Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 30, 2018

ဆရာလင်းသိုက်ညွှန့်ရှင့်..


ဆရာလင်းသိုက်ညွှန့်ရှင့်..
ဆရာ့ရဲ့ ဝက်ဘ်ဆိုက်အရဆို Doctor of Business Administration (Candidate) လို့ မရသေးတဲ့ ပါရဂူဘွဲ့ကို ကြိုရေးထားတာလည်း တွေ့ပါတယ်.. နိုင်ငံတကာမှာလည်း Thesis တင်ထားဆဲအနေမှာ PhD Candidate လို့ သုံးနှုန်းတာတွေ ရှိတော့ ဒါကို ကြွားလှချည်ရဲ့လို့ မတွေးမိအောင် နေလို့ရပေမယ့် မရသေးတဲ့ဘွဲ့ကိုတောင် ထည့်ရေးရဲသေးတာမှာ အဲ့ဒီမရသေးတဲ့ဘွဲ့ကို ပေးတဲ့ တက္ကသိုလ်နာမည်ကျ ဘာလို့မပါတာပါလဲ ဆရာကြီးလင်းသိုက်ညွှန့်ရှင့်.. လူတွေ လိုက်တက်မှာစိုးလို့များ ဆရာကြီးအနေနဲ့ ပညာလျှိုထားတာပါလားရှင်.. 🤔🤔
နောက်ပြီး Master of Political Management ကို ဖိလစ်ပိုင် Aldersgate University ကနေ ရခဲ့တယ်လို့ ရေးထားတော့ internet website တွေရဲ့ ဖော်ပြချက်အရဆို အဲ့ကျောင်းက ဖိလစ်ပိုင်မှာ တက္ကသိုလ်'၂၆၆ ကျောင်းရှိတာ အဆင့် ၂၅၈ ချိတ်တဲ့ကျောင်းပါ.. အောက်ဆုံးကရေရင် အဆင့်ကိုးပါ.. ဆရာလသညလို အင်မတန်ထူးချွန်ထက်မြက် ဟောပြောပွဲတွေ လုပ်နေသူအနေနဲ့ ဒီထက် Ranking ပိုကောင်းတဲ့ကျောင်းတွေ မရွေးဘဲ ဖိလစ်ပိုင်မှာတောင် အောက်ခြေနားကပ်တယ်လို့ ဖော်ပြခံရတဲ့ ကျောင်းကို ဘာလို့ ရွေးပါသလဲရှင့်.. 🙄🙄


