Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 26, 2018

မိ္န္းမ တစ္ေယာက္ တိတ္ဆိတ္တဲ့ လမ္းမေပၚမွာ တစ္ေယာက္တည္း ေခါင္းငိုက္စိုက္နဲ႔ လမ္းေလွ်ာက္ေနတယ္...


မိ္န္းမ တစ္ေယာက္ တိတ္ဆိတ္တဲ့ လမ္းမေပၚမွာ တစ္ေယာက္တည္း ေခါင္းငိုက္စိုက္နဲ႔ လမ္းေလွ်ာက္ေနတယ္...။
သူမဟာ ပါးစပ္ ႏွာေခါင္းအကာ ( mask ) ကို မ်က္ႏွာမွာ စြပ္ထားတယ္။
ၿပီးေတာ့ ညဖက္ႀကီး ေနကာမ်က္မွန္ တပ္လိုက္တယ္။
ဘယ္သူ ဘယ္ဝါရယ္လို႔ ကြဲကြဲျပားျပား မျမင္ရ မသိရတဲ့ မိန္းမငယ္ တစ္ေယာက္။
လမ္းေပၚက ​ေတြ႕သမွ်လူေတြက သူမကို ၾကည့္ၿပီး ေၾကာက္ေနၾကတယ္။
သူမဟာ မၾကာခင္ပဲ ရာဇဝတ္မႈတစ္ခုကို က်ဴးလြန္ဖို႔ အဆင္သင့္ ျဖစ္ေနတာမ်ားလား...။
ဒီလို ပံုစံနဲ႔လမ္းေပၚမွာ တစ္ရက္​ လည္း မဟုတ္ ... ႏွစ္ရက္​ လည္း မဟုတ္...။
ေန႔တိုင္း ေန႔တိုင္း...။
ရက္​တိုင္​း ရက္​တိုင္​း...။
========================
တစ္ခုခုကို မဟုတ္တာ လုပ္ေတာ့မယ္လို႔ ေတြးရေအာင္လည္း သူမ ပံုစံက ရာဇဝတ္ေကာင္ေတြလိုလည္း မ်က္လံုးကစားတာမ်ိဳး ၊တက္တက္ႂကြႂကြ ဖ်တ္ဖ်တ္လတ္လတ္ မရွိဘူး။
ေလာကႀကီးကို အရွဳံးေပးေနသလို... လမ္းေလွ်ာက္ေနတဲ့ ​ေျခလွမ္းေတြက အားမာန္မရွိ...။
အင္အားခ်ိနဲ႔စြာနဲ႔...။
လွ်ိဳ ့ဝွက္ခ်က္ေတြနဲ႔ နားလည္ဖို႔ခက္ခဲၿပီး မ်က္ႏွာကို အၿမဲဖံုးကြယ္တတ္တဲ့ ေနကာမ်က္မွန္နဲ႔ အမ်ိဳးသမီးတစ္ေယာက္..။
သူမ ​ေျခလွမ္းေတြဟာ တစ္ေန႔ထက္ တစ္ေန႔ ပိုၿပီး အင္အားခ်ိနဲ႔လာတယ္။
========================
ဒီလိုနဲ႔ ၂၀၁၈ ခုႏွစ္ရဲ႕ တစ္ေန႔
ေနကာမ်က္မွန္နဲ႔ အမ်ိဳးသမီးဟာ ေသဆံုးသြားပါေလေရာ....။



========================
အဲဒီေန႔က ၂၀၁၈ ခုႏွစ္ ၆ လပိုင္း ၂ ရက္ေန႔ျဖစ္တယ္။
“ ၁၁၉ ကယ္ဆယ္ေရးအဖြဲ႕ အျမန္ဆံုးလာေစခ်င္ပါတယ္။ လိပ္စာက ....... ပါ"
အမ်ိဳးသားတစ္ဦး ဖုန္းဝင္လာတယ္။
ကယ္ဆယ္ေရးဝန္ထမ္းက ေပးတဲ့လိပ္စာအတိုင္း အေဆာက္အဦးထဲ အျမန္ဆံုး ​ေျပးဝင္သြားတယ္။
ေနကာမ်က္မွန္နဲ႔ အမ်ိဴးသမီးဟာ ေရခ်ိဳးခန္းထဲမွာ ပက္လက္လဲေနတယ္။
ေနကာမ်က္မွန္နဲ႔ အမ်ိဴးသမီး ရဲ႕ အသက္ရွဴႏွဳန္း အလြန္အားနည္းေနတယ္။
ေနကာမ်က္မွန္နဲ ့ အမ်ိဴးသမီးကို ေဆး႐ုံအျမန္ ပို႔လိုက္ၾကတယ္။
တစ္နာရီ အၾကာ... ။
ေနကာမ်က္မွန္ အမ်ိဴးသမီး ေသဆံုးသြားတယ္။
========================
အသက္ ၂၉ ႏွစ္....။
အမည္က ကင္မ္-- တဲ့။
အလုပ္အကိုင္.... ေက်ာင္း ဆရာမ။
ေနကာမ်က္မွန္ အမ်ိဴးသမီးဟာ မူလတန္းျပ ဆရာမေလး တစ္ေယာက္ျဖစ္ေနတယ္...။
========================
ေနကာမ်က္မွန္ အမ်ိဴးသမီးလို႔ အမည္တြင္တဲ့ ေမ့ေျမာေနတဲ့ ဆရာမေလး ကင္မ္ ကို စတင္ေတြ႕ခဲ့တဲ့သူက အိမ္ရွင္ဆိုတဲ့ အမ်ိဳးသား..။
အိပ္ျပန္အပ္မယ္လို ႔ေျပာထားလို႔ အိမ္ေျပာင္းသြားၿပီအထင္နဲ႔ အိမ္ထဲကို တံခါးဖြင့္ဝင္မိေတာ့ ဒီလို ပက္လက္လဲက်ေနတဲ့ ဆရာမ ကင္မ္ ကို ​ေတြ ့ခဲ ့တယ္​လို႔ ထြက္ဆိုထားတယ္။
========================
ဆရာမေလးရဲ႕အေလာင္းကို စစ္ေဆးၾကတယ္။
"ဟာ..!"
ဆရာမေလး ခႏၶာကိုယ္မွာ ဒါဏ္ရာေတြ ဗရပြနဲ႔...။
ဆရာမေလးဟာ တစ္စံုတစ္ေယာက္ရဲ႕ျပင္းျပင္းထန္ထန္ ႐ိုက္ႏွက္ျခင္းကို ခံထားရတယ္။
ဆရာမေလးရဲ႕ ဘယ္ဖက္ ဗိုက္ဟာ တစ္စံုတစ္ေယာက္​ရဲ ့ အထပ္ထပ္အခါခါ ကန္ေက်ာက္ျခင္းကို ခံထားရတာေၾကာင့္ နံ႐ိုး ၆ ေခ်ာင္းဟာ သြင္သြင္က်ိဳးေနတယ္။

နံ႐ိုးေတြ ခႏၶာကိုယ္ထဲက ကလီစာေတြထဲကို စိုက္ဝင္တဲ့အထိ ဆရာမ​ေလး ဟာ အႀကိမ္ႀကိမ္ ကန္ေက်ာက္ျခင္းကို ခံခဲ့ရတယ္။
ခႏၶာကိုယ္ရဲ႕ အတြင္း ကလီစာေတြဟာ ေၾကမြ ​ေပါက္ၿပဲေနတယ္။
ဒီ ဒါဏ္ရာေတြ အတြင္းေသြးယိုစီးမႈေတြနဲ႔ပဲ ဆရာမေလး ကင္မ္ ေသဆံုးခဲ့ရတယ္။
========================
ဆရာမေလးဟာ မေသဆံုးခင္ အဓမၼက်င့္ျခင္း မခံထားရပါဘူး။
ဆရာမေလးရဲ႕အိမ္ဟာ ဓားျပတစ္ေယာက္ ဝင္ခဲ့သလို ႐ွႈပ္​ပြ ၿပီးမေနပါဘူး။
ဓားျပလည္းမဟုတ္၊ ဆရာမေလးဆီက ခႏၶာကိုယ္ကို အဓမၼလိုခ်င္လို႔ မဟုတ္ပဲ ဆရာမေလးကို ဒီလို ေသေအာင္ ႐ိုက္ႏွက္ခဲ့သူဟာ ဘယ္သူလဲ..?
ဆရာမေလးကို မုန္းတဲ့သူမ်ားလား..?
အဲဒီ ဆရာမေလးမွာ ရည္းစားလည္း မရွိဘူးတဲ့။

========================
ေသေသခ်ာခ်ာ ဆက္လက္ စစ္ေဆးၾကည့္လိုက္ေတာ့ အိမ္သာထဲမွာ ေသြးစေတြ...။
ကယ္ဆယ္ေရး ဝန္ထမ္းက ဆရာမေလး အိမ္ကိုဝင္သြားေတာ့ အေတာ့္ကို သပ္သပ္ရပ္ရပ္ ႐ွိ​ေနတယ္။ ဒါေၾကာင့္ ပထမေတာ့ ရာဇဝတ္မႈလို႔ ဘယ္သူမွမထင္ခဲ့...။
အခုေတာ့ ေသခ်ာၿပီ။
တစ္စံုတစ္ေယာက္ဟာ ဆရာမေလးကို ေသတဲ့အထိ နွိပ္စက္ ရာဇဝတ္မႈ က်ဴးလြန္ၿပီး အေသအခ်ာ လက္စေဖ်ာက္ခဲ့တာေပါ့။
========================
" ဒီလို အတြင္းက ကလီစာေတြ ေရာေထြး စုတ္ျပတ္သြားေအာင္ အကန္အေက်ာက္ခံရတာ ကြ်န္ေတာ့္ဘဝမွာ ပထမဆံုး ​ေတြ႕ရတာပါပဲ..။ ဒီလို ျဖစ္ဖို႔ဆိုတာ လြယ္တာမဟုတ္ဘူး။ ေသေစလိုတဲ့ ရည္ရြယ္ခ်က္ရွိရွိ လုပ္တာျဖစ္တယ္..." ဆရာဝန္ က ​ေျပာတယ္။
========================
" ဆရာမေလး ဟာ အသက္မေသဆံုးခင္ ဘယ္ေလာက္မ်ား နာက်င္လိုက္ေလမလဲ မေတြးရဲေအာင္ပဲ ခင္ဗ်...။ ကယ္ဆယ္ေရး ဝန္ထမ္းေတြလာေတာ့ ဆရာမေလး မေသေသးဖူးေလ.." အျခား ဆရာဝန္က ျဖည့္စြက္ေျပာတယ္။
========================
ေဘးအိမ္ေတြက အဲဒီေန႔က ဘာဆိုဘာသံမွ မၾကားခဲ့ဘူးလို႔ ထြက္ဆိုၾကတယ္။
ဆရာမေလးဟာ ဒီေလာက္ အနွိပ္စက္ ခံရရင္ အသံေတာ့ ထြက္ရမွာေပါ့။
နာက်င္ေနတာေတာင္ တစ္ခ်က္မွ အသံမထြက္ပဲ ဘာလို ့ ေသတဲ့အထိ ႀကိတ္ခံသြားပါလိမ့္...?
========================
ဆရာမေလး ကင္မ္ ဟာ ေက်ာင္းသားေတြကို သိပ္ခ်စ္ သိပ္ဂ႐ုစိုက္တဲ့ ဆရာမေကာင္း တစ္ေယာက္ ျဖစ္တယ္။
မိသားစုမွာ အလြန္လိမၼာ မိဘစကား နားေထာင္တဲ့အျပင္ စာအလြန္ေတာ္လို႔ ပညာသင္ဆု အၿမဲရခဲ့တဲ့ သူမ...။
ဆရာမေလးရဲ႕ အထက္တန္းေက်ာင္းက သူငယ္ခ်င္းေတြ က ​ေျပာတယ္။
"ကင္မ္ က ဆဲဖို႔မေျပာနဲ႔ တစ္ဖက္သားကို စိတ္ဆင္းရဲေစမယ့္ စကားဆို အမွန္တရားဆိုေတာင္ မေျပာပဲ ႏႈတ္ဆိတ္ေနတတ္တဲ့ သူငယ္ခ်င္း။ ကြ်န္မတို႔ အားလံုး သူ႔ကိုခ်စ္ၾကတာ။"
သူမကို မုန္းတဲ့သူ ရွာလို ့ကို မရ။
ဒီလို မိန္းကေလးမ်ိဳးကို ဘယ္သူက ရန္ၿငိဳးထားခဲ့ပါလိမ့္..?
=======================
၂၀၁၈ ခုႏွစ္ ၆ လပိုင္း ၂ ရက္ေန႔ အေဆာက္အဦ CCTV ကို စစ္ေဆးၾကည့္လိုက္တဲ့အခါ...
အိမ္ရွင္က ဆရာမေလး အိမ္ထဲ ဝင္သြားတာ ​ေတြ႕ရတယ္။
အိမ္ရွင္ ဆရာမေလး အိမ္ဝင္သြားတဲ့ အခ်ိန္က -မနက္ ၁၀:၃၀:၀၂
အိမ္ရွင္ ဝင္သြားၿပီးေနာက္ ဆရာမေလး ကင္မ္ ဟာ သူမအိမ္ထဲ သူမ ဝင္သြားတယ္။ အခ်ိန္- မနက္ ၁၀:၃၄:၃၇
CCTV ထဲက ဆရာမေလးပံုစံက က်န္​းက်န္​းမာမာ သြက္သြက္လက္လက္ ျဖစ္တယ္။
အိမ္ရွင္ဟာ ဆရာမေလး အိမ္ကို အရင္ဝင္ၿပီး ႀကိဳေစာင့္ေနတာ ျဖစ္ေနတယ္။
========================
ဒါဆို အိမ္ရွင္ လိမ္ၿပီ။
CCTV အရ အိမ္ရွင္က ဆရာမအိမ္ကို ဆရာမထက္ ၾကိဳၿပီး အရင္ဝင္သြားတာ ျဖစ္တယ္။
"ကြ်န္ေတာ္ ဆရာမ အိမ္ထဲေရာက္သြားေတာ့ ဆရာမ က လဲက်ေနတယ္.." ဆိုေတာ့ ဒါ လိမ္ေနၿပီ..။
ရဲအရာရွိေတြဟာ အိမ္ရွင္ကို ပထမဆံုး မသကၤာတဲ့စာရင္းထဲ ထည့္လိုက္ၾကတယ္။
========================
ကယ္ဆယ္ေရးဝန္ထမ္းက
"အိမ္ရွင္က လူတစ္ေယာက္လံုး ​ေမ့ေျမာလဲက်ေနတာ တုန္လွဳပ္စိုးရိမ္တဲ့ အမူအရာ မေတြ႕ရဘူး။ “
သဘာဝအတိုင္းဆို လူတစ္ေယာက္ ေသလုေျမာပါးျဖစ္ေနတာ စိုးရိမ္ရမယ္ေလ။
အခုေတာ့ သူနဲ႔မဆိုင္သလို အတင္းႀကီး ဟန္ေဆာင္ထားပံုရတယ္။
========================
ဆရာမေလးရဲ႕ ဘဏ္ကို စစ္ေဆးလိုက္ေတာ့ ဆရာမေလးဟာ အိမ္ရွင္ကို ​ေငြအမ်ားႀကီး ပို႔ထားတာ ​ေတြ႕ရတယ္။
========================
စတဲ့ အိမ္ရွင္ရဲ႕မ႐ိုးသားတဲ့ အခ်က္ေတြ အမ်ားႀကီး ​ေတြ႕ရတာမို႔ မသကၤာတဲ့ အမႈစြဲခ်က္ေတြနဲ႔ ရဲေတြဟာ အိမ္ရွင္ကို ဖမ္းလိုက္တယ္။
========================
“ အမွန္ေတာ့ ကြ်န္ေတာ္က ဆရာမကို သမၼာက်မ္းစာ သင္ေပးေနသူပါ။ ဘာျပႆနာမွ မရွိခဲ့ပါဘူး။ အဲဒီေန႔က ဆရာမ က ကြ်န္ေတာ့္ကို အထင္ေသး စကားေျပာလို႔ ေဒါသနဲ႔ ကန္ေက်ာက္မိတယ္..”
========================
အိမ္ရွင္ဆိုသူဟာ ဆက္လိမ္ေနတာ ျဖစ္တယ္။
ဆရာမေလးရဲ႕ ခႏၶာကိုယ္က ဒါဏ္ရာ ဒါဏ္ခ်က္ေတြဟာ အဲဒီေန႔ကမွ ရတဲ့ ဒါဏ္ရာေတြ မဟုတ္။
ဒါဏ္ရာအသစ္ ဒါဏ္ရာအေဟာင္းေတြက ေန႔တိုင္းလိုလို အနွိပ္စက္ ခံထားရတာျဖစ္တယ္ဆိုတာ ေဖၚျပေနတယ္။
ဆရာ​ေလးဟာ မ်က္ႏွာမွာလည္း ဒါဏ္ရာေဟာင္းေတြ ။ နဖူးမွာ အေတာ့္ကို နက္တဲ့ ဒါဏ္ရာတစ္ခု။
ဒါေၾကာင့္ ပါတ္ဝန္းက်င္က မရိပ္မိခဲ့ေအာင္ ေနကာမ်က္မွန္ တပ္ခဲ့တာျဖစ္ေနတယ္။
========================
ဝမ္းနည္းစရာ အေကာင္းဆံုးကေတာ့ ဆရာမေလးရဲ႕ဒါဏ္ရာေတြဟာ တစ္စံုတစ္ခုကို ​ေျပာျပေနတယ္။
အဲဒါကေတာ့ ဆရာမေလးဟာ အိမ္ရွင္ ႐ိုက္ႏွက္သမွ်ကို ဘာဆို ဘာမွ တုန္႔ျပန္မႈမရွိပဲ ခံယူခဲ့တာျဖစ္တယ္။
အ႐ိုက္ခံရလို႔ ထြက္ေျပး ႐ုန္းကန္ရင္း ရတဲ့ ဒါဏ္ရာေတြနဲ႔ မတုန္မလွဳပ္ ၿငိမ္ခံလို ႔ရတဲ့ ဒါဏ္ရာေတြဟာ မတူညီဘူးေလ။
ဆရာမေလးဟာ ဘာလို အိမ္ရွင္ျပဳသမွ် ႏုခဲ့ရ ပါလိမ့္..?
========================
ဆရာမေလးဟာ အိမ္ရွင္ျပဳသမွ်ကို အသံတစ္ခ်က္မထြက္ ၿငိမ္သက္စြာ အသက္ေသတဲ့အထိ ႀကိတ္ခံခဲ့တာလို႔ မႈခင္းဆိုင္ရာ ဆရာဝန္ေတြက အတည္ျပဳလိုက္တယ္။
အိမ္ရွင္နဲ႔ ဆရာမ ကင္မ္ ဟာ ဘယ္လို ပါတ္သက္ေနသလဲ..?
========================
"ဆရာမဟာ ဖုန္းတစ္ခု ဝင္လာရင္ အလြန္ေၾကာက္ပံုရတယ္..ဒါေၾကာင့္ ကြ်န္မ ကင္မ္ ရဲ႕မိခင္ ကို အေၾကာင္းၾကားခဲ့ပါေသးတယ္.." လုပ္ေဖာ္ ကိုင္ဖက္ဆရာမ က ေျပာတယ္။
ဖုန္း...?။
ဆရာမေလးရဲ႕ဖုန္းကို ဆက္လက္ စစ္ေဆးၾကတယ္။
အဲဒီေန႔က ဆရာမေလး ကင္မ္ မေသဆံုးခင္ တစ္နာရီမွာ အိမ္ရွင္ပို႔ထားတဲ့ ဖုန္းမက္ေဆ့ခ်္ေတြ...။
" ငါေခၚတာကို ျဖည္းျဖည္း အခ်ိန္ဆြဲၿပီး လာတယ္ေပါ့ေလ .. ေတာ္လိုက္တာ.."

