Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 19, 2018

အပါယ္ေလးပါးမွ လြတ္ေျမာက္ေစႏုိင္ေသာ ကုသုိလ္(၇)မ်ိဳး

(က) အပါယ္ေလးပါး

အပါယ္ေလးပါးဆုိတာက ငရဲ၊ တိရိစာၦန္၊ ျပိတၱာ၊ အသုရကာယ္တုိ႔ျဖစ္ပါတယ္။ အပါယ္ဆုိတာက (အပါယ) ဆုိတဲ့ပါဠိပုဒ္ကေနဆင္း သက္လာတာပါ။ (အပါယ)မွာ (အပ+အယ) ဆုိျပီးႏွစ္ပုဒ္ရွိပါတယ္။ အပ= ကင္းျခင္း၊ အယ= ကုသုိလ္တရား၊ သုိ႔မဟုတ္ ခ်မ္းသာ။ ႏွစ္ပုဒ္ေပါင္းလုိက္ေတာ့ ကုသုိလ္တုိ႔မွကင္းျခင္း၊ ခ်မ္းသာတုိ႔မွ ကင္းျခင္းလုိ႔အဓိပၸါယ္ရပါတယ္။ ဆုိလုိတာက အပါယ္ေလးဘုံးသားတုိ႔မွာ ကုသုိလ္ေတြမွကင္းျခင္း၊ ကုသုိလ္တရားတုိ႔ကုိျပဳလုပ္နဳိင္စြမ္းမရွိျခင္း ခ်မ္းသာျခင္းတရားတုိ႔မွကင္းျခင္း လုိ႔အဓိပၸါယ္ရပါတယ္။

မွန္ပါတယ္။ အပါယ္ေလးဘုံကုိေရာက္သြားျပီဆုိရင္ ကုသုိလ္တရားေတြကုိ ျပဳလုပ္နုိင္စြမ္းမရွိသည့္အတြက္ ေကာင္းေသာဘုံဌာနကုိျပန္ေရာက္ဖုိ႔ အင္မတန္မွခက္ခဲပါတယ္။ အကုသုိလ္ကံ အဟုန္ေတြကုန္ဆုံးမွသာ ေကာင္းရာဘုံကုိေရာက္ေစတာပါ

(ခ) အပါယ္ေလးပါးမွ လြတ္ေျမာက္ေစႏုိင္ေသာ ကုသုိလ္(၇)မ်ိဳး

အပါယ္ေလးဘုံေရာက္သြားရင္လည္း ေကာင္းေသာဘုံဌာနသုိ႔ ျပန္ေရာက္ဖုိ႔ဟာ မလြယ္ေသာေၾကာင့္ ထုိအပါယ္ေလးဘုံမွ အျပီးပုိင္ကင္းလြတ္ေအာင္ ဒါန သီလ အစထားျပီး ဝိပႆနာတရားမ်ားကုိၾကိဳးစားအားထုတ္သင့္တယ္ဆုိတာ ေျပာျပခ်င္တာပါ။ ဝိပႆနာအားထုတ္လုိ႔ ေသာတာပန္ပုဂၢဳိလ္အဆင့္ေရာက္သြားမယ္ဆုိရင္ အျပီးပုိင္ အပါယ္ေလးပါးက ကင္းလြတ္ပါတယ္။

ဒီဘဝမွာ တပည့္ေတာ္တုိ႔ ဝိပႆနာေတာ့ၾကိဳးစား အားထုတ္ပါမယ္။ ဒါေပမယ့္ ေသာတာပန္တည္၊ မတည္ဆုိတာေတာ့အာမခံလုိ႔မရပါ။ ေသာတာပန္မတည္ရင္ေရာ အပါယ္ေလးပါးကမလြတ္ေတာ့ဘူးလား။ ဒီဘဝကေနျပီးေတာ့ အပါယ္ေလးပါးလြတ္ေျမာက္ခ်င္ရင္ ဘယ္လုိေကာင္းမွဳေတြျပဳလုပ္ရမလဲ။ ဘယ္လုိေကာင္းမွဳေတြျပဳလုပ္ရင္ အပါယ္ေလးပါးလြတ္ကင္းမလဲ-စသည္ျဖင့္ေပါ့ေလ၊ ေမးဖြယ္ရာရွိပါတယ္။

အဲဒီေတာ့ ေနာက္ဘဝ အပါယ္ေလးပါးက လြတ္ေျမာက္ခ်င္ရင္ အပါယ္ေလးပါးေရာက္ေၾကာင္း (တနည္း) အပါယ္ေလးပါးက လြတ္ေျမာက္ေစနုိင္တဲ့ ကုသုိလ္ေတြရွိေနပါတယ္။ အဲဒီကုသုိလ္ေတြက ခုနစ္မ်ဳိးရွိပါတယ္။ အဲဒါေတြကဘာေတြလဲလုိ႔ဆုိေတာ့

