Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 22, 2018

ေရာဂါေပါင္း ၆၁ မ်ိဳးအတြက္ ေဆးဘက္ဝင္တဲ့ ဆီးျဖဴသီး


ဆီးျဖဴသီးရဲ႕ေဆးဘက္ဝင္ပုံ_၆၁_နည္း

(၁) ဒူလာေသြး၀မ္းပ်က္ေရာဂါအတြက္ ဆီးျဖဴသီးေျခာက္ကို ငါးရွဥ့္နွင့္ ခ်က္စားရသည္၊
(၂) အေရးျပားတြင္ ျဖစ္တတ္ေသာ ယားနာ၊ေပြး၊ညင္း၊တင္းတိပ္မ်ားအတြက္ဆီးျဖဴသီးေျခာက္(သို႕)အစိုကိုေသြး၍ သံပုရာသီးအနည္းငယ္ထည့္ျပီးလိမ္းရသည္။
(၃) ဆီးခ်ိဳေရာဂါအတြက္ ဆီးျဖဴ(သို႔)ေျမဆီးျဖဴ ပဥၥငါးပါးျပဳတ္ေသာက္ရသည္၊
(၄) နွားေခါင္းေသြးလ်ံဳျလင္းအတြက္ ဆီးျဖဴသီးကို ၾကိတ္၍ထိပ္ကအံုေပးရသည္။
(၅)ဆီးပုပ္ေရာက္ဂါအတြက္ ဆီးျဖဴသီးေျခာက္မႈန္႔ကိုထန္းလ်က္၊မ်ားရည္၊တကာနွင့္နယ္စားရသည္။
(၆)ေသြး၀မ္းသြားလ်ွင္ ဆီးျဖဴသီး အစိမ္းကိုေထာင္း၍ အရည္ညစ္ယူျပီးသံပုရာရည္နွင့္ ေသာက္ရသည္။
(၇) လ်ွာကြဲျခင္း၊ပါးစပ္ကဲြျခင္း၊ေပါက္ျခင္းနွင့္ေရစီးကမ္းျပိဳျခင္းမ်ားအတြက္ ဆီးျဖဴသီးရြက္ကို ေရနွင့္သံုးခြက္တစ္ခြက္တင္က်ိဳ၍ရေသာ အရည္ကို ပလုတ္က်င္းေပးရသည္။
(၈)ဆီးျဖဴသီးသည္ ေခ်ာင္းဆိုး၊ ပန္းနာ၊ေလနာ တို႔ကို ေပ်ာက္ကင္းေစသည္၊
(၉) မီးေလွာင္နာ၊ေရေႏြးပူေလာင္နာမ်ားအတြက္ ဆီးျဖဴရြက္ကို အက်ြမ္းေလွာ္၍အမႈန္႔ျပဴျပီး ျဖဴးေပးရသည္၊
(၁၀) ကေလးမ်ားတြင္ ျဖစ္တတ္ေသာ ေသာက်ဗဟံုးနာအတြက္ ဆီးျဖဴရြက္ကို က်ြမ္းေအာင္ ေလွာ္၍လိမ္းေသာရသည္၊
(၁၁) ၀မ္းသက္ျခင္း၊ အစာမေၾကျခင္းမ်ား အတြက္ ဆီးျဖဴရြက္နုမ်ားကိုပုန္းရည္နွင့္ ေက်ြးရသည္။
(၁၂) မ်က္စိတြင္ျဖစ္တတ္ေသာ ေရာဂါမ်ားအတြက္ အေစ့ကို ထုေထာင္းေခ်ျပီးေရေႏြးနွင့္ျပဳတ္၍မ်က္စိကို ေဆးေၾကာေပးရသည္။
(၁၃) ေသြးလြန္( ရာသီလြန္လ်ွင္) ဆီးျဖဴသီးအလံုးၾကီးကို စားရသည္။
(၁၄) ေသြးဒူလာ အတြက္ ဆီးျဖဴ၊ဖန္ခါး၊ၾကစု၊သစ္သီးစိမ့္၊ နံသာဆီတံုးခြက္တစ္ခြက္တင္ျပဳ၍ အသင့္အတင့္ေသာက္သံုးေပးရသည္။
(၁၅) ဒူလာသေရာနာ(ဆီးသြားေသာ အခါ ခါးကိုက္ျပီးအျဖဴဖတ္မ်ားပါေသာေရာဂါ)တြက္ ဆီးျဖဴသီး၊နႏြမ္းစုၾကီးတို႔ကို ၾကိတ္၍ စားေပးရသည္၊
(၁၆) ဒူလာမုတၱကိတ္ေရာဂါအတြက္ ဆီးျဖဴသီးကို စားေပးရသည္။
(၁၇) ေသြး၀မ္းလြန္ေရာဂါမ်ား အတြက္ ဆီးျဖဴ၇ြက္ျပဳတ္အရည္ကိုထန္းလ်က္(သို႔)သၾကားနွင့္ေဖ်ာ္ေသာက္ရသည္။
