CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, November 30, 2018
Betex ေသာက္ေသာက္ေနတတ္တဲ့ ကိုယ့္ဆရာျကီးေတြ ဖတ္သင့္ပါေျကာင္း…
Betex(Vitamin B1,B6,B12) အာရံုေၾကာအားေဆး
ဆရာ Betexေဆးက ေခါင္းမူးေခါင္းကုိုက္၊ ဇက္ေက်ာတက္ ေပ်ာက္ကင္းပါေစသလား
ေရရွည္ေသာက္ရင္ေကာ အစာအိမ္ထိခိုက္နိုင္ပါသလား….
ဆရာဝန္နဲ႕သြားျပေတာ့ ဒီေဆးကို ဆြဲေသာက္ရမယ္ေျပာပါတယ္။က်ေနာ္အသက္၃၅နွစ္၊အိမ္ေထာင္မရွိပါ။အေၾကာင္းျပန္ေပးေစလိုပါတယ္။
Betexဆိုတာ ဗီတာမင္ဘီ သံုးမ်ိဳးကို အခ်ိဳးက်ေပါင္းစပ္ထားတဲ့ အာရံုေၾကာေဆး တမ်ိဳးပါ။ အာရံုခံဆဲလ္၊နာ့ဖ္ဆဲလ္ေတြရဲ႕ ဇီဝျဖစ္ပ်က္မႈေပၚ အက်ိဳးသက္ေရာက္တယ္။
နာတာရွည္ ထံုက်င္၊ေညာင္းညာကိုက္ခဲ၊အေၾကာတင္းေနသူ၊ ထိေတြ႕မႈအာရံုနည္းပါးသူ၊အသက္အရြယ္ၾကီးသူေတြမွာ လိုအပ္တဲ့ ဗီတာမင္ ဘီဝမ္း၊စစ္၊တြဲကို အခ်ိဳးက်ေပါင္းစပ္ထားတယ္။
neurobion အျပာကဒ္၊neurorubin,neurovitဆိုတဲ့ကဒ္ေတြနဲ႕ ပါဝင္တာ အတူတူပါပဲ။ ကြာျခားတာက ေစ်းႏႈန္းနဲ႕ ကဒ္ေပ်ာ့ျဖစ္ေနတာေလာက္ပါပဲ။
ျမန္မာနိုင္ငံက ဆရာဝန္အမ်ားစုက အသက္ၾကီးသူအတြက္ အာရံုေၾကာအားေဆးထည့္တဲ့အခါ neurobion အျပာကဒ္(သို႕) Betex ကို အသံုးျပဳၾကတယ္။
Betex က neurobionထက္ သံုးဆမက ေစ်းပိုၾကီးတယ္။ ထိုင္းနိုင္ငံFavorexက ထုတ္လုပ္ထားတယ္။
Betexထဲမွာ ပါဝင္တာေတြက-
Vitamin B1(thiamine mononitrate) 100mg
Vitamin B6(pyridoxine) 200mg
Vitamin B12(cyanocobalamine) 200mcg စတာေတြ ျဖစ္ပါတယ္။ဗီတာမင္ဘီရဲ႕ အာနိသင္ေတြက မ်ားတယ္။
သက္ရွိဆဲလ္တိုင္းရဲ႕ စြမ္းအင္အတြက္ ဗီတာမင္ဘီ လိုအပ္ပါတယ္။ ဆဲလ္ေတြရဲ႕ ဇီဝျဖစ္ပ်က္မႈအတြက္ အေရးပါတယ္။
စားလိုက္တဲ့ ကာဗိုဟိုက္ဒရိတ္က စြမ္းအင္ထုတ္ရာမွာ အဓိကအခန္းက႑က ပါဝင္ကူညီေပးေနတယ္။
မ်ိဳးဗီဇဖြဲ႔စည္းတည္ေဆာက္ျခင္းျဖစ္စဥ္မွာလည္း အေရးၾကီးျပန္တယ္။ နာဖ့္ဆဲလ္ေတြမွာရွိတဲ့ acetylcholine ဖြဲ႕စည္းရာမွာလည္း ပါဝင္တယ္။
အာရံုေၾကာနဲ႕ ၾကြက္သားလုပ္ေဆာင္ခ်က္ေကာင္းမြန္ေစဖို႕ ကူညီေပးတယ္။
နာ့ဖ္ေၾကာမွ်င္၊နာ့ဖ္ကို အုပ္ထားတဲ့ မိုင္ရာလင္ အလႊာ(myelin sheath)ေတြကို ျပန္လည္တည္ေဆာက္ေပးတယ္။ ျပဳျပင္ေပးတယ္။