(၁)။သရဏဂုံကုသုိလ္။

ဘုရား၊တရား၊သံဃာေတာ္မ်ားရဲ့ ဂုဏ္မ်ားကုိ မိရုိးဖလာဗုဒၶဘာသာ လုိမကုိးကြယ္ မဆည္းကပ္ပဲ တကယ့္စစ္မွန္ေသာ ခုိင္ျမဲေသာ သဒၶါ၊ ပညာဦးစီးတဲ့ စိတ္ထားနဲ႔ ၾကည္ၫိဳျခင္းလုိ႔ဆုိတဲ့ (သရဏဂုံကုသုိလ္)။ အဲဒီကုသုိလ္မ်ဳိးရွိထားရင္ အပါယ္ေလးပါးက လြတ္ေျမာက္ပါတယ္။ (ေသာတာပန္ပုဂၢဳိလ္ေတြ အပါယ္ေလးပါးကလြန္ေျမာက္သလုိ ဒီကုသုိလ္ေလးရွိထားရင္ ေသာတာပန္ပုဂၢဳိလ္နဲ႔အဆင့္ခ်င္းတူပါတယ္။)

(၂)။ငါးပါးသီလျမဲျခင္း(ပဥၥသီလကုသုိလ္)။

ငါးပါးသီလျမဲတဲ့ပုဂၢဳိလ္ဟာလည္း အပါယ္ေလးပါးကလြတ္ေျမာက္ပါတယ္။ (ေသာတာပန္ပုဂၢဳိလ္ေတြ အပါယ္ေလးပါးက လြတ္ေျမာက္သလုိ ဒီကုသုိလ္ေလးရွိထားရင္ ေသာတာပန္ပုဂၢဳိလ္နဲ႔အဆင့္ခ်င္းတူပါတယ္။)

(၃)။ စာေရးတံ မဲခ်ျခင္းကုသုိလ္။

ဆုိလုိတာက ဦးဇင္းတုိ႔ဗုဒၶဘာသာမ်ား သီတင္းကၽြတ္ကာလမွာဆုိရင္ ေက်ာင္းတုိက္မ်ားမွ သံဃာမ်ားကုိ မဲခ်ျပီး က်တဲ့ သံဃာေတာ္ကုိ ဆြမ္းစတဲ့ လွဴဘြယ္ပစၥည္းမ်ားကုိ ေပးလွဴတဲ့ကုသုိလ္မ်ဳိးပါ။ ကထိန္ရာသီမွာဆုိရင္ ပေဒသာပင္မ်ားလွဴဒါန္းတဲ့ ကုသုိလ္ပါ။ မိမိလွဴလုိက္တဲ့ပစၥည္းဝတၳဳမ်ားကုိ မဲေပါက္တဲ့ ေက်ာင္းတုိက္က သံဃာေတာ္မ်ားကုိ ကပ္လွဴျခင္းျဖစ္ပါတယ္။

မိမိလွဴလုိက္ျပီဆုိတည္းက ပုဂၢဳိလ္ကုိမငဲ့ကြက္ပဲ (ဆုိလုိတာက ငါနဲ႔ သိတဲ့ဦးဇင္းအတြက္ ငါတုိ႔ကုိးကြယ္ေနတဲ့ေက်ာင္းအတြက္) ဆုိျပီး ပုဂၢဳိလ္ကုိမငဲ့ပဲ က်ရာသံဃာေတာ္ေတြ ခ်မ္းခ်မ္းသာသာသုံးေဆာင္မွီဝဲေစလိုတဲ့အတြက္ သံဃာ့ဂုဏ္ကုိရည္မွန္းျပီး လွဴဒါန္းတဲ့အလွဴမ်ဳိးကုိ ေခၚမယ္ဆုိရင္ေခၚလုိ႔ရပါတယ္။ ဒါကုိစာေရးတံဆြမ္းဝတ္လုိ႔ေခၚတာပါ။ အလြယ္မွတ္ခ်င္ရင္ စာေရးတံမဲခ်တဲ့ကုသုိလ္လုိ႔မွတ္လုိက္ပါ။

အဲဒီကုသုိလ္ဟာ အင္မတန္မွျပဳရလြယ္ျပီး အကုန္အက်နည္းေပမယ့္ ရလုိက္တဲ့အက်ဳိးတရားကေတာ့ အပါယ္ေလးပါးကေတာင္ လြတ္ေျမာက္တယ္ဆုိေတာ့ အင္မတန္ကုိမွ အက်ဳိးေက်းဇူးမ်ားပါတယ္။ ဒီကုသုိလ္မ်ားဟာ တကယ္ဘုနး္ရွင္ကံရွင္မ်ားျဖစ္တဲ့ဗုဒၶဘာသာဝင္မ်ားသာ ျပဳလုပ္ခြင့္ရတဲ့ ဒါနမ်ဳိးပါ။ ဗုဒၶဘာသာျဖစ္ရတာ အင္မတန္ေက်နပ္စရာေကာင္းပါတယ္။ (ေသာတာပန္ပုဂၢဳိလ္ေတြ အပါယ္ေလးပါးကလြန္ေျမာက္သလုိ ဒီကုသုိလ္ေလးရွိထားရင္ ေသာတာပန္ပုဂၢဳိလ္နဲ႔အဆင့္ခ်င္းတူပါတယ္။)

