Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 23, 2018

ကိုယ်ဖောကိုယ်ရောင် ရောဂါပျောက်ဆေးနည်း

ရှေးခေတ်ဝါရင့်ပြီးမြန်မာ့ဆေးဆရာကြီးတို့ကကိုယ်ဖောကိုယ်ရောင်ခြင်းရောဂါကို
လိမ်းဆေးအမျိုးမျိုးနှင့်စမ်းသပ်၍ လိမ်းစေရန် ညွှန်ကြားကြ၏၊ မအောင်မြင်လျင် ဓာတ်စာကျွေး၍ ကုသလေ့ ရှိကြသည်၊

ဤတွင်ကြားရသောဆေးနည်းမျိုးစုံကိုဖော်ပြရလျင်ကုန်နိုင်ဖွယ်မရှိတော့ပါ၊လက်တွေ့အဖြစ်စိတ်ချရသောနည်းကောင်းတစ်ခုတည်းကိုသာ ဖော်ပြမည်။ ကိုယ်တွေ့ကိုသာ ပြောပြမည်။ ဤအရှင်သည် ၁၃၄၈ ခုနှစ်တွင် ခရီးရှည်ထွက်၍ တနင်္သာရီ တိုင်းမှ အပြန်ခရီး ရန်ကုန်မြို့ရောက်ပြီးလျင် ပြင်းထန်စွာ ဖျား၍ ရှေ့ခရီး ဆက်မသွားနိုင်တော့ပါ။ ရန်ကုန်မြို့ ဇီဝိတဒါန သံဃာ့ဆေးရုံကြီးသို့ တက်ရောက်၍ တလကျော်ကြာအောင် ကုသမှု ခံယူခဲ့ရသည်။ အဖျားရပ်ပြီ ဟုဆေးရုံမှ ဆင်းခဲ့ရ သော်လည်း ကျမ္မာရေး မကောင်းသေးပါ၊ အားအင်အလွန်ဆုတ်ယုတ်နေသည်၊ မတ်တပ်ရပ်လျင် ကြာကြာမရပ်နိုင်ပါ၊ ထိုင်ရသည်၊ ထိုင်ပြီးလျင် မိမိဘာသာ မထနိုင်ပါ၊ သူတပါး အကူအညီပေးမှ ထနိုင်သည်၊ အစာအာဟာရ စားနေရစေကာမူ ဘာစား၍မှ အရသာ ပေါ်လွင်ခြင်း ထင်ရှားမရှိပါ။

ခြေထောက်တွေ ဖောရောင်ခြင်း

ထို့ပြင် အဖျားကြီးကြီး ဖျားနာခြင်း ခံရပြီးလျင် နောက်ဆက်တွဲအနေဖြင့် ခြေထောက်တွေ ဖောရောင်လာသည်၊ ဆေးရုံမှ ဆင်းလျင် စမ်းချောင်းမှ တူမကြီး ဒေါ်ရင်ရင်သိန်းနှင့်း မြေး ကိုနေ၀င်းတို့အိမ်အပေါ်ထပ်၌ ကျောင်းအမှတ်ဖြင့် ခေတ္တရပ် ဆိုင်းနေ ၍ ရှေ့ခရီးဆက်ရန် စီစဉ်ရသည်။ ထိုအချိန်တွင် တူများမြေးများက သူတို့ကြားဖူးသော လိမ်းဆေးများ ရှာဖွေ၍ ခြေဖ မိုးဖောရောင်နေခြင်းကို လိမ်းပေးကြ၏၊ သက်သာလာမည်ဟုမျှော်မှန်းကြသည်၊ ဓမ္မဗျူဟာ စာစောင်ပိုင်ရှင် ဒေါ်သူဇာ တို့ မိသားစုကလည်း ဆေးဝါးများ ကျမ္မာရေး ဓာတ်စာများ နေ့စဉ်ပို့ပေး၍ ပြုစုပေးရှာကြပါ၏။