(၁၈) ထံုက်င္နာအတြက္ ဆီးျဖဴသီးေျခာက္၊ ဖန္ခါးသီးေျခာက္၊ဆင္သမႏြယ္၊ကန္႔ခ်ဳပ္နီ၊ႏြားေျဖရင္း၊မာလာ၊အိပ္ေမြ႕သီး၊ ငရုတ္ေကာင္း၊ ကံေကာ္၀တ္ဆံနွင့္ အတူ စု၍ သၾကားနွင့္သံုးေဆာင္ရသည္၊
(၁၉) လ်ွာကဲြျခင္း အတြက္ ဆီးုျဖဴသီးကို ေရနွင့္သံုးခြက္တစ္ခြက္တင္ျပဳတ္၍ပလုတ္က်င္းေပးရသည္၊
(၂၀)မကၡရုေရာဂါ အတြက္ ဆီးျဖဴသီးမီးဖုတ္၊ ယင္းျပာကို ဆီနွင့္ ေဖ်ာ္၍ပြတ္ေပးရသည္။
(၂၁)မီးယပ္ျဖဴဆင္းျခင္း အတြက္ ဆီးျဖဴသီးေစ့ကို ေရေႏြးနွင့္ေသြး၍ ေရကိုစစ္ယူျပီး ပ်ားရည္၊ သၾကားတို႔နွင့္ ေရာေသာက္ရသည္။
(၂၂)အေညာင္း၊ခါးနာခါးကိုက္၊ အေမာအပန္း၊ဒုလာေရာဂါအတြက္ငါးရွဥ့္ပနီမီးကင္ေျခာက္ကို ဆီးျဖဴသီးေျခာက္ထည့္ျပီး နူးေအာင္ ျပဳတ္ရသည္။ၾကက္သြန္၊ဆားခတ္၍ နွမ္းဆီနွင့္မၾကာမၾကာ ေၾကာ္ခ်က္စားရသည္။
(တစ္ေန႔တစ္ဇြန္းမွာ့နွစ္ဇြန္းထိမွီ၀ဲရသည္။)
(၂၃) ဓါတ္ခ်ဴပ္ေရာဂါအတြက္ ဆီးျဖဴသီးကို အေျခာက္လွမ္း၍ အမႈန္႔ျပဳျပီးပ်ားရည္နွင့္ ေရာစားရသည္။ဓါတ္ကို ေပ်ာ့ေစပါသည္။
(၂၄)ဆီးျဖူသီးေျခာက္ေဆးသည္ အစာကိုေၾကလြယ္ေစသည္။ ေယာက်ာႍးတို႔၏ ခြန္အားကိုျဖစ္ေစသည္။ကာမအားကို ျဖစ္ေစပါသည္။
(၂၅) အသက္ရွည္၊ အဆင္းလွေစရန္ ဆီးျဖဴသီးကို အေျခာက္လွမ္း၍ အမႈန္႔ျပဳျပီးပ်ားရည္နွင့္ ေရာစားရသည္။
(၂၆)ဘင္ေျခာက္ျခင္းကို ေျပေစရန္ ၊ဓါတ္သြားေစရန္ ဆီးျဖဴသီး အစိမ္းကို စားရသည္။
(၂၇) အသံသာေစရန္ ဆီးျဖဴသီးကို ဆားရည္စိမ္၍ ဟင္းလ်ွာမ်ားနွင့္ ခ်က္စားရသည္။
(၂ဂ) ေခ်ာင္းဆိုး၊မ်က္စိနာ၊ကင္းေပ်ာက္ေစရန္၊ ပိုးမ်ားေသေစရန္ဆီးျဖဴသီးကို ဆားရည္စိမ္၍ ဟင္းမ်ားတြင္ ထည့္ခ်က္စားရသည္။
(၂၉) ေလတင္တုန္းေရာဂါမ်ားအတြက္ ဆီးျဖဴသီးမႈန္႔ကို ပ်ားရည္နွင့္ ေရာစားရသည္။
(၃၀) အသားအေရတြန္႔ျခင္းကို ကာကြယ္ရန္၊ အသံသာ အဆင္းလွရန္၊ ဓါတ္ခ်ဴပ္မူ႔ကိုကာကြယ္၍ ဓါတ္ေပ်ာ့ရန္ ဆီးျဖဴသီးေျခာက္မႈန္႔ကို ေရခ်ိဳးျပီး ကိုယ္တိုက္ေပးရသည္။
(၃၁) အတိသာရ၀မ္းေရာဂါ အတြက္ ဆီးျဖဴသီးကို မႈန္႔ညက္ေနေအာင္ ေထာင္း၍ခ်က္နားတြင္ အံုေပးရသည္
(၃၂) ၾကိဳ႔ထိုးေရာဂါအတြက္ ဆီးျဖဴသီးကို ၾကိတ္ညစ္ရည္၊ပိတ္ခ်င္းမႈန္႔၊ပ်ားရည္တို႔ကို ေရာေက်ြးရသည္။အသက္ရႈပြန္ေခ်ာင္း နာက်င္ျခင္း ပါေပ်ာက္ကင္းေစပါသည္။