(၄) ပကၡိယဘတ္လုိ႔ေခၚတဲ့ ကုသုိလ္ပါ။

ရွင္းေအာင္ေျပာမယ္ဆုိရင္ မိမိတုိ႔ကုိးကြယ္ေနတဲ့ ေက်ာင္းတုိက္မ်ားကုိ တစ္လဆြမ္းတစ္ခ်ဳိင့္ျဖစ္ေစ၊တစ္လဆြမ္းႏွစ္ခ်ဳိင့္ျဖစ္ေစ လွဴတဲ့အလွဴကုိေခၚတာပါ။ လဆန္းပကၡမွာလွဴရင္ လဆန္းပကၡဆြမ္းေပါ့၊ လဆုတ္မွာလွဴရင္ လဆုတ္ပကၡဆြမး္လုိ႔ေခၚတာပါ။ အဲဒီလုိ တစ္လကုိ ႏွစ္ၾကိမ္ျဖစ္ေစ၊ တစ္ၾကိမ္ျဖစ္ေစ လွဴတဲ့အလွဴဒါနမ်ဳိးကုိ (ပကၡိယဘတၱ) ကုသုိလ္လုိ႔ေခၚပါတယ္။ ဒီကုသုိလ္ေလးက ေငြကုန္ေက်းက်လည္းနည္းပါတယ္။

ပင္ပန္းမွဳလည္းမၾကီးေလးပဲ ရလုိက္တဲ့ကုသုိလ္က အပါယ္ေလးပါးလြတ္ေျမာက္တဲ့အထိ အက်ဳိးေက်းဇူးမ်ားပါတယ္။ ဒီကုသုိလ္ကုိလည္း အသက္ထက္ဆုံးျပဳလုပ္ပါလုိ႔ တုိက္တြန္းလုိတာပါ။ (ေသာတာပန္ပုဂၢဳိလ္ေတြ အပါယ္ေလးပါးကလြန္ေျမာက္သလုိ ဒီကုသုိလ္ေလးရွိထားရင္ ေသာတာပန္ပုဂၢဳိလ္နဲ႔အဆင့္ခ်င္းတူပါတယ္။)

(၅)။ ေဝႆဝါသိက ကုသုိလ္ပါ။

ဗမာလုိရွင္းရွင္းေျပာရင္ ဝါဆုိသကၤန္းကပ္လွဴတဲ့ကုသုိလ္ပါ။ ႏွစ္စဥ္ႏွစ္တုိင္း ဝါဆုိ ဝါကပ္ေတာ္မူၾကတဲ့ သံဃာေတာ္အရွင္ျမတ္မ်ားကုိ ႏွစ္စဥ္ႏွစ္တုိင္းဝါဆုိသကၤန္း ကပ္လွဴမယ္ဆုိရင္ (မွတ္ခ်က္ မိမိတတ္နုိင္သေလာက္ေပါ့ေနာ္ တစ္စုံတတ္နုိင္ရင္တစ္စုံ။ ႏွစ္စုံတတ္နိုင္ရင္ႏွစ္စုံေပါ့) အဲဒီကုသုိလ္ဟာလည္း ျပဳလုပ္လုိက္တဲ့ကုသုိလ္ေလးက ေသးေပမယ့္ရလုိက္တဲ့အက်ဳိးက အပါယ္ေလးပါးကေတာင္ လြတ္ေျမာက္ျခင္းဆုိတဲ့ အက်ဳိးမ်ဳိးကုိခံစားရတာပါ။

ေသာတာပန္ပုဂၢဳိလ္နဲ႔ အလားသ႑န္တူတယ္လုိ႔ဆုိပါတယ္။ ေသာတာပန္ပုဂၢဳိလ္ဟာ အပါယ္ေလးပါးကလြတ္ေျမာက္သလုိ ဒီကုသုိလ္ကုိ ႏွစ္စဥ္ႏွစ္တုိင္း လုပ္သြားမယ္ဆုိရင္ စိတ္သာခ်ပါ။ အပါယ္ေလးပါးကလြတ္ေျမာက္ပါတယ္။

(၆)။ ဧေကာအာဝါေသာ ဆုိတဲ့ကုသုိလ္ပါ။

ဆုိလုိတာက ေက်ာင္းတစ္ေဆာင္ျဖစ္ေစ၊ ဇရပ္တစ္ေဆာင္ျဖစ္ေစ လွဴဒါန္းတဲ့ အလွဴဒါနကုိဆုိလုိျခင္းျဖစ္ပါတယ္။ ေက်ာင္းတစ္ေဆာင္လုံး တပည့္ေတာ္တုိ႔မတတ္နုိင္ပါဘူးဘုရားဆုိရင္ေတာ့ တစ္ေဆာင္လုံးမတတ္ႏုိင္ရင္ တတ္ႏုိင္သေလာက္လွဴပါလုိ႔ေျပာခ်င္ပါတယ္။ အဓိက ေက်ာင္းေဆာက္တဲ့ကုသုိလ္ထဲမွာ မိမိရဲ႕ ဒါနပါဖုိ႔သာ အေရးၾကီးပါတယ္။

