Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 26, 2018

ကမာၻ ့အသက္အရွည္ဆုံးျဖစ္တဲ့ ဂ်ပန္လူမ်ိဳးေတြ အျကံေပးထားတဲ့ က်န္းမာစြာေနထိုင္နိုင္ဖို႔ လုပ္ေဆာင့္ရမယ့္အခ်က္ေတြ


ဂ်ပန္ကအင္ဂ်င္နီယာတစ္ဦးျဖစ္သူ Katsuzo ကအလြန္အားအင္ခ်ည့္နဲ႔တဲ့ကေလးတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ဆရာ၀န္ေတြကေတာ့သူ႔ကို အသက္၂၀ မျပည့္ခင္မွာပဲ ေသဆံုးသြားနိုင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါေၾကာင့္မိဘေတြဟာသူ႔တို႔သားေလး က်န္းမာေရးအေျခအေနတိုးတက္ေစဖို႔ ဂ်ပန္ဘုန္းေတာ္ၾကီးေက်ာင္းတစ္ေက်ာင္းဆီပို႔ခဲ့ပါတယ္။ အဲ့မွာသူဟာ က်င့္စဥ္ေတြ ဓားသိုင္းေတြကို ၃ နွစ္ၾကာသင္ယူခဲ့ျပီးအျခားက်န္းမာေရးတိုးတက္ေစမဲ့ နည္းလမ္းေတြကိုလည္းစာအုပ္ေတြဖတ္ျခင္းျဖင့္ ေလ့လာခဲ့ပါတယ္။

အဲ့ေနာက္မွာေတာ့သူဟာ ကိုယ္တိုင္ စာအုပ္ထုတ္ေ၀ခဲ့ျပီး ၁၉၂၇ ခုနွစ္မွာျဖန္႔ေ၀ခဲ့တာျဖစ္ပါတယ္။ အဲ့အခ်ိ္န္မွာေတာ့သူ႔အသက္က ၄၄ နွစ္ရွိေနျပီျဖစ္ပါတယ္။ ေအာက္မွာေဖာ္ျပေပးထားတာေတြကေတာ့ သူ႔လမ္းစဥ္ေတြပဲျဖစ္ပါတယ္။

၁။ ေက်ာရိုးအေနအထား
သင္ အိပ္တဲ့အခါမွာ ေက်ာရိုးကို ေျဖာင့္တန္းေနေအာင္ ထားျပီး အိပ္စက္သင့္ပါတယ္။ ခႏၶာကိုယ္မွာေက်ာရိုးဟာလည္းအေရးၾကီးတဲ့ အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ ဒီလိုအိပ္စက္ျခင္းအားျဖင့္ သင့္အရပ္ကို တစ္လက္မေလာက္ရွည္ထြက္လာေစမွာျဖစ္ပါတယ္။ ဒါ့အျပင္ ေသြးလည္ပတ္မႈနဲ႔ အစာေျခစနစ္ကိုလည္း ေကာင္းမြန္ေစမွာပါ။

၂။ ေခါင္းအံုးကို မာတာတစ္ခုခု အသံုးျပဳပါ
ေခါင္းအံုးအေပ်ာနဲ႔အိပ္စက္ျခင္းက လည္ပင္းကိုထိခိုက္ေစကာ အသက္တိုေစပါတယ္။ ဒါေၾကာင့္ မာတဲ့အရာတစ္ခုခု အသံုးျပဳျခင္းျဖင့္ လည္ပင္းအရိိုးကိုအေထာက္အကူျပဳပါတယ္။ အစပိုင္းမွာ အိပ္ရအဆင္မေျပျဖစ္နိုင္ေပမယ့္ က်န္းမာေရးအတြက္ ေကာင္းမြန္လွပါတယ္။



၃။ ေရႊငါးေလ့က်င့္ခန္း
ပံုပါအေနအထားအတိုင္းေျခေထာက္ေတြကို ေဘးဘက္ကိုဆန္႔ထုတ္ရတဲ့ ေလ့က်င့္ခန္းျဖစ္ပါတယ္။ ၂မိနစ္ခန္႔ ျပဳလုပ္ေပးသင့္ပါတယ္။