"...."
" ဘယ္ေရာက္ေနၿပီလဲ..?"
" ကြ်န္မ ေရခ်ိဳးမလို ႔ျပင္ေနတုန္းပါ.."
"ျမန္ျမန္ မလာဘူးလား? ဘာလုပ္ေနတာလဲ?"
“ ကြ်န္မ အျမန္ဆံုးလာၿပီး ေရာက္တာနဲ႔ စာပို႔ပါ ့မယ္ရွင့္"
"ေရခ်ိဳးၿပီး ျမန္ျမန္လာ။ ေနာက္က်ရင္ ငါ့ကို အာခံတယ္လို ့ မွတ္မယ္.."
အိမ္ရွင္ဆိုသူရဲ႕ ဖုန္းမက္ေဆ့ခ်္ေတြ အားလံုး အမိန္႔ေတြ...။
========================
စစ္ေဆးၾကည့္လိုက္ေတာ့ အိမ္ရွင္ဆိုတဲ့သူဟာ နာမည္က ရီ ** တဲ့။
ရီ ဟာ တကယ့္ အိမ္ရွင္လည္း မဟုတ္။
တကယ့္ အိမ္ပိုင္ရွင္ရဲ႕ အိမ္တစ္ခုလံုးကို ေမာင္ပိုင္စီးထားၿပီး အိမ္ရွင္ကို ႀကိဳက္သလို ႀကိဳးကိုင္ထားသူ တစ္ဦးျဖစ္ေနျပန္တယ္။
========================

ဒီလိုနဲ႔ ဆရာမေလးရဲ႕ အေလာင္းကို ၃ ရက္ စ်ာပန အေဆာက္အဦမွာ ထားခဲ့တယ္။
အဲဒီ စ်ာပန အေဆာက္အဦကို မ်က္ႏွာစိမ္း လင္မယားႏွစ္ေယာက္ ဝင္လာတယ္။

သူတို႔ဟာ ဆရာမေလးရဲ႕အေလာင္းကို ဂါရဝ ျပဳလိုက္ၿပီး ဆရာမေလးရဲ႕ မိသားစုကိုလည္း ဂါရဝျပဳ ႏွဳတ္ဆက္တယ္။ ၿပီးေတာ့ မိန္းမျဖစ္သူက
" ကြ်န္မ နာမည္ A ျဖစ္ပါတယ္ရွင္။ ကြ်န္မ ေျပာစရာရွိတယ္။ အေရးႀကီးလို႔ပါ..."
========================
အမ်ိဳးသမီး A က ငိုၿပီး ဒီလိုေျပာတယ္။
" ဆရာမေလး ကို သတ္တဲ့သူ ကြ်န္မ သိတယ္။ကြ်န္မလည္း ဒီ ဘဝမ်ိဳး ၾကံဳခဲ့ဘူးတယ္.."
A ရဲ႕ အမ်ိဳးသား B က
"ဟုတ္ပါတယ္။ ကြ်န္ေတာ့္ မိန္းမလည္း ဒီ လူရဲ႕ သားေကာင္ ျဖစ္ခဲ့တာေပါ့.."
========================
လြန္ခဲ့တဲ့ ၁၀ ႏွစ္ ၂၀၀၈ ခုႏွစ္က ျဖစ္တယ္။
A ဟာ ခ်စ္သူနဲ ႔လမ္းခြဲၿပီး အလြန္စိတ္ေသာက ေရာက္ေနခ်ိန္ေပါ့။
ဒါေၾကာင့္ A ဟာ စိတ္ကို ခရစ္ယ်ာန္ေက်ာင္းမွာ ႏွစ္ထားလိုက္ၿပီး ခရစ္ယ်ာန္ေက်ာင္းက အသင္းအဖြဲ႕တစ္ခုထဲ ဝင္လိုက္တယ္။
အဲဒီမွာ A ဟာ ခရစ္ယ်ာန္ေက်ာင္းမွာ စႏၵယားတီးေနတဲ့ ရီ နဲ႔ စၿပီး ​ေတြ႕ခဲ့ရတယ္။
" ကြ်န္မ ခ်စ္သူနဲ႔ ကြဲၿပီး စိတ္ေတြ ဘယ္လိုမွ ​ေျဖလို ႔မရဘူး။ ဘုရားသခင္ဆီမွာ ဆုေတာင္းေပးပါ အစ္ကို.."
ၾကံရာမရ ျဖစ္ေနတဲ့ A ဟာ ရီ ့ကို အားကိုးမိပါေလေရာ။
========================
ရီ က A ကို အျပင္မွာ ေတြ႕ဆံုၾကဖို႔ ေျပာတယ္။
" ညီမ ျဖစ္သမွ်အေၾကာင္းေတြ အကုန္ေျပာျပ...အစ္​ကို ဘာမ်ား ကူညီႏိုင္မလဲလို႔ "
A ရဲ႕စကားေတြ နားေထာင္ရင္း ရီ ရဲ႕မ်က္လံုးေတြက မ်က္ရည္က်လာတယ္။
" ဒီ မ်က္ရည္ေတြ ဟာ အစ္ကို႔ဆီက က်လာတဲ့ မ်က္ရည္ေတြ မဟုတ္ဘူး ညီမ ။ အစ္ကို ့ခႏၶာထဲမွာ ရွိတဲ့ သန္႔ရွင္းတဲ့ ဝိဉာဥ္ဆီက က်လာတဲ့ မ်က္ရည္ျဖစ္တယ္။ သတၱဝါေတြကို သနားလြန္းလို႔..."

========================
" ညီမ ဘာမွ အားမငယ္နဲ႔။ စိတ္နာက်င္မႈေတြကို အသံုးခ်ၿပီး ဘဝမွာ ထိပ္ဆံုးေရာက္ေအာင္ ႀကိဳးစား။ ဘုရားသခင္က ကူညီခ်င္လြန္းလို႔ ညီမကို ေစာင့္ေနတယ္.."
ဘာမွ အခြင့္အေရးမယူပဲ ကိုယ့္ကိစၥတစ္ခုလို ရီ က ကူညီေဖးမတယ္။
A ဟာ ရီ ကို အလြန္ သန္႔ရွင္း တည္ၾကည္သူ တစ္ေယာက္လို႔ ယံုၾကည္ခဲ့တယ္။
A ဒုကၡေရာက္ဆံုးအခ်ိန္မွာ သူမဟာ ရီ ဆိုတဲ့ သူနဲ႔ေတြ႕ၿပီး စိတ္ထြက္ေပါက္ တစ္ခု ရခဲ့ၿပီေလ။
========================
ရီ ဟာ A ကို အေသးစိတ္ ဖုန္းမက္ေဆ့ခ်္ ပို႔ခိုင္းတယ္။
" ဆုေတာင္းေပးမလို႔ .. အခု ဘာလုပ္ေနလဲ... ? ညီမလည္း အာ႐ုံျပဳရမယ္ေလ။"
" အခု အိပ္ယာ ထၿပီလား..? ဘတ္စ္ကားေပၚမွာလား... "
========================
တျဖည္းျဖည္းနဲ႔ ရီ ဟာ A ကို အမိန္႔ ​ေပးလာတယ္။
" အိပ္ယာက ဘယ္ႏွစ္နာရီ ထပါ။ ထမင္း ဘယ္အခ်ိန္ စားပါ။ ဘယ္အခ်ိန္ ေရခ်ိဳးပါ..။ "
========================
" A .. မင္းဟာ ထိပ္ဆံုးကို ​ေရာက္ေတာ့မယ္။ ထိပ္ဆံုး ​ေရာက္ဖို႔ကေတာ့ မလြယ္ဘူး။ ဒါေၾကာင့္ လူတိုင္းမေရာက္ႏိုင္တာေပါ့။ ဒီေန႔က စၿပီး မင္းဘာလုပ္လုပ္ အေသးစိတ္ အစ္ကို႔ဆီ ဖုန္းမက္ေဆ့ခ်္ပို႔ရမယ္...အစီအစဥ္တက် ပႏၷက္ခ်ၿပီး လုပ္ရမယ္ "
========================
ေနာက္ ရက္ေတြ ၾကာလာေတာ့
" အမူအယာေတြ ျပင္ရမယ့္အပိုင္း ​ေရာက္လာၿပီ..။ စကား အေျပာအဆို၊ အမူအရာ၊ အသံ အေနအထား၊ မ်က္လံုး အၾကည့္၊ အကုန္ေျပာင္းရမယ္.."
========================
ရီ ဟာ ဒီလိုနဲ႔ A ကို အစစ အရာရာ ခ်ဳပ္ကိုင္ brainwashing ျပဳလုပ္ခဲ့တာ ျဖစ္တယ္။
ဒီ ျဖစ္စဥ္ေတြဟာ ညင္သာ သိမ္ေမြ႕လြန္းလို႔ A ဟာ ရီ ့ကို အစစအရာရာ ခ်ဳပ္ကိုင္ brainwashing ျပဳလုပ္ခဲ့တယ္လို႔ ထင္ဖို႔မေျပာနဲ႔ ေက်းဇူးရွင္ ဆရာႀကီးလို ကိုးကြယ္မိၿပီ ျဖစ္တယ္။
========================
"မင္းဟာ တျဖည္းျဖည္းနဲ႔ အလြန္ ၾသဇာအာဏာနဲ ႔ျပည့္စံု က်က္သေရရွိသူ ျဖစ္လာၿပီ။ ဝမ္းသာတယ္ကြာ..အဆင့္ထပ္ျမႇင့္မယ္.."
========================
ရီ ဟာ A ကို
" အမွားမခံႏိုင္ဘူးကြ၊ဒီ အဆင့္ေရာက္လာမွေတာ့ .."ေအာ္ဟစ္ ႀကိမ္းေမာင္းလာတယ္။
ဗိုက္ေခါက္ လိမ္ဆြဲတတ္လာတယ္။ၿပီးေတာ့ လက္နဲ႔႐ိုက္လာတယ္။
လက္သီးနဲ႔ ထိုးလာတယ္။
========================
ေနာက္ဆံုး လက္နက္ ​ေတြပါလာၿပီ..။ဦးေခါင္းကို ေက်ာက္တံုးနဲ႔ ထုတယ္။
စတီးေခ်ာင္းနဲ႔ ႐ိုက္တယ္။
========================
A ဟာ ကိုယ့္ကိုကိုယ္ေတာင္ သတိမထားမိတဲ့ အခ်ိန္မွာ ရီ ့ကို တုန္ေနေအာင္ ေၾကာက္ေနရပါၿပီ...။
အမိန္႔ကို တစ္သ​ေဝမတိမ္း နာခံတတ္လာၿပီ။
========================
" ခ်မ္းသာေတာ့မယ္ ရင္းႏွီးဖို ႔ေငြလိုတယ္ ။ တစ္ေန႔ ၄ နာရီ ပဲအိပ္၊အခ်ိန္ပိုင္းေတြလုပ္၊ ငါ့ကို ​ေငြအပ္။ "A ဟာ အခ်ိန္ပိုင္း အလုပ္ ၇ ခု ကို လုပ္ခဲ့ရေတာ့တယ္။
========================
A ဟာ ရဲကိုတိုင္ဖို႔ အသိဝင္လာခဲ့ေပမယ့္ အရမ္းကို ေနာက္က်ေနၿပီ။ ရီ ့ကို ​ေပးတဲ့ ​ေငြေတြလည္း သိန္း ၁၀၀၀ ေက်ာ္ေနၿပီ။
"ငါ တစ္ကယ္ပဲ ထိပ္ဆံုး ​ေရာက္ေတာ့မွာလား..? ဒီေလာက္အထိ ပင္ပန္းဆင္းရဲ ခံလာၿပီးမွ အရွဳံးေပးလို႔ မျဖစ္ဘူး..."
========================
" A သန္႔ရွင္းတဲ့ ဝိဉာဥ္က ငါ့ကို သာသနာျပဳဖို႔ ေစခိုင္းလာၿပီ..."
" သာသနာ ျပဳတယ္ဆိုတာ ကိုယ္ ထိပ္ဆံုးေရာက္ဖို႔ပဲ လုပ္တာမဟုတ္ဘူး။ အမ်ားတကာ ကိုလည္း ကူညီရမယ္။ လမ္းသြားလမ္းလာတဲ့ သူေတြကို အတင္းလက္ဆြဲၿပီး ငါ့ ဆီ ​ေခၚလာရမယ္။ ခရစ္​ယ်ာန္ဘာသာ ဝင္ဖို႔ ဆြယ္ရမယ္ သာႆနာျပဳ ရမယ္။ အဲဒီ လူေတြ မေခၚလာႏိုင္ရင္ မင္းေသၿပီမွတ္..!"

