Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 19, 2018

ပုိးဟတ္ေၾကာင့္ ျဖစ္ပြားႏုိင္တဲ့ ေရာဂါမ်ား (တီဘီေရာဂါ၊ ပုိလီယုိ ေရာဂါ၊ ပလိပ္ေရာဂါေတြ ပါဝင္)


ပုိးဟတ္ေၾကာင့္ ျဖစ္ပြားႏုိင္တဲ့ ေရာဂါမ်ား
ကမာၻမွာ ပိုးဟပ္ ျဖစ္လာတာ ႏွစ္သန္းေပါင္း ၂၉၅-၄၅၄ ရွိေပမဲ့ သူတို႔ အသြင္သဏၭာန္က ေျပာင္းသြားတယ္လို႔ မရွိဘူး။ ေမ်ာက္လိုကေန လူဆိုတာ ျဖစ္လာတယ္။ ပိုးဟပ္ အမ်ိဳးအစား မ်ားတယ္။ ၾသစေတးလ်မ်ိဳးက ၉ cm ရွည္ျပီး၊ ၃ဝ grams ေလးတယ္။ ၃ မီလီမီတာေလာက္သာ ပရြက္ဆိတ္ သာသာ ရွည္တဲ့ ေျမာက္အေမရိကန္မ်ိဳးက အေသးဆံုး ျဖစ္တယ္။ အေတာင္ အကားဆံုးက ေတာင္အေမရိကန္မ်ိဳး ၇ လကၼ အထိ ရွိတယ္။ Hissing noise, Chirping noise လို အသံ ထြက္ႏိုင္တယ္။ အဆူညံဆံုးက Madagascar က ပိုးဟပ္ေတြဘဲ။
အဆုပ္ဆိုတာ မပါဘူး။ အမက တသက္မွာ တခါသာ မိတ္လိုက္ျပီး၊ ၈ ဥအုတယ္။ ညမွာသာ လႈတ္ရွားၾကတယ္။ ပူတာ စိုတာ ၾကိဳက္တယ္။ ေျခာက္တဲ့ေနရာ ၾကိဳက္တဲ့ အေကာင္လဲ ရွိပါတယ္။

ပိုးဟပ္ေတြနဲ႔ ဆက္စပ္ေနတဲ့ ေရာဂါ ခန္႔မွန္းေျခ ေရာဂါ အမ်ိဳးေပါင္း ၅ဝ ေလာက္ရွိႏိုင္တယ္လို႔ Terminix International က ပိုးမႊားပညာရွင္ Stoy Hedges က ေျပာထားတယ္။ Auburn University က entomology လက္ေထာက္ပါေမာကၡ Dr. Xing Ping Hu ေျပာတာက ေရာဂါေတြ သယ္ေဆာင္ ေပးေနတာ ေသျခာတယ္။ ဗက္တီးရီးယား ၃၂ မ်ိဳး (Salmonella, Staphylococcus, Streptococcus)၊ (ဖန္းဂတ္) လို ၁၇ မ်ိဳး၊ (ပရိုတိုဇိုးဝါး) ၃ မ်ိဳး၊ (ဗိုင္းရပ္စ္) ၂ မ်ိဳးပါတယ္။ ေရာဂါေတြက အဆိုးၾကီးေတြေတာ့ မဟုတ္ပါ။ ကူးစက္ရင္ေတာ့ ျမန္တယ္။
ေရာဂါေတြကေတာ့ Dysentery ဝမ္းကိုက္၊ Typhoid တိုက္ဖြိဳက္၊ Poliomyelitis သူငယ္နာ-အေၾကာေသ၊ Diarrhea, Gastroenteritis အစာလမ္းေရာင္-ဝမ္းပ်က္၊ Food poisoning အစာဆိပ္သင့္၊ TB တီဘီ၊ Cholera ကာလဝမ္း၊ Leprosy အနာၾကီး၊ Hepatitis အသဲေရာင္၊ Bubonic plague အၾကိတ္-ပလိပ္၊ Urinary ဆီးလမ္းပိုးဝင္ျခင္း၊ သိသာတာက Allergic (အလာဂ်ီ) နဲ႔ Asthma ပန္းနာလူနာ ၅ဝ% က ဒီအေကာင္နဲ႔ မတည့္ဘူး။

