Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, December 28, 2018

ေငြေခ်းေပးထားတာ ရွိရင္ ရဲရဲသာေတာင္းျကပါ


မဆပ္နိုင္ဘူး ျကိုက္တဲ႕ေနရာတိုင္ ခညားတို့ေငြတိုးေခ်းစားထားတာ ေထာင္ထဲ ၅ ႏွစ္ေရာက္သြားမယ္။

ဒီလိုစကားေတြ ခဏခဏျကားေနရပါတယ္။ ဘယ္သူကစလိုက္တယ္မသိ။ ဒီစကားေလးက ေငြေခ်းသူေတြရဲ႕ လက္သံုးစကား လက္နက္ ျကီး ျဖစ္လို့။ ဒီေတာ့ ေငြရွင္ခမ်ာလည္း အတိုးေလးရလို့ ေခ်းမိတာ ။ အခုျပန္ေတာင္းေတာ့ တခ်ိန္က မ်က္နာ ငယ္ေလးနဲ႕ ကိုယ့္ဆီက ေငြေခ်းခဲ့တဲ႕သူက အခုေတာ့ မ်က္နာထားျကီးတင္းျပီး ကိုယ္ကပဲ သူဆီက ျပန္ေခ်းေနသလိုလို။ ဒီလိုေတာင္းလို့မရရင္ တရားစြဲေတာင္းမယ္လို့ စိတ္ထဲက ျပင္ထားေပမယ့္ တစ္ဖက္က အတိုးပါတဲ႕အတြက္ ေထာင္ ၅ ႏွစ္ ခ်လို့ရ တယ္လို့ေျပာလာေတာ့ စိတ္ထဲမွာ ေခ်းထားမိတဲ႕ေငြ ကူညီေပးထားတဲ႕ေငြေလး ျပန္မရနိုင္ေတာ့ဘူးလား ဆိုပီး ေသာကအပူေတြျဖစ္။
အတိုးပါရင္ ေထာင္ ၅ ႏွစ္ထိ ခ်လို့ရတယ္ဆိုတာ ဥပေဒ မွာ မရွိဘူးလား ဆိုရင္ ရွိပါတယ္။ ဒါေပမယ့္ ဒါကို ခုတံုးလုပ္ပီး ေငြေခ်းသူ ေတြက ျခိမ္းေျခာက္ေနတာ ေတြ႔ရေတာ့ ကိုယ့္ဆီမွာ ရွိစုမယ့္ လစာေလးနဲ႕ ေငြေလးနဲ႕ ခင္လို့ျဖစ္ေစ အတိုးနည္းနည္းရရင္လည္း မဆိုးပါဘူး ဆိုပီး ထုတ္ေခ်းမိတဲ႕ ေငြရွင္ေတြခမ်ာ ဖြတ္မရ ဓားမဆံုး ျဖစ္မိတာေတြ ကို ေတြ႔ရလို့ ဒီစာေလးေရးရျခင္းျဖစ္ပါတယ္။
ေငြေခ်းထားတဲ႕ေငြရွင္ေတြကိုေျပာလိုတာက တစ္ဖက္ေငြေခ်းသူက ဒီလိုေျပာလာရင္ လံုးဝစိတ္မပူပါ နဲ႕။ မေျကာက္ပါနဲ႕။ မိမိေခ်းထားတဲ႕ေငြေတြကို ရဲရဲဝံ႕ဝံ႕သာ ျပန္ေတာင္းပါ။ ေပးထားတဲ႕ေငြ ရဲ႕ အတိုးသာ မရရင္ေနပါမယ္။ အရင္းကေတာ့ေသခ်ာေပါက္ျပန္ရပါတယ္။ ေထာင္ ၅ႏွစ္ခ်လို့ရတယ္ဆိုတာက မိမိသည္ ေငြတိုးေခ်းစားခြင့္လိုင္စင္မရွိပါပဲလ်က္ ေငြတိုးေခ်းစားျခင္းကို လုပ္ငန္းတစ္ခုအေနနဲ႕ လုပ္ကိုင္သူကိုသာ ဆိုလိုျခင္းျဖစ္ျပီး မိတ္ေဆြ ကို ကူညီသည့္အေနျဖင့္ တခါတရံ ေငြေခ်းေပးတဲ႕သူ မပါဝင္ပါ။
ဒါေျကာင့္ေငြေခ်းေပးထားတာ ရွိရင္ ရဲရဲသာေတာင္းျကပါ။

