Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 12, 2018

အိမ္တက္မဂၤလာသိစရာ

ကမၻာေပၚရွိ လူမ်ိဳးတိုင္းလိုလိုပင္ အိမ္အေဆာက္အဦသစ္မ်ားကို ေဆာက္လုပ္ၿပီးစီးသည့္အခါ ‘အိမ္တက္မဂၤလာ’ ျပဳလုပ္ေလ့ရွိၾကသည္။

အေနာက္ႏိုင္ငံမ်ား၌ မိမိတို႔ႏွင့္နီးစပ္ရာ ေဆြမ်ိဳးညီအကို ေမာင္ႏွမ မိတ္ေဆြမ်ားကိုဖိတ္၍ အစားအေသာက္မ်ိဳးစံုျဖင့္ ဧည့္ခံျခင္း၊ဧည့္သည္မ်ားက လက္ေဆာင္ပစၥည္းမ်ားေပးျခင္းျဖင့္ ပါတီပြဲမ်ား ျပဳလုပ္ၾကပါသည္။

အိမ္တက္မဂၤလာဆိုရာ၌ အမွန္မွာ အိမ္သစ္ အိမ္ေဟာင္းကိုဆိုလိုျခင္းမဟုတ္ပါ၊ ေနရာသစ္ကိုသာ အဓိကဆိုလိုပါသည္။

အိမ္တက္မဂၤလာျပဳလုပ္ရျခင္း၏ ရည္ရြယ္ခ်က္မွာ မိမိတို႔၏ အိမ္နီးခ်င္းမ်ားႏွင့္ ရင္းႏွီးေအာင္ပင့္ဖိတ္ေကြ်းေမြး၍ မိတ္ဖြဲ႔ျခင္း၊ မိမိတို႔ဤေနရာသစ္သို႔ ေျပာင္းေရြ႕ေနထိုင္ေၾကာင္းကို အသိေပးျခင္းတစ္မ်ိဳးပင္ျဖစ္ပါသည္။

မိမိတို႔ျမန္မာႏိုင္ငံမွာမူ မ်ားေသာအားျဖင့္ နံနက္အခါ၌ မိမိတို႔ေနရာသစ္အိမ္သို႔ ရဟန္းသံဃာေတာ္မ်ားကို ပင့္ဖိတ္၍ ဆြမ္းကပ္ျခင္း၊ လွဴဖြယ္၀တၳဳ အစုစုတို႔ကို လွဴဒါန္းျခင္း၊ဖိတ္ထားေသာ ဧည့္သည္တို႔အား ဧည့္ခံေကြ်းေမြးျခင္း၊ ပရိတ္တရားေတာ္တို႔ကို နာယူျခင္း၊သတၱ၀ါတို႔ကို အမွ်ေပးေ၀ျခင္း၊ သာဓုေခၚျခင္းစသည္ျဖင့္ ဒါန သီလေကာင္းမႈအျဖာျဖာတို႔ကို အျမတ္တႏိုး ျပဳလုပ္ေလ့ရွိၾကပါသည္။

တခ်ိဳ႕ကမူ ညေနခ်မ္းအခါ၌ သံဃာေတာ္မ်ားကိုပင့္၍ သရဏဂံုသီလ ေဆာက္တည္ၾကလ်က္ အႏၲရာယ္ကင္းပရိတ္နာျခင္း၊ လွဴဖြယ္၀တၳဳမ်ား လွဴဒါန္းျခင္း၊ေရစက္ခ်အမွ်ေ၀ျခင္း စသည္ျဖင့္ အိမ္တက္မဂၤလာပြဲဆင္ႏႊဲၾကပါသည္။

အိမ္တက္မဂၤလာျပဳလုပ္ရာ၌ သံဃာေတာ္မ်ားက အိမ္သူအိမ္သားမ်ား ေဘးအႏၲရာယ္ကင္းရွင္း၍ က်က္သေရမဂၤလာအျဖာျဖာ တိုးတက္ၾကေစရန္ မဂၤလသုတ္ ရတနသုတ္ ေမတၱသုတ္ ပုဗၺဏွသုတ္စေသာ ပရိတ္ေတာ္မ်ားကို ေဟာၾကားၾကပါသည္။