၄။ ေသြးလည္ပတ္မႈေကာင္းေစရန္
မ်က္နွာျပင္ ညီညီညာညာေပၚမွာ လွဲလိုက္ပါ။ လည္ပင္းေအာက္မွာပံုပါအတိုင္းအမာတစ္ခုခုခံထားပါ။ လက္ေမာင္းနဲ႔ ေျခေထာက္ေတြကိုေျမွာက္လိုက္ပါ။ တံေတာင္ဆစ္နဲ႔ ဒူးကိုေတာ့ေကြးလိုက္ပါ။ အဲ့ေနာက္ေျမွာက္ထားတဲ့ေျခေထာက္နဲ႔လက္ေမာင္းေတြကို၃ မိနစ္ခန္႔လႈပ္ရွားေပးပါ။

၅။ က်န္းမာျခင္းေလ့က်င့္ခန္းတစ္ခု
ပံုထဲက အေနအထားအတုိင္း သင့္ဒူးေတြကို ၾကမ္းျပင္ကမခြာဘဲ ေကြးလိုက္ပါ။ ျပီးေတာ့သင့္ေျခဖ၀ါးနွစ္ဖက္ကုိ ထိေအာင္ ဆက္လိုက္ပါ။ ဒီလိုေလ့က်င့္ခန္းမ်ိဳးကို တစ္ေန႔ ၁၀ ခါျပဳလုပ္ေပးသင့္ပါတယ္။

၆။ အစာအိမ္အတြက္ေလ့က်င့္ခန္း
ပံုထဲကလိုပဲ ေျခခ်ိတ္ထိုင္ကာ သင့္လက္ေမာင္းကိုလည္း ပံုပါအတိုင္းထားပါ။ အဲ့ေနာက္ ပုခံုးေတြကို လႈပ္ရွားေပးပါ။ ဒီေလ့က်င့္ခန္းလုပ္ေနစဥ္မွာ သင့္လက္ေမာင္းေတြကိုေတာ့ျငိမ္ျငိမ္ထားဖို႔လိုမယ္ေနာ္။

ဒီေလ့က်င့္ခန္းေတြကို ပံုမွန္လုပ္ေဆာင္သြားျခင္းအားျဖင့္ေတာ့ သင့္အေနနဲ႔ က်န္းမာေပ်ာ္ရႊင္တဲ့ဘ၀ေလးတစ္ခုပိုင္ဆိုင္သြားမွာအေသအခ်ာပါပဲ။

Min Thu (Daily Hot News )
...........................
ဂျပန်လူမျိုးတို့ ကျန်းမာစွာနေထိုင်နိုင်ဖို့ ပြောကြားထားတဲ့ အချက်တွေ

ဂျပန်ကအင်ဂျင်နီယာတစ်ဦးဖြစ်သူ Katsuzo ကအလွန်အားအင်ချည့်နဲ့တဲ့ကလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ဆရာဝန်တွေကတော့သူ့ကို အသက်၂၀ မပြည့်ခင်မှာပဲ သေဆုံးသွားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့်မိဘတွေဟာသူ့တို့သားလေး ကျန်းမာရေးအခြေအနေတိုးတက်စေဖို့ ဂျပန်ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဆီပို့ခဲ့ပါတယ်။ အဲ့မှာသူဟာ ကျင့်စဉ်တွေ ဓားသိုင်းတွေကို ၃ နှစ်ကြာသင်ယူခဲ့ပြီးအခြားကျန်းမာရေးတိုးတက်စေမဲ့ နည်းလမ်းတွေကိုလည်းစာအုပ်တွေဖတ်ခြင်းဖြင့် လေ့လာခဲ့ပါတယ်။

အဲ့နောက်မှာတော့သူဟာ ကိုယ်တိုင် စာအုပ်ထုတ်ဝေခဲ့ပြီး ၁၉၂၇ ခုနှစ်မှာဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ အဲ့အချိ်န်မှာတော့သူ့အသက်က ၄၄ နှစ်ရှိနေပြီဖြစ်ပါတယ်။ အောက်မှာဖော်ပြပေးထားတာတွေကတော့ သူ့လမ်းစဉ်တွေပဲဖြစ်ပါတယ်။

