Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 20, 2018

မတူပီတွင် စစ်ဗိုလ်က ကျောင်းဆရာမကို ပါးရိုက်မှုဖြစ်ပွား


ချင်းပြည်နယ် မတူပီမြို့အခြေခံပညာအထက်တန်းကျောင်း(အထက ၁) တွင် ဓာတ်ခွဲကျွမ်းကျင်သုံးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဆရာမ နုဘောင် ကို မတူပီစစ်ဗျူဟာမှ ဗိုလ်ကြီး ပြည့်စုံမင်းဆိုသူက ပါးရိုက်သည့်ဖြစ်ရပ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဆရာမ နုဘောင်ကို ခိုနူမ်းသုန်သတင်းဌာနမှ ဆက်သွယ်မေးမြန်ရာ “ သူနဲ့ကျမက ၂၀၁၇ ခုနှစ်ကစပြီး ရင်းနှီးကြတာပေါ့၊ တခြားသူဆီကနေ ကျမက အာမခံပြီးတော့ ငွေချေးပေးတယ် အဲဒါသူပြန်မဆပ်ဘူး အဖေအမေတွေကိုပြောပြတယ် ရပ်မိရပ်ဖတွေခေါ်ပြီး မနေ့ည နောက်ဆုံးချိန်ထားတယ် ဒါပေမယ့် စာချူပ်စာတမ်းတွေနဲ့ငွေအပြည့်အစုံယူလာတယ် သူတို့စာချူပ်ထဲမှာက တခြားလူမှုရေးကိစ္စနဲ့ ထပ်မတိုင်တော့ဖို့ပါလာတယ် အကြွေးရကြောင်းကိုတော့ လက်မှတ်ထိုးပေးနိုင်တယ် လူမှုကိစ္စကိုတော့ မထိုးပေးနိုင်ဘူး လို့ပြောထားလိုက်တယ် ငွေကိုယူပြီးကျမအပြင်မှာပဲနေလိုက်တယ် ကျမ နောက်လိုက်လာပြီး မင်းတပ် လမ်းဘက်ကို ခေါ်သွားပြီး လက်မှတ်ထိုးမလားမထိုးဘူးလားဆိုပြီး ပါးတွေရိုက် ဆံပင်တွေစောင့်ဆွဲ ဆယ်ချက်လောက်ရိုက်တယ် အော်ငိုတော့လည်း မငိုနဲ့အသံမထွက်နဲ့ပြောပြီး ပါးစပ်တွေပိတ်ရိုက်တယ် နောက်ဆုံးတော့မခံနိုင်လို့ လက်မှတ်ထိုးပေးလိုက်တယ်’’ ဟု ပြောဆိုပါသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ဆရာမ နုဘောင်မှ မတူပီမြို့ရဲစခန်းသို့ အမှုတိုင်ချက်ဖွင့်ရန် စီစဉ်နေသည်ဟု ခိုနူမ်းသုန်ကို ပြောသည်။

Khonumthung Burmes

ဒီည ဗိုလ်​ကြီး ပြည့်​စုံမင်းက အ​ကြွေး​ပေးဖို့အိမ်​လာတယ်
သူ့ပုံပါ တခါတည်းတင်​​ပေးလိုက်​ပါ့မယ်​ ဘယ်​သူဘယ်​ဝါသိသွားကြ​အောင်​လို့ ခုလိုပုံနဲ့တကွ တင်​လိုက်​လို့ကျမဘာပဲဖြစ်​သွားပါ​စေတင်​လိုက်​ပြီ.

အတိုချုန့်​ပဲ​ခု​ရေးတင်​ထားလိုက်​​သေးတယ်​.
အ​ကြွေးကိုလူမှူ​ရေးနဲ့​ရော​ပြီးသူ့ဘက်​စာချုပ်​တစ်​​စောင်​ယူလာတယ်​​အ​ကြွေးရရှိ​ကြောင်း​တော့လက်​မှတ်​ထိုး​ပေးနိင်​မယ်​ လူမှူ​ရေးမ​ကျေ​အေးနိင်​ဘူးလက်​မှတ်​မထိုးနိင်​ဘူး​ပြောခဲ့တယ်​​ငွေကိုယူပြီးကျမအပြင်​မှာပဲ​နေ​လိုက်​တာပြီးကျ ကျမ ​နောက်​လိုက်​လာပြီးလက်​မှတ်​ထိုးမလားမထိုးဘူးလားဆိုပြီး ပါး​တွေရိုက်​ ဆံပင်​​တွေ​စောင့်​ဆွဲလက်​မှတ်​မထိုး​ပေးရင်​ သတ်​မယ်​မထိုးဘူးအတင်း​ပြောပြီးပါးရိုက်​တာကြိတ်​ခံခဲ့တာ​ပေမဲ့လက်​မျတ်​ထိုးမလားမထိုးဘူးလားပါး​တွေထပ်​ရိုက်
မြောင်းထဲ လွှင့်​ပစ်​ပြီးသတ်​မယ်​လုပ်​​နေပါတယ်​ ပါး​တွေလိမ့်​ရိုက်​ဘယ်​ညာ
ကျမမခံနိင်​တဲ့အဆုံး လက်​မှတ်​ထိုး​ပေးခဲ့လိုက်​ပါတယ်​ ​အော်​ငို​တော့လည်း မငိုနဲ့အသံမထွက်​နဲ့​ပြောပြီး ပါးစပ်​​တွေပိတ်​ရိုက်​​လုပ်​​နေပါတယ်​ ပါး​တွေ​ရောင်​​နေတာ video တင်​လိုက်​တယ်​.

ကြည့်​ကြပါ ကြည့်​ကြပါ.
ဒါ​တောင်​ အိမ်​​ရောက်​​တော့သူအ​ဖေ့ကို လိမ်​​ပြော​​သေးတယ်
သူ့ကိုမရိုက်​ပါဘူး နု​ဘောင်​လိုက်​လိုက်​​လျော​လျောထိုး​ပေးတာပါတဲ့။ လိုက်​​လျောထိုး​ပေးမှာဆိုရင်​ အိမ်​မှာကတည်းကထိုး​ပေးမှာ​ပေါ့ မထိုးချင်​လို့ ထွက်​သွားတာ​လေ။မယုံရင်​ခုအိမ်​ကိုလာကြည့်​လို့ရတယ်​ကျမပါး​တွေကိုသူ့ဗျူဟာမှူးကို ပြန်​တင်​ရမှာတဲ့ မထိုးလို့မရဘူးတဲ့ အ​ဖေက သူ့ph ဆက်​ပြီးအတင်ူထိုး​ခိုင်း​တဲ့အတွက်​ အတည်​မယူဘူး​ပြော​တော့ သူမရိုက်​ဘူးတဲ့နု​ဘောင်​လိမ်​​နေတာတဲ့သူလိုက်​လိုက်​​လျော​လျောထိုး​ပေးခဲ့တာတဲ့ ​ဗြောင်​လိမ်​တယ်​ .
P S Zing

No comments:

Post a Comment