A ဟာ ရီ ့ဆီ လူေတြ ​ေခၚမလာႏိုင္ရင္ ေက်ာက္တံုး လက္ေဆာင္ရတယ္။
သူမ ဦးေခါင္းလည္း ရစရာ မရွိေတာ့...။အခုေတာ့ A သိၿပီ။
ဘယ္​ထိပ္ဆံုးမွ မေရာက္ခ်င္ေတာ့ အေဝးဆံုးကို ေျပးရေတာ့မယ္။
ဒါေပမဲ့ A ဟာ ရီ ့ကို အရမ္းေၾကာက္တယ္။ သူမကို ရီ သတ္ပစ္လိမ့္မယ္ ဆိုတာ သိေနခဲ့တယ္။
========================
" လမ္းသြားလမ္းလာေတြ ​ေခၚလို႔မရရင္ မင္း ေဆြမ်ိဴး သူငယ္ခ်င္းေတြ ​ေခၚလာ။ "
ဘာပဲေျပာေျပာ A က ရီ ့စကား နားမေထာင္ေတာ့။ လူလိမ္...။
ဒီေတာ့ ရီ ဟာ A ရဲ႕ဖုန္းကို လုယူၿပီး ဖုန္းနံပါတ္ေတြ ကူးယူပစ္လိုက္တယ္။
========================
A ရဲ႕ ဖုန္းနံပါတ္ေတြထဲက ေငြအရွိဆံုးလို ႔ထင္ရတဲ့ ဆရာဝန္ကို ဆက္သြယ္တယ္။
A က ဆရာဝန္ဆီ သြားၿပီး အျဖစ္မွန္ေတြ ရွင္းျပခဲ့တယ္။
ဒါကို ရီ သိသြားတယ္။
ရီ ဟာ ေဒါသျဖစ္ၿပီး A ကို ​ေသလုနီးပါး ႐ိုက္ႏွက္ခဲ့တယ္။
========================
ေနာက္ၿပီး ရီ ဟာ A ရဲ႕ဖုန္းထဲက သူငယ္ခ်င္းျဖစ္တဲ့ ဆရာမေလးကို A မသိေအာင္ ဆက္သြယ္ေတာ့တာပဲ။
“ ဟဲလို ကင္မ္ ** ပါလားခင္ဗ်ာ..? A ကအကူအညီေတာင္းလို႔ပါ ကၽြန္ေတာ္ ကင္မ္ကို ဆုေတာင္းေပးဖို႔ ဘယ္အခ်ိန္ေတြ႕လို႔ရပါမလဲ..?"
========================
"ရီဟာ ကြ်န္မ မသိေအာင္ ကင္မ္ကိုဆက္သြယ္ခဲ့ေပမဲ့ ကြ်န္မ ထြက္မေျပးခင္ ကတည္းက ရိပ္မိခဲ့တယ္။ ကြ်န္မကို လုပ္ခဲ့တဲ့ နည္းအတိုင္း သူငယ္ခ်င္း ကင္မ္ ကို လုပ္ေနတာ ကြ်န္မ သိခဲ့ပါတယ္။ ကင္မ္ ့ကို သတိေပးခ်င္လြန္းလို႔ ဆက္သြယ္ဖို႔ အမ်ိဴးမ်ိဳး ၾကိဳးစားခဲ့ေပမယ့္ ရီ က မရ ရေအာင္ ပိတ္ဆို႔ခဲ့တယ္...ရီ ဟာ ကင္မ္ ရဲ႕ဖုန္းကိုယူၿပီး ကြ်န္မကို block ခဲ့တယ္.."
========================
" ကြ်န္မ သူငယ္ခ်င္း ကင္မ္ ့ကို ဒီလို မလုပ္ပါနဲ႔ ။ ကြ်န္မ ​ေတာင္းပန္ပါတယ္..."
A က ရီ ့ကို ​ေတာင္းပန္ခဲ့တယ္။
ရီ က A ကို လည္ပင္း ညႇစ္တယ္။ အသက္ရွဴလို႔ လံုးဝမရေတာ့ပဲ သူမ မ်က္ႏွာေတြ ျပာႏွမ္းကုန္တယ္။ မ်က္ႏွာေသြးေၾကာေတြ ေပါက္ကုန္တယ္။
ရီ က ျပန္လႊတ္ေပးလိုက္တယ္။ A အတိုင္းမသိ အလြန္႔အလြန္ပဲ ​ေၾကာက္ရြံ ့သြားေတာ့တယ္။
ထင္တဲ့အတိုင္းပဲ ရီ ဟာ သူမကို သတ္ဖို႔ ၾကိဳးစားေနၿပီ၊
========================
A ဒီလို ျဖစ္ေနတာကို ခ်စ္သူကပဲ ျပန္ကယ္ခဲ့တယ္။
A ရဲ႕ဒါဏ္ရာေတြနဲ ႔ရဲတိုင္ဖို႔ သူတို႔ ​ေတြးခဲ့ၾကေပမယ့္ သူမ ရီ နဲ႔ မပါတ္သက္ခ်င္ေတာ့ဘူး။ ရီ နဲ႔
ေဝးရင္ၿပီးေရာ။
သက္ေသ အေထာက္အထား မရွိတဲ့အတြက္ ရီ ့ဆီမွာ အပ္ထားတဲ့ ​ေငြေတြလည္း ျပန္ရမွာ မဟုတ္ဘူးေလ။ဒါေတြ အကုန္ စြန္႔လြတ္ၿပီး A ဟာ ေဝးရာ ​ေျပးခဲ့တာေပါ့။
========================
A ျခဳံးပြဲခ် ငိုတယ္။A ဟာ သူငယ္ခ်င္း ကင္မ္ ေသဆံုးမွပဲ ဒီအေၾကာင္းေတြ ​ေျပာခြင့္ရေတာ့တယ္။
ဆရာမေလး ကင္မ္ ေသတာ သူမ အျပစ္ မကင္းခဲ့ၿပီ။
"ရီ ့ကို ခံု႐ုံးတင္ပါ။ ကြ်န္မ အသိသက္ေသ လိုက္ပါမယ္.."
========================
ရီ ဟာ ဘယ္လို လူစားမ်ိဳးလဲ...?
ရီ ရဲ႕ေမြးရပ္ေျမသြားၿပီး ရီ ရဲ႕အေၾကာင္းကို ဆက္လက္ စံုစမ္းၾကတယ္။
" စႏၵယား အတီးေတာ္တယ္။ အသံလည္း အရမ္းေကာင္းတယ္။ ယဥ္ေက်းတယ္"
" ရီ က သူေဌး မဟုတ္ဘူးလား..? ဂ်ပန္ျပည္မွာ ဟိုတယ္ ​ေဆာက္ေနတယ္ ​ေျပာတယ္.."
“ သူ စႏၵယား တစ္ခါတီးရင္ သိန္း ၃၀ ၊ သိန္း ၄၀ ရတယ္လို႔ ကြ်န္မကို ​ေျပာဖူးတယ္။"
အကုန္ အလိမ္ေတြ..။
========================
ေနာက္ၿပီး ဆရာမေလးရဲ႕ တကယ့္ အိမ္ရွင္နဲ႔ ​ေတြဆံုခဲ့ၾကတယ္။
" အထက္တန္း မွာ ရီ နဲ႔ ကြ်န္ေတာ္ ခင္ခဲ့ၾကတာဗ်... အဆက္အသြယ္ေတာ့ မျပတ္ခဲ့ဘူး။လြန္ခဲ့တဲ့ ၃ ႏွစ္က ကြ်န္ေတာ့္ကို သူက ​ေတြ႕ခ်င္တယ္ေျပာလို ႔ေတြ႕ခဲ့ၾကတယ္"
========================
“ ပင္ပန္းတယ္ သူငယ္ခ်င္းရာ.. ငါ့ကိုယ္ငါ သတ္ေသခ်င္တယ္.." လို႔ ရီ က ရင္ဖြင့္တယ္။
အိမ္ရွင္က ငယ္သူငယ္ခ်င္း ရီ ကို အားေပးခဲ့တယ္။
========================
မၾကာခင္မွာ အိမ္ရွင္ဟာ ႐ုတ္တရက္ စီးပြားေရးက်တယ္။ သူငယ္ခ်င္း ရီ ကို ရင္ဖြင့္မိတယ္။ ရီ ဟာ အိမ္ရွင္ကို ဖက္ၿပီး ငိုတယ္။
အိမ္ရွင္ဟာ သူငယ္ခ်င္း ရီ ကို အေတာ့္ကို ယံုၾကည္သြားတယ္။
သူငယ္ခ်င္းေကာင္း..။

" ဪ... မိဘ ေမာင္ႏွစ္​မ မိန္းမေတာင္ နားမလည္ေပးႏိုင္တဲ့ ငါ့ ခံစားခ်က္ကို နားလည္ေပးႏိုင္တာ ရီ တစ္ေယာက္ပဲ ရွိပါလား.."
ရီ ဟာ အိမ္ရွင္အတြက္ တစ္ခုတည္းေသာ ထြက္ေပါက္ျဖစ္ခဲ့တာေပါ့။
========================
ရီ က ​ေျပာတယ္။
"မင္းမိန္းမ ကလည္း အေတာ့္ကို လူမဆန္တာပဲ။ ငါနဲ႔ လိုက္ေနကြာ။ အလုပ္ထြက္လိုက္။ ဘဝ အသစ္ စၾကမယ္။ ငါ တစ္ေယာက္လံုးရွိတယ္။"
အိမ္ရွင္က ရီ ရဲ႕အိမ္မွာ သြားေနခဲ့တယ္။
တစ္ရက္ ႏွစ္ရက္ေတာ့ ဧည့္သည္ေပါ့။
ေနာက္ေတာ့ အိမ္ရွင္ဟာ ရီ ရဲ႕အိမ္မွာ ထမင္းခ်က္ ပန္းကန္ေဆး ျဖစ္လာတယ္။
အိမ္ရွင္ဟာ စီးပြားေရး ျပန္ထူေထာင္ေပးမယ္ဆိုတဲ့ ရီ ရဲ႕စကားကို ယံုၾကည္ခဲ့တယ္။
အိမ္ရွင္ရဲ႕ ရွိသမွ်ေငြေတြကို ေငြသားအျဖစ္ ေျပာင္းၿပီး ရီ ကို ေန႔တိုင္းေပးရတယ္။
အိမ္ရွင္က စီးပြားေရးက်တယ္ဆိုေပမယ့္ အေဆာက္အဦ ပိုင္ရွင္။ ေငြေတြလည္း ရွိတယ္။
========================
" ေလာဘ မႀကီးနဲ႔။ ဘုရား ​ေပးသေလာက္ပဲ ယူ။ မိန္းမ မလိုက္စားနဲ႔။ မင္း ဒီလို အက်င့္ေတြ သန္႔စင္လာရင္ ဘုရားသခင္က မင္းကို ထိပ္ဆံုးကို ပို႔ေပးလိမ့္မယ္...ငါ့ရဲ႕ သန္႔ရွင္းတဲ့ ဝိဉာဥ္က မင္းအနားမွာ အၿမဲရွိေနမယ္ "
========================
ေငြသားေတြ ကုန္ေတာ့...တန္ဖိုးႀကီး လက္ဝတ္ရတနာ၊ ပရိေဘာဂေတြ...။
ဒါေတြကုန္ေတာ့ အေဆာက္အဦ ​ေပါင္ၿပီး ေငြေခ်း...။
ေခ်းပါ မ်ားေတာ့ အေဆာက္အဦကို ေရာင္းရမလို ျဖစ္လာတယ္။
အဲဒီ အေဆာက္အဦကို ဝယ္တဲ့သူကေတာ့ ရီ...။
========================
" မင္း မိန္းမ ေဖာက္ျပန္ေနတယ္ကြ.. ကြဲပစ္လိုက္ေတာ့..."
အိမ္ရွင္က မေျပာခင္ပဲ မိန္းမ က ကြဲဖို႔ စေျပာ လာပါေလေရာ...။
မိန္းမ နဲ႔ သားသမီး ၃ ေယာက္လည္း အိမ္ရွင္ကို စြန္႔ခြာခဲ့ေလၿပီ။
ေငြလည္း မရွိ၊ ေနစရာလည္း မရွိ၊ မိသားစုလည္း မရွိ...။
အိမ္ရွင္ရဲ႕ဘဝမွာ ရီ တစ္ေယာက္တည္း။
ရီ ကလြဲၿပီး အားကိုးရာမရွိၿပီ..။
========================