သီရိလကၤာႏိုင္ငံ၌မူ အသစ္ေဆာက္လုပ္ထားေသာအိမ္ကို မိမိတို႔မေနထိုင္မီ ဆြမ္းစသည္ တာ၀န္ယူလ်က္၀ါတြင္းသံုးလပတ္လံုး သံဃာေတာ္မ်ားကို မိမိတို႔အိမ္သစ္၌ သီတင္းသံုးေစၿပီး ေန႔စဥ္ပရိတ္တရားနာယူၾက၍ ၀ါကြ်တ္ေသာအခါ ကထိန္သကၤန္းကိုပါ ဆက္ကပ္လိုက္ၾကသည္ဟု သိရပါသည္။

မိမိတို႔ေထရ၀ါဒဗုဒၶဘာသာ၀င္တို႔၏ ဤအစဥ္အလာမ်ားသည္ ေကာင္းျမတ္ေသာ ဓေလ့ထံုးစံမ်ားပင္ျဖစ္ပါသည္။

မိမိတို႔ေနထိုင္မည့္ေနရာသစ္၌ မိမိတို႔၏ပကတိမ်က္စိျဖင့္ မျမင္ႏိုင္ေသာ နတ္စေသာပုဂၢိဳလ္တို႔ရွိၾက၏၊ ထိုပုဂၢိဳလ္တို႔ႏွင့္ ရင္းႏွီးဖို႔ရန္ကား စားေသာက္ဖြယ္ရာတို႔ျဖင့္ ပင့္ဖိတ္ေကြ်းေမြး၍ မျဖစ္ႏိုင္ေသာေၾကာင့္ ကုသိုလ္ေကာင္းမႈျပဳ၍ အမွ်ေပးေ၀ရ၏။

ဤအမွ်ေပးေ၀ျခင္းသည္ပင္ သူတို႔ႏွင့္ ရင္းႏွီးေအာင္မိတ္ေဆြဖြဲ႔ျခင္း တစ္မ်ိဳးျဖစ္၏၊ ဤအခ်က္သည္ အိမ္တက္မဂၤလာျပဳလုပ္ရာ၌ အဓိကလိုအပ္ခ်က္ျဖစ္ပါသည္။

*********

ျမန္မာႏွစ္သစ္ကူးအႀကိဳ အိမ္ရာအေရာင္းပြဲေတာ္
ဘုရားရွင္ ပါဋလိရြာ၌ သီတင္းသံုေတာ္မူေနစဥ္ မဂဓႏိုင္ငံကို အစိုးရေသာ အဇာသတတ္မင္းႀကီး၏ အမတ္ႀကီးမ်ားျဖစ္ၾကေသာ သုနိဓပုဏၰားႏွင့္ ၀ႆကာရပုဏၰားတို႔သည္ ပါဋလိရြာငယ္ကို ၿမိဳ႕ကြက္ခ်၍ ၿမိဳ႕သစ္တည္ေထာင္ေနၾက၏။

ထိုအခါ နတ္တို႔သည္လည္း ပါဋလိရြာက အိမ္ရာတို႔ကို သိမ္းပိုက္လ်က္ ရွိၾကကုန္၏၊ တန္ခိုးႀကီးေသာနတ္တို႔ အိမ္ရာသိမ္းပိုက္ေသာ ရပ္ကြက္၌ အထက္တန္းစားမင္းႏွင့္ အမတ္ႀကီးတို႔ အိမ္ေဆာက္ရန္ စိတ္ညြတ္ၾကကုန္၏။

တန္ခိုးအလတ္စားနတ္တို႔ အိမ္ရာသိမ္းပိုက္ေသာအရပ္၌ အလတ္တန္းစားမင္းႏွင့္ အမတ္တို႔အိမ္ေဆာက္ရန္ စိတ္ညြတ္ၾကကုန္၏။