ကျောင်းလခက တစ်နှစ် ဒေါ်လာတစ်ထောင်လောက်ပဲ ပေးရတဲ့ကျောင်းမို့ ရွေးရတာပါလားရှင့်.. ပြီးတော့ဇင်ဘာဘွေလို အာဖရိကနိုင်ငံမှာလည်း ဒီကျောင်းက ဘွဲ့အတုတွေ ပေးလွန်းလို့ သူတို့အစိုးရပိုင်းက ဒီကျောင်းအကြောင်း တပ်လှန့်ထားတာမျိုးတွေကို ဆရာမကြားမိလို့လားရှင့်.. ထပ်ပြောရရင် Aldersgate တက္ကသိုလ် ဝက်ဘ်ဆိုက်မှာ ဘွဲ့ရသူတွေကို စစ်ကြည့်လို့ရတာမှာ Lynn လို့ ရိုက်တဲ့အခါ တခြားမြန်မာကျောင်းသားတွေနာမည်ပဲ ပေါ်ပြီး ဆရာ့နာမည်ကတော့ Lynn ရော Thaikရော Nyunt ရော ရိုက်တာတောင် ပေါ်မလာတာ ဘာလို့လို့ ထင်ပါသလဲရှင့်.. ကျောင်းလခပေးရတာနည်းရင်တောင်၊ Ranking မကောင်းလှတဲ့ ကျောင်းဖြစ်တာတောင်ဆိုတောင် ဆရာ့နာမည်လေးတော့ ပေါ်လာသင့်တယ် မဟုတ်လားရှင့်., နာမည်စာလုံးပေါင်း မှားလို့လား/ ဆရာ့မှာ တခြားနာမည် ရှိသေးလို့ပဲ မပေါ်ရတာလားဆိုတာလေးပါ အလင်းပြပါဦး ဆရာလသညရှင့်..🤭🤭
(http://www.aldersgate.edu.ph/student-degree-verification-to…)
B.Sc (Hons) ဘွဲ့ကိုကျ London Metropolitan University ကနေ ယူလာတာကရော ဘာလို့များ အဲ့ကျောင်းကို ရွေးခဲ့ရတယ်ဆိုတာလေးရော သိရမလားရှင့်.. ဘာလို့လဲဆို အဲ့ဒီကျောင်းက Entry Standard, Graduate Prospects, Academic Services Spend, Good Honours, Research Intensity, Student-Staff Ratio, Degree Completion ဆိုတာတွေမှာ အမြဲလို အောက်ဆုံးနားကပ် 1star လောက်ပဲ ရတဲ့အခြေအနေနဲ့ ကျောင်းကို ဘာလို့ ရွေးရပါသလဲရှင့်.. အထူးသဖြင့် တက္ကသိုလ် ၁၃၁ ခုမှာ အဆင့် ၁၃၁ ရောက်နေတဲ့ ယူကေက ဘိတ်ချေးတန်းတက္ကသိုလ်မှာမှ ဘာလို့ ဘွဲ့ယူခဲ့တာပါလဲရှင့်..😢😢(https://www.thecompleteuniversityguide.co.uk/london-metrop…/)
ဆရာ့ website အရဆို ရန်ကုန်တက္ကသိုလ်မှ LL.B ဘွဲ့လို့ ရေးထားပေမယ့် ဖတ်ဖူးတဲ့ဂျာနယ်တချို့မှာကျ ဆရာက DSA တဝက်တပျက် တက်ရာကနေ ထွက်ပြီး အဝေးသင်နဲ့ ကျောင်းပြီးထားတာလို့ သိရတာမို့ ဒီဘွဲ့ကရော အဝေးသင်/ စာပေးစာယူဘွဲ့ ဟုတ်/မဟုတ်လေးလည်း အတည်ပြုပေးစေလိုပါတယ်ရှင့်.. ဟုတ်ခဲ့ရင်လည်း ဆရာ့Website မှာ academic background လေးကို သေချာ update ဖြစ်စေချင်ပါတယ်.. 🧐🧐
နောက်ပြီး NCC (UK) မှ IDEC, IADCS ဆိုတာကို ဆရာ ဘာ့အတွက် အဲ့ဒီပလိုမှာတွေ ယူတယ်မသိပေမယ့် လက်ရှိယူကေမှာတော့ အဲ့ဒါက ဆယ်ယောက်မေးလို့ ကိုးယောက်သိနိုင်ခဲတဲ့ ဒီပလိုမာတွေပါ ဆရာ.. အဲ့လိုမသိကြရတာကလည်း ဒီဒီပလိုမာကြီးက သိပ်ခက်/ သိပ်တော်မှရကြလို့ မဟုတ်ဘဲ နာမည်ကို မကြီး လူကြိုက်ကို မများလှတာပါဆရာ.. ပိုက်ဆံရှိရင်တော့ ရှိသမျှ ဒီပလိုမာအကုန်တက်လည်း ဘာမှတော့ မဖြစ်ပါဘူးဆရာ.. အခုလို ပရိုဖိုင်မှာ အရှည်ကြီးထည့်လို့ရတာလည်း တင့်တယ်တာပဲ မဟုတ်လား ဆရာ..🤔