" ကြ်န္ေတာ့္ အေဆာက္အဦကို ရီ ပိုင္ဆိုင္သြားၿပီး ​ေနာက္ပိုင္းမွာ ဆရာမေလး ကင္မ္ ဆိုတဲ့သူ ဟာ ရီ ရဲ႕ အမိန္႔နဲ႔ အေဆာင္အဦထဲကို ေျပာင္းလာတာဗ်.. "
"ဒါေပမဲ့ ဆရာမေလး အဲဒီအိမ္ကို မေျပာင္းလာခင္မွာ ကြ်န္ေတာ္​ ဆရာမေလး ကင္မ္ ကို သိေနခဲ့တယ္။ ကြ်န္ေတာ္ ဆရာမေလးကို စေတြ႕ခဲ့တဲ့ ေနရာကေတာ့ ရီ ရဲ႕အိမ္မွာ ျဖစ္ပါတယ္။"

========================
အဲဒီတုန္း ဆရာမေလး ကင္မ္ ဟာ ရီ နဲ႔ ရီ မိန္းမ တို႔ရဲ႕ တစ္ဦးတည္းေသာ သားေလးကို ညေန ၆ နာရီ ၊ ၇ နာရီ ​ေလာက္ဆို ေရာက္လာၿပီ။ရီ ့ရဲ႕ ကေလးကို လာၿပီး ကစားေပးတဲ့ ဆရာမျဖစ္တယ္။
ဒါလည္း ဆရာမေလး မျဖစ္မေနလုပ္ရတဲ့ ရီ ရဲ႕ အမိန္႔ပဲ...။
========================
“ ပထမေတာ့ ရီ ရဲ႕မိန္းမ က သဝန္တိုတယ္။ သူတို႔ ရန္ျဖစ္ၾကတယ္။ ေနာက္ပိုင္းေတာ့ ရီ က မိန္းမကို ဘယ္လို ေျဖာင္းဖ်လိုက္လဲမသိ။ ရီ ရဲ႕မိန္းမ ကိုယ္တိုင္က ဆရာမေလး ကင္မ္ လာရင္ ေအးေအးေဆးေဆးပဲ..." အိမ္ရွင္က SBS ႐ုပ္ျမင္သံၾကားက အလြတ္စံုေထာက္ေတြကို ေျပာျပခဲ့တယ္။
========================
ရီ ဟာ ပိုက္ဆံမရွိေတာ့တဲ့ အိမ္ရွင္ကို အိမ္ေဖၚတစ္ေယာက္လို ဆက္ဆံေတာ့တယ္။ စိတ္မထင္ရင္ ေတြ႕ကရာပစၥည္းေတြနဲ႔ ပစ္ေပါက္တယ္။ ႐ိုက္ႏွက္တယ္။ ေငြေတြ ထပ္ေခ်းခိုင္းတယ္။

တစ္ေန႔ ဆရာမေလး ကင္မ္ ကို ႐ိုက္ႏွက္ေနတာ အိမ္ရွင္က ​ေတြ႕သြားတယ္။ ဆရာမေလး ကင္မ္ ဟာ သူ႔လိုပဲ ရီ နွိပ္စက္သမွ်ကို အသံတစ္ခ်က္မွ မထြက္ပဲ ေဆးမိထားသလို ၿငိမ္ခံေနတယ္။
အိမ္ရွင္ နားလည္စျပဳလာတယ္။
" ဒီေကာင္ လူလိမ္ပဲ ။ဘာသာေရးကို ခုတံုးလုပ္ၿပီး လိမ္စားေနၿပီ..."
========================
ဒါေပမဲ့ အိမ္ရွင္ဟာ ရီ ရဲ႕အိမ္မွာ ရီ ရဲ႕ အနွိပ္စက္ခံၿပီး ေပကပ္ေနခဲ့တယ္။အႏုနည္းနဲ႔မ်ား သူ႔ေငြေတြ ျပန္ရေလမလားေပါ့။
သြားစရာေနရာလည္း မရွိေတာ့ဘူးေလ။
========================
ရီ ဟာ အိမ္ရွင္ကို ပို နွိပ္စက္လာတယ္။ အခြ်န္လက္နက္ေတြနဲ႔ ထိုးတဲ့အထိ လုပ္လာတယ္။
ဒါကို ဆရာမေလး ကင္မ္ ကလည္း သိသြားခဲ့တယ္။
========================
"ကင္မ္ ဟင္း ဝယ္ခဲ့..အမဲသားက ကိုရီးယား ႏိုင္ငံက အမဲသားေနာ္ ႏိုင္ငံျခားက တင္သြင္းတဲ့ အမဲသားဆို နင္ ေသၿပီမွတ္ "
တစ္ခုခုမွားရင္ ရီ ဟာ ကင္မ္ ကို ဘယ္ျပန္ညာျပန္ ပါး႐ိုက္တယ္။

========================
အဖိုး အဖြားကို အလြန္ခ်စ္တဲ့ ကင္မ္ ဟာ ၂၀၁၁ ခုႏွစ္မွာ အဖြားဆံုးခဲ့တယ္။ ၂၀၁၂ ခုႏွစ္မွာ အဖိုးဆံုးသြားျပန္ေရာ။ဝမ္းနည္းမႈေတြနဲ႔ စိတ္အားငယ္တဲ့အခ်ိန္မွာ ကင္မ္ ဟာ ရီ ့ကို ​ေတြ႕ခဲ့တယ္။

========================
ၾကင္နာတဲ့စကားေတြနဲ႔ အားကိုးယံုၾကည္ရတဲ့ ရီ ဟာ ကင္မ္ အတြက္ ထြက္ေပါက္တစ္ခု ျဖစ္ခဲ့တယ္။
========================
အိမ္ရွင္၊ ကင္မ္ နဲ႔ ရီ ဟာ ဧည့္ခန္းထဲ စုထိုင္ေနၾကတယ္။
ရီ က အသံသြင္းထားတာေတြ ဖြင့္ျပတယ္။
"ကင္မ္ ရဲ႕အေမနဲ ႔ေတြ႕ခဲ့တယ္။ ငါ အေတာ္ စိတ္မေကာင္း ျဖစ္သြားတယ္ကြာ။ ဒီလိုယုတ္မာတဲ့ မိခင္မ်ိဳး တစ္ခါမွ မၾကဳံခဲ့ဖူးဘူး။ မာရ္နတ္ ဝင္ေနတာျဖစ္မယ္.."
ကင္မ္ ဟာ မိသားစုနဲ႔ အဆက္အသြယ္ ျဖတ္ေတာ့တယ္။
========================
ဒါဟာ ရီ လုပ္ေနၾက​ေလ။
၁- စိတ္အားငယ္တဲ့အခ်ိ္န္မွာ စိတ္ထြက္ေပါက္ရေအာင္ လုပ္ေပးၿပီး သူ႔ကို ယံုၾကည္ေအာင္လုပ္တယ္။
၂- ဘာသာေရးကို ခုတုံးလုပ္ၿပီး သူ႔ကို ယံုၾကည္ ကိုးကြယ္ေစတယ္။
၃- မိဘ ေဆြမ်ိဳး သူငယ္ခ်င္းေတြနဲ႔ ခြဲပစ္တယ္။
၄- သူ႔ကို ေၾကာက္ေအာင္လုပ္တယ္။
၅- ေငြရွာခိုင္းတယ္။
========================
အိမ္ရွင္နဲ႔ ဆရာမေလး ကင္မ္ ဟာ ရိပ္မိ လာတယ္။
" ဒီလိုဆက္ေနရင္ ငါ့တို ့ကို သတ္ေတာ့မယ္.." လို႔ ​ေတြးမိလာၾကတယ္။
"ဒါဟာ တကယ့္ ငရဲျပည္ပဲ.."
" လိမ္ေပမယ့္လည္း ဒါပဲ အားကိုးရမယ္" လို႔လည္​း ​ေတြးမိၾကျပန္ေရာ။
ေနာက္ဆံုးေတာ့ သူတို႔ သိသြားၾကတယ္။
ရီ ဟာ သူတို႔ရဲ႕ထြက္ေပါက္ မဟုတ္ပဲ... ငရဲ အက်ဥ္းေထာင္ ဆိုတာကိုေပါ့..။
========================
ဒီလို အေျခအေနဆိုးမ်ိဴးဟာ ကြ်န္မတို႔တစ္​​ေတြ မသိလိုက္တဲ့ အခ်ိန္မွာ အခ်ိန္မေရြး က်ေရာက္ႏိုင္ပါတယ္။အခ်ိန္မေရြး ထြက္ေျပးလို႔ ရေနေပမယ့္ ထြက္ေျပးမယ္ဆိုၿပီး ႀကိဳးစားဖို႔ မေတြးႏိုင္ပဲ ေရာက္တဲ့ဘဝမွာ ျဖစ္သမွ်အေၾကာင္းကို အေကာင္းပဲလို ့ ၿငိမ္ၿငိမ္ေလး ဒုကၡခံေန တတ္ၾကတယ္။
ဘယ္ေလာက္ပဲ ဒုကၡေရာက္ေရာက္ ဒါ ငါ့ဘဝပဲေလလို႔ ေတြးႏိုင္ၾကတဲ့ အေျခအေနမ်ိဳးေပါ့...။
========================
ဒီ အျဖစ္ဟာ မၾကာေသးခင္ ၂၀၁၈ မွာ ျဖစ္ခဲ့ၿပီး အခုလက္ရွိ ရီ ဟာ တရားဆိုင္ေနဆဲ ျဖစ္တယ္။
ဒါေပမဲ့ အတိတ္ကို ျပန္ၾကည့္လိုက္ရင္ ဒီလို အမႈမ်ိဳး အမ်ားႀကီး ရွိေနတယ္။ ဒါကို ေရွာင္ႏိုင္ဖို႔ ႐ုပ္ျမင္သံၾကားကေန ပညာေပး အသိေပးၾကေပမဲ့ ဒီလို အမႈေတြ အေတာ္မ်ားမ်ား ျဖစ္ေနဆဲ...။
========================
ပါေမာကၡ တစ္ေယာက္ ဟာ ေက်ာင္းသား တစ္ေယာက္ ကို ႏွစ္ေပါင္းမ်ားစြာ အႏိုင္က်င့္ ႐ိုက္ႏွက္ အမိန္႔ေပးလို႔ ေနာက္ဆံုး အဖမ္းခံခဲ့ရတယ္။ ဒီ သတင္းဟာလည္း ကိုရီးယားမွာ ဟိုးေလးတစ္ေၾကာ္ ျဖစ္ခဲ့တာေပါ့။
ပါေမာကၡ ဟာ ေက်ာင္းသားကို က်င္ငယ္ရည္ကို ျပန္ေသာက္ခိုင္းတဲ့အထိ ယုတ္မာခဲ့တယ္။
ခႏၶာကိုယ္မွာ သံျပားအပူေတြ ကပ္တယ္။
အဲဒီ ပါေမာကၡရဲ႕ လုပ္နည္းလုပ္ဟန္​​ေတြကလည္း ရီ လိုပါပဲ။
ပါေမာကၡ ဆိုတဲ့ဂုဏ္နဲ႔ ယံုၾကည္အားကိုးမႈကို အရယူၿပီး စတင္ခဲ့တာေပါ့။
ၿပီးေတာ့ ေက်ာင္းသားကို ကြ်န္တစ္ေယာက္လို စိတ္ႀကိဳက္ ခ်ယ္လွယ္ခဲ့တယ္။
========================
ေနာက္တစ္ခု ဆင္တူ အမႈက မိစၧာေကာင္ သူငယ္ခ်င္းလို႔ အမည္ေပးထားတဲ့အမႈေပါ့။
C ဆိုတဲ့ သူငယ္ခ်င္းက D ကို သူ႔အေဖ မၾကာခင္ အေမြေပးေတာ့မယ့္ ကုမၸဏီမွာ အလုပ္ခန္႔မယ္ဆိုတယ္။
D ကို C ဟာ သူ႔အိမ္ေအာက္ထပ္ကို ေျပာင္းလာခိုင္းတယ္။ ၿပီးေတာ့ ႐ိုက္ႏွက္ အႏိုင္က်င့္ၿပီး ကြ်န္တစ္ေယာက္လို အသံုးခ် ဆက္ဆံခဲ့တာျဖစ္တယ္။
========================
လြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္က ကြ်န္မ အသိ ဖိလစ္ပိုင္ လင္မယားဟာ ခရစ္ယ်ာန္ေက်ာင္းကို လစာအကုန္နီးပါး အပ္ေနတာေတြ႕ရတယ္။
ဘာသာေရးနဲ႔ ပါတ္သက္ေတာ့ အေတာ့္ကို ​ေျပာရၾကပ္ခဲ့တယ္။
ေနာက္ဆံုး မိခင္ ​ေနမေကာင္းလို႔ ပိုက္ဆံကို အိမ္ကို ပို႔လိုက္မိလို႔ သာသာေရးအေယာင္ေဆာင္ ကိုရီးယားအဖြဲ႕က သူတို႔ လင္မယားရဲ႕ ေပါင္ကို တူနဲ႔စိုက္ခဲ့တယ္။ ေယာက္်ားက အသိတရားဝင္လာၿပီး ကြ်န္မကို အကူအညီေတာင္းခဲ့ဖူးပါတယ္။
ရဲစခန္းကို အေၾကာင္းၾကားခဲ့ႏိုင္ေပမဲ့ တရားမဝင္ ​ေနထိုင္တဲ့ ဖိလစ္ပိုင္ လင္မယားကေတာ့ သူတို႔ႏိုင္ငံ ျပန္ခဲ့ရတယ္။
ဒါေၾကာင့္ ကိုရီးယားေရာက္ ကြ်န္မတို႔ ျမန္မာေတြ သတိထားေစခ်င္ပါတယ္။