အဲဒီကုသုိလ္ဟာလည္း က်န္တဲ့ေကာင္းက်ဳိးခ်မ္းသာကုိမေျပာလုိေတာ့ပါဘူး။ အပါယ္ေလးပါးက လြတ္ေျမာက္ျခင္းဆုိတဲ့ အဆင့္ျမင့္တဲ့ အက်ဳိးကုိပဲေျပာခ်င္ပါတယ္။ အဲလုိ ေက်ာင္းတစ္ေဆာင္၊ ဒါမွမဟုတ္ တတ္နုိင္သေလာက္လွဴဒါန္းလုိက္မယ္ဆုိရင္ အပါယ္ေလးပါးကလြတ္ေျမာက္ပါတယ္။ ေသာတာပန္ပုဂၢဳိလ္နဲ႔အလားတူျဖစ္ပါတယ္။ ဒီကုသုိလ္ကုိလည္း တတ္နုိင္သေလာက္လွဴဒါန္းပါလုိ႔ ေျပာျပအသိေပးပါတယ္။

(၇) ဧကာေပါကၡရဏီတဲ့။

ဆုိလုိတာက ေရတြင္းေရကန္မ်ားကုိတူးေဖာ္ျခင္း၊ လွဴဒါန္းျခင္း၊ ေရတြင္းေရကန္အေဟာင္းမ်ားကုိျပဳျပင္လွဴဒါန္းျခင္းဆုိတဲ့ကုသုိလ္မ်ဳိးပါ။ အဲေလာက္ထိ မလုပ္နုိင္ေသးဘူးဘုရားဆုိရင္ မိမိအိမ္ေရွ႕မွာျဖစ္ေစ၊ လမ္းေထာင့္တစ္ေနရာရာမွာျဖစ္ေစ ေရအုိးစင္ေလးေဆာက္ျပီး ေသာက္ေရအုိးေလး တည္ထားမယ္ဆုိရင္လည္းရပါတယ္။

အဲေလာက္ထိမလုပ္နုိင္ဘူးဆုိရင္ ေအာက္ထစ္ဆုံး ေရသန္႔ဗူးေလးကိုတည္ထားျပီး ခရီးသြား ရဟန္း၊ ရွင္၊ လူမ်ားေသာက္သုံးဖုိ႔ တည္ထားမယ္ဆုိရင္လည္း အဲဒီဒါနဟာ ေငြေၾကးနဲ႔တုိင္းတာမယ္ဆုိရင္ ေသးေပမယ့္ ရလုိက္တဲ့ အက်ဳိးက အပါယ္ေလးပါးလြတ္ေျမာက္တဲ့အထိ တန္ဘုိးလည္းၾကီး အက်ဳးိလည္း မ်ားပါတယ္။

ေသာတာပန္ပုဂၢဳိလ္မ်ားနဲ႔ အလားတူျဖစ္တာပါ

ဒါျဖင့္ရင္ အားလုံးေသာ ဒကာ ဒကာမမ်ား ဆုိခဲ့ ကုသုိလ္(၇)မ်ဳိးထဲက တစ္မ်ဳိးကုိျဖစ္ေစ၊ ႏွစ္မ်ဳိးကုိျဖစ္ေစ၊ (၇)မ်ဳိးလုံးကုိျဖစ္ေစ အျမဲဝတ္ထားျပီး ျပဳလုပ္မယ္ဆုိရင္ ျမတ္စြာဘုရားက ေသာတာပန္ပုဂၢဳိလ္ႏွင့္အလားတူပါတယ္၊ ေသာတာပန္ပုဂၢဳိလ္မ်ား အပါယ္ေလးပါးက လြတ္ေျမာက္သလုိ အဲဒီကုသုိလ္မ်ားကုိ အျမဲျပဳလုပ္တဲ့ ပုဂၢဳိလ္မ်ားလည္း အပါယ္ေလးပါးက လြတ္ေျမာက္ပါတယ္လုိ႔ ေသေသခ်ာခ်ာေဟာထားခဲ့တာပါ။

တစ္ၾကိမ္ေလာက္လုပ္ျပီး အပါယ္ေလးပါးက လြတ္ေျမာက္ခ်င္လုိ႔ေတာ့ မရဘူးေနာ္၊ (နိဗဒၶ)ဆုိတဲ့ပါဠိက ပါေနေတာ့ အျမဲဝတ္ထားျပီး ျပဳလုပ္ရမယ္လုိ႔ေျပာတာပါ။ ဝါဆုိသကၤန္းဆုိလည္း ႏွစ္စဥ္၊ စာေရးတံမဲဆုိရင္လည္း ႏွစ္စဥ္၊ ဆြမ္းခ်ဳိင့္ဆုိရင္လည္း လစဥ္၊ ေရအုိးစင္ဆုိရင္လည္းေန႔စဥ္ေန႔တုိင္းေပါ့။ ရတနာသုံးပါးကုိလည္း အသက္ထက္ဆုံးကုိးကြယ္ဆည္းကပ္ရမယ္။ ငါးပါးသီလကုိလည္း အတတ္ႏုိင္ဆုံးေစာင့္ထိန္းမယ္ဆုိရင္ အပါယ္ေလးပါးကလြတ္ေျမာက္ပါတယ္လုိ႔ တုိက္တြန္း အသိေပးခ်င္တာပါ။

