊ ပတၱိဒါန ၊ ပတၱာႏုေမာဒန ၊ ဓမၼႆဝနာ ၊ ဓမၼေဒသနာ ၊ ဒိ႒ိဇုကမၼ လို႔ (၁၀) မ်ိဳး ရွိပါတယ္။ သည္ပုညႀကိယဝတၳဳ (၁၀) ပါးရဲ႕ အဓိပၸာယ္ေတြကိုေတာ့ ဗုဒၶဘာသာ ေလ့လာလိုက္စားသူမွန္သမ်ွ အားလံုးေလာက္ပဲ သိၿပီးသားျဖစ္လို႔ မေဖာ္ျပေတာ့ပါဘူး။ လိုရင္းေလာက္ပဲ အဓိပၸာယ္ ေဖာ္ျပသြားပါ့မယ္။ လိုရင္းေလာက္ပဲ အဓိပၸာယ္ ေဖာ္ျပသြားပါမယ္။

ဒါနဆိုတာ ေပးကမ္းလွဴဒါန္းျခင္းပဲဆိုတာ အားလံုးသိၿပီးသားပါပဲ။ အဲသည္ ဒါနျပဳတဲ့အခါ ေရစက္ခ်ၾကပါတယ္။ တခ်ိဳ႕က မလိုပါဘူး ၊ ကိုယ္လွဴၿပီး , ၿပီးတာပါပဲဆိုၿပီး ကိုယ့္အလွဴကို ကိုယ္သိပ္အေလးမထားဘဲ ခပ္ေပါ့ေပါ့သေဘာမ်ိဳးနဲ႔ ေနလိုက္တတ္ၾကပါတယ္။

ေရစက္ခ်ရာမွာ အစိတ္အပိုင္း သံုးခုရွိပါတယ္။

(၁) ပထမ မိမိ ဘာေတြ ဘာေတြ လွဴဒါန္းပါတယ္လို႔ ပရိတ္သတ္မ်ား သိေအာင္ ၊ သိၿပီး မုဒိတာသေဘာထားရွိတဲ့ ပုဂၢိဳလ္မ်ားသာဓုေခၚ ဝမ္းေျမာက္ႏိုင္ဖို႔ ထုတ္ေဖာ္ေျပာဆို ေၾကျငာပါတယ္။ ႂကြားဝါတဲ့ သေဘာမ်ိဳး မဟုတ္ပါဘူး။

(၂) ဒုတိယ သည္လိုလွဴတဲ့ ကုသိုလ္ေစတနာေၾကာင့္ မိမိလိုတဲ့ဆုကို ေတာင္းပါတယ္။

(၃) မိမိျပဳလုပ္ ရရွိထားတဲ့ ဒါနကုသိုလ္ကို အျခားသူမ်ားလည္း မိမိလိုပဲ မိမိနဲ႔အညီအမ်ွ ရရွိပါေစဆိုတဲ့ ဣႆာ မစၧရိယကင္းကြာ ျဖဴစင္ေသာ ေစတနာျဖင့္ ေပးေဝပါတယ္။ သည္လို အမ်ွေဝတာကို ‘ ပတၱိဒါန ‘ လို႔ ေခၚပါတယ္။ အဲသည္လို အစိတ္အပိုင္း သံုးခုရွိပါတယ္။

အဲသည္လို ….. အမ်ွေဝတာကို ေတြ႕ျမင္ၾကားသိသျဖင့္ ဝမ္းေျမာက္ႏုေမာ္ သာဓုေခၚတာကို ‘ ပတၱာႏုေမာဒန ‘ လို႔ ေခၚပါတယ္။ အဲသည္လို ဝမ္းေျမာက္ဝမ္းသာ သာဓုေခၚတဲ့ပုဂၢိဳလ္ဟာလည္း အမ်ွေဝသူလိုပဲ ကုသိုလ္ေတြ မ်ားစြာရရွိပါတယ္။ အမ်ွေဝတဲ့ ပုဂၢိဳလ္မွာလည္း မိမိရရွိထားတဲ့ကုသိုလ္ကို မ်ွတေဝငွလိုက္ရတဲ့အတြက္ ကုသိုလ္ေတြ ေလ်ာ့နည္းမသြားဘဲ အဆမ်ားစြာ တိုးပြားသြားပါတယ္။

ဥပမာ ထြန္းထားတဲ့ ဖေယာင္းတိုင္တစ္တိုင္က မီးကို အျခားဖေယာင္းတိုင္မ်ားျဖင့္ ကူးယူညိွထြန္းရာ မူလဖေယာင္းတိုင္မီးမွာ အလင္းေရာင္ အရွိန္အဝါ ေလ်ာ့နည္းမသြားတဲ့အျပင္ ေနာက္ထပ္ အေရာင္အလင္းအကူညီရသျဖင့္ ပိုၿပီး လင္းလာသလိို ပတၱိဒါန ကုသိုလ္အပိုေတြ မ်ားစြာရရွိပါတယ္လို႔ က်မ္းဂန္မ်ားမွာ ဆိုပါတယ္။

