Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 12, 2018

ပိုမို အရြယ္က်ေစေသာ အေၾကာင္းရင္းမ်ား


ယေန႔ေခတ္ကဲ့သို႔ သုတ္သုတ္လုပ္၊ သုတ္သုတ္သြား၊ သုတ္သုတ္စားကာလမွာ လူသားတို႔အေနျဖင့္ စိတ္မထားတတ္ပါက ပတ္ဝန္းက်င္အစားအေသာက္ႏွင့္ ေနထိုင္မႈစ႐ိုက္မ်ားသည္ အသက္အရြယ္ကို အျမန္အိုမင္းရင့္ေရာ္ေစသည္။ ပတ္ဝန္းက်င္၊ ေနထိုင္မႈစ႐ိုက္၊ အစားအေသာက္၊ စားသံုးဆီ၊ မေကာင္းေသာ အဆီႏွင့္စနပ္မ်ား ခ်က္ျပဳတ္နည္းမ်ားအစရွိသျဖင့္ ခြဲ ျခားစိုးမိုးထားပါသည္။

ပတ္ဝန္းက်င္
ပတ္ဝန္းက်င္ကို ေရြးခ်ယ္ရခက္ခဲမည္ျဖစ္သည္။ ၿမိဳ႕ျပပတ္ဝန္းက်င္မွ ေလထုညစ္ညမ္းမႈကို မေရွာင္ႏိုင္ပါ။ ေကာင္းမြန္ေသာ ပတ္ဝန္းက်င္မွာ စက္႐ံုအလုပ္႐ံုနီးေသာ အရပ္တြင္မေနသင့္ပါ။ ေလေကာင္းေလသန္႔ရေသာ ကမ္းေျခႏွင့္နီးေသာၿမိဳ႕၊ ရြာမ်ားက ပိုၿပီးသင့္ေလ်ာ္ပါသည္။ ေပ်ာ္ရာမွာမေနေတာ္ရာမွာေနရဆိုေသာ စကားႏွင့္အညီ၊ လူတို႔သည္ မိမိတို႔ အလုပ္အကိုင္ႏွင့္အဆင္ေျပရာမွာ ေနထိုင္ၾကရပါသည္။


ေနထိုင္မႈစ႐ိုက္
လူသားတို႔ငယ္ရြယ္စဥ္ လူမွန္းသိတတ္ေသာ အခ်ိန္မွစ၍တစ္ကိုယ္ေရသန္႔ရွင္းမႈကို ဂ႐ုျပဳေဆာင္ရြက္ၾကရေပမည္။ လက္ဦးဆရာ မိဘမ်ား၏သင္ျပမႈ၊ ေက်ာင္းမွက်န္းမာေရးပညာေပးမႈတို႔ကို ဘဝတစ္ေလွ်ာက္လိုက္နာေဆာင္ရြက္သင့္ေပသည္။ လူသားတို႔ငယ္ရြယ္စဥ္ ကေလးဘဝမွစ၍ ကိုယ္လက္လႈပ္ရွားအားကစား ေန႔စဥ္ နာရီဝက္မွတစ္နာရီအေျပး၊လမ္းေလွ်ာက္၊ စက္ဘီးစီး၊ ေရကူးျပဳလုပ္ေပးသင့္သည္။ အသက္ႀကီးမွ ေရာဂါတစ္ခုခုရွိမွ ဆရာဝန္က ''ေလ့က်င့္ခန္းလုပ္ပါ ဆိုသည့္အခ်ိန္မွာ ထင္သေလာက္ မလုပ္ကိုင္ႏိုင္ၾက ေတာ့ပါ။ ငယ္ရြယ္စဥ္ ကတည္းက ေလ့က်င့္ခန္းလုပ္သူမ်ားမွာ အခက္အခဲမရွိဆက္လက္လုပ္ကိုင္ႏိုင္မွာ ျဖစ္သည္။