( စာခ်ဳပ္ေရွ႔ေန)
.........
unicode


မဆပ်နိုင်ဘူး ကြိုက်တဲ့နေရာတိုင် ခညားတို့ငွေတိုးချေးစားထားတာ ထောင်ထဲ ၅ နှစ်ရောက်သွားမယ်။



ဒီလိုစကားတွေ ခဏခဏကြားနေရပါတယ်။ ဘယ်သူကစလိုက်တယ်မသိ။ ဒီစကားလေးက ငွေချေးသူတွေရဲ့ လက်သုံးစကား လက်နက် ကြီး ဖြစ်လို့။ ဒီတော့ ငွေရှင်ခမျာလည်း အတိုးလေးရလို့ ချေးမိတာ ။ အခုပြန်တောင်းတော့ တချိန်က မျက်နာ ငယ်လေးနဲ့ ကိုယ့်ဆီက ငွေချေးခဲ့တဲ့သူက အခုတော့ မျက်နာထားကြီးတင်းပြီး ကိုယ်ကပဲ သူဆီက ပြန်ချေးနေသလိုလို။ ဒီလိုတောင်းလို့မရရင် တရားစွဲတောင်းမယ်လို့ စိတ်ထဲက ပြင်ထားပေမယ့် တစ်ဖက်က အတိုးပါတဲ့အတွက် ထောင် ၅ နှစ် ချလို့ရ တယ်လို့ပြောလာတော့ စိတ်ထဲမှာ ချေးထားမိတဲ့ငွေ ကူညီပေးထားတဲ့ငွေလေး ပြန်မရနိုင်တော့ဘူးလား ဆိုပီး သောကအပူတွေဖြစ်။

အတိုးပါရင် ထောင် ၅ နှစ်ထိ ချလို့ရတယ်ဆိုတာ ဥပဒေ မှာ မရှိဘူးလား ဆိုရင် ရှိပါတယ်။ ဒါပေမယ့် ဒါကို ခုတုံးလုပ်ပီး ငွေချေးသူ တွေက ခြိမ်းခြောက်နေတာ တွေ့ရတော့ ကိုယ့်ဆီမှာ ရှိစုမယ့် လစာလေးနဲ့ ငွေလေးနဲ့ ခင်လို့ဖြစ်စေ အတိုးနည်းနည်းရရင်လည်း မဆိုးပါဘူး ဆိုပီး ထုတ်ချေးမိတဲ့ ငွေရှင်တွေခမျာ ဖွတ်မရ ဓားမဆုံး ဖြစ်မိတာတွေ ကို တွေ့ရလို့ ဒီစာလေးရေးရခြင်းဖြစ်ပါတယ်။

ငွေချေးထားတဲ့ငွေရှင်တွေကိုပြောလိုတာက တစ်ဖက်ငွေချေးသူက ဒီလိုပြောလာရင် လုံးဝစိတ်မပူပါ နဲ့။ မကြောက်ပါနဲ့။ မိမိချေးထားတဲ့ငွေတွေကို ရဲရဲဝံ့ဝံ့သာ ပြန်တောင်းပါ။ ပေးထားတဲ့ငွေ ရဲ့ အတိုးသာ မရရင်နေပါမယ်။ အရင်းကတော့သေချာပေါက်ပြန်ရပါတယ်။ ထောင် ၅နှစ်ချလို့ရတယ်ဆိုတာက မိမိသည် ငွေတိုးချေးစားခွင့်လိုင်စင်မရှိပါပဲလျက် ငွေတိုးချေးစားခြင်းကို လုပ်ငန်းတစ်ခုအနေနဲ့ လုပ်ကိုင်သူကိုသာ ဆိုလိုခြင်းဖြစ်ပြီး မိတ်ဆွေ ကို ကူညီသည့်အနေဖြင့် တခါတရံ ငွေချေးပေးတဲ့သူ မပါဝင်ပါ။

ဒါကြောင့်ငွေချေးပေးထားတာ ရှိရင် ရဲရဲသာတောင်းကြပါ။



( စာချုပ်ရှေ့နေ)

No comments:

Post a Comment