အားလုံးေသာ ဒကာ၊ ဒကာမ မ်ား မိမိႏွင့္ပတ္သတ္တဲ့ေဆြမ်ဳိး မိတ္ေဆြ အေပါင္းသင္းမ်ားကုိလည္း ဒီကုသိုလ္(၇)ခ်က္ကုိ တစ္ဆင့္ေျပာျပေပးပါလုိ႔တုိက္တြန္းခ်င္ပါတယ္။ ျပီးေတာ့ မိမိကုိယ္တုိင္လည္း တတ္နုိင္သေလာက္ တစ္မ်ဳိးကုိျဖစ္ေစ၊ ႏွစ္မ်ဳိးကုိျဖစ္ေစ၊ (၇)မ်ဳိးလုံးကုိျဖစ္ေစ ဝတ္ထားျပီး အားထုတ္ပါလုိ႔တုိက္တြန္းလုိက္ရပါတယ္။

အားလုံးကုိယ္စိတ္ႏွစ္ပါးက်န္းမာခ်မ္းသာၾကပါေစ၊ သာသနာေတာ္အက်ဳိးကုိလည္း ေဆာင္ရြတ္ႏုိင္တဲ့သာသနာျပဳ အမ်ဳိးေကာင္းသား၊ အမ်ဳိးေကာင္းသမီးမ်ားျဖစ္ၾကပါေစ။

အရွင္ဝိမလဝံသ (နာလႏၵာတကၠသုိလ္) မွေကာက္ႏႈတ္ေဖာ္ျပအပ္ပါသည္။

ဥတၱရအလင္း

(က) အပါယ်လေးပါး

အပါယ်လေးပါးဆိုတာက ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်တို့ဖြစ်ပါတယ်။ အပါယ်ဆိုတာက (အပါယ) ဆိုတဲ့ပါဠိပုဒ်ကနေဆင်း သက်လာတာပါ။ (အပါယ)မှာ (အပ+အယ) ဆိုပြီးနှစ်ပုဒ်ရှိပါတယ်။ အပ= ကင်းခြင်း၊ အယ= ကုသိုလ်တရား၊ သို့မဟုတ် ချမ်းသာ။ နှစ်ပုဒ်ပေါင်းလိုက်တော့ ကုသိုလ်တို့မှကင်းခြင်း၊ ချမ်းသာတို့မှ ကင်းခြင်းလို့အဓိပ္ပါယ်ရပါတယ်။

ဆိုလိုတာက အပါယ်လေးဘုံးသားတို့မှာ ကုသိုလ်တွေမှကင်းခြင်း၊ ကုသိုလ်တရားတို့ကိုပြုလုပ်နိုင်စွမ်းမရှိခြင်း ချမ်းသာခြင်းတရားတို့မှကင်းခြင်း လို့အဓိပ္ပါယ်ရပါတယ်။ မှန်ပါတယ်။ အပါယ်လေးဘုံကိုရောက်သွားပြီဆိုရင် ကုသိုလ်တရားတွေကို ပြုလုပ်နိုင်စွမ်းမရှိသည့်အတွက် ကောင်းသောဘုံဌာနကိုပြန်ရောက်ဖို့ အင်မတန်မှခက်ခဲပါတယ်။ အကုသိုလ်ကံ အဟုန်တွေကုန်ဆုံးမှသာ ကောင်းရာဘုံကိုရောက်စေတာပါ

(ခ) အပါယ်လေးပါးမှ လွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး

အပါယ်လေးဘုံရောက်သွားရင်လည်း ကောင်းသောဘုံဌာနသို့ ပြန်ရောက်ဖို့ဟာ မလွယ်သောကြောင့် ထိုအပါယ်လေးဘုံမှ အပြီးပိုင်ကင်းလွတ်အောင် ဒါန သီလ အစထားပြီး ဝိပဿနာတရားများကိုကြိုးစားအားထုတ်သင့်တယ်ဆိုတာ ပြောပြချင်တာပါ။ ဝိပဿနာအားထုတ်လို့ သောတာပန်ပုဂ္ဂိုလ်အဆင့်ရောက်သွားမယ်ဆိုရင် အပြီးပိုင် အပါယ်လေးပါးက ကင်းလွတ်ပါတယ်။