အစားအေသာက္
အစားအေသာက္မွ မသင့္ေသာအစားအစာမ်ားရွိ ေနသည္။ သၾကားဓာတ္မွာ တစ္ေန႔တာအတြက္ ဘယ္ႏွဇြန္းစားသလဲ အလြန္အေရးႀကီးသည္။ အေနာက္ႏိုင္ငံမ်ားတြင္ ေသြးတြင္းသၾကားဓာတ္ပမာဏလြန္ကဲေနပါက သင္၏႐ုပ္ရည္ကို အျမန္အိုမင္း ရင့္ေရာ္ေစသည္။ ေသြးအတြင္းသၾကားဓာတ္ (Blood Suger) မ်ားပါကသင္ႏွင့္သက္တူရြယ္တူထက္ အုိမင္းေနလိမ့္မည္။ ေသြးအတြင္း သၾကားတက္သည့္ တစ္သွ်ဴးမွ ေကာ္လဂ်င္ႏွင့္ေပါင္းၿပီး ပင္ကိုေကာ္လဂ်င္၏ေပ်ာ့ေပ်ာင္းလြယ္မႈ (Flexibility)ကိုက်ဆင္း ေစသည္။ ေကာ္လာဂ်င္၏ လုပ္ငန္းမ်ားမွသင့္ေလ်ာ္ ေသာအသားအေရကို ႏုပ်ိဳတင္းရင္းေစရန္ အထူးအေရးပါေသာ ဓာတ္ပစၥည္းျဖစ္သည္။ ေသြးတြင္းသၾကားဓာတ္မ်ားပါက အင္ဆူလင္ထုတ္လုပ္မႈႏႈန္းကို က်ဆင္းေစသျဖင့္ သင့္အား အိုမင္းေစသည္။ ယင္းအျပင္ႏွလံုးေရာဂါ၊ ဆီးခ်ိဳေရာဂါမ်ားပါျဖစ္လာေစႏိုင္သည္။


စားသံုးဆီ
က်န္းမာေရးႏွင့္ မညီၫြတ္ေသာ စားအုန္းဆီ (Unhealthy Vegetable Oil) မ်ား သံုးျခင္းျဖင့္ ခႏၶာကိုယ္အတြင္းဖရီးရယ္ဒီကယ္ (Free Radicals) မ်ားထြက္လာၿပီး ေအာက္ဆီဂ်င္ကိုခြဲယူအသံုး ျပဳသျဖင့္ပံုမွန္ဆဲလ္ (Cells) မ်ားေအာက္ဆီဂ်င္ကို အသံုးမျပဳႏိုင္၍ အျမန္အိုမင္းရင့္ေရာ္ေစသည္။ အေရ ျပားတြန္႔ျခင္း၊ အျမင္အာ႐ံုမႈန္ဝါးျခင္း၊ ဆံပင္ျဖဴျခင္းမ်ား ေစာစီးစြာျဖစ္ေပၚလာေစသျဖင့္ စားသံုးဆီကို မျပည့္ဝဆီ၊ ႏွမ္းဆီ၊ ေနၾကာဆီ၊ ေျမပဲဆီ၊ သံလြင္ဆီတို႔ကိုသာ အသံုးျပဳသင့္ပါသည္။


ေျမထဲပင္လယ္အစာ (Mediterranean Food)
ေျမထဲပင္လယ္အစာက အိုမင္းျခင္းကိုေရွာင္ လႊဲနုိင္သည္။ ပင္လယ္ငါး၊ သံလြင္ဆီႏွင့္ ဟင္းသီးဟင္းရြက္တို႔ သင့္႐ံုခ်က္ျပဳတ္စီစဥ္ထားျခင္းပဲျဖစ္ပါတယ္။ မေကာင္းေသာ အဆီျပည့္ဝဆီတို႔တြင္ အိုမီဂါ (၆) အဆီမ်ားစြာပါဝင္သျဖင့္ ဆိုးရြားေသာေရာဂါမ်ား ျဖစ္ေသာ ဆီးခ်ိဳေရာဂါ၊ အယ္ဇုိင္းမား (Alzheimer)ေရာဂါ၊ မွတ္ဥာဏ္ေစာစီးခ်ိဳ႕တဲ့ေရာဂါ၊ ႏွလံုးေသြး ေၾကာေရာဂါ၊ ေသြးတိုးႏွင့္ကင္ဆာေရာဂါမ်ားျဖစ္ေစႏိုင္သည္။ သင့္႐ံုမွ်ဆိုပါက ခႏၶာကိုယ္အတြက္ မသိသာေသာ္လည္း ယင္းထက္ပိုမ်ားလာပါက ဆိုးက်ိဳးမ်ားစြာ ရရွိႏိုင္ပါသည္။ က်န္းမာေရးအတြက္ မျပည့္ ဝဆီ၊ ေျမပဲဆီ၊ ႏွမ္းဆီ၊ ေနၾကာဆီတို႔ကို ေရြးခ်ယ္စားသံုးသင့္ပါသည္။