( ခရစ္ယ်ာန္ ဘာသာကို ထိပါးေျပာဆိုျခင္း မဟုတ္ပါ။ ခရစ္ယ်ာန္ ဘာသာကို ခုတံုးလုပ္ စီးပြားရွာေနေသာ လူလိမ္မ်ားကို ဆိုလိုပါသည္။)
ဒီေဆာင္းပါးထဲက A ၊ကင္မ္၊ အိမ္ရွင္ သူတို႔ ၃ ေယာက္လံုး ရီ ရဲ႕ ကြ်န္ ျဖစ္ခဲ့တယ္။ ဒါကို သူတို႔ ေနာက္ဆံုး ရိပ္မိခဲ့တယ္။ဒါဆို ဘာေၾကာင့္ ႐ုန္းမထြက္ႏိုင္ခဲ့တာလဲ...? ဆိုတာကို အျခားလူေတြ နားလည္ေပးဖို႔ ခက္ေနၾကတယ္။စိတ္ပညာရွင္က ဒီလိုရွင္းျပတယ္။
ဆင္ေလးတစ္ေကာင္ကို ေမြးကာစ အရြယ္ကေနၿပီး ေျခေထာက္တစ္ဖက္ကို ႀကိဳးနဲ႔ခ်ည္ထားလိုက္ပါ။ဆင္ေလးက ပထမေတာ့ ႐ုန္းလိမ့္မယ္။ ႀကိဳးက ခိုင္တယ္။ ဒါေၾကာင့္ ႐ုန္းထြက္လို ႔မရဘူးဆိုတာ သူသိသြားတယ္။
ဆင္ေလးက အသက္ႀကီးလာေတာ့ အင္အားဗလနဲ႔ ျပည့္စံုတဲ့ ဆင္ႀကီး ျဖစ္လာတယ္။
ခ်ည္ထားတဲ့ႀကိဳးကေတာ့ ကေလးဘဝထဲက ႀကိဳးအတိုင္းပဲ။
သူ တစ္ခ်က္႐ုန္းလိုက္တာနဲ႔ ႀကိဳးျပတ္ၿပီး လြတ္ေျမာက္မွာျဖစ္တယ္။
ဒါေပမဲ့ အဲဒီဆင္ဟာ ႐ုန္းထြက္လို႔ရမယ္လို႔ ဘယ္ေသာအခါမွ မေတြးမိဘူးတဲ့။
ငယ္ငယ္ကတည္းက ဒီႀကိဳးဆီက ႐ုန္းထြက္လို႔မရဘူး ဆိုတာ စိတ္စြဲေနလို ့ျဖစ္တယ္။
ၿပီးေတာ့ အဲဒီဆင္ဟာ သူ႔ဘဝမွာ ဒီလို ၾကိဳးခ်ည္ခံထားတာကိုပဲ လုံျခဳံမႈတစ္ခုလို႔ အထင္မွားေနတတ္တယ္တဲ့...။

 မေရႊမိုး ( ကိုရီးယား )

# Unicode Version ျဖင့္ ဖတ္ပါ #

 မိန်းမ တစ်ယောက် တိတ်ဆိတ်တဲ့ လမ်းမပေါ်မှာ တစ်ယောက်တည်း ခေါင်းငိုက်စိုက်နဲ့ လမ်းလျှောက်နေတယ်...။

သူမဟာ ပါးစပ် နှာခေါင်းအကာ ( mask ) ကို မျက်နှာမှာ စွပ်ထားတယ်။

ပြီးတော့ ညဖက်ကြီး နေကာမျက်မှန် တပ်လိုက်တယ်။

ဘယ်သူ ဘယ်ဝါရယ်လို့ ကွဲကွဲပြားပြား မမြင်ရ မသိရတဲ့ မိန်းမငယ် တစ်ယောက်။

လမ်းပေါ်က တွေ့သမျှလူတွေက သူမကို ကြည့်ပြီး ကြောက်နေကြတယ်။

သူမဟာ မကြာခင်ပဲ ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ဖို့ အဆင်သင့် ဖြစ်နေတာများလား...။

ဒီလို ပုံစံနဲ့လမ်းပေါ်မှာ တစ်ရက် လည်း မဟုတ် ... နှစ်ရက် လည်း မဟုတ်...။

နေ့တိုင်း နေ့တိုင်း...။
ရက်တိုင်း ရက်တိုင်း...။

========================

တစ်ခုခုကို မဟုတ်တာ လုပ်တော့မယ်လို့ တွေးရအောင်လည်း သူမ ပုံစံက ရာဇဝတ်ကောင်တွေလိုလည်း မျက်လုံးကစားတာမျိုး ၊တက်တက်ကြွကြွ ဖျတ်ဖျတ်လတ်လတ် မရှိဘူး။

လောကကြီးကို အရှုံးပေးနေသလို... လမ်းလျှောက်နေတဲ့ ခြေလှမ်းတွေက အားမာန်မရှိ...။

အင်အားချိနဲ့စွာနဲ့...။

လျှို့ဝှက်ချက်တွေနဲ့ နားလည်ဖို့ခက်ခဲပြီး မျက်နှာကို အမြဲဖုံးကွယ်တတ်တဲ့ နေကာမျက်မှန်နဲ့ အမျိုးသမီးတစ်ယောက်..။

သူမ ခြေလှမ်းတွေဟာ တစ်နေ့ထက် တစ်နေ့ ပိုပြီး အင်အားချိနဲ့လာတယ်။

========================

ဒီလိုနဲ့ ၂၀၁၈ ခုနှစ်ရဲ့ တစ်နေ့
နေကာမျက်မှန်နဲ့ အမျိုးသမီးဟာ သေဆုံးသွားပါလေရော....။

========================

အဲဒီနေ့က ၂၀၁၈ ခုနှစ် ၆ လပိုင်း ၂ ရက်နေ့ဖြစ်တယ်။

“ ၁၁၉ ကယ်ဆယ်ရေးအဖွဲ့ အမြန်ဆုံးလာစေချင်ပါတယ်။ လိပ်စာက ....... ပါ"

အမျိုးသားတစ်ဦး ဖုန်းဝင်လာတယ်။

ကယ်ဆယ်ရေးဝန်ထမ်းက ပေးတဲ့လိပ်စာအတိုင်း အဆောက်အဦးထဲ အမြန်ဆုံး ပြေးဝင်သွားတယ်။

နေကာမျက်မှန်နဲ့ အမျိူးသမီးဟာ ရေချိုးခန်းထဲမှာ ပက်လက်လဲနေတယ်။

နေကာမျက်မှန်နဲ့ အမျိူးသမီး ရဲ့ အသက်ရှူနှုန်း အလွန်အားနည်းနေတယ်။

နေကာမျက်မှန်နဲ့ အမျိူးသမီးကို ဆေးရုံအမြန် ပို့လိုက်ကြတယ်။

တစ်နာရီ အကြာ... ။

နေကာမျက်မှန် အမျိူးသမီး သေဆုံးသွားတယ်။

========================

အသက် ၂၉ နှစ်....။
အမည်က ကင်မ်-- တဲ့။
အလုပ်အကိုင်.... ကျောင်း ဆရာမ။

နေကာမျက်မှန် အမျိူးသမီးဟာ မူလတန်းပြ ဆရာမလေး တစ်ယောက်ဖြစ်နေတယ်...။

========================

နေကာမျက်မှန် အမျိူးသမီးလို့ အမည်တွင်တဲ့ မေ့မြောနေတဲ့ ဆရာမလေး ကင်မ် ကို စတင်တွေ့ခဲ့တဲ့သူက အိမ်ရှင်ဆိုတဲ့ အမျိုးသား..။

အိပ်ပြန်အပ်မယ်လို့ပြောထားလို့ အိမ်ပြောင်းသွားပြီအထင်နဲ့ အိမ်ထဲကို တံခါးဖွင့်ဝင်မိတော့ ဒီလို ပက်လက်လဲကျနေတဲ့ ဆရာမ ကင်မ် ကို တွေ့ခဲ့တယ်လို့ ထွက်ဆိုထားတယ်။

========================

ဆရာမလေးရဲ့အလောင်းကို စစ်ဆေးကြတယ်။

"ဟာ..!"

ဆရာမလေး ခန္ဓာကိုယ်မှာ ဒါဏ်ရာတွေ ဗရပွနဲ့...။

ဆရာမလေးဟာ တစ်စုံတစ်ယောက်ရဲ့ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းကို ခံထားရတယ်။

ဆရာမလေးရဲ့ ဘယ်ဖက် ဗိုက်ဟာ တစ်စုံတစ်ယောက်ရဲ့ အထပ်ထပ်အခါခါ ကန်ကျောက်ခြင်းကို ခံထားရတာကြောင့် နံရိုး ၆ ချောင်းဟာ သွင်သွင်ကျိုးနေတယ်။

နံရိုးတွေ ခန္ဓာကိုယ်ထဲက ကလီစာတွေထဲကို စိုက်ဝင်တဲ့အထိ ဆရာမလေး ဟာ အကြိမ်ကြိမ် ကန်ကျောက်ခြင်းကို ခံခဲ့ရတယ်။

ခန္ဓာကိုယ်ရဲ့ အတွင်း ကလီစာတွေဟာ ကြေမွ ပေါက်ပြဲနေတယ်။

ဒီ ဒါဏ်ရာတွေ အတွင်းသွေးယိုစီးမှုတွေနဲ့ပဲ ဆရာမလေး ကင်မ် သေဆုံးခဲ့ရတယ်။

========================

ဆရာမလေးဟာ မသေဆုံးခင် အဓမ္မကျင့်ခြင်း မခံထားရပါဘူး။

ဆရာမလေးရဲ့အိမ်ဟာ ဓားပြတစ်ယောက် ဝင်ခဲ့သလို ရှှုပ်ပွ ပြီးမနေပါဘူး။

ဓားပြလည်းမဟုတ်၊ ဆရာမလေးဆီက ခန္ဓာကိုယ်ကို အဓမ္မလိုချင်လို့ မဟုတ်ပဲ ဆရာမလေးကို ဒီလို သေအောင် ရိုက်နှက်ခဲ့သူဟာ ဘယ်သူလဲ..?

ဆရာမလေးကို မုန်းတဲ့သူများလား..?
အဲဒီ ဆရာမလေးမှာ ရည်းစားလည်း မရှိဘူးတဲ့။

========================

သေသေချာချာ ဆက်လက် စစ်ဆေးကြည့်လိုက်တော့ အိမ်သာထဲမှာ သွေးစတွေ...။

ကယ်ဆယ်ရေး ဝန်ထမ်းက ဆရာမလေး အိမ်ကိုဝင်သွားတော့ အတော့်ကို သပ်သပ်ရပ်ရပ် ရှိနေတယ်။ ဒါကြောင့် ပထမတော့ ရာဇဝတ်မှုလို့ ဘယ်သူမှမထင်ခဲ့...။

အခုတော့ သေချာပြီ။

တစ်စုံတစ်ယောက်ဟာ ဆရာမလေးကို သေတဲ့အထိ နှိပ်စက် ရာဇဝတ်မှု ကျူးလွန်ပြီး အသေအချာ လက်စဖျောက်ခဲ့တာပေါ့။

========================

" ဒီလို အတွင်းက ကလီစာတွေ ရောထွေး စုတ်ပြတ်သွားအောင် အကန်အကျောက်ခံရတာ ကျွန်တော့်ဘဝမှာ ပထမဆုံး တွေ့ရတာပါပဲ..။ ဒီလို ဖြစ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ သေစေလိုတဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်တယ်..." ဆရာဝန် က ပြောတယ်။

========================

" ဆရာမလေး ဟာ အသက်မသေဆုံးခင် ဘယ်လောက်များ နာကျင်လိုက်လေမလဲ မတွေးရဲအောင်ပဲ ခင်ဗျ...။ ကယ်ဆယ်ရေး ဝန်ထမ်းတွေလာတော့ ဆရာမလေး မသေသေးဖူးလေ.." အခြား ဆရာဝန်က ဖြည့်စွက်ပြောတယ်။

========================

ဘေးအိမ်တွေက အဲဒီနေ့က ဘာဆိုဘာသံမှ မကြားခဲ့ဘူးလို့ ထွက်ဆိုကြတယ်။

ဆရာမလေးဟာ ဒီလောက် အနှိပ်စက် ခံရရင် အသံတော့ ထွက်ရမှာပေါ့။

နာကျင်နေတာတောင် တစ်ချက်မှ အသံမထွက်ပဲ ဘာလို့ သေတဲ့အထိ ကြိတ်ခံသွားပါလိမ့်...?

========================

ဆရာမလေး ကင်မ် ဟာ ကျောင်းသားတွေကို သိပ်ချစ် သိပ်ဂရုစိုက်တဲ့ ဆရာမကောင်း တစ်ယောက် ဖြစ်တယ်။

မိသားစုမှာ အလွန်လိမ္မာ မိဘစကား နားထောင်တဲ့အပြင် စာအလွန်တော်လို့ ပညာသင်ဆု အမြဲရခဲ့တဲ့ သူမ...။

ဆရာမလေးရဲ့ အထက်တန်းကျောင်းက သူငယ်ချင်းတွေ က ပြောတယ်။

"ကင်မ် က ဆဲဖို့မပြောနဲ့ တစ်ဖက်သားကို စိတ်ဆင်းရဲစေမယ့် စကားဆို အမှန်တရားဆိုတောင် မပြောပဲ နှုတ်ဆိတ်နေတတ်တဲ့ သူငယ်ချင်း။ ကျွန်မတို့ အားလုံး သူ့ကိုချစ်ကြတာ။"

သူမကို မုန်းတဲ့သူ ရှာလို့ကို မရ။

ဒီလို မိန်းကလေးမျိုးကို ဘယ်သူက ရန်ငြိုးထားခဲ့ပါလိမ့်..?

=======================

၂၀၁၈ ခုနှစ် ၆ လပိုင်း ၂ ရက်နေ့ အဆောက်အဦ CCTV ကို စစ်ဆေးကြည့်လိုက်တဲ့အခါ...