(၃၃)ျပည္တုလာသေရာ ေရာဂါမ်ားတြက္ ဆီးျဖဴသီးကို အျမစ္ၾကိတ္ညစ္ရည္၊ ပ်ားရည္နႏြမ္းတို႔ကိုေရာေက်ြးရသည္။
(၃၄) ၀မ္းခ်ဴပ္၊နွလံုးထံု၊ အစာမေၾက၊ သည္းေျခေရာဂါမ်ားတြက္ ဆီးျဖဴသီးကို(၁၂) နာရီခန္႔ ေရစိမ္ရသည္။ေရသြန္ျပီး ေရထပ္ထည့္၍ (၃)နာရီခန္႔ျပဳတ္ရသည္။ အေစ့ထုတ္၍သၾကား(၃)ဆ ထပ္ထည့္၍ယိုထုတ္ထား၇သည္။
(၃၅) ဆီးေအာင့္ေရာဂါမ်ား အတြက္ ဆီးျဖဴသီးၾကိတ္ညစ္ရည္ကို ဖာလာမႈန္႔ေရာ၍ေသာက္ရ၏။
(၃၆) ဆီးလြန္ေရာဂါအတြက္ ဆီးျဖဴသီးၾကိတ္ညစ္ရည္၊ ငွက္ေပ်ာသီးမွည့္၊ပ်ားရည္၊သၾကားတို႔ကို ေရာျပီးလ်ွက္ရသည္။
(၃၇) ပိတ္၀မ္းကိုက္ျခင္း၊၀မ္းသက္ျခင္း၊ ေသြးလ်ွံဳ၊ ေသြးအန္၊ေသြးက်ေရာဂါျဖစ္ျခင္း အတြက္ဆီးျဖဴသီးေျခာက္ကိုု ျပဳတ္ျပီး သၾကားခပ္၍ ေသာက္ရသည္။
(၃၈) မီးယပ္ျဖဴဆင္း ေရာဂါမ်ားအတြက္ ဆီးျဖဴသီးေျခာက္ကို ေရစိမ္၍တစ္ေန႔(၂)ၾကိမ္တိုက္ရသည္။
(၃၉) ေသြးဒူလာအတြက္ ဆီးျဖဴသီးေျခာက္၊ဆားေလွာ္၊ စမုန္နက္ေလွာ္၊ၾကက္သြန္ျဖဴ ေလွာ္၊ေၾကာင္ပန္းရြက္ေျခာက္၊ ေဆးပိုတီတို႔ကို ညက္ညက္ေထာင္းျပီးမန္က်ည္းေစ့ခန္႔ေန႔စဥ္စားရသည္။
(၄၀) လူပ်ိဳနာမ်ား အတြက္ ဆီးျဖဴျမစ္၊ ထန္းျမစ္၊ဆူးရစ္ျမစ္၊ကင္သလင္းျမစ္တို႔ကို ခုတ္ဆင္း၍သံုးခြက္တစ္ခြက္ တင္က်ိဳရသည္။ အရည္စစ္္ျပီး ေရတစ္၀က္ေရာ၍သံုးခြက္တစ္ခြက္တင္က်ဳိျပီးသံုးၾကိမ္ျပဳလုပ္ရသည္။တေန႔ အၾကမ္းပန္းကန္တစ္လံုး ေသာက္ရသည္။
(၄၁) ဆီးေၾကာင့္ ျဖစ္ေသာ မ်က္စိမႈန္၊ မ်က္စိနာနွင့္ ဒူလာပါဒရက္ေရာဂါအတြက္ဆီးျဖဴသီး ၾကိတ္ညစ္ရည္နွမ္းဆီစစ္စစ္၊ၾကိတ္မွန္ရြက္ၾကိ္တ္ညစ္ရည္၊ ႏြားနို႔ နြယ္ခ်ိဳ၊တို႔ကို သန္႔စင္ေသာ ေၾကးအိုးတြင္ထည့္ခ်က္ရသည္။ ရေသာ အရည္ကို မ်က္စိတြင္ ခတ္ေပးရသည္။
(၄၂) ဆီး၀မ္းေလမွန္၍ က်န္းမာ ၀ျဖိဳးေစရန္ ဆီးျဖဴသီးေျခာက္ စမုန္နက္ ၊ေဆးပိုးတီ ဆ၀က္သာ၊ျကစု၊ေပြးကိုင္း၊သိေႏၶာ၊ ေက်ာက္ခ်ဥ္၊ဆားတို႔ကိုညက္ညက္အမႈန္႕ျပဴျပီး လ်ွက္ေပးရသည္။
(၄၃) ဆီးျဖဴရြက္ျပဳတ္ရည္သည္ ခံတြင္း၌ ေပါက္ေသာ အနာ ေပ်ာက္ကင္းေစပါသည္။
(၄၄) သစ္ကိုင္းတြင္ သီးလ်ွာက္ရွိေသာ အသီးမွ ကဲြစိမ့္၍ ထြက္လာေသာ အရည္ကိုမ်က္စဥ္းေဆးအျဖစ္သံုးသည္္။ မ်က္စိေရာင္ေရာဂါကို ကင္းေ၀းေစသည္။