စနပ္ (Snap)
စနပ္ (Snap) အစာ(သို႔မဟုတ္) အလြယ္စား၍ ရေသာအစာမွာ ပါဝင္ေသာဆိုဒါ၊ ေဖာ့စပိတ္ႏွင့္ တာရွည္ခံေအာင္ျပဳလုပ္ထားေသာ အသင့္စား၊ အျမန္စား အစာ (ဟမ္ဘာဂါ၊ ဆင္ဒဝစ္၊ ပီဇာ၊ အာလူးေခ်ာင္း ေၾကာ္မ်ားသည္ လူကိုအခ်ိန္မတိုင္မီ အိုမင္းေစပါသည္။)


အစားအေသာက္မ်ားကိုခ်က္ျပဳတ္ေသာ အပူခ်ိန္
သင္ဝယ္ယူထားေသာအသား၊ ဟင္းသီးဟင္းရြက္တို႔သည္ သဘာဝစီမံထားေသာေအာ္ဂဲနစ္ (Organic Product )မ်ားျဖစ္ေသာ္လည္းခ်က္ျပဳတ္ ရာတြင္ အပူခ်ိန္ျပင္းထန္ပါက ယင္းတြင္ပါဝင္ေသာ သက္ေစာင့္ဓာတ္မ်ား သတၱဳဓာတ္မ်ားပ်က္စီးသြားသ ျဖင့္ က်န္းမာေရးႏွင့္မညီေသာ အစားအစာမ်ားျဖစ္သြားႏိုင္ပါသည္။ အပူခ်ိန္ျပင္းထန္ပါက (Advance Glycations End Products- AGES) ျဖစ္သြားၿပီး ခႏၶာကိုယ္တြင္းအႏၲရာယ္ျဖစ္ေစႏိုင္သည္။ သင္၏အစားအေသာက္မ်ားကို အပူခ်ိန္နည္းနည္းႏွင့္ ၾကာၾကာခ်က္ျပဳတ္ (Slow Cook) စားႏိုင္ျခင္းျဖင့္ ကာကြယ္ႏိုင္ပါသည္။


အစားအေသာက္မ်ားကိုျပဳတ္ျခင္း (Boiling)
အစားအေသာက္မ်ားကို ျပဳတ္ျခင္း၊ ေပါင္းျခင္း၊ ကင္ျခင္း၊ ေရေႏြးေငြ႔ေပးျခင္း (Steaming) လုပ္၍ စားေသာက္ပါက အရြယ္က်ေစျခင္းကိုေလ်ာ့နည္း ေစ၍ ဆီေၾကာ္မ်ားစားသံုးျခင္း ေရွာင္သင့္ပါသည္။


တီလိုမာ (Telomeres) နည္း
''တီလိုမာ'' စကားလံုးမွာ လူတို႔ခႏၶာ၊ ဘဝတစ္သက္တာအတြက္အေရးႀကီးသည့္ တီလိုမာ(Telomeres) သည္ခႏၶာကိုယ္ရွိ ဒီအင္န္ေအအမွ်င္တန္းမ်ားကို အကာအကြယ္ (Cup)အေနႏွင့့္ေဆာင္ရြက္သည္။ ယင္းမရွိပါက ဒီအင္န္ေအပံုစံ (DNA Strand) မ်ားပ်က္စီးဆံုး႐ံႈးရသည္။ လူတို႔အသက္အရြယ္ အိုမင္းလာသည္ႏွင့္အမွ် တီလိုမာမ်ားတျဖည္းျဖည္း ေလ်ာ့နည္းလာတတ္သည္။  လူသားတုိ႔သည္ တီလိုမာ(Telomers)မ်ား အခ်ိန္ေစာစြာ ပ်က္စီးေလ်ာ့နည္းသြားျခင္းကို ကာကြယ္ရန္လုိအပ္သည္။ သိပၸံနည္းအရ အသြင္ေျပာင္းအစာ (Proce ssed Food) မ်ားစားျခင္းအားျဖင့္ ''တီလိုမာ'' မ်ားေလ်ာ့ေစသည္။ အသြင္ေျပာင္းအစာ(Processed Food)  ေရွာင္၍၊ ေအာ္ဂဲနစ္သီးႏွံမ်ား ေရြးခ်ယ္စား သံုးျခင္းကပို၍ ေကာင္းမြန္ပါသည္။


