Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 19, 2018

ေတးသံရွင္ ခင္ပုိးပန္းခ်ီရဲ႕ အစ္မျဖစ္သူ ဆိုကေရးတီး ေရႊတံဆိပ္ဆုရွင္ ခင္ျပည့္စံုေအာင္ ကြယ္လြန္


ေန႔ၿမင္ ညေပ်ာက္။ တရားရစရာပါပဲ။ ေသမင္းက ႀကီးေသာ ငယ္ေသာ မေရြးဘူး။ အသက္ ၂၁ ပဲ ရွိေသးတယ္။ ေလာကႀကီးကို စြန္႔ခြာသြားရရွာၿပီ။
ၾကားရတဲ့သတင္းေၾကာင္႔ မိသားစုႏွင့္ ထပ္တူ အရမ္းဘဲစိတ္မေကာင္းျဖစ္ရပါတယ္။ ညီမေလး ခင္ပိုးပန္းခ်ီ ၏ အမလတ္ ျဖစ္သူ ..သေဘာအရမ္းေကာင္းၿပိီး ေမတၱာေစတနာ အရမ္းျဖဴစင္တဲ့ မႏုိး ၊ ၁၇ ရက္ ၁၂ လပိုင္း ၂၀၁၈ ခုႏွစ္ ညေန ၃ နာရီခြဲ တိတိတြင္ ကြယ္လြန္သြားပါသျဖင့္ မိသားစု ႏွင့္ ထပ္တူ အရမ္းဝမ္းနည္မိပါတယ္

စိတ္ထားျဖဴစင္တဲ့ မႏုိး ေကာင္းရာသုဂတိ ေကာင္းရာ ဘုံဘဝ ေကာင္းရာ ဘုံ႒ာနသို႔ ေရာက္ရွိပါေစလုိ႔ ဆုေတာင္းေမတၱာပုိ႔အပ္ပါသည္။

ဦး သု မန

ယခုေသဆံုးသြားသူဟာ ခင္ပိုးပန္းခ်ီ ၏ အမလတ္ ျဖစ္သူပါ။ ဝါးခယ္မရဲေမာင္ရဲ႕ ေျမး၊ ေတးသံရွင္ေမရြက္ဝါတို႔ရဲ႕ တူမ၊ ေတးသံရွင္ ဆန္းသစ္လရဲ႕ ညီမလည္းျဖစ္တဲ့ ဆုိ၊က၊ေရး၊တီး ေရႊတံဆိပ္ဆုရွင္ ခင္ျပည့္စံုေအာင္ဟာ အသက္ (၂၁) ႏွစ္သာရွိေသးျပီးေတာ့ ဒီဇင္ဘာလ ၁၇ ရက္ေန႔ မြန္းလႊဲပိုင္း ၃:၃၀ မွာ ကြယ္လြန္သြားခဲ့တာျဖစ္ၿပီး ဒီဇင္ဘာလ ၁၉ ရက္ေန႔ ယေန႔ နံနက္ (၈) နာရီမွာ ေရေဝးသုသာန္သို႔ပုိ႔ေဆာင္သျဂိဳလ္ခဲ့ၾကတာျဖစ္ပါတယ္။

ငယ္ငယ္ရြယ္ရြယ္ေလးနဲ႔ ဘဝတစ္ပါးသို႔ကူးေျပာင္းသြားခဲ့တဲ့ ၾကယ္တစ္ပြင့္ဟာ အင္မတန္ေစာလြန္းေနခဲ့တာေၾကာင့္ မိသားစုနဲ႔ထပ္တူ ပရိသတ္ေတြလည္း ဝမ္းနည္းေၾကကြဲခဲ့ၾကရပါတယ္။ ခင္ျပည့္စံုေအာင္(ခ)ႏိုႏိုရဲေမာင္ ေကာင္းရာမြန္ရာဘဝတစ္ပါးသို႔ ေရာက္ရွိႏိုင္ပါေစလို႔ စိတ္မေကာင္းစြာနဲ႔ ဆုေတာင္းေပးလိုက္ပါတယ္။