ဖောရောင်ရောဂါ လိမ်းဆေးအမျိုးမျိုး

ခရီးသွားနေစဉ် ရောဂါဖြစ်လာသည်မို့ ဆက်စရာရှိတာ ဆက်ရပေအုံးမည်၊ သို့ဖြင့် ရန်ကုန်မှ မန္တလေးမြို့၊ ရွှေဘိုမြို့၊ မုံရွာ မြို့၊ ထိုမှတဖန် မန္တလေးမြို့မှ ကလေးမြို့သို့ခရီးထွက်ခဲ့ရာ ကလေးမြို့မှ လျပ်စစ်ဗိုလ်တဲရိပ်သာ၌ တည်းခိုနေစဉ် သူတို့ ဒေသတွင် ရှိသော ဆေးအမျိုးမျိုး၊ ဆေးမြစ်အမျိုးမျိုးလိမ်းပေးကြ၍ အားမရကြသဖြင့် စုတ်ထိုးဆေးဆရာကလည်း သူ၏ လက်စွမ်းပြကာ စုတ်ထိုး၍ ကုသပေးလိုက်ပါသေး၏။

နောက်ဆုံးတွင် မိမိနေထိုင်သီတင်းသုံးရာဖြစ်သော ချင်းတောင်ပေါ် ခန္တီးတောင် တောရကျောင်းသို့ ရောက်လာပြန် တော့လည်း ဒကာ ဒကာမများက တောဆေးမြစ်၊ တောင်ဆေးမြစ်မျိုးစုံနှင့် လိမ်းပေးကြပြန်၏၊ ရောဂါပျောက်ကင်းသွားခြင်း မရှိပဲ စောင့် ကြည့်နေခဲ့ရာ ခြေဖမိုးမှ ခြေသလုံး၊ ဒူး၊ ပေါင်အထိ ယခင်ကထက် ပို၍ ဖောရောင်လာပုံကို သတိထားမိ ၏၊ နေရထိုင် ရ လေးလံခြင်း ထူးကဲလာသည်။

ယောင်္ကျားခြေထောက်၊ မိန်းမ မျက်နှာ

ကိုယ်ခန္ဓာဖောရောင်ခြင်းနှင့် စပ်လျင်း၍ ရှေးခေတ် သမားကျော်ကြီးများ၏ မှတ်တမ်းတွင် “ ယောင်္ကျားတို့ ကိုယ်ခန္ဓာ၌ ခြေထောက်မှ စတင်၍ တစ်ကိုယ်လုံး ဖောရောင်ခြင်းကို ကြောက်ရတယ်၊ သေတတ်တယ်၊ မိန်းမတို့ ကိုယ်ခန္ဓာ၌ မျက်နှာမှ စတင်၍ တကိုယ်လုံးဖောရောင်ခြင်းကို ကြောက်ရတယ် ” ဟူ၍ အဆိုရှိ၏။ ထို့ကြောင့် မတောက်တစ်ခေါက် ဆိုသလို တွေး ဆမိသည်။

မိမိမှာ ခြေဖမိုးမှ စတင်ဖောရောင်ခြင်းကြောင့် “ ငါ သေချိန်ရောက်ခဲ့ပြီလော ဟူ၍ တခါတရံ တွေးဆမိသည်၊ စိုးရိမ်ကြီးစိတ် မရှိပါ၊ အကြောင်းမှာ မိမိအမှန်သေရမည့် အချိန်ရောက်သောအခါ မသေမီ ၁၀-နှစ်မှ ကြိုတင်၍ သိနိုင်စွမ်း တစ်နည်းနည်း ရရှိပါစေသတည်း ” ဟု ဆုတောင်းခြင်းနှင့်တကွ သစ္စာပြုအဓိဋ္ဌာန်ချက် လေးလေးနက်နက် ပြုထားပြီးရှိ၏။