အိုမင္းျခင္း (Graceful Aging)
အထက္ပါေဖာ္ျပပါ အေၾကာင္းရင္းမ်ားကို သိရွိၾကၿပီးေနာက္ ဗဟုသုတအသိပညာၾကြယ္ဝ၍ ေရွာင္ရွားသင့္သည္ကိုေရွာင္၊ ေဆာင္သင့္သည္ကို ေဆာင္ထားပါက ကြၽႏ္ုပ္တို႔၏ အိုမင္းျခင္းကိုတားဆီး ေလ်ာ့က်ႏိုင္ပါသည္။ အလံုးစံုေလ်ာ့က်ျခင္းမွာမူ မျဖစ္ႏိုင္ပါ။ ။

 ေဒါက္တာလြင္သန္႔(Democracy Today)


#Unicode Version#

ယနေ့ခေတ်ကဲ့သို့ သုတ်သုတ်လုပ်၊ သုတ်သုတ်သွား၊ သုတ်သုတ်စားကာလမှာ လူသားတို့အနေဖြင့် စိတ်မထားတတ်ပါက ပတ်ဝန်းကျင်အစားအသောက်နှင့် နေထိုင်မှုစရိုက်များသည် အသက်အရွယ်ကို အမြန်အိုမင်းရင့်ရော်စေသည်။ ပတ်ဝန်းကျင်၊ နေထိုင်မှုစရိုက်၊ အစားအသောက်၊ စားသုံးဆီ၊ မကောင်းသော အဆီနှင့်စနပ်များ ချက်ပြုတ်နည်းများအစရှိသဖြင့် ခွဲ ခြားစိုးမိုးထားပါသည်။

ပတ်ဝန်းကျင်
ပတ်ဝန်းကျင်ကို ရွေးချယ်ရခက်ခဲမည်ဖြစ်သည်။ မြို့ပြပတ်ဝန်းကျင်မှ လေထုညစ်ညမ်းမှုကို မရှောင်နိုင်ပါ။ ကောင်းမွန်သော ပတ်ဝန်းကျင်မှာ စက်ရုံအလုပ်ရုံနီးသော အရပ်တွင်မနေသင့်ပါ။ လေကောင်းလေသန့်ရသော ကမ်းခြေနှင့်နီးသောမြို့၊ ရွာများက ပိုပြီးသင့်လျော်ပါသည်။ ပျော်ရာမှာမနေတော်ရာမှာနေရဆိုသော စကားနှင့်အညီ၊ လူတို့သည် မိမိတို့ အလုပ်အကိုင်နှင့်အဆင်ပြေရာမှာ နေထိုင်ကြရပါသည်။


နေထိုင်မှုစရိုက်
လူသားတို့ငယ်ရွယ်စဉ် လူမှန်းသိတတ်သော အချိန်မှစ၍တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုပြုဆောင်ရွက်ကြရပေမည်။ လက်ဦးဆရာ မိဘများ၏သင်ပြမှု၊ ကျောင်းမှကျန်းမာရေးပညာပေးမှုတို့ကို ဘဝတစ်လျှောက်လိုက်နာဆောင်ရွက်သင့်ပေသည်။ လူသားတို့ငယ်ရွယ်စဉ် ကလေးဘဝမှစ၍ ကိုယ်လက်လှုပ်ရှားအားကစား နေ့စဉ် နာရီဝက်မှတစ်နာရီအပြေး၊လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးပြုလုပ်ပေးသင့်သည်။ အသက်ကြီးမှ ရောဂါတစ်ခုခုရှိမှ ဆရာဝန်က ''လေ့ကျင့်ခန်းလုပ်ပါ ဆိုသည့်အချိန်မှာ ထင်သလောက် မလုပ်ကိုင်နိုင်ကြ တော့ပါ။ ငယ်ရွယ်စဉ် ကတည်းက လေ့ကျင့်ခန်းလုပ်သူများမှာ အခက်အခဲမရှိဆက်လက်လုပ်ကိုင်နိုင်မှာ ဖြစ်သည်။