တန္ခိုးနည္းေသာနတ္တို႔ အိမ္ရာသိမ္းပိုက္ေသာရပ္ကြက္၌ ေအာက္တန္းစားမင္းႏွင့္ အမတ္တို႔ အိမ္ေဆာက္ရန္ စိတ္ညြတ္ၾကကုန္၏။

ဘုရားရွင္သည္ ဒိဗၺစကၡဳအဘိညာဥ္ျဖင့္ ထိုအေျခအေနမ်ားကို ျမင္ေတာ္မူ၍
“ အာနႏၵာ..မဂဓတိုင္းသား အမတ္ႀကီးမ်ားျဖစ္ေသာ သုနိဓႏွင့္ ၀ႆကာရ ပုဏၰားတို႔သည္ ပါဋလိရြာ၌ ၿမိဳ႕တည္ေဆာက္ေနသည္မွာ တာ၀တႎသာနတ္တို႔ႏွင့္ တိုင္ပင္၍ တည္ေဆာက္ေနၾကသကဲ့သို႔ ျဖစ္ေခ်၏” လို႔ မိန္႔ေတာ္မူေလ၏။

သုနိဓႏွင့္ ၀ႆကာရပုဏၰားတို႔သည္ ထိုတည္ေဆာက္ဆဲၿမိဳ႕၌ ေဘးအႏၲရာယ္ ကင္းရွင္း၍ က်က္သေရမဂၤလာ တိုးပြားေစရန္အလို႔ငွါ ဘုရားရွင္ႏွင့္တကြ သံဃာေတာ္မ်ားကို ပင့္ဖိတ္ၾကေလသည္။

ဘုရားအမွဴးရွိေသာ သံဃာေတာ္မ်ားသည္ အမတ္ႀကီးတို႔၏ အိမ္သစ္သို႔ ၾကြေတာ္မူၾက၍ ဆြမ္းဘုဥ္းေပးေတာ္မူသည္။

ဆြမ္းကိစၥၿပီးေတာ္မူေသာအခါ ဘုရားရွင္က…

“ ပုဏၰားတို႔ ပညာရွိသည္ အၾကင္အရပ္၌ အိမ္ရာေဆာက္လုပ္ေနထိုင္၏၊ ထိုေနရာသစ္၌ သီလရွိ၍ ကိုယ္ႏႈတ္ႏွလံုး ေစာင့္သံုးလ်က္ ျမတ္ေသာ အက်င့္ကို က်င့္ေသာပုဂၢိဳလ္တို႔ကို ဆြမ္းေကြ်းၿပီးလွ်င္ ထိုအရပ္၌ရွိၾကေသာ နတ္တို႔အား အလွဴ၏အဖို႔ဘာဂကို အမွ်ေ၀ရာ၏၊ ဤသို႔အမွ်ေ၀သည္ရွိေသာ္ နတ္တို႔သည္ ပူေဇာ္ခံရသျဖင့္ ထိုအမွ်ေ၀သူကို ျပန္လည္ပူေဇာ္ၾကကုန္၏၊ ျပန္လည္၍ ျမတ္ႏိုးၾကကုန္၏၊ မိခင္သည္ ရင္၀ယ္သားကို ေစာင့္ေရွာက္သကဲ့သို႔ နတ္တို႔သည္ ထိုအမွ်ေ၀သူကို ေစာင့္ေရွာက္ကုန္၏၊ နတ္တို႔ေစာင့္ေရွာက္ ခံရေသာသူသည္ အခါခပ္သိမ္း ေကာင္းျခင္းမဂၤလာတို႔ကိုသာ ျမင္ရေလ၏” လို႔ အိမ္တက္မဂၤလာတရားကို ေဟာၾကားေတာ္မူခဲ့ပါသည္။

သို႔ျဖစ္၍…

အိမ္တက္မဂၤလာပြဲ ဆင္ႏႊဲလွဴဒါန္းျခင္းသည္ ဘုရားရွင္လက္ထက္ေတာ္ကတည္းက စတင္၍ ယေန႔တိုင္ေအာင္လက္ခံက်င့္သံုလ်က္ရွိေသာ ေထရ၀ါဒဗုဒၶဘာသာ၏ ယဥ္ေက်းမႈတစ္ရပ္ ပင္ျဖစ္ပါသည္။

