Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 26, 2018

ကုသိုလ္နဲ႔ ႏိုးထပါ

မနက္မိုးလင္းတာနဲ႔ လူက အိပ္ေနရာက မလႈပ္နဲ႔ဦး၊ စိတ္ကေလး ႏိုးလိုက္တာနဲ႔ “နေမာတႆ ဘဂဝေတာ အရဟေတာ သမၼာသဗၺဳဒၶႆ” လို႔ ဘုန္းဘုန္းက မိုးလင္းတာနဲ႔ အၿမဲရြတ္ေလ့ရွိတယ္။.

ရွည္လို႔ ၃-ေခါက္ မရြတ္ျဖစ္ဘူးဆိုရင္ ၁-ေခါက္ေတာ့ ရြတ္ပါ။

၁-ေခါက္ရြတ္ဖို႔ေတာင္ ရွည္ေနေသးတယ္ဆိုရင္ “ေသာဘဂဝါ ဣတိပိ အရဟံ” လို႔ ရြတ္ပါ။

အဲဒါေတာင္ ရွည္ေနေသးတယ္ဆိုရင္ “ဗုေဒၶါ” လို႔ ရြတ္ပါ။ ေလာကႀကီးမွာ ဘုရားပြင့္ဖို႔ရယ္ ကိုယ့္စိတ္မွာ ဘုရားပြင့္ဖို႔ရယ္ ဘယ္ဟာလြယ္ပါသလဲ။

ကိုယ့္စိတ္ထဲမွာ ဘုရားပြင့္ဖို႔ အေရးႀကီးပါတယ္..ႀကိဳးစားပါ..အက်င့္လုပ္ေပးပါ။

မဂၤလာရိွစြာ ႏိုးထႏိုင္ၾကပါေစ။

ဓမၼဒူတ ေဒါက္တာအရွင္ေဆကိႏၵ
ဝိမုတၱိ ရသဓမၼရိပ္သာ

#Unicode Version#

မနက်မိုးလင်းတာနဲ့ လူက အိပ်နေရာက မလှုပ်နဲ့ဦး၊ စိတ်ကလေး နိုးလိုက်တာနဲ့ “နမောတဿ ဘဂဝတော အရဟတော သမ္မာသဗ္ဗုဒ္ဓဿ” လို့ ဘုန်းဘုန်းက မိုးလင်းတာနဲ့ အမြဲရွတ်လေ့ရှိတယ်။.

ရှည်လို့ ၃-ခေါက် မရွတ်ဖြစ်ဘူးဆိုရင် ၁-ခေါက်တော့ ရွတ်ပါ။

၁-ခေါက်ရွတ်ဖို့တောင် ရှည်နေသေးတယ်ဆိုရင် “သောဘဂဝါ ဣတိပိ အရဟံ” လို့ ရွတ်ပါ။

အဲဒါတောင် ရှည်နေသေးတယ်ဆိုရင် “ဗုဒ္ဓေါ” လို့ ရွတ်ပါ။ လောကကြီးမှာ ဘုရားပွင့်ဖို့ရယ် ကိုယ့်စိတ်မှာ ဘုရားပွင့်ဖို့ရယ် ဘယ်ဟာလွယ်ပါသလဲ။

ကိုယ့်စိတ်ထဲမှာ ဘုရားပွင့်ဖို့ အရေးကြီးပါတယ်..ကြိုးစားပါ..အကျင့်လုပ်ပေးပါ။

မင်္ဂလာရှိစွာ နိုးထနိုင်ကြပါစေ။

No comments:

Post a Comment