အစားအသောက်
အစားအသောက်မှ မသင့်သောအစားအစာများရှိ နေသည်။ သကြားဓာတ်မှာ တစ်နေ့တာအတွက် ဘယ်နှဇွန်းစားသလဲ အလွန်အရေးကြီးသည်။ အနောက်နိုင်ငံများတွင် သွေးတွင်းသကြားဓာတ်ပမာဏလွန်ကဲနေပါက သင်၏ရုပ်ရည်ကို အမြန်အိုမင်း ရင့်ရော်စေသည်။ သွေးအတွင်းသကြားဓာတ် (Blood Suger) များပါကသင်နှင့်သက်တူရွယ်တူထက် အိုမင်းနေလိမ့်မည်။ သွေးအတွင်း သကြားတက်သည့် တစ်သျှူးမှ ကော်လဂျင်နှင့်ပေါင်းပြီး ပင်ကိုကော်လဂျင်၏ပျော့ပျောင်းလွယ်မှု (Flexibility)ကိုကျဆင်း စေသည်။ ကော်လာဂျင်၏ လုပ်ငန်းများမှသင့်လျော် သောအသားအရေကို နုပျိုတင်းရင်းစေရန် အထူးအရေးပါသော ဓာတ်ပစ္စည်းဖြစ်သည်။ သွေးတွင်းသကြားဓာတ်များပါက အင်ဆူလင်ထုတ်လုပ်မှုနှုန်းကို ကျဆင်းစေသဖြင့် သင့်အား အိုမင်းစေသည်။ ယင်းအပြင်နှလုံးရောဂါ၊ ဆီးချိုရောဂါများပါဖြစ်လာစေနိုင်သည်။


စားသုံးဆီ
ကျန်းမာရေးနှင့် မညီညွတ်သော စားအုန်းဆီ (Unhealthy Vegetable Oil) များ သုံးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းဖရီးရယ်ဒီကယ် (Free Radicals) များထွက်လာပြီး အောက်ဆီဂျင်ကိုခွဲယူအသုံး ပြုသဖြင့်ပုံမှန်ဆဲလ် (Cells) များအောက်ဆီဂျင်ကို အသုံးမပြုနိုင်၍ အမြန်အိုမင်းရင့်ရော်စေသည်။ အရေ ပြားတွန့်ခြင်း၊ အမြင်အာရုံမှုန်ဝါးခြင်း၊ ဆံပင်ဖြူခြင်းများ စောစီးစွာဖြစ်ပေါ်လာစေသဖြင့် စားသုံးဆီကို မပြည့်ဝဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ မြေပဲဆီ၊ သံလွင်ဆီတို့ကိုသာ အသုံးပြုသင့်ပါသည်။


မြေထဲပင်လယ်အစာ (Mediterranean Food)
မြေထဲပင်လယ်အစာက အိုမင်းခြင်းကိုရှောင် လွှဲနိုင်သည်။ ပင်လယ်ငါး၊ သံလွင်ဆီနှင့် ဟင်းသီးဟင်းရွက်တို့ သင့်ရုံချက်ပြုတ်စီစဉ်ထားခြင်းပဲဖြစ်ပါတယ်။ မကောင်းသော အဆီပြည့်ဝဆီတို့တွင် အိုမီဂါ (၆) အဆီများစွာပါဝင်သဖြင့် ဆိုးရွားသောရောဂါများ ဖြစ်သော ဆီးချိုရောဂါ၊ အယ်ဇိုင်းမား (Alzheimer)ရောဂါ၊ မှတ်ဉာဏ်စောစီးချို့တဲ့ရောဂါ၊ နှလုံးသွေး ကြောရောဂါ၊ သွေးတိုးနှင့်ကင်ဆာရောဂါများဖြစ်စေနိုင်သည်။ သင့်ရုံမျှဆိုပါက ခန္ဓာကိုယ်အတွက် မသိသာသော်လည်း ယင်းထက်ပိုများလာပါက ဆိုးကျိုးများစွာ ရရှိနိုင်ပါသည်။ ကျန်းမာရေးအတွက် မပြည့် ဝဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ကို ရွေးချယ်စားသုံးသင့်ပါသည်။