တစ်စုံတစ်ရာ အရိပ်နိမိတ်မပြ၊ အိပ်မက်ခြင်းလဲ မရှိ၊ ကမ္မဋ္ဌာန်းအာရုံတွင်လည်း မပေါ်ဖူးပါ၊ ထို့ကြောင့် ငါ မသေနိုင် သေးပါဘူး ဟူ၍ မိမိစိတ်အာရုံကို နှစ်သိမ့်မှု ဖြစ်စေပြီး စိတ်ရှင်းရှင်းထားနေလိုက်သည်။ ဤကား ရောဂါဝေဒနာ ပြင်းစွာ ခံစားနေကြရသော ဘ၀တူ ဂိလာနပုဂ္ဂိုလ်တို့အား နည်းပေးခြင်းပါတည်။

ပဲစိမ်းငုံပြုတ်၍စား၊ အကောင်းဆုံး လက်တွေ့ဆေး

ကံကောင်းချင်တော့ ခြေသလုံး၊ ဒူးပေါင်တွေ ဖောရောင်၍ နှစ်လကျော်ကြာပြီးသောအခါ ပဲစိမ်းငုံ ၂ ပြည်သားရောက်လာ၏၊ ဇာတိရွာမှ တပည့်ကျောင်းထိုင်ဘုန်းကြီး ဦးတိက္ခခရီးကြုံ၍ ကလေးဝမြို့ ရွှေမုဋ္ဌောကျောင်းမှ ဆွမ်းစားကျောင်း ဘုန်းကြီး ဦးဇဋိလက လှူလိုက်၍ ယူဆောင်ခဲ့သည်ဆို၏၊ လူပြောများကြ၍ ပဲစိမ်းငုံ အလုံးလိုက်နေ့စဉ် နို့ဆီဗူး တစ်ဘူးကျ ပြုတ်ပေး ကြ၏၊ အစမ်းသဘော စားလာခဲ့ရာ တစ်ပြည်သားခန့်ကုန်လျင် ပေါင်မှ စ၍ ဒူးဆစ်အထိ ဖောရောင်ခြင်း လျော့သွားပုံကို တွေ့မြင်ရ၏၊

စားနည်းမှာ ထူးထွေခြင်း မရှိပါ၊ ပဲလုံးဟင်းကဲ့သို့ ဆားနှင့် ဆီခပ်၍ ချက်ပေးကြရာ စား၍ကောင်း သောကြောင့် နေ့စဉ်ရက်ဆက် စားလာခဲ့သည်၊ ပဲ ၂ပြည်သားကုန်လျင် လုံးဝပျောက်ကင်းသွားပုံကို တွေ့မြင်ရ၏၊ ခြေဖမိုး ပါ ဖောရောင်ခြင်း မရှိတော့ပါ၊ အံ့သြစရာကဲ့သို့ပင် ဖြစ်သည်။
ထို့ကြောင့် စာဖတ်ပရိသတ်များအား နည်းပေးမည်၊ ခြေထောက်စသည်မှ တကိုယ်လုံး ဖောရောင်လာခဲ့လျင် ခရီးမရောက် တာတွေ လုပ်မနေပါနှင့်၊ ပဲစဉ်းငုံ အလုံးကိုသာ နေ့စဉ် နို့ဆီဘူး တဘူးခန့် ပြုတ်စားနေပါ။ လုံးဝပျောက် ကင်းမည် မှတ်ပါ။

သတိပြုရန်မှာ- ဖောရောင်ရောဂါ ရှိသူအားလုံး အသားစိမ်း ဟင်းစားခြင်း လုံးဝရှောင်ကြဉ်ရပါမည်။