အရက္၊ေဆးဝါး၊ဆီးခ်ိဳသမားေတြမွာ ျဖစ္ေလ့ရွိတဲ့ mono and polyneuropathics အာရံုေၾကာေရာင္ရမ္းပ်က္ဆီးျခင္းအတြက္ ေကာင္းမြန္ေစတယ္။
အာရံုေၾကာ အဖဲြ႕အစည္းမွာ အေရးပါတဲ့ GABA၊dopamineနဲ႕ serotoninဓာတ္ေတြဖြဲ႕စည္းဖို႕ လည္း ကူညီလုပ္ေဆာင္ေပးတယ္။
ဦးေနွာက္နဲ႕အာရံုေၾကာေရာဂါေတြမွာ အဓိက အေထာက္အကူေပးတယ္။
အသံုးဝင္ပံု…
-ေျခဖ်ား၊လက္ဖ်ား ထံုက်ဥ္ကိုက္ခဲျခင္း၊
-ပူစပ္ပူေလာင္ ျဖစ္ျခင္း၊
-အာရံုေၾကာေရာင္ရမ္းျခင္း၊
-အာရံုေၾကာအားနည္းျခင္း၊
ဗီတာမင္ဘီ လိုအပ္သူမ်ား…
-အရက္အလြန္အကၽြံေသာက္သံုးသူ၊
-ဆီးခ်ိဳေရာဂါသည္၊
-အသက္ၾကီးရင့္သူ၊
-ဘီတာမင္ဘီ ခ်ိဳ႕တဲ့သူ၊
-နာတာရွည္ ေရာဂါသည္၊
ေဆးညႊန္း…..
တခါေသာက္ တလံုး၊တေန႕ ၂-၃ၾကိမ္ အစာစားျပီး ေသာက္ပါ။ ေရရွည္စြဲေသာက္နိုင္ပါတယ္။
ဝါးစားတာ၊အမႈန္႕ၾကိတ္တိုက္တာေတြက ေဆးအာနိသင္ကို ေလွ်ာ့ပါးေစမယ္။
ကိုယ္ဝန္ေဆာင္ေတြ တေန႕ တၾကိမ္(သို႕) နွစ္ၾကိမ္ေသာက္သံုးနုိင္တယ္။
ပါဝင္တဲ့ ပမာဏဟာ လိုတာထက္ပိုမ်ားလို႕ ကေလးေတြမွာ သတိထားတိုက္ေကၽြးရမယ္။
အာရံုေၾကာေဆးေတြကို ဆရာဝန္ညႊန္ၾကားခ်က္နဲ႕ ေသာက္သံုးသင့္တယ္။
ေဘးထြက္ဆိုးက်ိဳး…..
-ေခၽြးထြက္မ်ားတာ
-နွလံုးခုန္ျမန္တာ
-ရင္တုန္တာ
-အေရျပားယားယံတာ
-အင္ျပင္ထြက္တာ
Vitamin B6ပါတဲ့အားေဆးေတြကို L-dopaေဆးနဲ႕ တြဲမေသာက္သင့္ဘူး။ L-dopaရဲ႕ အာနိသင္ ယုတ္ေလွ်ာ့ေစမယ္။
ေရမွာေပ်ာ္ဝင္တာေၾကာင့္ ေတာ္ရံုမ်ားတာေလာက္ကို ခႏၶာကို္ယ္က စြန္႕ထုတ္နိုင္တယ္။
ေမးသူအတြက္ ေျဖၾကားခ်က္……
-ေခါင္းမူး၊ေခါင္းကိုက္ကို သက္သာေစတာေတာ့ မဟုတ္ပါ။
-ဇက္ေက်ာ၊ဂုတ္ေက်ာတက္သူမ်ားကို ေပးေလ့ရွိတယ္။
-ထံုက်ဥ္တဲ့ေဝဒနာေတြကို အဓိကသက္သာေစတယ္။
-အထူးသျဖင့္ အာရံုေၾကာေရာင္ရမ္းတယ္လို႕ ယူဆတဲ့အခါမ်ိဳးမွာေပါ့။
-အကိုက္အခဲေပ်ာက္ေဆးမဟုတ္လို႕ ေရရွည္စြဲေသာက္ရံုနဲ႕ အစာအိမ္မထိခုိက္ေစပါ။
-အသက္အရြယ္မေရြး ေသာက္သံုးနိုင္တယ္။
-စြဲေသာက္တဲ့အတြက္လည္း ျပႆနာမရွိပါ။
-ဆရာဝန္ညႊန္ၾကားသလို စိတ္ခ်လက္ခ် ေသာက္သံုးနိုင္ပါတယ္
MMLive
#Unicode Version#
Betex(Vitamin B1,B6,B12) အာရုံကြောအားဆေး
ဆရာ Betexဆေးက ခေါင်းမူးခေါင်းကိုက်၊ ဇက်ကျောတက် ပျောက်ကင်းပါစေသလား
ရေရှည်သောက်ရင်ကော အစာအိမ်ထိခိုက်နိုင်ပါသလား….