အေနာက္ႏိုင္ငံတခ်ိဳ႕၏ အိမ္တက္မဂၤလာပြဲ ဆင္ႏႊဲက်င္းပျခင္းသည္ သူတို႔၏ယဥ္ေက်းမႈ ဓေလ့ထံုးစံမွ်သာျဖစ္၍ ေထရ၀ါဒဗုဒၶဘာသာႏိုင္ငံမ်ား၏ အိမ္တက္မဂၤလာပြဲသည္ကား ယဥ္ေက်းမႈဓေလ့ထံုးစံကို ဘာသာေရးျဖင့္ အနားကြပ္ေပးေသာပြဲဟု ဆိုႏိုင္ပါေတာ့သည္။

အရွင္ေဃာသိတ ဘိုကေလး(ျခဴးပန္းအိမ္ ဓမၼစာေပ)


#Unicode Version#

ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းလိုလိုပင် အိမ်အဆောက်အဦသစ်များကို ဆောက်လုပ်ပြီးစီးသည့်အခါ ‘အိမ်တက်မင်္ဂလာ’ ပြုလုပ်လေ့ရှိကြသည်။

အနောက်နိုင်ငံများ၌ မိမိတို့နှင့်နီးစပ်ရာ ဆွေမျိုးညီအကို မောင်နှမ မိတ်ဆွေများကိုဖိတ်၍ အစားအသောက်မျိုးစုံဖြင့် ဧည့်ခံခြင်း၊ဧည့်သည်များက လက်ဆောင်ပစ္စည်းများပေးခြင်းဖြင့် ပါတီပွဲများ ပြုလုပ်ကြပါသည်။

အိမ်တက်မင်္ဂလာဆိုရာ၌ အမှန်မှာ အိမ်သစ် အိမ်ဟောင်းကိုဆိုလိုခြင်းမဟုတ်ပါ၊ နေရာသစ်ကိုသာ အဓိကဆိုလိုပါသည်။

အိမ်တက်မင်္ဂလာပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မိမိတို့၏ အိမ်နီးချင်းများနှင့် ရင်းနှီးအောင်ပင့်ဖိတ်ကျွေးမွေး၍ မိတ်ဖွဲ့ခြင်း၊ မိမိတို့ဤနေရာသစ်သို့ ပြောင်းရွေ့နေထိုင်ကြောင်းကို အသိပေးခြင်းတစ်မျိုးပင်ဖြစ်ပါသည်။

မိမိတို့မြန်မာနိုင်ငံမှာမူ များသောအားဖြင့် နံနက်အခါ၌ မိမိတို့နေရာသစ်အိမ်သို့ ရဟန်းသံဃာတော်များကို ပင့်ဖိတ်၍ ဆွမ်းကပ်ခြင်း၊ လှူဖွယ်ဝတ္ထု အစုစုတို့ကို လှူဒါန်းခြင်း၊ဖိတ်ထားသော ဧည့်သည်တို့အား ဧည့်ခံကျွေးမွေးခြင်း၊ ပရိတ်တရားတော်တို့ကို နာယူခြင်း၊သတ္တဝါတို့ကို အမျှပေးဝေခြင်း၊ သာဓုခေါ်ခြင်းစသည်ဖြင့် ဒါန သီလကောင်းမှုအဖြာဖြာတို့ကို အမြတ်တနိုး ပြုလုပ်လေ့ရှိကြပါသည်။

တချို့ကမူ ညနေချမ်းအခါ၌ သံဃာတော်များကိုပင့်၍ သရဏဂုံသီလ ဆောက်တည်ကြလျက် အန္တရာယ်ကင်းပရိတ်နာခြင်း၊ လှူဖွယ်ဝတ္ထုများ လှူဒါန်းခြင်း၊ရေစက်ချအမျှဝေခြင်း စသည်ဖြင့် အိမ်တက်မင်္ဂလာပွဲဆင်နွှဲကြပါသည်။