ဒီဘဝမှာ တပည့်တော်တို့ ဝိပဿနာတော့ကြိုးစား အားထုတ်ပါမယ်။ ဒါပေမယ့် သောတာပန်တည်၊ မတည်ဆိုတာတော့အာမခံလို့မရပါ။ သောတာပန်မတည်ရင်ရော အပါယ်လေးပါးကမလွတ်တော့ဘူးလား။ ဒီဘဝကနေပြီးတော့ အပါယ်လေးပါးလွတ်မြောက်ချင်ရင် ဘယ်လိုကောင်းမှုတွေပြုလုပ်ရမလဲ။ ဘယ်လိုကောင်းမှုတွေပြုလုပ်ရင် အပါယ်လေးပါးလွတ်ကင်းမလဲ-စသည်ဖြင့်ပေါ့လေ၊ မေးဖွယ်ရာရှိပါတယ်။

အဲဒီတော့ နောက်ဘဝ အပါယ်လေးပါးက လွတ်မြောက်ချင်ရင် အပါယ်လေးပါးရောက်ကြောင်း (တနည်း) အပါယ်လေးပါးက လွတ်မြောက်စေနိုင်တဲ့ ကုသိုလ်တွေရှိနေပါတယ်။ အဲဒီကုသိုလ်တွေက ခုနစ်မျိုးရှိပါတယ်။ အဲဒါတွေကဘာတွေလဲလို့ဆိုတော့

(၁)။သရဏဂုံကုသိုလ်။

ဘုရား၊တရား၊သံဃာတော်များရဲ့ ဂုဏ်များကို မိရိုးဖလာဗုဒ္ဓဘာသာ လိုမကိုးကွယ် မဆည်းကပ်ပဲ တကယ့်စစ်မှန်သော ခိုင်မြဲသော သဒ္ဓါ၊ ပညာဦးစီးတဲ့ စိတ်ထားနဲ့ ကြည်ညိုခြင်းလို့ဆိုတဲ့ (သရဏဂုံကုသိုလ်)။ အဲဒီကုသိုလ်မျိုးရှိထားရင် အပါယ်လေးပါးက လွတ်မြောက်ပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၂)။ငါးပါးသီလမြဲခြင်း(ပဉ္စသီလကုသိုလ်)။

ငါးပါးသီလမြဲတဲ့ပုဂ္ဂိုလ်ဟာလည်း အပါယ်လေးပါးကလွတ်မြောက်ပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးက လွတ်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၃)။ စာရေးတံ မဲချခြင်းကုသိုလ်။

ဆိုလိုတာက ဦးဇင်းတို့ဗုဒ္ဓဘာသာများ သီတင်းကျွတ်ကာလမှာဆိုရင် ကျောင်းတိုက်များမှ သံဃာများကို မဲချပြီး ကျတဲ့ သံဃာတော်ကို ဆွမ်းစတဲ့ လှူဘွယ်ပစ္စည်းများကို ပေးလှူတဲ့ကုသိုလ်မျိုးပါ။ ကထိန်ရာသီမှာဆိုရင် ပဒေသာပင်များလှူဒါန်းတဲ့ ကုသိုလ်ပါ။ မိမိလှူလိုက်တဲ့ပစ္စည်းဝတ္ထုများကို မဲပေါက်တဲ့ ကျောင်းတိုက်က သံဃာတော်များကို ကပ်လှူခြင်းဖြစ်ပါတယ်။

မိမိလှူလိုက်ပြီဆိုတည်းက ပုဂ္ဂိုလ်ကိုမငဲ့ကွက်ပဲ (ဆိုလိုတာက ငါနဲ့ သိတဲ့ဦးဇင်းအတွက် ငါတို့ကိုးကွယ်နေတဲ့ကျောင်းအတွက်) ဆိုပြီး ပုဂ္ဂိုလ်ကိုမငဲ့ပဲ ကျရာသံဃာတော်တွေ ချမ်းချမ်းသာသာသုံးဆောင်မှီဝဲစေလိုတဲ့အတွက် သံဃာ့ဂုဏ်ကိုရည်မှန်းပြီး လှူဒါန်းတဲ့အလှူမျိုးကို ခေါ်မယ်ဆိုရင်ခေါ်လို့ရပါတယ်။ ဒါကိုစာရေးတံဆွမ်းဝတ်လို့ခေါ်တာပါ။ အလွယ်မှတ်ချင်ရင် စာရေးတံမဲချတဲ့ကုသိုလ်လို့မှတ်လိုက်ပါ။

အဲဒီကုသိုလ်ဟာ အင်မတန်မှပြုရလွယ်ပြီး အကုန်အကျနည်းပေမယ့် ရလိုက်တဲ့အကျိုးတရားကတော့ အပါယ်လေးပါးကတောင် လွတ်မြောက်တယ်ဆိုတော့ အင်မတန်ကိုမှ အကျိုးကျေးဇူးများပါတယ်။ ဒီကုသိုလ်များဟာ တကယ်ဘုန်းရှင်ကံရှင်များဖြစ်တဲ့ဗုဒ္ဓဘာသာဝင်များသာ ပြုလုပ်ခွင့်ရတဲ့ ဒါနမျိုးပါ။ ဗုဒ္ဓဘာသာဖြစ်ရတာ အင်မတန်ကျေနပ်စရာကောင်းပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၄) ပက္ခိယဘတ်လို့ခေါ်တဲ့ ကုသိုလ်ပါ။