(၄၅) ထံုနစိုေရာဂါ အတြက္ ဆီးျဖဴသီး ၾကိတ္ညစ္ရည္ကို သၾကားနွင့္ ေရာ၍ေဖ်ာ္ရည္ အျဖစ္ သံုးေဆာင္ၾကသည္။
(၄၆) ဆီးျဖဴသီး ၾကိတ္ညစ္ရည္ကို သၾကားနွင့္ ေရာ၍ သံုးေဆာင္လ်ွင္ဆီးေအာင့္၊ ေသြး၀မ္းကိုက္ျခင္းသည္းေျခေၾကာင့္ ထိုးေအာင့္ျခင္း ၊ၾကိဳ႔ထိုးျခင္း ၊အန္ျခင္းနာတာရွည္၀မ္းခ်ဴပ္ေရာဂါတို႔ကိုေပ်ာက္ကင္းေစပါသည္။
(၄၇) မ်က္စဥ္းေဆး အျဖစ္ ဆီးျဖဴသီးမႈန္႔ကို ေရတြင္ ထည့္၍ တစ္ညစိမ္ ထားရသည္။နံနက္တြင္ မ်က္စိေဆးေပးနိုင္သည္။ မ်က္စဥ္းေဆးအျဖစ္ သံုးနိုင္သည္။
(၄ဂ) အစာမေၾကေရာဂါ ၀မ္းသြားေရာဂါတို႔ အတြက္ ဆီးျဖဴသီး ရြက္နုနုကိုႏြားနို႔ ၊ ဒိန္ခ်ဥ္နွင့္ေရာေသာက္ေပးရသည္။
(၄၉) ဆီးျဖဴသီးမႈန္႔သည္ လိပ္ေခါင္းေရာဂါ ၊ ၀မ္းကိုက္ေရာဂါ ၀မ္းသြားေရာဂါနွာေစးေရာဂါတို႔အတြက္အလြန္အသံုး၀င္သည္။
(၅၀) ဆီးျဖဴသီးသည္ ပန္းနာ၊ ေခ်ာင္းဆိုး ကိုယ္ခႏၶာခန္းေျခာက္ေရာဂါ ၊ အသား၀ါေရာဂါ၀မ္းမီးညံ့ျခင္း၊ သုတ္ခိုင္ျခင္း ကင္းေ၀းေစသည္။
(၅၁) ဆီးျဖဴသီး အဆံကို ျပဳတ္၍ မ်က္စဥ္းအျဖစ္ မ်က္စိနာ ေရာဂါကို ေပ်ာက္ကင္းေစပါသည္။
(၅၂) နွလံုး(ရင္ဘတ္)ကို ေကာင္းေစသည္။
(၅၃) ေသြးကို ခ်ဴပ္ေစတတ္သျဖင့္ နွလံုး၊ေသြးအန္ ၊ေသြးေပါင္က်ေရာဂါ ေသြးေဖာက္ျပန္ေသာေရာဂါတို႔ကို ေပ်ာက္ကင္းေစပါသည္။
(၅၄) သုတ္ကိုပြားေစတတ္၊သေႏၶကို တည္ေစတတ္ အစြမ္းရွိသျဖင့္ သုတ္၊ဆီးေရာဂါမီးယပ္ေရာဂါ ၊သားအိမ္အားနည္းေရာဂါတို႔ကို ေပ်ာက္ကင္းေစပါသည္။
(၅၅) ေခ်ာင္းဆိုးေရာဂါ ၊ပန္းနာေရာဂါ ၊ အဆုတ္နာေရာဂါတို႔ကို ေပ်ာက္ကင္းေစပါသည္။
(၅၆) ဆီးကိုမ်ားေစတတ္သည္ ။ ဒူလာသေရာနာကို ဖ်က္ဆီးတတ္သျဖင့္ သည္းေျခေၾကာင့္ျဖစ္ေသာဒူလာသေရာနာ တို႔ကို ေပ်ာက္ကင္းေစပါသည္။
(၅၇) နူနာကို ဖ်က္ဆီးတတ္ေသာ အစြမ္းရိွ၍ နူနာ၊အနာၾကီီး အေရျပားေရာဂါတို႔ကို ေပ်ာက္ကင္းေစပါသည္။
(၅၈)လတ္ဆတ္ေသာဆီးျဖဴသီးသည္ အစာအိမ္အားတိုးေဆးနွင့္ေလေဆးျဖစ္သည္။
(၅၉) လတ္ဆတ္ေသာဆီးျဖဴသီးသည္ သန္ခ်ေဆးအျဖစ္လဲ အသံုး၀င္သည္။
(၆၀) အားေဆးအျဖစ္ဆီးျဖဴသီးၾကိတ္ညစ္ရည္ကို ေထာပတ္နွင့္ စားေပးရသည္။
(၆၁) လတ္ဆတ္ေသာဆီးျဖဴသီးသည္ ဆီးရြင္ေစျခင္း၊ ၀မ္းနုတ္ေဆး အျဖစ္ အသံုး၀င္သည္။