ေသၿပီးေနာက္ ၿပိတၱာျဖစ္ေနသူမ်ားကို ရည္စူးကုသိုလ္ျပဳၿပီး ကုသိုလ္အဖို႔ကို အမ်ွေပးေဝလိုက္လို႔ အဲသည္ၿပိတၱာက ဝမ္းေျမာက္ဝမ္းသာ သာဓုေခၚလိုက္ရင္ အငတ္ငတ္အျပတ္ျပတ္ စားရမဲ့ ေသာက္ရမယ့္ အလြန္ဆင္းရဲေနတဲ့ ဘဝကေနၿပီး ခ်က္ခ်င္း နတ္စည္းစိမ္မ်ားေလာက္ ႀကီးက်ယ္တဲ့ စည္းစိမ္ခ်မ္းသာႀကီးမ်ားကို ရရွိျခင္း အက်ိဳးကို ဒိ႒ဓမၼ လက္ငင္းရရွိတယ္လို႔ ဆိုပါတယ္။ ဒါဟာ ေရစက္ခ်ၿပီး ျပဳလုပ္တဲ့ ကုသိုလ္ေၾကာင့္ ရရွိတဲ့ အက်ိဳးေတြပါပဲ။ ေရစက္မခ်ဘဲ ျပဳလုပ္တဲ့ ကုသိုလ္ကေတာ့ သည္လိုႀကီးက်ယ္မ်ားျပားတဲ့ အက်ိဳးတရားမ်ားကို မရရွိႏိုင္ပါဘူး။ သည္ေလာက္ဆိုရင္ ကုသိုလ္ႏွစ္မ်ိဳး အက်ိဳးေပးကြာျခားျခင္းရွိ မရွိ သိေလာက္ပါၿပီ။

အခ်ဳပ္ေျပာရရင္ ေရစက္မခ်ဘဲ လွဴတဲ့အလွဴက ဒါနကုသိုလ္ တစ္မ်ိဳးသာရၿပီး ေရစက္ခ်ၿပီး လွဴတဲ့အလွဴက ဒါနကုသိုလ္ ၊ ပတၱိဒါနကုသိုလ္ ၊ ပတၱာႏုေမာဒနကုသိုလ္ – သည္ကုသိုလ္သံုးမ်ိဳးတို႔ကို ရႏိုင္ပါတယ္လို႔ မွတ္သားရန္ ျဖစ္ပါတယ္။
ဓမၼရတနာ

#Unicode Version#


အမေး။ ။ အလှူဒါနတစ်ခုပြုလျှင် အခြေအနေအရ ရေစက်ချလှူဒါန်းခြင်း မပြုနိုင်သောအလှူနှင့် ကိုယ်တိုင် ရေစက်ချပြီးလှူသောအလှူ အလှူနှစ်မျိုးတွင် အကျိုးသက်ရောက်မှု ကွာခြားခြင်း ရှိ – မရှိ ပြတ်ပြတ်သားသား သိချင်ပါ၍ လေးစားစွာဖြင့် မေးမြန်းပါသည်ခင်များ။

အဖြေ။ ။ အလှူဒါနပြုတဲ့အခါ ရေစက်မချဘဲ လှူတာနဲ့ ရေစက်ချပြီးလှူတာ နှစ်မျိုးဟာ ကွာခြားမှုရှိပါတယ်။ ကုသိုလ်ဟာ ဒါန ၊ သီလ ၊ ဘာဝနာ ၊ အပစာယန ၊ ဝေယျာဝိစ္စ ၊ ပတ္တိဒါန ၊ ပတ္တာနုမောဒန ၊ ဓမ္မဿဝနာ ၊ ဓမ္မဒေသနာ ၊ ဒိဋ္ဌိဇုကမ္မ လို့ (၁၀) မျိုး ရှိပါတယ်။ သည်ပုညကြိယဝတ္ထု (၁၀) ပါးရဲ့ အဓိပ္ပာယ်တွေကိုတော့ ဗုဒ္ဓဘာသာ လေ့လာလိုက်စားသူမှန်သမျှ အားလုံးလောက်ပဲ သိပြီးသားဖြစ်လို့ မဖော်ပြတော့ပါဘူး။ လိုရင်းလောက်ပဲ အဓိပ္ပာယ် ဖော်ပြသွားပါ့မယ်။ လိုရင်းလောက်ပဲ အဓိပ္ပာယ် ဖော်ပြသွားပါမယ်။

ဒါနဆိုတာ ပေးကမ်းလှူဒါန်းခြင်းပဲဆိုတာ အားလုံးသိပြီးသားပါပဲ။ အဲသည် ဒါနပြုတဲ့အခါ ရေစက်ချကြပါတယ်။ တချို့က မလိုပါဘူး ၊ ကိုယ်လှူပြီး , ပြီးတာပါပဲဆိုပြီး ကိုယ့်အလှူကို ကိုယ်သိပ်အလေးမထားဘဲ ခပ်ပေါ့ပေါ့သဘောမျိုးနဲ့ နေလိုက်တတ်ကြပါတယ်။

