Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 13, 2018

လှိုင်သာယာတွင် အလုပ်လုပ်နေသည့် အမျိုးသမီးငယ်နှစ်ဦး ဖယ်ရီကားပေါ်မှ ပြုတ်ကျသေဆုံး


(သေဆုံးသွားသည့် မခင်ဌေးဝင်းပုံ)
နိရဉ္စရာ၊ ဒီဇင်ဘာ ၁၃

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလောင်ပန်း စက်မှုဇုန် Shin Sung အထည်ချုပ်စက်ရုံတွင် လာရောက်လုပ်ကိုင်နေသော ရခိုင်အမျိုးသမီးငယ်တစ်ဦးသည် တစ်ခြား ဗမာမိန်းကလေးငယ်တစ်ဦးနှင် အတူ ယမန်နေ့က ဖယ်ရီကားပေါ်မှ ပြုတ်ကျပြီး သေဆုံးသွာခဲ့သည်ဟု သတင်းရရှိသည်။

သေဆုံးသွားသူ ရခိုင်အမျိုးသမီးငယ်မှာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဇင်တောကျေးရွာနေ (ဘ)ဦးမောင်ဝေတင် နှင့် ဒေါ်မငိုတို့၏ သမီးဖြစ်သူ မခင်ဌေးဝင်း အသက် (၂၁) နှစ်ဖြစ်သည်။

သူမသည်ယမန်နေ့ည ၁၀ နာရီက ၄င်းအလုပ် လုပ်သော စက်ရုံမှ အလုပ်သမားများအား ဖယ်ရီလိုက် ပို့ချိန်တွင် ကားပေါ်မှပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရခိုင်လူငယ်များပရဟိတအသင်းမှ အရှင်သဘာဝနဒီ က နိရဉ္စရာသို့ ပြောသည်။

"သူနဲ့အတူ တခြားဗမာအမျိုးသမီးငယ်တစ်ဦးပါ သေဆုံးခဲ့တာပါ။ ဖြစ်တာက မနေ့ ည ဆယ်နာရီကျော်မှာ သူတို့အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို ဖယ်ရီလိုက်ပို့တဲ့အချိန်မှာပါ။ဖယ်ရီကား ကစက်ရုံက ထွက်လို့သိပ်မကြားသေးဘူး။ကားအင်ဂျင်က တစ်ခု ခုဖြစ်ပြီး ကားတစ်စီးလုံးမီးခိုးတွေ အူလာတယ်လို့ သိရပါတယ်။အဲ့ဒီလို အူလာတော့ သူတို့ကြောက် လန့်ပြီးတော့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ကားနောက် ပေါက်ဝဘက်မှာ ထိုင်နေတဲ့ သူတို့နှစ်ဦးပြုတ်ကျ ခဲ့တာပါ။နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်" ဟာ အရှင်သဘာဝနဒီက ပြောသည်။

သေဆုံးသူ အမျိုးသမီးငယ်နှစ်ဦးနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ စက်ရုံမှ တာဝန်ရှိသူများမှ ဆေးရုံသို့လာ ရောက်ကြည့်ရှုသော်လည်း ယခုအချိန်ထိ ကူညီပေးနေသောအဖွဲ့နှင့် တစ်လုံးတစ်ပါဒ ညှိနှိုင်း ခြင်းမပြုလုပ်သေးဘဲ သေဆုံးသူ၏ မိဘများနှင့်သာ စကားပြောလိုသည်ဟု ဆိုကာ မိဘများဖုန်းနံပတ် ကို တောင်းနေသည်ဟု သိရသည်။

လက်ရှိတွင် သေဆုံးသူအမျိုးသမီးငယ် နှစ်ဦး၏ အလောင်းမှာ လှိုင်သာယာ မြို့နယ်ဆေးရုံတွင် ထားရှိပြီး မိဘများကိုအကြောင်းကြားထားကာ မနက်ဖြန်တွင် သဂြိုလ်သွားဟု သိရသည်။

စိုးဇံအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara

No comments:

Post a Comment