အိမ်ရှင်က ဆရာမလေး အိမ်ထဲ ဝင်သွားတာ တွေ့ရတယ်။

အိမ်ရှင် ဆရာမလေး အိမ်ဝင်သွားတဲ့ အချိန်က -မနက် ၁၀:၃၀:၀၂

အိမ်ရှင် ဝင်သွားပြီးနောက် ဆရာမလေး ကင်မ် ဟာ သူမအိမ်ထဲ သူမ ဝင်သွားတယ်။ အချိန်- မနက် ၁၀:၃၄:၃၇

CCTV ထဲက ဆရာမလေးပုံစံက ကျန်းကျန်းမာမာ သွက်သွက်လက်လက် ဖြစ်တယ်။

အိမ်ရှင်ဟာ ဆရာမလေး အိမ်ကို အရင်ဝင်ပြီး ကြိုစောင့်နေတာ ဖြစ်နေတယ်။

========================

ဒါဆို အိမ်ရှင် လိမ်ပြီ။

CCTV အရ အိမ်ရှင်က ဆရာမအိမ်ကို ဆရာမထက် ကြိုပြီး အရင်ဝင်သွားတာ ဖြစ်တယ်။

"ကျွန်တော် ဆရာမ အိမ်ထဲရောက်သွားတော့ ဆရာမ က လဲကျနေတယ်.." ဆိုတော့ ဒါ လိမ်နေပြီ..။

ရဲအရာရှိတွေဟာ အိမ်ရှင်ကို ပထမဆုံး မသင်္ကာတဲ့စာရင်းထဲ ထည့်လိုက်ကြတယ်။

========================

ကယ်ဆယ်ရေးဝန်ထမ်းက

"အိမ်ရှင်က လူတစ်ယောက်လုံး မေ့မြောလဲကျနေတာ တုန်လှုပ်စိုးရိမ်တဲ့ အမူအရာ မတွေ့ရဘူး။ “

သဘာဝအတိုင်းဆို လူတစ်ယောက် သေလုမြောပါးဖြစ်နေတာ စိုးရိမ်ရမယ်လေ။

အခုတော့ သူနဲ့မဆိုင်သလို အတင်းကြီး ဟန်ဆောင်ထားပုံရတယ်။

========================

ဆရာမလေးရဲ့ ဘဏ်ကို စစ်ဆေးလိုက်တော့ ဆရာမလေးဟာ အိမ်ရှင်ကို ငွေအများကြီး ပို့ထားတာ တွေ့ရတယ်။

========================

စတဲ့ အိမ်ရှင်ရဲ့မရိုးသားတဲ့ အချက်တွေ အများကြီး တွေ့ရတာမို့ မသင်္ကာတဲ့ အမှုစွဲချက်တွေနဲ့ ရဲတွေဟာ အိမ်ရှင်ကို ဖမ်းလိုက်တယ်။

========================

“ အမှန်တော့ ကျွန်တော်က ဆရာမကို သမ္မာကျမ်းစာ သင်ပေးနေသူပါ။ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ အဲဒီနေ့က ဆရာမ က ကျွန်တော့်ကို အထင်သေး စကားပြောလို့ ဒေါသနဲ့ ကန်ကျောက်မိတယ်..”

========================

အိမ်ရှင်ဆိုသူဟာ ဆက်လိမ်နေတာ ဖြစ်တယ်။

ဆရာမလေးရဲ့ ခန္ဓာကိုယ်က ဒါဏ်ရာ ဒါဏ်ချက်တွေဟာ အဲဒီနေ့ကမှ ရတဲ့ ဒါဏ်ရာတွေ မဟုတ်။

ဒါဏ်ရာအသစ် ဒါဏ်ရာအဟောင်းတွေက နေ့တိုင်းလိုလို အနှိပ်စက် ခံထားရတာဖြစ်တယ်ဆိုတာ ဖေါ်ပြနေတယ်။

ဆရာလေးဟာ မျက်နှာမှာလည်း ဒါဏ်ရာဟောင်းတွေ ။ နဖူးမှာ အတော့်ကို နက်တဲ့ ဒါဏ်ရာတစ်ခု။

ဒါကြောင့် ပါတ်ဝန်းကျင်က မရိပ်မိခဲ့အောင် နေကာမျက်မှန် တပ်ခဲ့တာဖြစ်နေတယ်။

========================

ဝမ်းနည်းစရာ အကောင်းဆုံးကတော့ ဆရာမလေးရဲ့ဒါဏ်ရာတွေဟာ တစ်စုံတစ်ခုကို ပြောပြနေတယ်။

အဲဒါကတော့ ဆရာမလေးဟာ အိမ်ရှင် ရိုက်နှက်သမျှကို ဘာဆို ဘာမှ တုန့်ပြန်မှုမရှိပဲ ခံယူခဲ့တာဖြစ်တယ်။

အရိုက်ခံရလို့ ထွက်ပြေး ရုန်းကန်ရင်း ရတဲ့ ဒါဏ်ရာတွေနဲ့ မတုန်မလှုပ် ငြိမ်ခံလို့ရတဲ့ ဒါဏ်ရာတွေဟာ မတူညီဘူးလေ။

ဆရာမလေးဟာ ဘာလို အိမ်ရှင်ပြုသမျှ နုခဲ့ရ ပါလိမ့်..?

========================

ဆရာမလေးဟာ အိမ်ရှင်ပြုသမျှကို အသံတစ်ချက်မထွက် ငြိမ်သက်စွာ အသက်သေတဲ့အထိ ကြိတ်ခံခဲ့တာလို့ မှုခင်းဆိုင်ရာ ဆရာဝန်တွေက အတည်ပြုလိုက်တယ်။

အိမ်ရှင်နဲ့ ဆရာမ ကင်မ် ဟာ ဘယ်လို ပါတ်သက်နေသလဲ..?

========================

"ဆရာမဟာ ဖုန်းတစ်ခု ဝင်လာရင် အလွန်ကြောက်ပုံရတယ်..ဒါကြောင့် ကျွန်မ ကင်မ် ရဲ့မိခင် ကို အကြောင်းကြားခဲ့ပါသေးတယ်.." လုပ်ဖော် ကိုင်ဖက်ဆရာမ က ပြောတယ်။

ဖုန်း...?။
ဆရာမလေးရဲ့ဖုန်းကို ဆက်လက် စစ်ဆေးကြတယ်။

အဲဒီနေ့က ဆရာမလေး ကင်မ် မသေဆုံးခင် တစ်နာရီမှာ အိမ်ရှင်ပို့ထားတဲ့ ဖုန်းမက်ဆေ့ချ်တွေ...။

" ငါခေါ်တာကို ဖြည်းဖြည်း အချိန်ဆွဲပြီး လာတယ်ပေါ့လေ .. တော်လိုက်တာ.."

"...."

" ဘယ်ရောက်နေပြီလဲ..?"

" ကျွန်မ ရေချိုးမလို့ပြင်နေတုန်းပါ.."

"မြန်မြန် မလာဘူးလား? ဘာလုပ်နေတာလဲ?"

“ ကျွန်မ အမြန်ဆုံးလာပြီး ရောက်တာနဲ့ စာပို့ပါ့မယ်ရှင့်"

"ရေချိုးပြီး မြန်မြန်လာ။ နောက်ကျရင် ငါ့ကို အာခံတယ်လို့ မှတ်မယ်.."

အိမ်ရှင်ဆိုသူရဲ့ ဖုန်းမက်ဆေ့ချ်တွေ အားလုံး အမိန့်တွေ...။

========================

စစ်ဆေးကြည့်လိုက်တော့ အိမ်ရှင်ဆိုတဲ့သူဟာ နာမည်က ရီ ** တဲ့။

ရီ ဟာ တကယ့် အိမ်ရှင်လည်း မဟုတ်။

တကယ့် အိမ်ပိုင်ရှင်ရဲ့ အိမ်တစ်ခုလုံးကို မောင်ပိုင်စီးထားပြီး အိမ်ရှင်ကို ကြိုက်သလို ကြိုးကိုင်ထားသူ တစ်ဦးဖြစ်နေပြန်တယ်။

========================

ဒီလိုနဲ့ ဆရာမလေးရဲ့ အလောင်းကို ၃ ရက် ဈာပန အဆောက်အဦမှာ ထားခဲ့တယ်။

အဲဒီ ဈာပန အဆောက်အဦကို မျက်နှာစိမ်း လင်မယားနှစ်ယောက် ဝင်လာတယ်။

သူတို့ဟာ ဆရာမလေးရဲ့အလောင်းကို ဂါရဝ ပြုလိုက်ပြီး ဆရာမလေးရဲ့ မိသားစုကိုလည်း ဂါရဝပြု နှုတ်ဆက်တယ်။ ပြီးတော့ မိန်းမဖြစ်သူက

" ကျွန်မ နာမည် A ဖြစ်ပါတယ်ရှင်။ ကျွန်မ ပြောစရာရှိတယ်။ အရေးကြီးလို့ပါ..."

========================

အမျိုးသမီး A က ငိုပြီး ဒီလိုပြောတယ်။

" ဆရာမလေး ကို သတ်တဲ့သူ ကျွန်မ သိတယ်။ကျွန်မလည်း ဒီ ဘဝမျိုး ကြုံခဲ့ဘူးတယ်.."

A ရဲ့ အမျိုးသား B က

"ဟုတ်ပါတယ်။ ကျွန်တော့် မိန်းမလည်း ဒီ လူရဲ့ သားကောင် ဖြစ်ခဲ့တာပေါ့.."

========================

လွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၀၈ ခုနှစ်က ဖြစ်တယ်။

A ဟာ ချစ်သူနဲ့လမ်းခွဲပြီး အလွန်စိတ်သောက ရောက်နေချိန်ပေါ့။

ဒါကြောင့် A ဟာ စိတ်ကို ခရစ်ယျာန်ကျောင်းမှာ နှစ်ထားလိုက်ပြီး ခရစ်ယျာန်ကျောင်းက အသင်းအဖွဲ့တစ်ခုထဲ ဝင်လိုက်တယ်။

အဲဒီမှာ A ဟာ ခရစ်ယျာန်ကျောင်းမှာ စန္ဒယားတီးနေတဲ့ ရီ နဲ့ စပြီး တွေ့ခဲ့ရတယ်။

" ကျွန်မ ချစ်သူနဲ့ ကွဲပြီး စိတ်တွေ ဘယ်လိုမှ ဖြေလို့မရဘူး။ ဘုရားသခင်ဆီမှာ ဆုတောင်းပေးပါ အစ်ကို.."

ကြံရာမရ ဖြစ်နေတဲ့ A ဟာ ရီ့ကို အားကိုးမိပါလေရော။

========================

ရီ က A ကို အပြင်မှာ တွေ့ဆုံကြဖို့ ပြောတယ်။

" ညီမ ဖြစ်သမျှအကြောင်းတွေ အကုန်ပြောပြ...အစ်ကို ဘာများ ကူညီနိုင်မလဲလို့ "

A ရဲ့စကားတွေ နားထောင်ရင်း ရီ ရဲ့မျက်လုံးတွေက မျက်ရည်ကျလာတယ်။

" ဒီ မျက်ရည်တွေ ဟာ အစ်ကို့ဆီက ကျလာတဲ့ မျက်ရည်တွေ မဟုတ်ဘူး ညီမ ။ အစ်ကို့ခန္ဓာထဲမှာ ရှိတဲ့ သန့်ရှင်းတဲ့ ဝိဉာဉ်ဆီက ကျလာတဲ့ မျက်ရည်ဖြစ်တယ်။ သတ္တဝါတွေကို သနားလွန်းလို့..."

========================

" ညီမ ဘာမှ အားမငယ်နဲ့။ စိတ်နာကျင်မှုတွေကို အသုံးချပြီး ဘဝမှာ ထိပ်ဆုံးရောက်အောင် ကြိုးစား။ ဘုရားသခင်က ကူညီချင်လွန်းလို့ ညီမကို စောင့်နေတယ်.."

ဘာမှ အခွင့်အရေးမယူပဲ ကိုယ့်ကိစ္စတစ်ခုလို ရီ က ကူညီဖေးမတယ်။

A ဟာ ရီ ကို အလွန် သန့်ရှင်း တည်ကြည်သူ တစ်ယောက်လို့ ယုံကြည်ခဲ့တယ်။

A ဒုက္ခရောက်ဆုံးအချိန်မှာ သူမဟာ ရီ ဆိုတဲ့ သူနဲ့တွေ့ပြီး စိတ်ထွက်ပေါက် တစ်ခု ရခဲ့ပြီလေ။

========================

ရီ ဟာ A ကို အသေးစိတ် ဖုန်းမက်ဆေ့ချ် ပို့ခိုင်းတယ်။

" ဆုတောင်းပေးမလို့ .. အခု ဘာလုပ်နေလဲ... ? ညီမလည်း အာရုံပြုရမယ်လေ။"

" အခု အိပ်ယာ ထပြီလား..? ဘတ်စ်ကားပေါ်မှာလား... "

========================

တဖြည်းဖြည်းနဲ့ ရီ ဟာ A ကို အမိန့် ပေးလာတယ်။

" အိပ်ယာက ဘယ်နှစ်နာရီ ထပါ။ ထမင်း ဘယ်အချိန် စားပါ။ ဘယ်အချိန် ရေချိုးပါ..။ "

========================

" A .. မင်းဟာ ထိပ်ဆုံးကို ရောက်တော့မယ်။ ထိပ်ဆုံး ရောက်ဖို့ကတော့ မလွယ်ဘူး။ ဒါကြောင့် လူတိုင်းမရောက်နိုင်တာပေါ့။ ဒီနေ့က စပြီး မင်းဘာလုပ်လုပ် အသေးစိတ် အစ်ကို့ဆီ ဖုန်းမက်ဆေ့ချ်ပို့ရမယ်...အစီအစဉ်တကျ ပန္နက်ချပြီး လုပ်ရမယ် "

========================

နောက် ရက်တွေ ကြာလာတော့

" အမူအယာတွေ ပြင်ရမယ့်အပိုင်း ရောက်လာပြီ..။ စကား အပြောအဆို၊ အမူအရာ၊ အသံ အနေအထား၊ မျက်လုံး အကြည့်၊ အကုန်ပြောင်းရမယ်.."

========================

ရီ ဟာ ဒီလိုနဲ့ A ကို အစစ အရာရာ ချုပ်ကိုင် brainwashing ပြုလုပ်ခဲ့တာ ဖြစ်တယ်။

ဒီ ဖြစ်စဉ်တွေဟာ ညင်သာ သိမ်မွေ့လွန်းလို့ A ဟာ ရီ့ကို အစစအရာရာ ချုပ်ကိုင် brainwashing ပြုလုပ်ခဲ့တယ်လို့ ထင်ဖို့မပြောနဲ့ ကျေးဇူးရှင် ဆရာကြီးလို ကိုးကွယ်မိပြီ ဖြစ်တယ်။

========================

"မင်းဟာ တဖြည်းဖြည်းနဲ့ အလွန် သြဇာအာဏာနဲ့ပြည့်စုံ ကျက်သရေရှိသူ ဖြစ်လာပြီ။ ဝမ်းသာတယ်ကွာ..အဆင့်ထပ်မြှင့်မယ်.."

========================

ရီ ဟာ A ကို

" အမှားမခံနိုင်ဘူးကွ၊ဒီ အဆင့်ရောက်လာမှတော့ .."