ေမတၱာျဖင့္…
အာေရာဂ်ံမဂၢဇင္း
အမွတ္(၅၁)ေအာက္တိုဘာ (၁၉၉၆)ခုနွစ္

=============================

ဆီးဖြူသီးရဲ့ဆေးဘက်ဝင်ပုံ_၆၁_နည်း

(၁) ဒူလာသွေးဝမ်းပျက်ရောဂါအတွက် ဆီးဖြူသီးခြောက်ကို ငါးရှဉ့်နှင့် ချက်စားရသည်၊

(၂) အရေးပြားတွင် ဖြစ်တတ်သော ယားနာ၊ပွေး၊ညင်း၊တင်းတိပ်များအတွက်ဆီးဖြူသီးခြောက်(သို့)အစိုကိုသွေး၍ သံပုရာသီးအနည်းငယ်ထည့်ပြီးလိမ်းရသည်။

(၃) ဆီးချိုရောဂါအတွက် ဆီးဖြူ(သို့)မြေဆီးဖြူ ပဥ္စငါးပါးပြုတ်သောက်ရသည်၊

(၄) နှားခေါင်းသွေးလျုံလြင်းအတွက် ဆီးဖြူသီးကို ကြိတ်၍ထိပ်ကအုံပေးရသည်။

(၅)ဆီးပုပ်ရောက်ဂါအတွက် ဆီးဖြူသီးခြောက်မှုန့်ကိုထန်းလျက်၊များရည်၊တကာနှင့်နယ်စားရသည်။

(၆)သွေးဝမ်းသွားလျှင် ဆီးဖြူသီး အစိမ်းကိုထောင်း၍ အရည်ညစ်ယူပြီးသံပုရာရည်နှင့် သောက်ရသည်။

(၇) လျှာကွဲခြင်း၊ပါးစပ်ကွဲခြင်း၊ပေါက်ခြင်းနှင့်ရေစီးကမ်းပြိုခြင်းများအတွက် ဆီးဖြူသီးရွက်ကို ရေနှင့်သုံးခွက်တစ်ခွက်တင်ကျို၍ရသော အရည်ကို ပလုတ်ကျင်းပေးရသည်။

(၈)ဆီးဖြူသီးသည် ချောင်းဆိုး၊ ပန်းနာ၊လေနာ တို့ကို ပျောက်ကင်းစေသည်၊

(၉) မီးလှောင်နာ၊ရေနွေးပူလောင်နာများအတွက် ဆီးဖြူရွက်ကို အကျွမ်းလှော်၍အမှုန့်ပြူပြီး ဖြူးပေးရသည်၊

(၁၀) ကလေးများတွင် ဖြစ်တတ်သော သောကျဗဟုံးနာအတွက် ဆီးဖြူရွက်ကို ကျွမ်းအောင် လှော်၍လိမ်းသောရသည်၊

(၁၁) ၀မ်းသက်ခြင်း၊ အစာမကြေခြင်းများ အတွက် ဆီးဖြူရွက်နုများကိုပုန်းရည်နှင့် ကျွေးရသည်။

(၁၂) မျက်စိတွင်ဖြစ်တတ်သော ရောဂါများအတွက် အစေ့ကို ထုထောင်းချေပြီးရေနွေးနှင့်ပြုတ်၍မျက်စိကို ဆေးကြောပေးရသည်။

(၁၃) သွေးလွန်( ရာသီလွန်လျှင်) ဆီးဖြူသီးအလုံးကြီးကို စားရသည်။

(၁၄) သွေးဒူလာ အတွက် ဆီးဖြူ၊ဖန်ခါး၊ကြစု၊သစ်သီးစိမ့်၊ နံသာဆီတုံးခွက်တစ်ခွက်တင်ပြု၍ အသင့်အတင့်သောက်သုံးပေးရသည်။