စနပ် (Snap)
စနပ် (Snap) အစာ(သို့မဟုတ်) အလွယ်စား၍ ရသောအစာမှာ ပါဝင်သောဆိုဒါ၊ ဖော့စပိတ်နှင့် တာရှည်ခံအောင်ပြုလုပ်ထားသော အသင့်စား၊ အမြန်စား အစာ (ဟမ်ဘာဂါ၊ ဆင်ဒဝစ်၊ ပီဇာ၊ အာလူးချောင်း ကြော်များသည် လူကိုအချိန်မတိုင်မီ အိုမင်းစေပါသည်။)


အစားအသောက်များကိုချက်ပြုတ်သော အပူချိန်
သင်ဝယ်ယူထားသောအသား၊ ဟင်းသီးဟင်းရွက်တို့သည် သဘာဝစီမံထားသောအော်ဂဲနစ် (Organic Product )များဖြစ်သော်လည်းချက်ပြုတ် ရာတွင် အပူချိန်ပြင်းထန်ပါက ယင်းတွင်ပါဝင်သော သက်စောင့်ဓာတ်များ သတ္တုဓာတ်များပျက်စီးသွားသ ဖြင့် ကျန်းမာရေးနှင့်မညီသော အစားအစာများဖြစ်သွားနိုင်ပါသည်။ အပူချိန်ပြင်းထန်ပါက (Advance Glycations End Products- AGES) ဖြစ်သွားပြီး ခန္ဓာကိုယ်တွင်းအန္တရာယ်ဖြစ်စေနိုင်သည်။ သင်၏အစားအသောက်များကို အပူချိန်နည်းနည်းနှင့် ကြာကြာချက်ပြုတ် (Slow Cook) စားနိုင်ခြင်းဖြင့် ကာကွယ်နိုင်ပါသည်။


အစားအသောက်များကိုပြုတ်ခြင်း (Boiling)
အစားအသောက်များကို ပြုတ်ခြင်း၊ ပေါင်းခြင်း၊ ကင်ခြင်း၊ ရေနွေးငွေ့ပေးခြင်း (Steaming) လုပ်၍ စားသောက်ပါက အရွယ်ကျစေခြင်းကိုလျော့နည်း စေ၍ ဆီကြော်များစားသုံးခြင်း ရှောင်သင့်ပါသည်။


တီလိုမာ (Telomeres) နည်း
''တီလိုမာ'' စကားလုံးမှာ လူတို့ခန္ဓာ၊ ဘဝတစ်သက်တာအတွက်အရေးကြီးသည့် တီလိုမာ(Telomeres) သည်ခန္ဓာကိုယ်ရှိ ဒီအင်န်အေအမျှင်တန်းများကို အကာအကွယ် (Cup)အနေနှင့်ဆောင်ရွက်သည်။ ယင်းမရှိပါက ဒီအင်န်အေပုံစံ (DNA Strand) များပျက်စီးဆုံးရှုံးရသည်။ လူတို့အသက်အရွယ် အိုမင်းလာသည်နှင့်အမျှ တီလိုမာများတဖြည်းဖြည်း လျော့နည်းလာတတ်သည်။  လူသားတို့သည် တီလိုမာ(Telomers)များ အချိန်စောစွာ ပျက်စီးလျော့နည်းသွားခြင်းကို ကာကွယ်ရန်လိုအပ်သည်။ သိပ္ပံနည်းအရ အသွင်ပြောင်းအစာ (Proce ssed Food) များစားခြင်းအားဖြင့် ''တီလိုမာ'' များလျော့စေသည်။ အသွင်ပြောင်းအစာ(Processed Food)  ရှောင်၍၊ အော်ဂဲနစ်သီးနှံများ ရွေးချယ်စား သုံးခြင်းကပို၍ ကောင်းမွန်ပါသည်။


အိုမင်းခြင်း (Graceful Aging)
အထက်ပါဖော်ပြပါ အကြောင်းရင်းများကို သိရှိကြပြီးနောက် ဗဟုသုတအသိပညာကြွယ်ဝ၍ ရှောင်ရှားသင့်သည်ကိုရှောင်၊ ဆောင်သင့်သည်ကို ဆောင်ထားပါက ကျွန်ုပ်တို့၏ အိုမင်းခြင်းကိုတားဆီး လျော့ကျနိုင်ပါသည်။ အလုံးစုံလျော့ကျခြင်းမှာမူ မဖြစ်နိုင်ပါ။ ။



ဒေါက်တာလွင်သန့်

No comments:

Post a Comment