ျခင္ေတြ မွက္ေတြလိုေတာ့ ေရာဂါပိုးေတြကို သူတို႔ကေန တိုက္ရိုက္ သယ္ပို႔ျပီး လူေတြကို ကူးစက္ေစတာေတာ့ မဟုတ္ပါ။ ဒီအေကာင္ေတြက ညစ္ပတ္တဲ့၊ မသန္႔တဲ့ ေနရာေတြလဲ ေလွ်ာက္သြားေနတာမို႔ သူတို႔ကိုယ္မွာ မလိုလားအပ္တာေတြ ေပက်ံေနတယ္။ အစားအေသာက္ေတြကို ပိုးဟပ္ရဲ႕ သြားရည္၊ မစင္ေတြကေန မသန္႔တာေတြ ကူးစက္ေပလာေစတယ္။

ပိုးဟပ္ကို လူေတြ မၾကိဳက္ၾက၊ မခံႏိုင္ၾကတာက Smell ဆိုးဝါးလြန္းတဲ့အနံ႔ ျဖစ္မယ္။ ဆိုးတဲ့ အနံ႔က သူတို႔ရဲ႕ Antenna ႏွာေမာင္းလို ေနရာက လာတာပါ။
ပိုးဟပ္ေတြက အသက္ျပင္းတယ္ ေျပာရမယ္၊ သူတို႔ သက္တမ္း ၁ ႏွစ္သာ ရွိေပမဲ့ ေရမေသာက္ဘဲ ၂ ပါတ္၊ စားစရာမရွိဘဲ ၁-၃ လ အထိ ရွင္ႏိုင္တယ္။ ေခါင္းျပတ္ သြားတာေတာင္ ၁ ပါတ္ၾကာ အသက္ရွင္ေနႏိုင္တယ္။ ဓါတ္ေရာင္ျခည္ကို အေတာ္ ခံႏိုင္တယ္။ အႏုျမဴစစ္ပြဲ ျဖစ္ရင္ လူေတြေသျပီး၊ ဒီအေကာင္ေတြ က်န္ေနမယ္တဲ့။ Fruit fly ေတြေလာက္ေတာ့ မခံႏိုင္ပါ။
Dr. တင့္ေဆြ