ေတးသံရွင္ခင္ပိုးပန္းခ်ီကိုေတာ့ ပရိသတ္ေတြနဲ႔အထူးတလည္မိတ္ဆက္ေပးစရာမလိုေလာက္ပါဘူး။ သူမရဲ႕ ထူးျခားလွတဲ့အသံေလးေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမွုကိုလက္ခံရရွိခဲ့သူျဖစ္ပါတယ္။ ေအးခ်မ္းလြန္းလွတဲ့အသံပိုင္ရွင္ျဖစ္တဲ့ ခင္ပုိးပန္းခ်ီကေတာ့ တရားေတာင္းပူေဇာ္ပြဲေတြမွာ အျမဲလိုလို ပူေဇာ္သံေတြကို ပရိသတ္ေတြ ၾကားဖူးၾကမွာပါ။

Unicode version
နေ့မြင် ညပျောက်။ တရားရစရာပါပဲ။ သေမင်းက ကြီးသော ငယ်သော မရွေးဘူး။ အသက် ၂၁ ပဲ ရှိသေးတယ်။ လောကကြီးကို စွန့်ခွာသွားရရှာပြီ။

ကြားရတဲ့သတင်းကြောင့် မိသားစုနှင့် ထပ်တူ အရမ်းဘဲစိတ်မကောင်းဖြစ်ရပါတယ်။ ညီမလေး ခင်ပိုးပန်းချီ ၏ အမလတ် ဖြစ်သူ ..သဘောအရမ်းကောင်းပြိီး မေတ္တာစေတနာ အရမ်းဖြူစင်တဲ့ မနိုး ၊ ၁၇ ရက် ၁၂ လပိုင်း ၂၀၁၈ ခုနှစ် ညနေ ၃ နာရီခွဲ တိတိတွင် ကွယ်လွန်သွားပါသဖြင့် မိသားစု နှင့် ထပ်တူ အရမ်းဝမ်းနည်မိပါတယ်



စိတ်ထားဖြူစင်တဲ့ မနိုး ကောင်းရာသုဂတိ ကောင်းရာ ဘုံဘဝ ကောင်းရာ ဘုံဋ္ဌာနသို့ ရောက်ရှိပါစေလို့ ဆုတောင်းမေတ္တာပို့အပ်ပါသည်။ ဦး သု မန

ယခုသေဆုံးသွားသူဟာ ခင်ပိုးပန်းချီ ၏ အမလတ် ဖြစ်သူပါ။ ဝါးခယ်မရဲမောင်ရဲ့ မြေး၊ တေးသံရှင်မေရွက်ဝါတို့ရဲ့ တူမ၊ တေးသံရှင် ဆန်းသစ်လရဲ့ ညီမလည်းဖြစ်တဲ့ ဆို၊က၊ရေး၊တီး ရွှေတံဆိပ်ဆုရှင် ခင်ပြည့်စုံအောင်ဟာ အသက် (၂၁) နှစ်သာရှိသေးပြီးတော့ ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွှဲပိုင်း ၃:၃၀ မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့ ယနေ့ နံနက် (၈) နာရီမှာ ရေဝေးသုသာန်သို့ပို့ဆောင်သဂြိုလ်ခဲ့ကြတာဖြစ်ပါတယ်။

ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဘဝတစ်ပါးသို့ကူးပြောင်းသွားခဲ့တဲ့ ကြယ်တစ်ပွင့်ဟာ အင်မတန်စောလွန်းနေခဲ့တာကြောင့် မိသားစုနဲ့ထပ်တူ ပရိသတ်တွေလည်း ဝမ်းနည်းကြေကွဲခဲ့ကြရပါတယ်။ ခင်ပြည့်စုံအောင်(ခ)နိုနိုရဲမောင် ကောင်းရာမွန်ရာဘဝတစ်ပါးသို့ ရောက်ရှိနိုင်ပါစေလို့ စိတ်မကောင်းစွာနဲ့ ဆုတောင်းပေးလိုက်ပါတယ်။

တေးသံရှင်ခင်ပိုးပန်းချီကိုတော့ ပရိသတ်တွေနဲ့အထူးတလည်မိတ်ဆက်ပေးစရာမလိုလောက်ပါဘူး။ သူမရဲ့ ထူးခြားလှတဲ့အသံလေးကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကိုလက်ခံရရှိခဲ့သူဖြစ်ပါတယ်။ အေးချမ်းလွန်းလှတဲ့အသံပိုင်ရှင်ဖြစ်တဲ့ ခင်ပိုးပန်းချီကတော့ တရားတောင်းပူဇော်ပွဲတွေမှာ အမြဲလိုလို ပူဇော်သံတွေကို ပရိသတ်တွေ ကြားဖူးကြမှာပါ။

No comments:

Post a Comment