Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 30, 2018

ဆရာဝန်​များအတ္တဆန်​ခဲ့တာ​ကြောင့်​ ကျောင်းသားတစ်ဦး အသက်​ပေးလိုက်​ရ










 Thutasone


#Unicode Version#

ယခုလိုဆရာဝန်မျိုးတွေနဲ့ မိဘပြည်သူများ နောက်နောင်မတွေ့ပါရစေနဲ့ လူစ်တ်မရှိတဲ့ဆရာဝန်များ မိသားစုများအပါဝင် သူတို့ပါဝဋ်လည်နိုင်ပါစေ ပြည်ထောင်စုအစိုးရ၊တိုင်းဒေသကြီးအစိုရ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန များအနေဖြင့် ယခုလိုဆရာဝန်များကို ထိရောက်စွာ အရေးယူဖို့လိုမည်။

အထက်အကြောင်းရာပါကိစ္စနှင့်ပတ်သက်၍ပဲခူးတိုင်းဒေသကြီးမိုးညိုမြို့နယ် ၊ကျောက်ဝအုပ်စု သိမ်ကုန်းကျေးရွာနေ (အဘ) ဦးသန်းဌေး၏သားဖြစ်သူ မောင်စိန်ဝင်း (ခ)မောင်စွမ်းထက်အောင်သည် နဝင်မတန်းအရွယ်ဖြင့် ပညာသင်ယူနေစဉ်….

(16-11-2018)ကျေးရွာနေအိမ်၌ အူအတက်ပေါက်၍(17)ရက်နေထိ(2)ရက်ကြာခဲကြောင်းသိရသည်။ (18)ရက်နေ့တွင်ပတ္တော်အုပ်စု တိုက်နယ် ပြည်သူဆေးရုံတွင်ဆေးကုသမူခံယူ ရာတွင်ဆေးရုံမှဆရာဝန်နှင့် လက်ထောက်ဆရာဝန်များတို့သည် ပြုစုစောင့်ရှောက်မူလိုအပ်မူကြောင့်

လူနာစောင့် ဖခင်ဖြစ်သူနှင့် မိခင်တို့မှ သားဖြစ်သူ၏ဝေဒနာကိုမခံစားနိုင်၍ မကြာခဏ ဆရာဝန်များကိုသွားပြောရာတွင် ခဏခဏလာပြောရမလားဆိုရာ ဆရာဝန်များက စိတ်တိုလာ၍ ကျွန်မတို့ကုတာမကြိုက်ရင် ကြိုက်တဲ့ဆေးရုံကို ပြောင်းတက် ဘယ်တော့မှ ဆေးရုံကိုလာနဲ့ဟု ဆရာဝန်များက မောင်းထုတ်ခဲ့ကြကြောင်း သိရှိရပါသည်။

မောင်းထုတ်ခံလိုက်ရသော  မောင်စိန်ဝင်း (ခ)မောင်စွမ်းထက်အောင် မိခင် ဖခင်တို့မှာ ငွေကြေးမတတ်နိုင်တဲ့မိသားစုတစ်ခုဖြစ်ပါတယ် ဆရာဝန်များဆဲဆိုမောင်းထုတ်ခဲ့ပြီးနောက်….

3ရက်မြောက်နေ့တွင် ၎င်းဆေးရုံ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်မက သူမ၏မြို့ကိုပြန်သွားခဲ့ပြီး ကျန် 4ရက်တို့မှာ ယခုလူနာကိုဖုန်းဖြင့် ညွန်ကြားကာဆေးကုသမူပေးခဲ့ကြောင်းသိရှိရသည်။

သို့သော်လည်း လူနာအခြေနေမှာ ပို၍ဆိုးလာသဖြင့် လွဲစာကိုဖုန်းဖြင့်တောင်းကာ 23 ရက်နေ့တွင် သိမ်ကုန်းကျေးရွာမှ ဆရာတော်ဦးဆောင်၍ ပြည်မြို့ပြည်သူ့ဆေးရုံသို့ အခမဲ့ပို့ဆောင်ခဲ့ကြပြီး 26ရက်နေ့တွင် ၎င်းလူနာကိုခွဲစိတ်ကုသ၍27ရက်နေ့ ညနေ 3နာရီအချိန်ခန့်တွင် ကွယ်လွန်သွားခဲ့ပါသည်။

သို့ဖြစ်ပါ၍ မိခင်စိတ် လူသားကိုချစ်မြတ်နိုးတဲ့စိတ်မရှိသည် ဆရာဝန်တို့အား အရေးယူတောင်ရွက်ပေးနိုင်စေရန် တင်ပြအပ်ပါသည်။်ပြည်သူဆေးရုံသို့ဆေးကုသမုခံယူရာတွင်ဆရာဝန်နှင့်လက်ထောက်များလို့ သတင်းတွေ့ရှိပါသည်။

No comments:

Post a Comment