အော်ဟစ် ကြိမ်းမောင်းလာတယ်။
ဗိုက်ခေါက် လိမ်ဆွဲတတ်လာတယ်။
ပြီးတော့ လက်နဲ့ရိုက်လာတယ်။
လက်သီးနဲ့ ထိုးလာတယ်။

========================

နောက်ဆုံး လက်နက် တွေပါလာပြီ..။
ဦးခေါင်းကို ကျောက်တုံးနဲ့ ထုတယ်။
စတီးချောင်းနဲ့ ရိုက်တယ်။

========================

A ဟာ ကိုယ့်ကိုကိုယ်တောင် သတိမထားမိတဲ့ အချိန်မှာ ရီ့ကို တုန်နေအောင် ကြောက်နေရပါပြီ...။

အမိန့်ကို တစ်သဝေမတိမ်း နာခံတတ်လာပြီ။

========================

" ချမ်းသာတော့မယ် ရင်းနှီးဖို့ငွေလိုတယ် ။ တစ်နေ့ ၄ နာရီ ပဲအိပ်၊အချိန်ပိုင်းတွေလုပ်၊ ငါ့ကို ငွေအပ်။ "

A ဟာ အချိန်ပိုင်း အလုပ် ၇ ခု ကို လုပ်ခဲ့ရတော့တယ်။

========================

A ဟာ ရဲကိုတိုင်ဖို့ အသိဝင်လာခဲ့ပေမယ့် အရမ်းကို နောက်ကျနေပြီ။ ရီ့ကို ပေးတဲ့ ငွေတွေလည်း သိန်း ၁၀၀၀ ကျော်နေပြီ။

"ငါ တစ်ကယ်ပဲ ထိပ်ဆုံး ရောက်တော့မှာလား..? ဒီလောက်အထိ ပင်ပန်းဆင်းရဲ ခံလာပြီးမှ အရှုံးပေးလို့ မဖြစ်ဘူး..."

========================

" A သန့်ရှင်းတဲ့ ဝိဉာဉ်က ငါ့ကို သာသနာပြုဖို့ စေခိုင်းလာပြီ..."

" သာသနာ ပြုတယ်ဆိုတာ ကိုယ် ထိပ်ဆုံးရောက်ဖို့ပဲ လုပ်တာမဟုတ်ဘူး။ အများတကာ ကိုလည်း ကူညီရမယ်။ လမ်းသွားလမ်းလာတဲ့ သူတွေကို အတင်းလက်ဆွဲပြီး ငါ့ ဆီ ခေါ်လာရမယ်။ ခရစ်ယျာန်ဘာသာ ဝင်ဖို့ ဆွယ်ရမယ် သာဿနာပြု ရမယ်။ အဲဒီ လူတွေ မခေါ်လာနိုင်ရင် မင်းသေပြီမှတ်..!"

A ဟာ ရီ့ဆီ လူတွေ ခေါ်မလာနိုင်ရင် ကျောက်တုံး လက်ဆောင်ရတယ်။

သူမ ဦးခေါင်းလည်း ရစရာ မရှိတော့...။

အခုတော့ A သိပြီ။
ဘယ်ထိပ်ဆုံးမှ မရောက်ချင်တော့ အဝေးဆုံးကို ပြေးရတော့မယ်။

ဒါပေမဲ့ A ဟာ ရီ့ကို အရမ်းကြောက်တယ်။ သူမကို ရီ သတ်ပစ်လိမ့်မယ် ဆိုတာ သိနေခဲ့တယ်။

========================

" လမ်းသွားလမ်းလာတွေ ခေါ်လို့မရရင် မင်း ဆွေမျိူး သူငယ်ချင်းတွေ ခေါ်လာ။ "

ဘာပဲပြောပြော A က ရီ့စကား နားမထောင်တော့။ လူလိမ်...။

ဒီတော့ ရီ ဟာ A ရဲ့ဖုန်းကို လုယူပြီး ဖုန်းနံပါတ်တွေ ကူးယူပစ်လိုက်တယ်။

========================

A ရဲ့ ဖုန်းနံပါတ်တွေထဲက ငွေအရှိဆုံးလို့ထင်ရတဲ့ ဆရာဝန်ကို ဆက်သွယ်တယ်။

A က ဆရာဝန်ဆီ သွားပြီး အဖြစ်မှန်တွေ ရှင်းပြခဲ့တယ်။

ဒါကို ရီ သိသွားတယ်။

ရီ ဟာ ဒေါသဖြစ်ပြီး A ကို သေလုနီးပါး ရိုက်နှက်ခဲ့တယ်။

========================

နောက်ပြီး ရီ ဟာ A ရဲ့ဖုန်းထဲက သူငယ်ချင်းဖြစ်တဲ့ ဆရာမလေးကို A မသိအောင် ဆက်သွယ်တော့တာပဲ။

“ ဟဲလို ကင်မ် ** ပါလားခင်ဗျာ..? A ကအကူအညီတောင်းလို့ပါ ကျွန်တော် ကင်မ်ကို ဆုတောင်းပေးဖို့ ဘယ်အချိန်တွေ့လို့ရပါမလဲ..?"

========================

"ရီဟာ ကျွန်မ မသိအောင် ကင်မ်ကိုဆက်သွယ်ခဲ့ပေမဲ့ ကျွန်မ ထွက်မပြေးခင် ကတည်းက ရိပ်မိခဲ့တယ်။ ကျွန်မကို လုပ်ခဲ့တဲ့ နည်းအတိုင်း သူငယ်ချင်း ကင်မ် ကို လုပ်နေတာ ကျွန်မ သိခဲ့ပါတယ်။ ကင်မ့်ကို သတိပေးချင်လွန်းလို့ ဆက်သွယ်ဖို့ အမျိူးမျိုး ကြိုးစားခဲ့ပေမယ့် ရီ က မရ ရအောင် ပိတ်ဆို့ခဲ့တယ်...ရီ ဟာ ကင်မ် ရဲ့ဖုန်းကိုယူပြီး ကျွန်မကို block ခဲ့တယ်.."

========================

" ကျွန်မ သူငယ်ချင်း ကင်မ့်ကို ဒီလို မလုပ်ပါနဲ့ ။ ကျွန်မ တောင်းပန်ပါတယ်..."

A က ရီ့ကို တောင်းပန်ခဲ့တယ်။

ရီ က A ကို လည်ပင်း ညှစ်တယ်။ အသက်ရှူလို့ လုံးဝမရတော့ပဲ သူမ မျက်နှာတွေ ပြာနှမ်းကုန်တယ်။ မျက်နှာသွေးကြောတွေ ပေါက်ကုန်တယ်။

ရီ က ပြန်လွှတ်ပေးလိုက်တယ်။ A အတိုင်းမသိ အလွန့်အလွန်ပဲ ကြောက်ရွံ့သွားတော့တယ်။

ထင်တဲ့အတိုင်းပဲ ရီ ဟာ သူမကို သတ်ဖို့ ကြိုးစားနေပြီ၊

========================

A ဒီလို ဖြစ်နေတာကို ချစ်သူကပဲ ပြန်ကယ်ခဲ့တယ်။

A ရဲ့ဒါဏ်ရာတွေနဲ့ရဲတိုင်ဖို့ သူတို့ တွေးခဲ့ကြပေမယ့် သူမ ရီ နဲ့ မပါတ်သက်ချင်တော့ဘူး။ ရီ နဲ့
ဝေးရင်ပြီးရော။

သက်သေ အထောက်အထား မရှိတဲ့အတွက် ရီ့ဆီမှာ အပ်ထားတဲ့ ငွေတွေလည်း ပြန်ရမှာ မဟုတ်ဘူးလေ။

ဒါတွေ အကုန် စွန့်လွတ်ပြီး A ဟာ ဝေးရာ ပြေးခဲ့တာပေါ့။

========================

A ခြုံးပွဲချ ငိုတယ်။
A ဟာ သူငယ်ချင်း ကင်မ် သေဆုံးမှပဲ ဒီအကြောင်းတွေ ပြောခွင့်ရတော့တယ်။
ဆရာမလေး ကင်မ် သေတာ သူမ အပြစ် မကင်းခဲ့ပြီ။

"ရီ့ကို ခုံရုံးတင်ပါ။ ကျွန်မ အသိသက်သေ လိုက်ပါမယ်.."

========================

ရီ ဟာ ဘယ်လို လူစားမျိုးလဲ...?

ရီ ရဲ့မွေးရပ်မြေသွားပြီး ရီ ရဲ့အကြောင်းကို ဆက်လက် စုံစမ်းကြတယ်။

" စန္ဒယား အတီးတော်တယ်။ အသံလည်း အရမ်းကောင်းတယ်။ ယဉ်ကျေးတယ်"

" ရီ က သူဌေး မဟုတ်ဘူးလား..? ဂျပန်ပြည်မှာ ဟိုတယ် ဆောက်နေတယ် ပြောတယ်.."

“ သူ စန္ဒယား တစ်ခါတီးရင် သိန်း ၃၀ ၊ သိန်း ၄၀ ရတယ်လို့ ကျွန်မကို ပြောဖူးတယ်။"

အကုန် အလိမ်တွေ..။

========================

နောက်ပြီး ဆရာမလေးရဲ့ တကယ့် အိမ်ရှင်နဲ့ တွေဆုံခဲ့ကြတယ်။

" အထက်တန်း မှာ ရီ နဲ့ ကျွန်တော် ခင်ခဲ့ကြတာဗျ... အဆက်အသွယ်တော့ မပြတ်ခဲ့ဘူး။လွန်ခဲ့တဲ့ ၃ နှစ်က ကျွန်တော့်ကို သူက တွေ့ချင်တယ်ပြောလို့တွေ့ခဲ့ကြတယ်"

========================

“ ပင်ပန်းတယ် သူငယ်ချင်းရာ.. ငါ့ကိုယ်ငါ သတ်သေချင်တယ်.." လို့ ရီ က ရင်ဖွင့်တယ်။

အိမ်ရှင်က ငယ်သူငယ်ချင်း ရီ ကို အားပေးခဲ့တယ်။

========================

မကြာခင်မှာ အိမ်ရှင်ဟာ ရုတ်တရက် စီးပွားရေးကျတယ်။ သူငယ်ချင်း ရီ ကို ရင်ဖွင့်မိတယ်။ ရီ ဟာ အိမ်ရှင်ကို ဖက်ပြီး ငိုတယ်။

အိမ်ရှင်ဟာ သူငယ်ချင်း ရီ ကို အတော့်ကို ယုံကြည်သွားတယ်။

သူငယ်ချင်းကောင်း..။

" ဪ... မိဘ မောင်နှစ်မ မိန်းမတောင် နားမလည်ပေးနိုင်တဲ့ ငါ့ ခံစားချက်ကို နားလည်ပေးနိုင်တာ ရီ တစ်ယောက်ပဲ ရှိပါလား.."

ရီ ဟာ အိမ်ရှင်အတွက် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်ခဲ့တာပေါ့။

========================

ရီ က ပြောတယ်။

"မင်းမိန်းမ ကလည်း အတော့်ကို လူမဆန်တာပဲ။ ငါနဲ့ လိုက်နေကွာ။ အလုပ်ထွက်လိုက်။ ဘဝ အသစ် စကြမယ်။ ငါ တစ်ယောက်လုံးရှိတယ်။"

အိမ်ရှင်က ရီ ရဲ့အိမ်မှာ သွားနေခဲ့တယ်။

တစ်ရက် နှစ်ရက်တော့ ဧည့်သည်ပေါ့။

နောက်တော့ အိမ်ရှင်ဟာ ရီ ရဲ့အိမ်မှာ ထမင်းချက် ပန်းကန်ဆေး ဖြစ်လာတယ်။

အိမ်ရှင်ဟာ စီးပွားရေး ပြန်ထူထောင်ပေးမယ်ဆိုတဲ့ ရီ ရဲ့စကားကို ယုံကြည်ခဲ့တယ်။

အိမ်ရှင်ရဲ့ ရှိသမျှငွေတွေကို ငွေသားအဖြစ် ပြောင်းပြီး ရီ ကို နေ့တိုင်းပေးရတယ်။

အိမ်ရှင်က စီးပွားရေးကျတယ်ဆိုပေမယ့် အဆောက်အဦ ပိုင်ရှင်။ ငွေတွေလည်း ရှိတယ်။

========================

" လောဘ မကြီးနဲ့။ ဘုရား ပေးသလောက်ပဲ ယူ။ မိန်းမ မလိုက်စားနဲ့။ မင်း ဒီလို အကျင့်တွေ သန့်စင်လာရင် ဘုရားသခင်က မင်းကို ထိပ်ဆုံးကို ပို့ပေးလိမ့်မယ်...ငါ့ရဲ့ သန့်ရှင်းတဲ့ ဝိဉာဉ်က မင်းအနားမှာ အမြဲရှိနေမယ် "

========================

ငွေသားတွေ ကုန်တော့...တန်ဖိုးကြီး လက်ဝတ်ရတနာ၊ ပရိဘောဂတွေ...။

ဒါတွေကုန်တော့ အဆောက်အဦ ပေါင်ပြီး ငွေချေး...။

ချေးပါ များတော့ အဆောက်အဦကို ရောင်းရမလို ဖြစ်လာတယ်။

အဲဒီ အဆောက်အဦကို ဝယ်တဲ့သူကတော့ ရီ...။

========================

" မင်း မိန်းမ ဖောက်ပြန်နေတယ်ကွ.. ကွဲပစ်လိုက်တော့..."