အိမ်တက်မင်္ဂလာပြုလုပ်ရာ၌ သံဃာတော်များက အိမ်သူအိမ်သားများ ဘေးအန္တရာယ်ကင်းရှင်း၍ ကျက်သရေမင်္ဂလာအဖြာဖြာ တိုးတက်ကြစေရန် မင်္ဂလသုတ် ရတနသုတ် မေတ္တသုတ် ပုဗ္ဗဏှသုတ်စသော ပရိတ်တော်များကို ဟောကြားကြပါသည်။

သီရိလင်္ကာနိုင်ငံ၌မူ အသစ်ဆောက်လုပ်ထားသောအိမ်ကို မိမိတို့မနေထိုင်မီ ဆွမ်းစသည် တာဝန်ယူလျက်ဝါတွင်းသုံးလပတ်လုံး သံဃာတော်များကို မိမိတို့အိမ်သစ်၌ သီတင်းသုံးစေပြီး နေ့စဉ်ပရိတ်တရားနာယူကြ၍ ဝါကျွတ်သောအခါ ကထိန်သင်္ကန်းကိုပါ ဆက်ကပ်လိုက်ကြသည်ဟု သိရပါသည်။

မိမိတို့ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ ဤအစဉ်အလာများသည် ကောင်းမြတ်သော ဓလေ့ထုံးစံများပင်ဖြစ်ပါသည်။

မိမိတို့နေထိုင်မည့်နေရာသစ်၌ မိမိတို့၏ပကတိမျက်စိဖြင့် မမြင်နိုင်သော နတ်စသောပုဂ္ဂိုလ်တို့ရှိကြ၏၊ ထိုပုဂ္ဂိုလ်တို့နှင့် ရင်းနှီးဖို့ရန်ကား စားသောက်ဖွယ်ရာတို့ဖြင့် ပင့်ဖိတ်ကျွေးမွေး၍ မဖြစ်နိုင်သောကြောင့် ကုသိုလ်ကောင်းမှုပြု၍ အမျှပေးဝေရ၏။

ဤအမျှပေးဝေခြင်းသည်ပင် သူတို့နှင့် ရင်းနှီးအောင်မိတ်ဆွေဖွဲ့ခြင်း တစ်မျိုးဖြစ်၏၊ ဤအချက်သည် အိမ်တက်မင်္ဂလာပြုလုပ်ရာ၌ အဓိကလိုအပ်ချက်ဖြစ်ပါသည်။

*********

မြန်မာနှစ်သစ်ကူးအကြို အိမ်ရာအရောင်းပွဲတော်
ဘုရားရှင် ပါဋလိရွာ၌ သီတင်းသုံတော်မူနေစဉ် မဂဓနိုင်ငံကို အစိုးရသော အဇာသတတ်မင်းကြီး၏ အမတ်ကြီးများဖြစ်ကြသော သုနိဓပုဏ္ဏားနှင့် ဝဿကာရပုဏ္ဏားတို့သည် ပါဋလိရွာငယ်ကို မြို့ကွက်ချ၍ မြို့သစ်တည်ထောင်နေကြ၏။

ထိုအခါ နတ်တို့သည်လည်း ပါဋလိရွာက အိမ်ရာတို့ကို သိမ်းပိုက်လျက် ရှိကြကုန်၏၊ တန်ခိုးကြီးသောနတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ အထက်တန်းစားမင်းနှင့် အမတ်ကြီးတို့ အိမ်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။

တန်ခိုးအလတ်စားနတ်တို့ အိမ်ရာသိမ်းပိုက်သောအရပ်၌ အလတ်တန်းစားမင်းနှင့် အမတ်တို့အိမ်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။

တန်ခိုးနည်းသောနတ်တို့ အိမ်ရာသိမ်းပိုက်သောရပ်ကွက်၌ အောက်တန်းစားမင်းနှင့် အမတ်တို့ အိမ်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။