ဆရာဝန်နဲ့သွားပြတော့ ဒီဆေးကို ဆွဲသောက်ရမယ်ပြောပါတယ်။ကျနော်အသက်၃၅နှစ်၊အိမ်ထောင်မရှိပါ။အကြောင်းပြန်ပေးစေလိုပါတယ်။
Betexဆိုတာ ဗီတာမင်ဘီ သုံးမျိုးကို အချိုးကျပေါင်းစပ်ထားတဲ့ အာရုံကြောဆေး တမျိုးပါ။ အာရုံခံဆဲလ်၊နာ့ဖ်ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုပေါ် အကျိုးသက်ရောက်တယ်။
နာတာရှည် ထုံကျင်၊ညောင်းညာကိုက်ခဲ၊အကြောတင်းနေသူ၊ ထိတွေ့မှုအာရုံနည်းပါးသူ၊အသက်အရွယ်ကြီးသူတွေမှာ လိုအပ်တဲ့ ဗီတာမင် ဘီဝမ်း၊စစ်၊တွဲကို အချိုးကျပေါင်းစပ်ထားတယ်။
neurobion အပြာကဒ်၊neurorubin,neurovitဆိုတဲ့ကဒ်တွေနဲ့ ပါဝင်တာ အတူတူပါပဲ။ ကွာခြားတာက ဈေးနှုန်းနဲ့ ကဒ်ပျော့ဖြစ်နေတာလောက်ပါပဲ။
မြန်မာနိုင်ငံက ဆရာဝန်အများစုက အသက်ကြီးသူအတွက် အာရုံကြောအားဆေးထည့်တဲ့အခါ neurobion အပြာကဒ်(သို့) Betex ကို အသုံးပြုကြတယ်။
Betex က neurobionထက် သုံးဆမက ဈေးပိုကြီးတယ်။ ထိုင်းနိုင်ငံFavorexက ထုတ်လုပ်ထားတယ်။
Betexထဲမှာ ပါဝင်တာတွေက-
Vitamin B1(thiamine mononitrate) 100mg
Vitamin B6(pyridoxine) 200mg
Vitamin B12(cyanocobalamine) 200mcg စတာတွေ ဖြစ်ပါတယ်။ဗီတာမင်ဘီရဲ့ အာနိသင်တွေက များတယ်။
သက်ရှိဆဲလ်တိုင်းရဲ့ စွမ်းအင်အတွက် ဗီတာမင်ဘီ လိုအပ်ပါတယ်။ ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုအတွက် အရေးပါတယ်။
စားလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်က စွမ်းအင်ထုတ်ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ကူညီပေးနေတယ်။
မျိုးဗီဇဖွဲ့စည်းတည်ဆောက်ခြင်းဖြစ်စဉ်မှာလည်း အရေးကြီးပြန်တယ်။ နာဖ့်ဆဲလ်တွေမှာရှိတဲ့ acetylcholine ဖွဲ့စည်းရာမှာလည်း ပါဝင်တယ်။
အာရုံကြောနဲ့ ကြွက်သားလုပ်ဆောင်ချက်ကောင်းမွန်စေဖို့ ကူညီပေးတယ်။
နာ့ဖ်ကြောမျှင်၊နာ့ဖ်ကို အုပ်ထားတဲ့ မိုင်ရာလင် အလွှာ(myelin sheath)တွေကို ပြန်လည်တည်ဆောက်ပေးတယ်။ ပြုပြင်ပေးတယ်။
အရက်၊ဆေးဝါး၊ဆီးချိုသမားတွေမှာ ဖြစ်လေ့ရှိတဲ့ mono and polyneuropathics အာရုံကြောရောင်ရမ်းပျက်ဆီးခြင်းအတွက် ကောင်းမွန်စေတယ်။