ရေစက်ချရာမှာ အစိတ်အပိုင်း သုံးခုရှိပါတယ်။

(၁) ပထမ မိမိ ဘာတွေ ဘာတွေ လှူဒါန်းပါတယ်လို့ ပရိတ်သတ်များ သိအောင် ၊ သိပြီး မုဒိတာသဘောထားရှိတဲ့ ပုဂ္ဂိုလ်များသာဓုခေါ် ဝမ်းမြောက်နိုင်ဖို့ ထုတ်ဖော်ပြောဆို ကြေငြာပါတယ်။ ကြွားဝါတဲ့ သဘောမျိုး မဟုတ်ပါဘူး။

(၂) ဒုတိယ သည်လိုလှူတဲ့ ကုသိုလ်စေတနာကြောင့် မိမိလိုတဲ့ဆုကို တောင်းပါတယ်။

(၃) မိမိပြုလုပ် ရရှိထားတဲ့ ဒါနကုသိုလ်ကို အခြားသူများလည်း မိမိလိုပဲ မိမိနဲ့အညီအမျှ ရရှိပါစေဆိုတဲ့ ဣဿာ မစ္ဆရိယကင်းကွာ ဖြူစင်သော စေတနာဖြင့် ပေးဝေပါတယ်။ သည်လို အမျှဝေတာကို ‘ ပတ္တိဒါန ‘ လို့ ခေါ်ပါတယ်။ အဲသည်လို အစိတ်အပိုင်း သုံးခုရှိပါတယ်။

အဲသည်လို ….. အမျှဝေတာကို တွေ့မြင်ကြားသိသဖြင့် ဝမ်းမြောက်နုမော် သာဓုခေါ်တာကို ‘ ပတ္တာနုမောဒန ‘ လို့ ခေါ်ပါတယ်။ အဲသည်လို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်တဲ့ပုဂ္ဂိုလ်ဟာလည်း အမျှဝေသူလိုပဲ ကုသိုလ်တွေ များစွာရရှိပါတယ်။ အမျှဝေတဲ့ ပုဂ္ဂိုလ်မှာလည်း မိမိရရှိထားတဲ့ကုသိုလ်ကို မျှတဝေငှလိုက်ရတဲ့အတွက် ကုသိုလ်တွေ လျော့နည်းမသွားဘဲ အဆများစွာ တိုးပွားသွားပါတယ်။

ဥပမာ ထွန်းထားတဲ့ ဖယောင်းတိုင်တစ်တိုင်က မီးကို အခြားဖယောင်းတိုင်များဖြင့် ကူးယူညှိထွန်းရာ မူလဖယောင်းတိုင်မီးမှာ အလင်းရောင် အရှိန်အဝါ လျော့နည်းမသွားတဲ့အပြင် နောက်ထပ် အရောင်အလင်းအကူညီရသဖြင့် ပိုပြီး လင်းလာသလို ပတ္တိဒါန ကုသိုလ်အပိုတွေ များစွာရရှိပါတယ်လို့ ကျမ်းဂန်များမှာ ဆိုပါတယ်။

သေပြီးနောက် ပြိတ္တာဖြစ်နေသူများကို ရည်စူးကုသိုလ်ပြုပြီး ကုသိုလ်အဖို့ကို အမျှပေးဝေလိုက်လို့ အဲသည်ပြိတ္တာက ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်ရင် အငတ်ငတ်အပြတ်ပြတ် စားရမဲ့ သောက်ရမယ့် အလွန်ဆင်းရဲနေတဲ့ ဘဝကနေပြီး ချက်ချင်း နတ်စည်းစိမ်များလောက် ကြီးကျယ်တဲ့ စည်းစိမ်ချမ်းသာကြီးများကို ရရှိခြင်း အကျိုးကို ဒိဋ္ဌဓမ္မ လက်ငင်းရရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ရေစက်ချပြီး ပြုလုပ်တဲ့ ကုသိုလ်ကြောင့် ရရှိတဲ့ အကျိုးတွေပါပဲ။ ရေစက်မချဘဲ ပြုလုပ်တဲ့ ကုသိုလ်ကတော့ သည်လိုကြီးကျယ်များပြားတဲ့ အကျိုးတရားများကို မရရှိနိုင်ပါဘူး။ သည်လောက်ဆိုရင် ကုသိုလ်နှစ်မျိုး အကျိုးပေးကွာခြားခြင်းရှိ မရှိ သိလောက်ပါပြီ။

အချုပ်ပြောရရင် ရေစက်မချဘဲ လှူတဲ့အလှူက ဒါနကုသိုလ် တစ်မျိုးသာရပြီး ရေစက်ချပြီး လှူတဲ့အလှူက ဒါနကုသိုလ် ၊ ပတ္တိဒါနကုသိုလ် ၊ ပတ္တာနုမောဒနကုသိုလ် – သည်ကုသိုလ်သုံးမျိုးတို့ကို ရနိုင်ပါတယ်လို့ မှတ်သားရန် ဖြစ်ပါတယ်။

No comments:

Post a Comment