အိမ်ရှင်က မပြောခင်ပဲ မိန်းမ က ကွဲဖို့ စပြော လာပါလေရော...။

မိန်းမ နဲ့ သားသမီး ၃ ယောက်လည်း အိမ်ရှင်ကို စွန့်ခွာခဲ့လေပြီ။

ငွေလည်း မရှိ၊ နေစရာလည်း မရှိ၊ မိသားစုလည်း မရှိ...။

အိမ်ရှင်ရဲ့ဘဝမှာ ရီ တစ်ယောက်တည်း။
ရီ ကလွဲပြီး အားကိုးရာမရှိပြီ..။

========================

" ကျွန်တော့် အဆောက်အဦကို ရီ ပိုင်ဆိုင်သွားပြီး နောက်ပိုင်းမှာ ဆရာမလေး ကင်မ် ဆိုတဲ့သူ ဟာ ရီ ရဲ့ အမိန့်နဲ့ အဆောင်အဦထဲကို ပြောင်းလာတာဗျ.. "

"ဒါပေမဲ့ ဆရာမလေး အဲဒီအိမ်ကို မပြောင်းလာခင်မှာ ကျွန်တော် ဆရာမလေး ကင်မ် ကို သိနေခဲ့တယ်။ ကျွန်တော် ဆရာမလေးကို စတွေ့ခဲ့တဲ့ နေရာကတော့ ရီ ရဲ့အိမ်မှာ ဖြစ်ပါတယ်။"

========================

အဲဒီတုန်း ဆရာမလေး ကင်မ် ဟာ ရီ နဲ့ ရီ မိန်းမ တို့ရဲ့ တစ်ဦးတည်းသော သားလေးကို ညနေ ၆ နာရီ ၊ ၇ နာရီ လောက်ဆို ရောက်လာပြီ။ရီ့ရဲ့ ကလေးကို လာပြီး ကစားပေးတဲ့ ဆရာမဖြစ်တယ်။

ဒါလည်း ဆရာမလေး မဖြစ်မနေလုပ်ရတဲ့ ရီ ရဲ့ အမိန့်ပဲ...။

========================

“ ပထမတော့ ရီ ရဲ့မိန်းမ က သဝန်တိုတယ်။ သူတို့ ရန်ဖြစ်ကြတယ်။ နောက်ပိုင်းတော့ ရီ က မိန်းမကို ဘယ်လို ဖြောင်းဖျလိုက်လဲမသိ။ ရီ ရဲ့မိန်းမ ကိုယ်တိုင်က ဆရာမလေး ကင်မ် လာရင် အေးအေးဆေးဆေးပဲ..." အိမ်ရှင်က SBS ရုပ်မြင်သံကြားက အလွတ်စုံထောက်တွေကို ပြောပြခဲ့တယ်။

========================

ရီ ဟာ ပိုက်ဆံမရှိတော့တဲ့ အိမ်ရှင်ကို အိမ်ဖေါ်တစ်ယောက်လို ဆက်ဆံတော့တယ်။ စိတ်မထင်ရင် တွေ့ကရာပစ္စည်းတွေနဲ့ ပစ်ပေါက်တယ်။ ရိုက်နှက်တယ်။ ငွေတွေ ထပ်ချေးခိုင်းတယ်။

တစ်နေ့ ဆရာမလေး ကင်မ် ကို ရိုက်နှက်နေတာ အိမ်ရှင်က တွေ့သွားတယ်။ ဆရာမလေး ကင်မ် ဟာ သူ့လိုပဲ ရီ နှိပ်စက်သမျှကို အသံတစ်ချက်မှ မထွက်ပဲ ဆေးမိထားသလို ငြိမ်ခံနေတယ်။

အိမ်ရှင် နားလည်စပြုလာတယ်။

" ဒီကောင် လူလိမ်ပဲ ။ဘာသာရေးကို ခုတုံးလုပ်ပြီး လိမ်စားနေပြီ..."

========================

ဒါပေမဲ့ အိမ်ရှင်ဟာ ရီ ရဲ့အိမ်မှာ ရီ ရဲ့ အနှိပ်စက်ခံပြီး ပေကပ်နေခဲ့တယ်။အနုနည်းနဲ့များ သူ့ငွေတွေ ပြန်ရလေမလားပေါ့။

သွားစရာနေရာလည်း မရှိတော့ဘူးလေ။

========================

ရီ ဟာ အိမ်ရှင်ကို ပို နှိပ်စက်လာတယ်။ အချွန်လက်နက်တွေနဲ့ ထိုးတဲ့အထိ လုပ်လာတယ်။

ဒါကို ဆရာမလေး ကင်မ် ကလည်း သိသွားခဲ့တယ်။

========================

"ကင်မ် ဟင်း ဝယ်ခဲ့..အမဲသားက ကိုရီးယား နိုင်ငံက အမဲသားနော် နိုင်ငံခြားက တင်သွင်းတဲ့ အမဲသားဆို နင် သေပြီမှတ် "

တစ်ခုခုမှားရင် ရီ ဟာ ကင်မ် ကို ဘယ်ပြန်ညာပြန် ပါးရိုက်တယ်။

========================

အဖိုး အဖွားကို အလွန်ချစ်တဲ့ ကင်မ် ဟာ ၂၀၁၁ ခုနှစ်မှာ အဖွားဆုံးခဲ့တယ်။ ၂၀၁၂ ခုနှစ်မှာ အဖိုးဆုံးသွားပြန်ရော။

ဝမ်းနည်းမှုတွေနဲ့ စိတ်အားငယ်တဲ့အချိန်မှာ ကင်မ် ဟာ ရီ့ကို တွေ့ခဲ့တယ်။

========================

ကြင်နာတဲ့စကားတွေနဲ့ အားကိုးယုံကြည်ရတဲ့ ရီ ဟာ ကင်မ် အတွက် ထွက်ပေါက်တစ်ခု ဖြစ်ခဲ့တယ်။

========================

အိမ်ရှင်၊ ကင်မ် နဲ့ ရီ ဟာ ဧည့်ခန်းထဲ စုထိုင်နေကြတယ်။

ရီ က အသံသွင်းထားတာတွေ ဖွင့်ပြတယ်။

"ကင်မ် ရဲ့အမေနဲ့တွေ့ခဲ့တယ်။ ငါ အတော် စိတ်မကောင်း ဖြစ်သွားတယ်ကွာ။ ဒီလိုယုတ်မာတဲ့ မိခင်မျိုး တစ်ခါမှ မကြုံခဲ့ဖူးဘူး။ မာရ်နတ် ဝင်နေတာဖြစ်မယ်.."

ကင်မ် ဟာ မိသားစုနဲ့ အဆက်အသွယ် ဖြတ်တော့တယ်။

========================

ဒါဟာ ရီ လုပ်နေကြလေ။

၁- စိတ်အားငယ်တဲ့အချိန်မှာ စိတ်ထွက်ပေါက်ရအောင် လုပ်ပေးပြီး သူ့ကို ယုံကြည်အောင်လုပ်တယ်။

၂- ဘာသာရေးကို ခုတုံးလုပ်ပြီး သူ့ကို ယုံကြည် ကိုးကွယ်စေတယ်။

၃- မိဘ ဆွေမျိုး သူငယ်ချင်းတွေနဲ့ ခွဲပစ်တယ်။

၄- သူ့ကို ကြောက်အောင်လုပ်တယ်။

၅- ငွေရှာခိုင်းတယ်။

========================

အိမ်ရှင်နဲ့ ဆရာမလေး ကင်မ် ဟာ ရိပ်မိ လာတယ်။

" ဒီလိုဆက်နေရင် ငါ့တို့ကို သတ်တော့မယ်.." လို့ တွေးမိလာကြတယ်။

"ဒါဟာ တကယ့် ငရဲပြည်ပဲ.."

" လိမ်ပေမယ့်လည်း ဒါပဲ အားကိုးရမယ်" လို့လည်း တွေးမိကြပြန်ရော။

နောက်ဆုံးတော့ သူတို့ သိသွားကြတယ်။
ရီ ဟာ သူတို့ရဲ့ထွက်ပေါက် မဟုတ်ပဲ... ငရဲ အကျဉ်းထောင် ဆိုတာကိုပေါ့..။

========================

ဒီလို အခြေအနေဆိုးမျိူးဟာ ကျွန်မတို့တစ်တွေ မသိလိုက်တဲ့ အချိန်မှာ အချိန်မရွေး ကျရောက်နိုင်ပါတယ်။

အချိန်မရွေး ထွက်ပြေးလို့ ရနေပေမယ့် ထွက်ပြေးမယ်ဆိုပြီး ကြိုးစားဖို့ မတွေးနိုင်ပဲ ရောက်တဲ့ဘဝမှာ ဖြစ်သမျှအကြောင်းကို အကောင်းပဲလို့ ငြိမ်ငြိမ်လေး ဒုက္ခခံနေ တတ်ကြတယ်။

ဘယ်လောက်ပဲ ဒုက္ခရောက်ရောက် ဒါ ငါ့ဘဝပဲလေလို့ တွေးနိုင်ကြတဲ့ အခြေအနေမျိုးပေါ့...။

========================

ဒီ အဖြစ်ဟာ မကြာသေးခင် ၂၀၁၈ မှာ ဖြစ်ခဲ့ပြီး အခုလက်ရှိ ရီ ဟာ တရားဆိုင်နေဆဲ ဖြစ်တယ်။

ဒါပေမဲ့ အတိတ်ကို ပြန်ကြည့်လိုက်ရင် ဒီလို အမှုမျိုး အများကြီး ရှိနေတယ်။ ဒါကို ရှောင်နိုင်ဖို့ ရုပ်မြင်သံကြားကနေ ပညာပေး အသိပေးကြပေမဲ့ ဒီလို အမှုတွေ အတော်များများ ဖြစ်နေဆဲ...။

========================

ပါမောက္ခ တစ်ယောက် ဟာ ကျောင်းသား တစ်ယောက် ကို နှစ်ပေါင်းများစွာ အနိုင်ကျင့် ရိုက်နှက် အမိန့်ပေးလို့ နောက်ဆုံး အဖမ်းခံခဲ့ရတယ်။ ဒီ သတင်းဟာလည်း ကိုရီးယားမှာ ဟိုးလေးတစ်ကြော် ဖြစ်ခဲ့တာပေါ့။

ပါမောက္ခ ဟာ ကျောင်းသားကို ကျင်ငယ်ရည်ကို ပြန်သောက်ခိုင်းတဲ့အထိ ယုတ်မာခဲ့တယ်။

ခန္ဓာကိုယ်မှာ သံပြားအပူတွေ ကပ်တယ်။

အဲဒီ ပါမောက္ခရဲ့ လုပ်နည်းလုပ်ဟန်တွေကလည်း ရီ လိုပါပဲ။

ပါမောက္ခ ဆိုတဲ့ဂုဏ်နဲ့ ယုံကြည်အားကိုးမှုကို အရယူပြီး စတင်ခဲ့တာပေါ့။

ပြီးတော့ ကျောင်းသားကို ကျွန်တစ်ယောက်လို စိတ်ကြိုက် ချယ်လှယ်ခဲ့တယ်။

========================

နောက်တစ်ခု ဆင်တူ အမှုက မိစ္ဆာကောင် သူငယ်ချင်းလို့ အမည်ပေးထားတဲ့အမှုပေါ့။

C ဆိုတဲ့ သူငယ်ချင်းက D ကို သူ့အဖေ မကြာခင် အမွေပေးတော့မယ့် ကုမ္ပဏီမှာ အလုပ်ခန့်မယ်ဆိုတယ်။

D ကို C ဟာ သူ့အိမ်အောက်ထပ်ကို ပြောင်းလာခိုင်းတယ်။ ပြီးတော့ ရိုက်နှက် အနိုင်ကျင့်ပြီး ကျွန်တစ်ယောက်လို အသုံးချ ဆက်ဆံခဲ့တာဖြစ်တယ်။

========================

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကျွန်မ အသိ ဖိလစ်ပိုင် လင်မယားဟာ ခရစ်ယျာန်ကျောင်းကို လစာအကုန်နီးပါး အပ်နေတာတွေ့ရတယ်။

ဘာသာရေးနဲ့ ပါတ်သက်တော့ အတော့်ကို ပြောရကြပ်ခဲ့တယ်။

နောက်ဆုံး မိခင် နေမကောင်းလို့ ပိုက်ဆံကို အိမ်ကို ပို့လိုက်မိလို့ သာသာရေးအယောင်ဆောင် ကိုရီးယားအဖွဲ့က သူတို့ လင်မယားရဲ့ ပေါင်ကို တူနဲ့စိုက်ခဲ့တယ်။ ယောက်ျားက အသိတရားဝင်လာပြီး ကျွန်မကို အကူအညီတောင်းခဲ့ဖူးပါတယ်။

ရဲစခန်းကို အကြောင်းကြားခဲ့နိုင်ပေမဲ့ တရားမဝင် နေထိုင်တဲ့ ဖိလစ်ပိုင် လင်မယားကတော့ သူတို့နိုင်ငံ ပြန်ခဲ့ရတယ်။

ဒါကြောင့် ကိုရီးယားရောက် ကျွန်မတို့ မြန်မာတွေ သတိထားစေချင်ပါတယ်။

( 🌟ခရစ်ယျာန် ဘာသာကို ထိပါးပြောဆိုခြင်း မဟုတ်ပါ။ ခရစ်ယျာန် ဘာသာကို ခုတုံးလုပ် စီးပွားရှာနေသော လူလိမ်များကို ဆိုလိုပါသည်။🌟)

========================

ဒီဆောင်းပါးထဲက A ၊ကင်မ်၊ အိမ်ရှင် သူတို့ ၃ ယောက်လုံး ရီ ရဲ့ ကျွန် ဖြစ်ခဲ့တယ်။ ဒါကို သူတို့ နောက်ဆုံး ရိပ်မိခဲ့တယ်။

ဒါဆို ဘာကြောင့် ရုန်းမထွက်နိုင်ခဲ့တာလဲ...? ဆိုတာကို အခြားလူတွေ နားလည်ပေးဖို့ ခက်နေကြတယ်။

========================

စိတ်ပညာရှင်က ဒီလိုရှင်းပြတယ်။

ဆင်လေးတစ်ကောင်ကို မွေးကာစ အရွယ်ကနေပြီး ခြေထောက်တစ်ဖက်ကို ကြိုးနဲ့ချည်ထားလိုက်ပါ။

ဆင်လေးက ပထမတော့ ရုန်းလိမ့်မယ်။ ကြိုးက ခိုင်တယ်။ ဒါကြောင့် ရုန်းထွက်လို့မရဘူးဆိုတာ သူသိသွားတယ်။

ဆင်လေးက အသက်ကြီးလာတော့ အင်အားဗလနဲ့ ပြည့်စုံတဲ့ ဆင်ကြီး ဖြစ်လာတယ်။

ချည်ထားတဲ့ကြိုးကတော့ ကလေးဘဝထဲက ကြိုးအတိုင်းပဲ။

သူ တစ်ချက်ရုန်းလိုက်တာနဲ့ ကြိုးပြတ်ပြီး လွတ်မြောက်မှာဖြစ်တယ်။

ဒါပေမဲ့ အဲဒီဆင်ဟာ ရုန်းထွက်လို့ရမယ်လို့ ဘယ်သောအခါမှ မတွေးမိဘူးတဲ့။

ငယ်ငယ်ကတည်းက ဒီကြိုးဆီက ရုန်းထွက်လို့မရဘူး ဆိုတာ စိတ်စွဲနေလို့ဖြစ်တယ်။

ပြီးတော့ အဲဒီဆင်ဟာ သူ့ဘဝမှာ ဒီလို ကြိုးချည်ခံထားတာကိုပဲ လုံခြုံမှုတစ်ခုလို့ အထင်မှားနေတတ်တယ်တဲ့...။
မရွှေမိုး ( ကိုရီးယား )



No comments:

Post a Comment