Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 19, 2018

ဆုေတာင္းျပည့္ရန္ လိုအပ္ေသာအဂၤ ါရပ္မ်ား


မအို၊ မနာ၊ မေသတဲ့တရားကို မိမိကိုယ္တိုင္ ရေအာင္ရွာၿပီးေတာ့ သတၱ၀ါအမ်ားအားလည္းအဲဒီ မအို၊ မနာ၊ မေသတဲ့တရားကို ေဟာၾကားညႊန္ျပဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ဘုရားျဖစ္ရန္ ဆုပန္ေတာင္း
တတ္ၾကပါသည္။
ေလာကသံုးပါး၌ ဘုရားျဖစ္ရန္ ဆုေတာင္းေသာ္လည္း ဆုေတာင္းတိုင္း ျပည့္စံုသည္ မဟုတ္ပါ။ အဂၤ ါရွစ္ပါးႏွင့္ ညီညြတ္သူမွသာ ဆုေတာင္းျပည့္ၾကပါသည္။ ယင္းအဂၤ ါရွစ္ပါးမွာ-
၁။ လူသားစင္စစ္ျဖစ္ျခင္း။
၂။ ေယာက္်ားစင္စစ္ျဖစ္ျခင္း။
၃။ ဆုေတာင္းခ်ိန္၌ ရဟႏၱာ ျဖစ္ႏိုင္ေလာက္သည့္ အေၾကာင္းပါရမီ ျပည့္စံုေနျခင္း။
၄။ သက္ေတာ္ထင္ရွား ဘုရားတစ္ဆူဆူ အထံေတာ္၌ ဘုရားဆုပန္ျခင္း။
၅။ ရေသ့၊ ရဟန္း တစ္မ်ိဳးမ်ိဳးျဖစ္ျခင္း။
၆။ သမာပတ္ရွစ္ပါး ရရွိသူျဖစ္ျခင္း။
၇။ ျမတ္စြာဘုရားတို႔အား အသက္ကို စြန္႔လွဴထားျခင္း။
၈။ ဘုရားျဖစ္ရန္ ႀကီးမားေသာ ဆႏၵ၊ ၀ီရိယရွိျခင္းတို႔ျဖစ္ပါသည္။
“သုေမဓာ ”ရေသ့သည္ ဤအဂၤ ါရွစ္ပါးႏွင့္ ျပည့္စံုေသာေၾကာင့္ “ဘုရားျဖစ္လတၱံ႕ ” ဟူေသာ ဗ်ာဒိတ္စကားကို ဒီပကၤရာ ရွင္ေတာ္ျမတ္ဘုရား မိန္႔ၾကားေတာ္မူျခင္း ျဖစ္ေလသည္။တရားခ်စ္ခင္ က်င့္ႀကံအားထုတ္ေနၾကေသာ ဓမၼမိတ္ေဆြတို႔ကလည္း မအို၊ မနာ၊ မေသ တဲ့တရားကို ေဟာၾကားညႊန္ျပဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ဘုရားျဖစ္ရန္ ဆုပန္ႏိုင္ၾကၿပီး ဘ၀ျမင့္ျမတ္သထက္ျမင့္ျမတ္ကာ ေကာင္းက်ိဳးအျဖာျဖာနဲ႔ ျပည့္စံုၾကပါေစ ကုန္သတည္း။
{ခ်မ္းေျမ႕ဆရာေတာ္ႀကီး၏ အေျခပ်ိဳး ဗုဒၶဘာသာကို ကိုးကားေရးသားပူေဇာ္ပါသည္။}
(မွားယြင္းမွဳမ်ားရွိေသာ္ အစဥ္သနားေသာအားျဖင့္ သည္းခံခြင့္လႊတ္ေပးပါရန္ဦးခိုက္ေလွ်ာက္ထားပါသည္ ဆရာေတာ္အရွင္သူျမတ္ဘုရား)

ကိုေထြး(သတင္းစံု)

# Unicode Version ျဖင့္ ဖတ္ပါ #

မအို၊ မနာ၊ မသေတဲ့တရားကို မိမိကိုယ်တိုင် ရအောင်ရှာပြီးတော့ သတ္တဝါအများအားလည်းအဲဒီ မအို၊ မနာ၊ မသေတဲ့တရားကို ဟောကြားညွှန်ပြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘုရားဖြစ်ရန် ဆုပန်တောင်းတတ်ကြပါသည်။
လောကသုံးပါး၌ ဘုရားဖြစ်ရန် ဆုတောင်းသော်လည်း ဆုတောင်းတိုင်း ပြည့်စုံသည် မဟုတ်ပါ။ အင်္ဂ ါရှစ်ပါးနှင့် ညီညွတ်သူမှသာ ဆုတောင်းပြည့်ကြပါသည်။ ယင်းအင်္ဂ ါရှစ်ပါးမှာ-
၁။ လူသားစင်စစ်ဖြစ်ခြင်း။
၂။ ယောက်ျားစင်စစ်ဖြစ်ခြင်း။
၃။ ဆုတောင်းချိန်၌ ရဟန္တာ ဖြစ်နိုင်လောက်သည့် အကြောင်းပါရမီ ပြည့်စုံနေခြင်း။
၄။ သက်တော်ထင်ရှား ဘုရားတစ်ဆူဆူ အထံတော်၌ ဘုရားဆုပန်ခြင်း။
၅။ ရသေ့၊ ရဟန်း တစ်မျိုးမျိုးဖြစ်ခြင်း။
၆။ သမာပတ်ရှစ်ပါး ရရှိသူဖြစ်ခြင်း။
၇။ မြတ်စွာဘုရားတို့အား အသက်ကို စွန့်လှူထားခြင်း။
၈။ ဘုရားဖြစ်ရန် ကြီးမားသော ဆန္ဒ၊ ဝီရိယရှိခြင်းတို့ဖြစ်ပါသည်။
“သုမေဓာ ”ရသေ့သည် ဤအင်္ဂ ါရှစ်ပါးနှင့် ပြည့်စုံသောကြောင့် “ဘုရားဖြစ်လတ္တံ့ ” ဟူသော ဗျာဒိတ်စကားကို ဒီပင်္ကရာ ရှင်တော်မြတ်ဘုရား မိန့်ကြားတော်မူခြင်း ဖြစ်လေသည်။တရားချစ်ခင် ကျင့်ကြံအားထုတ်နေကြသော ဓမ္မမိတ်ဆွေတို့ကလည်း မအို၊ မနာ၊ မသေ တဲ့တရားကို ဟောကြားညွှန်ပြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘုရားဖြစ်ရန် ဆုပန်နိုင်ကြပြီး ဘဝမြင့်မြတ်သထက်မြင့်မြတ်ကာ ကောင်းကျိုးအဖြာဖြာနဲ့ ပြည့်စုံကြပါစေ ကုန်သတည်း။
{ချမ်းမြေ့ဆရာတော်ကြီး၏ အခြေပျိုး ဗုဒ္ဓဘာသာကို ကိုးကားရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

ကိုထွေး(သတင်းစုံ)

No comments:

Post a Comment