Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 16, 2018

ဆံညှပ်ဋီကာ

မိန်းမ - ဆံပင်ညှပ်လိုက်ရင် ကောင်းမလား။
ယောက်ျား - ညှပ်ချင်ညှပ်လိုက်လေ။

မိန်းမ - ဒီလောက်ရက်ရှည်လများ ဒုက္ခခံပြီးထားထားရတာ
ယောက်ျား - အာ့ဆို မညှပ်နဲ့လေ။

မိန်းမ - အခုခေတ်က ဆံပင်တိုလေ ဖက်ရှင်ကျလေပဲ။
ယောက်ျား - အာ့ဆို ညှပ်လိုက်လေ။

မိန်းမ - မောင်က ဆံပင်အရှည်ကိုပဲကြိုက်တာ မဟုတ်လား။
ယောက်ျား - အာ့ဆို မညှပ်နဲ့လေ။

မိန်းမ - ကျမသူငယ်ချင်းက ကျမကို ဆံပင်အတိုနဲ့ လိုက်တယ်ပြောတယ်။
ယောက်ျား - အာ့ဆို ညှပ်လိုက်လေ။

မိန်းမ - ဆံပင်အတိုက ကျစ်ဆံမြီးမှ ကျစ်မရတာ။
ယောက်ျား - အာ့ဆို မညှပ်နဲ့လေ။

မိန်းမ - တစ်ခေါက်လောက် စမ်းညှပ်ကြည့်ရင် ကောင်းမလားလို့
ယောက်ျား - အာ့ဆို ညှပ်လိုက်လေ။

မိန်းမ - စမ်းကြည့်လိုက်မှ ပုံဆိုးပန်းဆိုးဖြစ်သွားရင်ဒုက္ခ
ယောက်ျား - အာ့ဆို မညှပ်နဲ့လေ။

မိန်းမ - ဒါမဲ့ လုပ်ဖူးလေ့ရှိသွားအောင် ညှပ်တော့ကြည့်ချင်တယ်။
ယောက်ျား - အာ့ဆို ညှပ်လိုက်လေ။

မိန်းမ - ရှင်ညှပ်ခိုင်းလို့ညှပ်ပြီး ပုံပျက်သွားရင် ရှင့်တာဝန်နော်။
ယောက်ျား - အာ့ဆို မညှပ်နဲ့လေ။

မိန်းမ - ဆံပင်တိုက ထိန်းရသိမ်းရတာတော့ သက်သာတယ်။
ယောက်ျား - အာ့ဆို ညှပ်လိုက်လေ။

မိန်းမ - ရုပ်ပျက်သွားမှာကိုပဲ စိုးနေတာ
ယောက်ျား - အာ့ဆို မညှပ်နဲ့လေ။

မိန်းမ - ကဲ အာ့ဆိုလည်း ဆုံးဖြတ်လိုက်ပြီ။ ညှပ်လိုက်တော့မယ်။
ယောက်ျား - အာ့ဆို ညှပ်လိုက်လေ။

မိန်းမ - ဘယ်တော့သွားရမလဲ။
ယောက်ျား - အာ့ဆို မညှပ်နဲ့လေ။

မိန်းမ - ရှင်ဘာပြောနေတာလဲ။ ကျမအမေအိမ် သွားမယ့်ကိစ္စပြောနေတာ။
ယောက်ျား - အာ့ဆို ညှပ်လိုက်လေ။

မိန်းမ - ရှင်ဘာဖြစ်နေတာလဲ??? ကြည့်ရတာ ရှင်ကျမပြောတာတွေကို အာရုံမရဘူးထင်တယ်။
ယောက်ျား - အာ့ဆို မညှပ်နဲ့လေ။

မိန်းမ - ယောက်ျား!!! ရှင်ခေါင်းရော ကောင်းသေးလား။
ယောက်ျား - အာ့ဆို ညှပ်လိုက်လေ။

စာဖတ်သူတွေ ရူး/မရူးတော့ မသိဘူး။

ဟိုလင်ယောက်ျားခင်မျာတော့ အခုရွာသားကြီးအရူးထောင်မှာ။ တစ်နေကုန် ဒါပဲထိုင်ပြောနေတယ်။
အာ့ဆို ညှပ်လိုက်လေ။
အာ့ဆို မညှပ်နဲ့လေ။
အာ့ဆို ညှပ်လိုက်လေ။
အာ့ဆို မညှပ်နဲ့လေ။
 YMH

No comments:

Post a Comment