(၁၅) ဒူလာသရောနာ(ဆီးသွားသော အခါ ခါးကိုက်ပြီးအဖြူဖတ်များပါသောရောဂါ)တွက် ဆီးဖြူသီး၊နနွမ်းစုကြီးတို့ကို ကြိတ်၍ စားပေးရသည်၊

(၁၆) ဒူလာမုတ္တကိတ်ရောဂါအတွက် ဆီးဖြူသီးကို စားပေးရသည်။

(၁၇) သွေးဝမ်းလွန်ရောဂါများ အတွက် ဆီးဖြူရွက်ပြုတ်အရည်ကိုထန်းလျက်(သို့)သကြားနှင့်ဖျော်သောက်ရသည်။

(၁၈) ထုံကျင်နာအတွက် ဆီးဖြူသီးခြောက်၊ ဖန်ခါးသီးခြောက်၊ဆင်သမနွယ်၊ကန့်ချုပ်နီ၊နွားဖြေရင်း၊မာလာ၊အိပ်မွေ့သီး၊ ငရုတ်ကောင်း၊ ကံကော်ဝတ်ဆံနှင့် အတူ စု၍ သကြားနှင့်သုံးဆောင်ရသည်၊

(၁၉) လျှာကွဲခြင်း အတွက် ဆီုးဖြူသီးကို ရေနှင့်သုံးခွက်တစ်ခွက်တင်ပြုတ်၍ပလုတ်ကျင်းပေးရသည်၊

(၂၀)မက္ခရုရောဂါ အတွက် ဆီးဖြူသီးမီးဖုတ်၊ ယင်းပြာကို ဆီနှင့် ဖျော်၍ပွတ်ပေးရသည်။

(၂၁)မီးယပ်ဖြူဆင်းခြင်း အတွက် ဆီးဖြူသီးစေ့ကို ရေနွေးနှင့်သွေး၍ ရေကိုစစ်ယူပြီး ပျားရည်၊ သကြားတို့နှင့် ရောသောက်ရသည်။

(၂၂)အညောင်း၊ခါးနာခါးကိုက်၊ အမောအပန်း၊ဒုလာရောဂါအတွက်ငါးရှဉ့်ပနီမီးကင်ခြောက်ကို ဆီးဖြူသီးခြောက်ထည့်ပြီး နူးအောင် ပြုတ်ရသည်။ကြက်သွန်၊ဆားခတ်၍ နှမ်းဆီနှင့်မကြာမကြာ ကြော်ချက်စားရသည်။

(တစ်နေ့တစ်ဇွန်းမှာ့နှစ်ဇွန်းထိမှီဝဲရသည်။)

(၂၃) ဓါတ်ချူပ်ရောဂါအတွက် ဆီးဖြူသီးကို အခြောက်လှမ်း၍ အမှုန့်ပြုပြီးပျားရည်နှင့် ရောစားရသည်။ဓါတ်ကို ပျော့စေပါသည်။

(၂၄)ဆီးဖြူသီးခြောက်ဆေးသည် အစာကိုကြေလွယ်စေသည်။ ယောကျာႍးတို့၏ ခွန်အားကိုဖြစ်စေသည်။ကာမအားကို ဖြစ်စေပါသည်။

(၂၅) အသက်ရှည်၊ အဆင်းလှစေရန် ဆီးဖြူသီးကို အခြောက်လှမ်း၍ အမှုန့်ပြုပြီးပျားရည်နှင့် ရောစားရသည်။

(၂၆)ဘင်ခြောက်ခြင်းကို ပြေစေရန် ၊ဓါတ်သွားစေရန် ဆီးဖြူသီး အစိမ်းကို စားရသည်။

(၂၇) အသံသာစေရန် ဆီးဖြူသီးကို ဆားရည်စိမ်၍ ဟင်းလျှာများနှင့် ချက်စားရသည်။

(၂ဂ) ချောင်းဆိုး၊မျက်စိနာ၊ကင်းပျောက်စေရန်၊ ပိုးများသေစေရန်ဆီးဖြူသီးကို ဆားရည်စိမ်၍ ဟင်းများတွင် ထည့်ချက်စားရသည်။

(၂၉) လေတင်တုန်းရောဂါများအတွက် ဆီးဖြူသီးမှုန့်ကို ပျားရည်နှင့် ရောစားရသည်။

(၃၀) အသားအရေတွန့်ခြင်းကို ကာကွယ်ရန်၊ အသံသာ အဆင်းလှရန်၊ ဓါတ်ချူပ်မူ့ကိုကာကွယ်၍ ဓါတ်ပျော့ရန် ဆီးဖြူသီးခြောက်မှုန့်ကို ရေချိုးပြီး ကိုယ်တိုက်ပေးရသည်။

(၃၁) အတိသာရဝမ်းရောဂါ အတွက် ဆီးဖြူသီးကို မှုန့်ညက်နေအောင် ထောင်း၍ချက်နားတွင် အုံပေးရသည်။