ဆရာလင်းသိုက်ညွှန့်ရဲ့ Diploma တွေအကြောင်းဆက်ရရင် " Association of Business Executives (UK) မှ၊ Advanced Diploma in Business Management တို့ကိုရရှိခဲ့ပြီး ၂၀၁၀ ခုနှစ် ဇွန်လတွင် Association of Business Executives (UK) ၏ Advanced Diploma in Business Management စာမေးပွဲ SHRM ဘာသာရပ်၌ ကမ္ဘာ့အမှတ်အများဆုံး (World First) ရရှိခဲ့သည်။" လို့ ရေးထားပါတယ်..
တကယ်ဆို Association of Business Executives (UK) မှ၊ Advanced Diploma in Business Management ရပြီး ထိုစာမေးပွဲတွင် SHRM ဘာသာရပ်၌ ကမ္ဘာ့အမှတ်အများဆုံး (World First) ရရှိခဲ့သည်။ လို့ ရေးရင်ရော မလုံလောက်နိုင်ဘူးလားရှင့်.. အခုက မသိရင် Advanced Diploma နှစ်ခု နှစ်ခါရသယောင်ကြီး ဖြစ်နေပါတယ်ရှင့်.. အကယ်၍ ပိုရှည်ရှည်ရေးချင်ရင်တော့ SHRM ကိုပါ Strategic Human Resource Management လို့ ရေးလို့ရပါတယ်လို့ ထွန်ကျူးပါရစေဆရာ.. 😄😄
ခုက SHRM ကလည်း ရုတ်တရတ်ဖတ်ရင် နာမည်ကြီး Society of Human Resources Management (SHRM certified) လိုပါ ဖြစ်နေတော့ အားရစရာကြီးပေါ့ဆရာ.. ABE နဲ့ SHRM ဘယ်နှစ်ဆလောက် ဘယ်လိုကွာပြီး ဘယ်ဟာက ဘယ်လိုပိုခက်တယ်ဆိုတာတော့ HR လောကထဲက လူတွေ အသိဆုံးနေမှာပါ ဆရာ.. ယူကေမှာတော့ ABE ဒီပလိုမာက အသိအမှတ်အပြုမခံရဘူးလားဆို အသိအမှတ်တော့ ပြုပါတယ်ဆရာ.. ဒါပေမယ့် အဲ့ဒီပလိုမာကြီး ကိုင်ပြီး မာစတာပြေးတက်ခွင့်ပေးတဲ့တက္ကသိုလ်ကတော့ အင်မတန်မှကို လက်ချိုးရေလို့ ရပါတယ်ဆရာ.. ABE မှာ တဘာသာတည်းမကလို့ ဘာသာစုံ world First ရလည်း ရိုးရိုးဘွဲ့ရသူနဲ့ ယှဉ်ရင် ရိုးရိုးဘွဲ့ရသူကမှ မာစတာတန်းတက်ခွင့်ရကြောင်း ပိုများနိုင်ကြောင်းလေးတော့ ကြုံတဲ့အခါ ထည့်ပြောပေါ့ ဆရာ.. မကြုံလည်း ရှိပါစေ ဆရာ.. ပိုးရဲ့ ABE Advanced Diploma လက်မှတ်ကတော့ ဖုန်တောင် တက်နေပေမယ့် ABE Dip လေးတစ်ခုရတာ မဟာအရှည်ကြီး ရေးလို့ရကြောင်း အခုလို သင်ယူလေ့လာခွင့်ရတာလည်း အင်မတန် ဝမ်းသာမိပါတယ်ဆရာ..😁😁
လျှာရှည်လက်စနဲ့ ဆက်လျှာရှည်ရရင် ဆရာ့ရဲ့ www.lynnthaiknyunt.com က ဆရာ့ရဲ့ ကိုယ်ရေးအကျဉ်းမှာလေ တက္ကသိုလ်ကို Univeristy လို့ ရေးထားပြီး စာလုံးပေါင်းကြီး မှားနေတယ်ရှင့်.. အားတဲ့အခါကျ ပြင်ပါဦးဆြာ.. 😁😁😂
(ဒါက အားလို့ရေးတဲ့စာ.. ခဏနေ ပြန်ဖျက်မှာနော်.. ) 😝

No comments:

Post a Comment