Unicode Version
ပိုးဟတ်ကြောင့် ဖြစ်ပွားနိုင်တဲ့ ရောဂါများ
ကမ္ဘာမှာ ပိုးဟပ် ဖြစ်လာတာ နှစ်သန်းပေါင်း ၂၉၅-၄၅၄ ရှိပေမဲ့ သူတို့ အသွင်သဏ္ဌာန်က ပြောင်းသွားတယ်လို့ မရှိဘူး။ မျောက်လိုကနေ လူဆိုတာ ဖြစ်လာတယ်။ ပိုးဟပ် အမျိုးအစား များတယ်။ သြစတေးလျမျိုးက ၉ cm ရှည်ပြီး၊ ၃ဝ grams လေးတယ်။ ၃ မီလီမီတာလောက်သာ ပရွက်ဆိတ် သာသာ ရှည်တဲ့ မြောက်အမေရိကန်မျိုးက အသေးဆုံး ဖြစ်တယ်။ အတောင် အကားဆုံးက တောင်အမေရိကန်မျိုး ၇ လက္မ အထိ ရှိတယ်။ Hissing noise, Chirping noise လို အသံ ထွက်နိုင်တယ်။ အဆူညံဆုံးက Madagascar က ပိုးဟပ်တွေဘဲ။
အဆုပ်ဆိုတာ မပါဘူး။ အမက တသက်မှာ တခါသာ မိတ်လိုက်ပြီး၊ ၈ ဥအုတယ်။ ညမှာသာ လှုတ်ရှားကြတယ်။ ပူတာ စိုတာ ကြိုက်တယ်။ ခြောက်တဲ့နေရာ ကြိုက်တဲ့ အကောင်လဲ ရှိပါတယ်။
ပိုးဟပ်တွေနဲ့ ဆက်စပ်နေတဲ့ ရောဂါ ခန့်မှန်းခြေ ရောဂါ အမျိုးပေါင်း ၅ဝ လောက်ရှိနိုင်တယ်လို့ Terminix International က ပိုးမွှားပညာရှင် Stoy Hedges က ပြောထားတယ်။ Auburn University က entomology လက်ထောက်ပါမောက္ခ Dr. Xing Ping Hu ပြောတာက ရောဂါတွေ သယ်ဆောင် ပေးနေတာ သေခြာတယ်။ ဗက်တီးရီးယား ၃၂ မျိုး (Salmonella, Staphylococcus, Streptococcus)၊ (ဖန်းဂတ်) လို ၁၇ မျိုး၊ (ပရိုတိုဇိုးဝါး) ၃ မျိုး၊ (ဗိုင်းရပ်စ်) ၂ မျိုးပါတယ်။ ရောဂါတွေက အဆိုးကြီးတွေတော့ မဟုတ်ပါ။ ကူးစက်ရင်တော့ မြန်တယ်။
ရောဂါတွေကတော့ Dysentery ဝမ်းကိုက်၊ Typhoid တိုက်ဖွိုက်၊ Poliomyelitis သူငယ်နာ-အကြောသေ၊ Diarrhea, Gastroenteritis အစာလမ်းရောင်-ဝမ်းပျက်၊ Food poisoning အစာဆိပ်သင့်၊ TB တီဘီ၊ Cholera ကာလဝမ်း၊ Leprosy အနာကြီး၊ Hepatitis အသဲရောင်၊ Bubonic plague အကြိတ်-ပလိပ်၊ Urinary ဆီးလမ်းပိုးဝင်ခြင်း၊ သိသာတာက Allergic (အလာဂျီ) နဲ့ Asthma ပန်းနာလူနာ ၅ဝ% က ဒီအကောင်နဲ့ မတည့်ဘူး။
ခြင်တွေ မှက်တွေလိုတော့ ရောဂါပိုးတွေကို သူတို့ကနေ တိုက်ရိုက် သယ်ပို့ပြီး လူတွေကို ကူးစက်စေတာတော့ မဟုတ်ပါ။ ဒီအကောင်တွေက ညစ်ပတ်တဲ့၊ မသန့်တဲ့ နေရာတွေလဲ လျှောက်သွားနေတာမို့ သူတို့ကိုယ်မှာ မလိုလားအပ်တာတွေ ပေကျံနေတယ်။ အစားအသောက်တွေကို ပိုးဟပ်ရဲ့ သွားရည်၊ မစင်တွေကနေ မသန့်တာတွေ ကူးစက်ပေလာစေတယ်။
ပိုးဟပ်ကို လူတွေ မကြိုက်ကြ၊ မခံနိုင်ကြတာက Smell ဆိုးဝါးလွန်းတဲ့အနံ့ ဖြစ်မယ်။ ဆိုးတဲ့ အနံ့က သူတို့ရဲ့ Antenna နှာမောင်းလို နေရာက လာတာပါ။
ပိုးဟပ်တွေက အသက်ပြင်းတယ် ပြောရမယ်၊ သူတို့ သက်တမ်း ၁ နှစ်သာ ရှိပေမဲ့ ရေမသောက်ဘဲ ၂ ပါတ်၊ စားစရာမရှိဘဲ ၁-၃ လ အထိ ရှင်နိုင်တယ်။ ခေါင်းပြတ် သွားတာတောင် ၁ ပါတ်ကြာ အသက်ရှင်နေနိုင်တယ်။ ဓါတ်ရောင်ခြည်ကို အတော် ခံနိုင်တယ်။ အနုမြူစစ်ပွဲ ဖြစ်ရင် လူတွေသေပြီး၊ ဒီအကောင်တွေ ကျန်နေမယ်တဲ့။ Fruit fly တွေလောက်တော့ မခံနိုင်ပါ။
Dr. တင့်ဆွေ

No comments:

Post a Comment