ဘုရားရှင်သည် ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ထိုအခြေအနေများကို မြင်တော်မူ၍
“ အာနန္ဒာ..မဂဓတိုင်းသား အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရ ပုဏ္ဏားတို့သည် ပါဋလိရွာ၌ မြို့တည်ဆောက်နေသည်မှာ တာဝတိံသာနတ်တို့နှင့် တိုင်ပင်၍ တည်ဆောက်နေကြသကဲ့သို့ ဖြစ်ချေ၏” လို့ မိန့်တော်မူလေ၏။

သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် ထိုတည်ဆောက်ဆဲမြို့၌ ဘေးအန္တရာယ် ကင်းရှင်း၍ ကျက်သရေမင်္ဂလာ တိုးပွားစေရန်အလို့ငှါ ဘုရားရှင်နှင့်တကွ သံဃာတော်များကို ပင့်ဖိတ်ကြလေသည်။

ဘုရားအမှူးရှိသော သံဃာတော်များသည် အမတ်ကြီးတို့၏ အိမ်သစ်သို့ ကြွတော်မူကြ၍ ဆွမ်းဘုဉ်းပေးတော်မူသည်။

ဆွမ်းကိစ္စပြီးတော်မူသောအခါ ဘုရားရှင်က…

“ ပုဏ္ဏားတို့ ပညာရှိသည် အကြင်အရပ်၌ အိမ်ရာဆောက်လုပ်နေထိုင်၏၊ ထိုနေရာသစ်၌ သီလရှိ၍ ကိုယ်နှုတ်နှလုံး စောင့်သုံးလျက် မြတ်သော အကျင့်ကို ကျင့်သောပုဂ္ဂိုလ်တို့ကို ဆွမ်းကျွေးပြီးလျှင် ထိုအရပ်၌ရှိကြသော နတ်တို့အား အလှူ၏အဖို့ဘာဂကို အမျှဝေရာ၏၊ ဤသို့အမျှဝေသည်ရှိသော် နတ်တို့သည် ပူဇော်ခံရသဖြင့် ထိုအမျှဝေသူကို ပြန်လည်ပူဇော်ကြကုန်၏၊ ပြန်လည်၍ မြတ်နိုးကြကုန်၏၊ မိခင်သည် ရင်ဝယ်သားကို စောင့်ရှောက်သကဲ့သို့ နတ်တို့သည် ထိုအမျှဝေသူကို စောင့်ရှောက်ကုန်၏၊ နတ်တို့စောင့်ရှောက် ခံရသောသူသည် အခါခပ်သိမ်း ကောင်းခြင်းမင်္ဂလာတို့ကိုသာ မြင်ရလေ၏” လို့ အိမ်တက်မင်္ဂလာတရားကို ဟောကြားတော်မူခဲ့ပါသည်။

သို့ဖြစ်၍…

အိမ်တက်မင်္ဂလာပွဲ ဆင်နွှဲလှူဒါန်းခြင်းသည် ဘုရားရှင်လက်ထက်တော်ကတည်းက စတင်၍ ယနေ့တိုင်အောင်လက်ခံကျင့်သုံလျက်ရှိသော ထေရဝါဒဗုဒ္ဓဘာသာ၏ ယဉ်ကျေးမှုတစ်ရပ် ပင်ဖြစ်ပါသည်။

အနောက်နိုင်ငံတချို့၏ အိမ်တက်မင်္ဂလာပွဲ ဆင်နွှဲကျင်းပခြင်းသည် သူတို့၏ယဉ်ကျေးမှု ဓလေ့ထုံးစံမျှသာဖြစ်၍ ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ၏ အိမ်တက်မင်္ဂလာပွဲသည်ကား ယဉ်ကျေးမှုဓလေ့ထုံးစံကို ဘာသာရေးဖြင့် အနားကွပ်ပေးသောပွဲဟု ဆိုနိုင်ပါတော့သည်။
အရှင်ဃောသိတ ဘိုကလေး(ခြူးပန်းအိမ် ဓမ္မစာပေ)

No comments:

Post a Comment