အာရုံကြော အဖွဲ့အစည်းမှာ အရေးပါတဲ့ GABA၊dopamineနဲ့ serotoninဓာတ်တွေဖွဲ့စည်းဖို့ လည်း ကူညီလုပ်ဆောင်ပေးတယ်။
ဦးနှောက်နဲ့အာရုံကြောရောဂါတွေမှာ အဓိက အထောက်အကူပေးတယ်။
အသုံးဝင်ပုံ…
-ခြေဖျား၊လက်ဖျား ထုံကျဉ်ကိုက်ခဲခြင်း၊
-ပူစပ်ပူလောင် ဖြစ်ခြင်း၊
-အာရုံကြောရောင်ရမ်းခြင်း၊
-အာရုံကြောအားနည်းခြင်း၊
ဗီတာမင်ဘီ လိုအပ်သူများ…
-အရက်အလွန်အကျွံသောက်သုံးသူ၊
-ဆီးချိုရောဂါသည်၊
-အသက်ကြီးရင့်သူ၊
-ဘီတာမင်ဘီ ချို့တဲ့သူ၊
-နာတာရှည် ရောဂါသည်၊
ဆေးညွှန်း…..
တခါသောက် တလုံး၊တနေ့ ၂-၃ကြိမ် အစာစားပြီး သောက်ပါ။ ရေရှည်စွဲသောက်နိုင်ပါတယ်။
ဝါးစားတာ၊အမှုန့်ကြိတ်တိုက်တာတွေက ဆေးအာနိသင်ကို လျှော့ပါးစေမယ်။
ကိုယ်ဝန်ဆောင်တွေ တနေ့ တကြိမ်(သို့) နှစ်ကြိမ်သောက်သုံးနိုင်တယ်။
ပါဝင်တဲ့ ပမာဏဟာ လိုတာထက်ပိုများလို့ ကလေးတွေမှာ သတိထားတိုက်ကျွေးရမယ်။
အာရုံကြောဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးသင့်တယ်။
ဘေးထွက်ဆိုးကျိုး…..
-ချွေးထွက်များတာ
-နှလုံးခုန်မြန်တာ
-ရင်တုန်တာ
-အရေပြားယားယံတာ
-အင်ပြင်ထွက်တာ
Vitamin B6ပါတဲ့အားဆေးတွေကို L-dopaဆေးနဲ့ တွဲမသောက်သင့်ဘူး။ L-dopaရဲ့ အာနိသင် ယုတ်လျှော့စေမယ်။
ရေမှာပျော်ဝင်တာကြောင့် တော်ရုံများတာလောက်ကို ခန္ဓာကိုယ်က စွန့်ထုတ်နိုင်တယ်။
မေးသူအတွက် ဖြေကြားချက်……
-ခေါင်းမူး၊ခေါင်းကိုက်ကို သက်သာစေတာတော့ မဟုတ်ပါ။
-ဇက်ကျော၊ဂုတ်ကျောတက်သူများကို ပေးလေ့ရှိတယ်။
-ထုံကျဉ်တဲ့ဝေဒနာတွေကို အဓိကသက်သာစေတယ်။
-အထူးသဖြင့် အာရုံကြောရောင်ရမ်းတယ်လို့ ယူဆတဲ့အခါမျိုးမှာပေါ့။
-အကိုက်အခဲပျောက်ဆေးမဟုတ်လို့ ရေရှည်စွဲသောက်ရုံနဲ့ အစာအိမ်မထိခိုက်စေပါ။
-အသက်အရွယ်မရွေး သောက်သုံးနိုင်တယ်။
-စွဲသောက်တဲ့အတွက်လည်း ပြဿနာမရှိပါ။
-ဆရာဝန်ညွှန်ကြားသလို စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်
Betex ေသာက္ေသာက္ေနတတ္တဲ့ ကိုယ့္ဆရာျကီးေတြ ဖတ္သင့္ပါေျကာင္း…
Reviewed by MP4 YoU
on
November 30, 2018
Rating: 5
Reviewed by MP4 YoU
on
November 30, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment