Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 28, 2018

တပ်မတော်နှင့် ပတ်သက်သည့် သတင်းများကို စိစစ်အတည်ပြုချက်မရယူဘဲ ထုတ်ပြန်ပါက အရေးယူမည်ဟု တပ်မတော် သတင်းအမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်



“တပ်မတော်ရဲ့ အနာဂတ်လုပ်ငန်းတွေနဲ့ အများပြည်သူ မသိသင့် မသိထိုက်တဲ့ အကြောင်းအရာတွေကလွဲပြီး ကျန် ဖြစ်စဉ်တွေ ကို သက်ဆိုင်ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတွေနဲ့ တိုင်းစစ်ဌာနချုပ်တွေက တိုင်းဦးစီးဗိုလ်မှူးကြီးတွေထံက သတင်း ရ ယူဖို့နဲ့ စိစစ်အတည်ပြုနိုင်ရေး ခွင့်ပြုထားပြီးဖြစ်ကြောင်း တရားဝင်ညွှန်ကြား ထားပြီးဖြစ် ပါတယ်။ အဲဒါကြောင့် သတင်းဌာနတွေ အနေနဲ့ တပ်မတော်သတင်းတွေကို သက်ဆိုင်ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတွေနဲ့ တိုင်းစစ်ဌာနချုပ်တွေက တိုင်းဦးစီး ဗိုလ်မှူးကြီးတွေထံ သတင်းစိစစ်အတည်ပြုတာတွေ ပြုလုပ်ပြီးမှသာ ပြည်သူကို အမှန်အတိုင်း တင်ပြနိုင်ရေး ဆောင်ရွက်ဖို့ လို အပ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိဖို့ ဆောင်ရွက်ချက်တွေအပေါ် အထင်အမြင်လွဲမှားစေမယ့် မဟုတ်မမှန် သတင်းထုတ်ပြန်မှု တွေကို မပြုလုပ်ကြဖို့ လိုအပ်ကြောင်းနဲ့ တပ်မတော်သတင်းတွေကို စိစစ်အတည်ပြုတာမရှိဘဲ ဆက်လက် ထုတ်ပြန်လာပါက သက်ဆိုင် ရာသတင်းဌာနတွေကို ဥပဒေနဲ့အညီဆောင်ရွက်သွားမယ်”

No comments:

Post a Comment