ရှင်းအောင်ပြောမယ်ဆိုရင် မိမိတို့ကိုးကွယ်နေတဲ့ ကျောင်းတိုက်များကို တစ်လဆွမ်းတစ်ချိုင့်ဖြစ်စေ၊တစ်လဆွမ်းနှစ်ချိုင့်ဖြစ်စေ လှူတဲ့အလှူကိုခေါ်တာပါ။ လဆန်းပက္ခမှာလှူရင် လဆန်းပက္ခဆွမ်းပေါ့၊ လဆုတ်မှာလှူရင် လဆုတ်ပက္ခဆွမ်းလို့ခေါ်တာပါ။ အဲဒီလို တစ်လကို နှစ်ကြိမ်ဖြစ်စေ၊ တစ်ကြိမ်ဖြစ်စေ လှူတဲ့အလှူဒါနမျိုးကို (ပက္ခိယဘတ္တ) ကုသိုလ်လို့ခေါ်ပါတယ်။

ဒီကုသိုလ်လေးက ငွေကုန်ကျေးကျလည်းနည်းပါတယ်။ ပင်ပန်းမှုလည်းမကြီးလေးပဲ ရလိုက်တဲ့ကုသိုလ်က အပါယ်လေးပါးလွတ်မြောက်တဲ့အထိ အကျိုးကျေးဇူးများပါတယ်။ ဒီကုသိုလ်ကိုလည်း အသက်ထက်ဆုံးပြုလုပ်ပါလို့ တိုက်တွန်းလိုတာပါ။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၅)။ ဝေဿဝါသိက ကုသိုလ်ပါ။

ဗမာလိုရှင်းရှင်းပြောရင် ဝါဆိုသင်္ကန်းကပ်လှူတဲ့ကုသိုလ်ပါ။ နှစ်စဉ်နှစ်တိုင်း ဝါဆို ဝါကပ်တော်မူကြတဲ့ သံဃာတော်အရှင်မြတ်များကို နှစ်စဉ်နှစ်တိုင်းဝါဆိုသင်္ကန်း ကပ်လှူမယ်ဆိုရင် (မှတ်ချက် မိမိတတ်နိုင်သလောက်ပေါ့နော် တစ်စုံတတ်နိုင်ရင်တစ်စုံ။ နှစ်စုံတတ်နိုင်ရင်နှစ်စုံပေါ့) အဲဒီကုသိုလ်ဟာလည်း ပြုလုပ်လိုက်တဲ့ကုသိုလ်လေးက သေးပေမယ့်ရလိုက်တဲ့အကျိုးက အပါယ်လေးပါးကတောင် လွတ်မြောက်ခြင်းဆိုတဲ့ အကျိုးမျိုးကိုခံစားရတာပါ။

သောတာပန်ပုဂ္ဂိုလ်နဲ့ အလားသဏ္ဍန်တူတယ်လို့ဆိုပါတယ်။ သောတာပန်ပုဂ္ဂိုလ်ဟာ အပါယ်လေးပါးကလွတ်မြောက်သလို ဒီကုသိုလ်ကို နှစ်စဉ်နှစ်တိုင်း လုပ်သွားမယ်ဆိုရင် စိတ်သာချပါ။ အပါယ်လေးပါးကလွတ်မြောက်ပါတယ်။

(၆)။ ဧကောအာဝါသော ဆိုတဲ့ကုသိုလ်ပါ။

ဆိုလိုတာက ကျောင်းတစ်ဆောင်ဖြစ်စေ၊ ဇရပ်တစ်ဆောင်ဖြစ်စေ လှူဒါန်းတဲ့ အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။ ကျောင်းတစ်ဆောင်လုံး တပည့်တော်တို့မတတ်နိုင်ပါဘူးဘုရားဆိုရင်တော့ တစ်ဆောင်လုံးမတတ်နိုင်ရင် တတ်နိုင်သလောက်လှူပါလို့ပြောချင်ပါတယ်။ အဓိက ကျောင်းဆောက်တဲ့ကုသိုလ်ထဲမှာ မိမိရဲ့ ဒါနပါဖို့သာ အရေးကြီးပါတယ်။

အဲဒီကုသိုလ်ဟာလည်း ကျန်တဲ့ကောင်းကျိုးချမ်းသာကိုမပြောလိုတော့ပါဘူး။ အပါယ်လေးပါးက လွတ်မြောက်ခြင်းဆိုတဲ့ အဆင့်မြင့်တဲ့ အကျိုးကိုပဲပြောချင်ပါတယ်။ အဲလို ကျောင်းတစ်ဆောင်၊ ဒါမှမဟုတ် တတ်နိုင်သလောက်လှူဒါန်းလိုက်မယ်ဆိုရင် အပါယ်လေးပါးကလွတ်မြောက်ပါတယ်။ သောတာပန်ပုဂ္ဂိုလ်နဲ့အလားတူဖြစ်ပါတယ်။ ဒီကုသိုလ်ကိုလည်း တတ်နိုင်သလောက်လှူဒါန်းပါလို့ ပြောပြအသိပေးပါတယ်။