(၃၂) ကြို့ထိုးရောဂါအတွက် ဆီးဖြူသီးကို ကြိတ်ညစ်ရည်၊ပိတ်ချင်းမှုန့်၊ပျားရည်တို့ကို ရောကျွေးရသည်။အသက်ရှုပွန်ချောင်း နာကျင်ခြင်း ပါပျောက်ကင်းစေပါသည်။

(၃၃)ပြည်တုလာသရော ရောဂါများတွက် ဆီးဖြူသီးကို အမြစ်ကြိတ်ညစ်ရည်၊ ပျားရည်နနွမ်းတို့ကိုရောကျွေးရသည်။

(၃၄) ၀မ်းချူပ်၊နှလုံးထုံ၊ အစာမကြေ၊ သည်းခြေရောဂါများတွက် ဆီးဖြူသီးကို(၁၂) နာရီခန့် ရေစိမ်ရသည်။ရေသွန်ပြီး ရေထပ်ထည့်၍ (၃)နာရီခန့်ပြုတ်ရသည်။ အစေ့ထုတ်၍သကြား(၃)ဆ ထပ်ထည့်၍ယိုထုတ်ထားရသည်။

(၃၅) ဆီးအောင့်ရောဂါများ အတွက် ဆီးဖြူသီးကြိတ်ညစ်ရည်ကို ဖာလာမှုန့်ရော၍သောက်ရ၏။

(၃၆) ဆီးလွန်ရောဂါအတွက် ဆီးဖြူသီးကြိတ်ညစ်ရည်၊ ငှက်ပျောသီးမှည့်၊ပျားရည်၊သကြားတို့ကို ရောပြီးလျှက်ရသည်။

(၃၇) ပိတ်ဝမ်းကိုက်ခြင်း၊၀မ်းသက်ခြင်း၊ သွေးလျှံု၊ သွေးအန်၊သွေးကျရောဂါဖြစ်ခြင်း အတွက်ဆီးဖြူသီးခြောက်ကိုု ပြုတ်ပြီး သကြားခပ်၍ သောက်ရသည်။

(၃၈) မီးယပ်ဖြူဆင်း ရောဂါများအတွက် ဆီးဖြူသီးခြောက်ကို ရေစိမ်၍တစ်နေ့(၂)ကြိမ်တိုက်ရသည်။

(၃၉) သွေးဒူလာအတွက် ဆီးဖြူသီးခြောက်၊ဆားလှော်၊ စမုန်နက်လှော်၊ကြက်သွန်ဖြူ လှော်၊ကြောင်ပန်းရွက်ခြောက်၊ ဆေးပိုတီတို့ကို ညက်ညက်ထောင်းပြီးမန်ကျည်းစေ့ခန့်နေ့စဉ်စားရသည်။

(၄၀) လူပျိုနာများ အတွက် ဆီးဖြူမြစ်၊ ထန်းမြစ်၊ဆူးရစ်မြစ်၊ကင်သလင်းမြစ်တို့ကို ခုတ်ဆင်း၍သုံးခွက်တစ်ခွက် တင်ကျိုရသည်။ အရည်စစ််ပြီး ရေတစ်ဝက်ရော၍သုံးခွက်တစ်ခွက်တင်ကျိုပြီးသုံးကြိမ်ပြုလုပ်ရသည်။တနေ့ အကြမ်းပန်းကန်တစ်လုံး သောက်ရသည်။

(၄၁) ဆီးကြောင့် ဖြစ်သော မျက်စိမှုန်၊ မျက်စိနာနှင့် ဒူလာပါဒရက်ရောဂါအတွက်ဆီးဖြူသီး ကြိတ်ညစ်ရည်နှမ်းဆီစစ်စစ်၊ကြိတ်မှန်ရွက်ကြိ်တ်ညစ်ရည်၊ နွားနို့ နွယ်ချို၊တို့ကို သန့်စင်သော ကြေးအိုးတွင်ထည့်ချက်ရသည်။ ရသော အရည်ကို မျက်စိတွင် ခတ်ပေးရသည်။

(၄၂) ဆီးဝမ်းလေမှန်၍ ကျန်းမာ ၀ဖြိုးစေရန် ဆီးဖြူသီးခြောက် စမုန်နက် ၊ဆေးပိုးတီ ဆဝက်သာ၊ကြစု၊ပွေးကိုင်း၊သိန္ဓော၊ ကျောက်ချဉ်၊ဆားတို့ကိုညက်ညက်အမှုန့်ပြူပြီး လျှက်ပေးရသည်။

(၄၃) ဆီးဖြူရွက်ပြုတ်ရည်သည် ခံတွင်း၌ ပေါက်သော အနာ ပျောက်ကင်းစေပါသည်။

(၄၄) သစ်ကိုင်းတွင် သီးလျှာက်ရှိသော အသီးမှ ကွဲစိမ့်၍ ထွက်လာသော အရည်ကိုမျက်စဉ်းဆေးအဖြစ်သုံးသည််။ မျက်စိရောင်ရောဂါကို ကင်းဝေးစေသည်။