တစ်ကိုယ်လုံး ဖောရောင်သူ ပျောက်၏

အလွန်အကျွံ တစ်ကိုယ်လုံးဖောရောင်နေသူတစ်ဦး ပျောက်ကင်းသွားပုံ လက်တွေ့မြင်ရဖူး၏၊ လွန်ခဲ့သော သုံးနှစ်ကျော်က ဤအရှင်၏ ရွှေဘိုနယ် ငွေတွင်းကုန်းရွာ၌တူအရင်း ဦးဂုံညှင်း၏ ဇနီး အသက်(၄၀) အရွယ် ဒေါ်အေးရှင်သည် ကိုယ်ဖော ရောင်ရောဂါဖြစ်ခဲ့ရာ သေပြီး အသုဘရုပ်ကောင်ကြီး ပုပ်ပွရောင်နေသကဲ့သို့ ကြည့်ဝံ့စရာ မရှိအောင်ပင် ဆိုးဝါးနေသည်။ ဦးဂုံညှင်းက ဆေးဆရာတွေ ခေါ်ယူ၍ ကုသစေ၏၊ ဆေးထိုးအပ်ကိုင်သူရော ဗိန္ဓောဆရာပေါက်စတွေရော သူတို့တတ် နိုင်သမျှဖြင့် ငွေကိုယူ၍ ကုသပေးကြ၏၊ သို့ရာတွင် သက်သာခြင်း မရှိပါ၊ တနေ့တခြား ပို၍သာ ဖောရောင်ခြင်း ကြီးမား လာပုံ မြင်ကြရ၏၊ အသက်ရှင်ဦးမည် ဟု မည်သူမှ မထင်ကြတော့ပါ။

သေကံမရောက် သက်မပျောက်

သေကံမရောက် သက်မပျောက် ဟူသကဲ့သို့ နောက်ဆုံးတွင် ပဲစဉ်းငုံအလုံးကို ရေနှင့်ပြုတ်၍ ကျွေးစမ်းကြည့်သည်၊ ရှေး လူကြီးတို့ ညွှန်ကြားချက်အရ ပဲပြုတ်ရေကိုလည်း သောက်စေသည်၊ ပဲပြုတ်ရေနှင့် ရေချိုးပေးသည်၊ ထိုအခါ သိသာအောင် တစ်နေ့တစ်ခြား သက်သာလာသည်၊ ပဲတစ်ပြည်သား မကုန်ခင် မသာကြီးပုပ်ပွနေသကဲ့သို့ အခြေဆိုးမှ လွတ်မြောက်လာပုံ တွေ့မြင်ကြရ၏။

ထိုအခါတွင် မသေတော့ပါဘူး ဟူ၍ ဦးဂုံညှင်းတို့ သားအဖက အားတက်လာကြပြီး ပဲစဉ်းငုံအလုံးကို နေ့စဉ်ပြုတ်၍ ရက် ဆက်ကာ ကျွေးမွေးလာခဲ့ကြရာ ပဲ နှစ်ပြည်သား ခန့်ကုန်လျင်ဖောရောင်ခြင်းအားလုံး လုံးဝပျောက်ကင်းသွားတော့၏။ ပကတိသော လူကောင်းဘ၀ကို ပြန်လည်ရောက်ရှိလာသည်၊ ယနေ့တိုင် အသက်ရှင်လျက် ကျန်းမာစွာ ရှိနေသည်၊ နောက် ထပ်ဖောရောင်ခြင်း မရှိတော့ပါ။
ထို့ကြောင့် ကိုယ်ဖောကိုယ်ရောင်ဖြစ်နေလျင် ပဲစဉ်းငုံပြုတ်ကို ရက်ဆက်စားပေးပါက အကောင်းဆုံးဆေးဖြစ်၍ မသေတော့ ဘူး မှတ်ပါ၊ အထူးသတိပြုရန်မှာ- ကိုယ်ဖောကိုယ်ရောင်ခြင်း ရောဂါဖြစ်နေလျင် အသားစိမ်း ငါးစိမ်းဟင်းများကို မစားပါ နှင့်၊ အသားစိမ်းများ စားလျင် ရောဂါတိုးပြီး သေသွားတတ်သည်၊ အလွန်ဆုံး (၄၇) ရက်သာ အသက်ရှင်နိုင်သည် ဟု ရှေးခေတ် သမားကျော်ကြီးတို့က မှာတမ်းပြုခဲ့ကြ၏၊ မယုံကြည်ပဲ အသားစိမ်းဟင်း စားကြသူတွေ သေသွား ကြသည် ချည်း တွေ့ရ၏။

တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရ၏ ကိုယ်တွေ့မှတ်တမ်းများ
နှာ-၁၆၀-၎