(၇) ဧကာပေါက္ခရဏီတဲ့။

ဆိုလိုတာက ရေတွင်းရေကန်များကိုတူးဖော်ခြင်း၊ လှူဒါန်းခြင်း၊ ရေတွင်းရေကန်အဟောင်းများကိုပြုပြင်လှူဒါန်းခြင်းဆိုတဲ့ကုသိုလ်မျိုးပါ။ အဲလောက်ထိ မလုပ်နိုင်သေးဘူးဘုရားဆိုရင် မိမိအိမ်ရှေ့မှာဖြစ်စေ၊ လမ်းထောင့်တစ်နေရာရာမှာဖြစ်စေ ရေအိုးစင်လေးဆောက်ပြီး သောက်ရေအိုးလေး တည်ထားမယ်ဆိုရင်လည်းရပါတယ်။

အဲလောက်ထိမလုပ်နိုင်ဘူးဆိုရင် အောက်ထစ်ဆုံး ရေသန့်ဗူးလေးကိုတည်ထားပြီး ခရီးသွား ရဟန်း၊ ရှင်၊ လူများသောက်သုံးဖို့ တည်ထားမယ်ဆိုရင်လည်း အဲဒီဒါနဟာ ငွေကြေးနဲ့တိုင်းတာမယ်ဆိုရင် သေးပေမယ့် ရလိုက်တဲ့ အကျိုးက အပါယ်လေးပါးလွတ်မြောက်တဲ့အထိ တန်ဘိုးလည်းကြီး အကျုးိလည်း များပါတယ်။

သောတာပန်ပုဂ္ဂိုလ်များနဲ့ အလားတူဖြစ်တာပါ

ဒါဖြင့်ရင် အားလုံးသော ဒကာ ဒကာမများ ဆိုခဲ့ ကုသိုလ်(၇)မျိုးထဲက တစ်မျိုးကိုဖြစ်စေ၊ နှစ်မျိုးကိုဖြစ်စေ၊ (၇)မျိုးလုံးကိုဖြစ်စေ အမြဲဝတ်ထားပြီး ပြုလုပ်မယ်ဆိုရင် မြတ်စွာဘုရားက သောတာပန်ပုဂ္ဂိုလ်နှင့်အလားတူပါတယ်၊ သောတာပန်ပုဂ္ဂိုလ်များ အပါယ်လေးပါးက လွတ်မြောက်သလို အဲဒီကုသိုလ်များကို အမြဲပြုလုပ်တဲ့ ပုဂ္ဂိုလ်များလည်း အပါယ်လေးပါးက လွတ်မြောက်ပါတယ်လို့ သေသေချာချာဟောထားခဲ့တာပါ။

တစ်ကြိမ်လောက်လုပ်ပြီး အပါယ်လေးပါးက လွတ်မြောက်ချင်လို့တော့ မရဘူးနော်၊ (နိဗဒ္ဓ)ဆိုတဲ့ပါဠိက ပါနေတော့ အမြဲဝတ်ထားပြီး ပြုလုပ်ရမယ်လို့ပြောတာပါ။ ဝါဆိုသင်္ကန်းဆိုလည်း နှစ်စဉ်၊ စာရေးတံမဲဆိုရင်လည်း နှစ်စဉ်၊ ဆွမ်းချိုင့်ဆိုရင်လည်း လစဉ်၊ ရေအိုးစင်ဆိုရင်လည်းနေ့စဉ်နေ့တိုင်းပေါ့။ ရတနာသုံးပါးကိုလည်း အသက်ထက်ဆုံးကိုးကွယ်ဆည်းကပ်ရမယ်။ ငါးပါးသီလကိုလည်း အတတ်နိုင်ဆုံးစောင့်ထိန်းမယ်ဆိုရင် အပါယ်လေးပါးကလွတ်မြောက်ပါတယ်လို့ တိုက်တွန်း အသိပေးချင်တာပါ။

အားလုံးသော ဒကာ၊ ဒကာမ များ မိမိနှင့်ပတ်သတ်တဲ့ဆွေမျိုး မိတ်ဆွေ အပေါင်းသင်းများကိုလည်း ဒီကုသိုလ်(၇)ချက်ကို တစ်ဆင့်ပြောပြပေးပါလို့တိုက်တွန်းချင်ပါတယ်။ ပြီးတော့ မိမိကိုယ်တိုင်လည်း တတ်နိုင်သလောက် တစ်မျိုးကိုဖြစ်စေ၊ နှစ်မျိုးကိုဖြစ်စေ၊ (၇)မျိုးလုံးကိုဖြစ်စေ ဝတ်ထားပြီး အားထုတ်ပါလို့တိုက်တွန်းလိုက်ရပါတယ်။

အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ၊ သာသနာတော်အကျိုးကိုလည်း ဆောင်ရွတ်နိုင်တဲ့သာသနာပြု အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများဖြစ်ကြပါစေ။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်) မှကောက်နှုတ်ဖော်ပြအပ်ပါသည်။

ဥတ္တရအလင်း

No comments:

Post a Comment