၁။ ကျောရိုးအနေအထား

သင် အိပ်တဲ့အခါမှာ ကျောရိုးကို ဖြောင့်တန်းနေအောင် ထားပြီး အိပ်စက်သင့်ပါတယ်။ ခန္ဓာကိုယ်မှာကျောရိုးဟာလည်းအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီလိုအိပ်စက်ခြင်းအားဖြင့် သင့်အရပ်ကို တစ်လက်မလောက်ရှည်ထွက်လာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုနဲ့ အစာခြေစနစ်ကိုလည်း ကောင်းမွန်စေမှာပါ။

၂။ ခေါင်းအုံးကို မာတာတစ်ခုခု အသုံးပြုပါ

ခေါင်းအုံးအပျောနဲ့အိပ်စက်ခြင်းက လည်ပင်းကိုထိခိုက်စေကာ အသက်တိုစေပါတယ်။ ဒါကြောင့် မာတဲ့အရာတစ်ခုခု အသုံးပြုခြင်းဖြင့် လည်ပင်းအရိိုးကိုအထောက်အကူပြုပါတယ်။ အစပိုင်းမှာ အိပ်ရအဆင်မပြေဖြစ်နိုင်ပေမယ့် ကျန်းမာရေးအတွက် ကောင်းမွန်လှပါတယ်။

၃။ ရွှေငါးလေ့ကျင့်ခန်း

ပုံပါအနေအထားအတိုင်းခြေထောက်တွေကို ဘေးဘက်ကိုဆန့်ထုတ်ရတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ၂မိနစ်ခန့် ပြုလုပ်ပေးသင့်ပါတယ်။

၄။ သွေးလည်ပတ်မှုကောင်းစေရန်

မျက်နှာပြင် ညီညီညာညာပေါ်မှာ လှဲလိုက်ပါ။ လည်ပင်းအောက်မှာပုံပါအတိုင်းအမာတစ်ခုခုခံထားပါ။ လက်မောင်းနဲ့ ခြေထောက်တွေကိုမြှောက်လိုက်ပါ။ တံတောင်ဆစ်နဲ့ ဒူးကိုတော့ကွေးလိုက်ပါ။ အဲ့နောက်မြှောက်ထားတဲ့ခြေထောက်နဲ့လက်မောင်းတွေကို၃ မိနစ်ခန့်လှုပ်ရှားပေးပါ။

၅။ ကျန်းမာခြင်းလေ့ကျင့်ခန်းတစ်ခု

ပုံထဲက အနေအထားအတိုင်း သင့်ဒူးတွေကို ကြမ်းပြင်ကမခွာဘဲ ကွေးလိုက်ပါ။ ပြီးတော့သင့်ခြေဖဝါးနှစ်ဖက်ကို ထိအောင် ဆက်လိုက်ပါ။ ဒီလိုလေ့ကျင့်ခန်းမျိုးကို တစ်နေ့ ၁၀ ခါပြုလုပ်ပေးသင့်ပါတယ်။

၆။ အစာအိမ်အတွက်လေ့ကျင့်ခန်း

ပုံထဲကလိုပဲ ခြေချိတ်ထိုင်ကာ သင့်လက်မောင်းကိုလည်း ပုံပါအတိုင်းထားပါ။ အဲ့နောက် ပုခုံးတွေကို လှုပ်ရှားပေးပါ။ ဒီလေ့ကျင့်ခန်းလုပ်နေစဉ်မှာ သင့်လက်မောင်းတွေကိုတော့ငြိမ်ငြိမ်ထားဖို့လိုမယ်နော်။

ဒီလေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ဆောင်သွားခြင်းအားဖြင့်တော့ သင့်အနေနဲ့ ကျန်းမာပျော်ရွှင်တဲ့ဘဝလေးတစ်ခုပိုင်ဆိုင်သွားမှာအသေအချာပါပဲ။

Min Thu (Daily Hot News )

No comments:

Post a Comment