Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 26, 2018

ဆင်ခြေဖုံး


ရှေးခေတ်က ဘုရင်တွေဟာစစ်တိုက်ထွက်ရင် ဆင်ကိုသုံးတယ်

အကယ်၍ အဲဒီဆင်က ခြေထောက်နာသွားပြီဆိုရင် သုံးမရတော့ဘူး

ဒီတော့ဆင် ရဲ့ခြေကိုကာကွယ်စောင့်ရှောက်ဖို့စစ်သည်တော် တွေထားတယ်
ဆင်ခြေဖုံး စစ်သည်တော် လို့ခေါ်ကြတယ်

သူတို့တွေက အဲ့ဒီ ဆင်အတွက် တော့အလွန်အရေးပါတယ်🗡

နောက်တော့မြို့တွေတည်လာတဲ့အခါ မြို့ ရဲ့ ဘေးနားက ဝန်းရံတဲ့
ရပ်ကွက်တွေကို မြို့ဆင်ခြေဖုံးရပ်ကွက်တွေလို့ခေါ်တယ်🌆

လက်လုပ်လက်စားလူတန်းစားတွေအလုပ်ကြမ်းလုပ်တဲ့သူတွေ
နေကြတာများတယ်။တို့လည်းသူ့နေရာနဲ့သူအရေးပါတယ်🌁

လောကကြီးမှာအလုပ်ကြမ်းလုပ်တဲ့သူကမရှိမဖြစ်အရေးကြီးတယ်
အဲဒီလိုလူတွေ ဘဝ တွေ ပျက်ပြီးအလုပ်လက်မဲ့ ဖြစ်ကုန်ရင်
စာရိတ္တတွေပျက်ပြီးခိုးဆိုးလုယက်ဘဝရောက်သွားရင်မြို့ပူပြီ💥

မြို့ပူရင် နိုင်ငံဆူပြီ⚡🔥

ဆင်ခြေမလုံရင်စစ်ရှုံးနိုင် သလိုဆင်ခြေဖုံးရပ်ကွက်က
အခြေခံလူတန်းစားကို ဂရုမစိုက်မိရင်တိုင်းပြည် အထိနာမယ်⛈🌩🌦

တိုင်းပြည်တခု ထူထောင်ဖို့ ကအခြေခံ လူတန်းစားက အဓိက ကျတယ်

မယုံမရှိနဲ့။အခုဆိုဆင်ခြေဖုံးတွေကတော့⛅
့တော်တော်လေးပျက်စီးနေပြီ။

မူရင်းpost ပိုင်​ရှင်​အား Credit ပေးပါသည်

No comments:

Post a Comment