(၄၅) ထုံနစိုရောဂါ အတွက် ဆီးဖြူသီး ကြိတ်ညစ်ရည်ကို သကြားနှင့် ရော၍ဖျော်ရည် အဖြစ် သုံးဆောင်ကြသည်။

(၄၆) ဆီးဖြူသီး ကြိတ်ညစ်ရည်ကို သကြားနှင့် ရော၍ သုံးဆောင်လျှင်ဆီးအောင့်၊ သွေးဝမ်းကိုက်ခြင်းသည်းခြေကြောင့် ထိုးအောင့်ခြင်း ၊ကြို့ထိုးခြင်း ၊အန်ခြင်းနာတာရှည်ဝမ်းချူပ်ရောဂါတို့ကိုပျောက်ကင်းစေပါသည်။

(၄၇) မျက်စဉ်းဆေး အဖြစ် ဆီးဖြူသီးမှုန့်ကို ရေတွင် ထည့်၍ တစ်ညစိမ် ထားရသည်။နံနက်တွင် မျက်စိဆေးပေးနိုင်သည်။ မျက်စဉ်းဆေးအဖြစ် သုံးနိုင်သည်။

(၄ဂ) အစာမကြေရောဂါ ၀မ်းသွားရောဂါတို့ အတွက် ဆီးဖြူသီး ရွက်နုနုကိုနွားနို့ ၊ ဒိန်ချဉ်နှင့်ရောသောက်ပေးရသည်။

(၄၉) ဆီးဖြူသီးမှုန့်သည် လိပ်ခေါင်းရောဂါ ၊ ၀မ်းကိုက်ရောဂါ ၀မ်းသွားရောဂါနှာစေးရောဂါတို့အတွက်အလွန်အသုံးဝင်သည်။

(၅၀) ဆီးဖြူသီးသည် ပန်းနာ၊ ချောင်းဆိုး ကိုယ်ခန္ဓာခန်းခြောက်ရောဂါ ၊ အသားဝါရောဂါ၀မ်းမီးညံ့ခြင်း၊ သုတ်ခိုင်ခြင်း ကင်းဝေးစေသည်။

(၅၁) ဆီးဖြူသီး အဆံကို ပြုတ်၍ မျက်စဉ်းအဖြစ် မျက်စိနာ ရောဂါကို ပျောက်ကင်းစေပါသည်။

(၅၂) နှလုံး(ရင်ဘတ်)ကို ကောင်းစေသည်။

(၅၃) သွေးကို ချူပ်စေတတ်သဖြင့် နှလုံး၊သွေးအန် ၊သွေးပေါင်ကျရောဂါ သွေးဖောက်ပြန်သောရောဂါတို့ကို ပျောက်ကင်းစေပါသည်။

(၅၄) သုတ်ကိုပွားစေတတ်၊သန္ဓေကို တည်စေတတ် အစွမ်းရှိသဖြင့် သုတ်၊ဆီးရောဂါမီးယပ်ရောဂါ ၊သားအိမ်အားနည်းရောဂါတို့ကို ပျောက်ကင်းစေပါသည်။

(၅၅) ချောင်းဆိုးရောဂါ ၊ပန်းနာရောဂါ ၊ အဆုတ်နာရောဂါတို့ကို ပျောက်ကင်းစေပါသည်။

(၅၆) ဆီးကိုများစေတတ်သည် ။ ဒူလာသရောနာကို ဖျက်ဆီးတတ်သဖြင့် သည်းခြေကြောင့်ဖြစ်သောဒူလာသရောနာ တို့ကို ပျောက်ကင်းစေပါသည်။

(၅၇) နူနာကို ဖျက်ဆီးတတ်သော အစွမ်းရှိ၍ နူနာ၊အနာကြီီး အရေပြားရောဂါတို့ကို ပျောက်ကင်းစေပါသည်။

(၅၈)လတ်ဆတ်သောဆီးဖြူသီးသည် အစာအိမ်အားတိုးဆေးနှင့်လေဆေးဖြစ်သည်။

(၅၉) လတ်ဆတ်သောဆီးဖြူသီးသည် သန်ချဆေးအဖြစ်လဲ အသုံးဝင်သည်။

(၆၀) အားဆေးအဖြစ်ဆီးဖြူသီးကြိတ်ညစ်ရည်ကို ထောပတ်နှင့် စားပေးရသည်။

(၆၁) လတ်ဆတ်သောဆီးဖြူသီးသည် ဆီးရွင်စေခြင်း၊ ၀မ်းနုတ်ဆေး အဖြစ် အသုံးဝင်သည်။

မေတ္တာဖြင့်…

#TKW

အာရောဂျံမဂ္ဂဇင်း

No comments:

Post a Comment